မင်းသိင်္ခ - ဖိုးသူတော်ကြီးနှင့်ကျွနုပ်
ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးအား ရှိခိုးပြီး၍ - မိခင်၊ ဖခင် တို့နှင့်တကွ ကျွန်ုပ်အား လက္ခဏာဟောခြင်း အတတ်ကို တတ်စေခဲ့သော လက္ခဏာကျမ်းပြုပုဂ္ဂိုလ်အသီးသီးအား လည်းကောင်း၊ ကြားဆရာ၊မြင်ဆရာအသီးသီးအား လည်းကောင်း၊ ကျွန်ုပ်၏ သင်ဆရာ ဖြစ်သော တောင်ကြီးမြို့နေ ဆရာဦးကျော်စိန်ထွန်းအား လည်းကောင်း၊ နဖူးမြေစိုက် ဦးခိုက်ညွှတ်တွား၍ ပညာကို စောင့်ရှောက်သော သူရဿတီနတ်သမီးအား အမွှေး၊ မီးတိုင်၊ ပန်းခိုင်တို့နှင့် ပူဇော်ကာ ပညာလိုလား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့အတွက် ရေးသားအပ်ပေသံတည်း။ ။
အမတ်လမှာ အယူတော်မင်္ဂလာ၏ အတ္ထုပ္ပတ္တီအကျဉ်း
တစ်နေ့သ၌ ဒီပဲယင်းမြို့စီရင်စုတွင် ပါဝင်သည့် ကြခပ်ဆိုသည့် ရွာကလေး၌ ကလေးသူငယ်တို့သည် မည်သူ့ထံမှ ရရှိသည် မသိသော အောက်ဖော်ပြပါ သီချင်းကို သံပြိုင်သီဆို၍ က,သူက က၊ ခုန်သူကဲ ခုန်လျက် မြူးထူးပျော်ပါး ဆော့ကစားကာနေကြလေ၏။ ' '
“ကြပ်ရုံချုံပိတ်ပေါင်း၊ ကျေးသားခိုဝင်အောင်းပါလို့လေ။
အောင်းသည့်ကျေးသား၊ တံခွန်ဖျား၊ ကိုက်လွှားချီကာ မြန်းပါလို့ လေး” ၊
ထိုသို့ ကလေးများ မြူးထူးပျော်ပါး၍ သီချင်းဆိုနေသည်ကို ကြားရလျှင် ကြခပ်ရွာတွင် နေထိုင်ကြကုန်သော သက်ကြီးရွယ်အိုတို့ သည်. . . . ။ ,
“တဘောင်ပေါ်ပြီ၊ တဘောင်ဆိုတာဟာ 'နောင်အခါမှာ ဖြစ်လာမယ့် ဟိတ်ကိုဆောင်ပြီး ပေါ်ပေါက်လာတဲ့ သီချင်းကို ပြော တာပဲ၊ အခု ကလေးတွေဆိုတာဟာ တို့ကြခပ်ရွာအကြောင်းလည်းပါတယ်၊ ဒါဟာ တဘောင် ဖြစ်ရမယ်” ဟု တစ်ဦးနှင့်တစ်ဦး ပြောဆိုကာ တဘောင်ကို အဓိပ္ပာယ်ဖွင့်ဆိုကြကုန် | ၏။ . “ငါတို့ ကြခပ်ရွာမှာ သားလိမ္မာနဲ့တူတဲ့ ပညာရှိလောက်ရောက်လိမ့်မယ်၊ အဲဒီလူဟာ တော်ရုံတန်ရုံလူမျိုး မဟုတ်ဘူး....
တဘောင်မှာက “အောင်းသည့် ကျေးသား၊ တံခွန်ဖျား' လို့ဆိုထားတယ်။ ဒါကြောင့် တိုင်းပေါ် ပြည် ကျော်စော ရှိ ထင်ရှားမယ့် အာဂယောက်ျား ဖြစ်လိမ့်မယ်” . ။ ဟုလည်း ကြခပ်ရွာမှ လူကြီးသူမတို့သည် တောင်၏ အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုကြကုန်၏။ ,
အထက်ဖော်ပြပါ တဘောင်ပေါ်ပြီး များမကြာမီ အချိန်၌ပင် အသည်ဝန်ကြီး မဟာကျော်ထင်နှင့် မောင်နှမ တော်စပ်သူ ခပ်ရွာနေ မင်းလှသည် တစ်ညသ၌ ထူးဆန်းသော အိပ်မက်ကို မြင်မက်ခဲ့ပြန်၏။ အိပ်မက်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
` ဟုသက်အားဖြင့် (၃၀) ကျော် အရွယ်ခန့်ရှိ၍ ရုပ်ရည်ရူပကာ လည်း လှပချောမောသော ပိတ်ဖြူစင်ကြယ် စလွယ်ကိုးဆင့် ဆင်မြန်း ထားသည့် ပုဏ္ဏားတစ်ဦးသည် လက်၌လည်း သပြေညွန့်၊ မြေစာညွန့်၊ ရုသင်းတို့ကို ကိုင်ဆောင်လျက် မမင်းလှအား...... ။
“ကျွန်ုပ်ကို နေခွင့်ပြုပါ” ဟု ခွင့်တောင်းလေ၏။ မမင်းလှကလည်း...... ။
“အမောင်ပုက္ကားဆရာ၊အဖော်မပါ တစ်ယောက်တည်း ရောက် လာပေဘယ်၊ဘယ်မြို့ ဘယ်ရွာကပါလဲ၊ ဘယ်လိုကိစ္စနဲ့ ရောက်လာပါသလဲလို့ ပြန်ပြီး မေးလိုက်မိလေ၏။
ထိုအခါ လှပချောမောသော ပုဏ္ဏားကလေးက မမင်းလှအား ဤသို့ ပြောလေ၏။
“ကျွန်ုပ်သည် မဇ္ဈိမဒေသ၊ မောရိယတိုင်းက ဖြစ်ပါတယ်။ လေး မျိုး လေးစားသော ပုဏ္ဏားမျိုးထဲမှာ ကျွန်ုပ်ဟာ ဗြဟ္မဏမျိုးက ဖြစ်ပါတယ် ပြီးတော့ ဗြဟ္မဏ ပုရောဟိတ်၊ ရာဇပုရောဟိတ် ရယ်လို့ နှစ်မျိုးနှစ်စားရှိတဲ့ ပုရောဟိတ်ထဲမှာ မင်းတိုင်ပင် ပုရောဟိတ်မျိုး ဖြစ်ပါတယ်၊ ကျွန်ုပ်ရဲ့ အနွယ်ကား ဒွိဟပယ် ဖြတ်မဆိုတတ်တဲ့ မျိုးဇာတ်အားဖြင့် ကောဏ္ဍည အမျိုးအနွယ် ပါ၊ ကျွန်ုပ် လာရင်းအကြောင်းကတော့ သင်တို့ရဲ့ ဦးစွန်းကျွန်း ကျွန်း ဘာတို့ရဲ့ ခွန်းဆက်ဖြစ်တော်မူတဲ့ ဘုရင်မင်းမြတ်ဟာ ကျွန်ုပ် အသက် (၁၉) နှစ် ရောက်တဲ့အခါမှာ ရာထူးဌာနန္တ ပေးသနား မြှောက်စားတော်မူမယ်လို့ သိရတဲ့အတွက် လာ တာပါပဲ”
မမင်းလှသည် ပုဏ္ဏားကလေး၏ စကားကို နားထောင်ပြီ နောက်....
“ယခုအခါမှာ ပုဏ္ဏားတော်လေးဟာ အသက်ဘယ်လောရှိပါပြီလဲ”
ဟု ပြန်၍မေးလိုက်ရာ မောရိယတိုင်းမှ လာသည်ဆိုသော စလွယ်ကို ဆင့်တင် ပုဏ္ဏားတော်ကလေးက....
“ကျွန်ုပ်၏ အသက်ကို မေးတာလား၊ ကျွန်ုပ်ရဲ့ အသက်ဟာ ပလ္လင်ရဲ့ အရှင်သခင်ကို ဖွားတော်မူတဲ့နေ့ကစပြီး ရေတွက်ရင် ပလ္လင်ပေါ်ထွက်တဲ့နေ့အထိ ရှိပါပြီ” ဟု ပြန်၍ ပြောလေ၏။ -
ထိုပုဏ္ဏားတော်ကလေး၏ အဖြေစကားမှာ ပလ္လင်၏ အရှင် သခင် ဖြစ်တော်မူသော ဘုရားအလောင်း ဖွားမြင်တော်မူသည့်အချိန်မှ စ၍ အပရာဇိတပလ္လင် ပေါ်ပေါက်သည့်အချိန်ကို ဆိုလိုခြင်း ဖြစ်ပေ သည်။ . . . ထိုအခါ၌ မမင်းလှကလည်း ပုဏ္ဏားတော်ကလေး၏ ပဟေဠိဆန် ဆန်စကားကို အဓိပ္ပာယ်ပေါက်သွားသည့်အားလျော်စွာ....
“ဪ... ပုဏ္ဏားတော်လေးရဲ့ အသက် (၃၅) နှစ်ကိုး၊ ဒါနဲ့ နေပါဦး ပုဏ္ဏားတော်လေးရယ်၊ ဒီကိုမလာခင် (၃၅) နှစ်လုံးလုံးဘယ်အရပ်ကိုသွားပြီး ဘာတွေများ လုပ်နေပါသလဲ”
ဟု ပြန်၍ မေးလိုက်မိလေ၏။
ထိုအခါ၌ မောရိယတိုင်းသား ပုဏ္ဏားတော်ကလေးသည် - မမင်းလှ မေးသည်ကို ဆိုခြင်း မပြုတော့ဘဲ....
“အနာဂတေ ဇာနိသာမိ”
“အနာဂတေ ဇာနိသာမိ” . .
“အနာဂတေ ဇာနိဿာမိ”
ဟု သုံးကြိမ်သုံးခါ ကြွေးကြော်ရွတ်ဆိုပြီးလျှင် ၎င်း၏လက်တွင်းမှ ခသင်း ဖြင့် မမင်းလှ၏ လက်ျာနံစောင်းကို ထိုး၍ဖွင့်ပြီးလျှင်`မမင်းလှ၏ ဝမ်း ဗိုက်တွင်းသို့ ဝင်လေတော့၏။
မမင်းလှလည်း အထက်ပါ အိပ်မက်ကို မြင်မက်သဖြင့် လန့်၍နိုး ကာ ယောင်ရမ်း၍ အော်ဟစ်လေတော့၏။ ၎င်း၏ ယောက်ျားဖြစ်သူ ကိုရွှေညိုလည်း....
“မမင်းလှ ဘာဖြစ်တာလဲ” “ဟု မေးလေ၏။
မမင်းလှမှာ ကြောက်လန့်၍ ငိုကြွေးနေလေ၏။ ထို့ကြောင့် ” အိမ်သူအိမ်သားများလည်း နိုးကြရလေတော့၏။ အကျိုးအကြောင်း ဝိုင်း - ဝန်း မေးကြလေ၏။ မမင်းလှကု ၎င်းမြင်မက်သော အိပ်မက်အကြောင်း ကို ပြောပြလေ၏။ ထိုအခါ၌ ဆွေမျိုးမိဘများက.... -
“ဟို.. ဟို... ဒီအိပ်မက် သိပ်ဆန်းတယ်၊ ဒီအိပ်မက်မျိုးကို နိမိတ် ဖတ်ဖို့ဟာက ငါတို့အရာ မဟုတ်ဘူး၊ ဘုန်းတော်ကြီးဆီကို သွားရမယ်” ဟု ဆိုကာ မမင်းလှအား ဆရာတော်ထံသို့ ခေါ်သွားလေ၏၊ ဆရာတော် ထံရောက်လျှင် မင်းလှမြင်မက်သော 'အိပ်မက်ကို ဆရာတော်အား အပြည့်အစုံ လျှောက်ထားလေ၏။ ဆရာတော်လည်း သေချာစွာ အ ထောင်ပြီးနောက်.... . .
“ဒီလိုရှိတယ် မမင်းလှရဲ၊ လက်ယာနံစောင်းကို-ခရုသင်းနဲ့ဖွင့်ပြီး မဝင်ခင်မှာ ပုဏ္ဏားတော်လေး ကြွေးကြော်ရွတ်ဆိုတဲ့ သုံးခွန်းသောစကားဟာ “အနာဂတေ ဇာနိယာမိ' ရယ်လို့ ဖြစ်တယ်၊ အဲဒါကို အနက်ပေးရရင် “အနာဂတေ- အနာဂတ်ကာလ၌။ ဇာနိဿာမိ- သိကြကုန်လတ္တံ့” ရယ်လို့ ဖြစ်တယ်၊ နောင်တွင် ငါ့အကြောင်းကို ကောင်းကောင်းကြီး သိရမယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ ထူးမြတ်တဲ့သန္ဓေသားကို ရမယ့်အတိတ်နိမိတ်မျိုးပဲ” ဟု နိမိတ်ဖတ်ပေးခဲ့လေ၏။
ထို့နောက်တွင်ကား မမင်းလှသည် အမှန်တကယ် ကိုယ်ဝန်ရရှိ လေတော့၏။ ထိုသို့ ကိုယ်ဝန် ရရှိပြီး နေ့လစေ့မြောက်သော ကောဇာ သက္ကရာဇ် ၁၁၂၄ ခု၊ နယုန် လပြည့်ကျော် (၁၀) ရက်၊ အင်္ဂါနေ့နံနက် နေတက်အချိန့်၌ ထူးဆန်းသော သားရတနာ ဖွားမြင်လေတော့သည်။
ထိုကလေးအား အိပ်မက်နိမိတ် ဖတ်ပေးခဲ့သော ဆရာတော်က ပင် မိခင်အား အိပ်မက်ဖြင့် လန့်၍နိုးစေခဲ့သည်ကို အကြောင်းပြု၍ “မောင်နိုး” ဟူ၍ပင် အမည်ပေးကင်ပွန်း တပ်ခဲ့လေ၏ ။
၎င်းမောင်နိုးသည် အသက် (၁၄) နှစ်သားအရွယ်၌ “ဘုံသာတု | လွတ်' ဆရာတော်ထံတွင် ကိုရင်ဝတ်လေ၏။ ကိုရင်ဘွဲ့မှာ “ဇာဂရော | ဘာသ” ဟူ၍ ဖြစ်၏။ ကိုရင်မဝတ်၌ပင် သဒ္ဒါ၊ သဂြိုဟ် သင်ခဲ့ပြီးရုံ `မက ဗေဒင်လက်ရိုးကို ညက်ညက်ကြေအောင် သင်ခဲ့ပြီး ဖြစ်၏။ ကိုရင်ဘဝ ၌ (၃) နှစ် နေထိုင်ခဲ့ပြီးနောက် လူထွက်ပြီးလျှင် ၎င်း၏ ဘကြီးတော်စပ်သူအသည်ဝန်ကြီးက မောင်နိုးအား တရားရေးဌာနချုပ်ဝန်ကြီး သတိုးမဟာ သီဟသူထံတွင် အပ်နှံခဲ့လေသည်။ -
၎င်းမောင်နိုးသည် စာစီစာကုံး၊ သတ်ပုံသတ်ညွှန်း၊ သတ်ထုံး တို့ကို ကျွမ်းကျင်၏။ ဝါကျအရေးအဖွဲ့ကောင်း၏။ (စာရေးကောင်းသည် ဟု ဆိုလိုခြင်းဖြစ်သည်) ထို့ကြောင့် မောင်အား ကောဇာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်တော်မူသော အမရပူရ ပထမမြို့ တည် နန်းတည် ဘဝရှင်မင်းတရားကြီးက ကောက်ယူတော်မူပြီးလျှင် “နေမျိုးလေခပျံချီ” ဘွဲ့ကိုပေး၍ အမှာတော်ရေးရာထူး ခန့်လေတော့ သည်။ (မမင်းလှ၏ အိပ်မက်သည် အတိအကျမှန်ကန်နေပြီ ဖြစ်၏။ အသက်ဆယ့်ကိုးနှစ်အရွယ်၌ ဘုရင်မင်းမြတ်၏ မြှောက်စားခြင်းခံရမည်ဟု “မောရိယတိုင်းသား ပုဏ္ဏားတော်ကလေး၏ စကားအတိုင်း ဖြစ်နေပေ သည်။)
၎င်းမောင်နိုးသည် အထက်၌ဆိုခဲ့သည့်အတိုင်း သတ်ပုံ သတ် ထုံး နားလည်၍ စာရေးကောင်းသည်သာ မဟုတ်ပေ။ အတိတ်ကောက် နိမိတ်ကောက်လည်း လွန်စွာမှပင် တော်လေ၏။
နောင်တွင် မင်းတရားကြီး ရှေ့မှောက်၌ ခစား၍ အတိတ် နိမိတ်များ 'ကောက်ပေးရလေသည်။ ၎င်းကောက်သမျှသော အတိတ် နိမိတ်တို့သည် မှန်သည်ချည်း ဖြစ်၏။ ထို့ကြောင့် ဘဝရှင်မင်းတရားကြီး က “အယူတော်မင်္ဂလာ' ဟူသော ဘွဲ့ကို ပေးသနား၍ ဆားတေကွင်ကို အပိုင်စား ပေးသနားတော်မူခဲ့လေသည်။
ထို့ကြောင့် လက္ခဏာပညာ၌ ဝါသနာပါကုန်သော သူတို့အား စေတနာကောင်း အကြံပေးလိုသည်မှာ အတိတ်၊ နိမိတ် စသည်တို့ကို အလေ့အကျင့်ပြု၍ ကောက်ကြည့်ရပေမည်။ ထိုသို့ ကောက်ကြည့်ရာ၌ မှန်သည့်အခါလည်း မှန်ပေမည်။ မမှန်သည့်အခါလည်း ရှိပေမည်။ စိတ်မပျက်စေလိုပါ။ စွဲစွဲမြဲမြဲ လေ့ကျင့်သွားပါက တဖြည်းဖြည်း မှန်၍ လာသည်ကို အံ့သြဖွယ်ရာ တွေ့မြင်ရမည် ဖြစ်ပေသည်။ "
( အယူတော်မင်္ဂလာ၏ အတ္ထုပ္ပတ္တိနှင့် ၎င်းကောက်ယူခဲ့သော အတိတ်၊ တဘောင်များအကြောင်း အသေးစိတ် သိလိုပါလျှင် “ကဝိသာရ မဉ္ဇူသာကျမ်း” ခေါ် အယူတော် မင်္ဂလာလျှောက်ထုံးစာအုပ်ကို ဖတ်ရှုစေ " လိုပါသည်။)