မင်းသိင်္ခ - ပြည်တော်ဝင်စနေမောင်မောင်
ကျွန်ုပ်သည် ငယ်စဉ်အခါက ကျွန်ုပ်တို့ရပ်ကွက်အတွင်းရှိ (ပညာ သဆရာ)ဟူသော ဆရာအိုကြီးတစ်ဦးထံသို့ သွားရောက်၍ ကျွန်ုပ် သံချင်သည့်အရာများကို မေးစမ်းလေ့ရှိလေ၏။ ကျွန်ုပ်နှင့်အတူ ပ် ကွက်အတွင်း၌ ရှိကြကုန်သော ကလေးများသည်လည်း ၄င်းဆရာကြီးထံသို့ ပုံဝတ္ထုများနားထောင်ရန်နှင့် ၄င်းတို့သိလိုသော အကြောင်းအရာများကို မေးမြန်းရန်အတွက် မကြာခဏ စုဝေး ရောက်ရှိတတ်လေ၏ ။
၄င်းဆရာကြီး၏ မွေးရာဇာတိကို မသိရသေးသော်လည်း မြန်မာ ဒီသသောရုပ်ရည်၊ မြင့်မားသော အရပ်အမောင်း၊ သိုးရင်းအင်္ကျီတောင်ရှည်ပုဆိုးတို့ကို အကဲခပ်၍ ရပ်ကွက်အတွင်းမှ လူကြီးသူမ မှာက “ပညာဝလဆရာဟာ မန္တလေးသား ဖြစ်ရမယ်”ဟု ပြောဆိုသံ ကိုမူ ကျွန်ုပ် ကြားခဲ့ဖူးလေ၏ ။
ဆရာကြီးသည် အနယ်နယ်အရပ်ရပ်သို့လှည့်လည်၍ ဆေးကု ခြင်း ဗေဒင်ဟောခြင်း ပြုလုပ်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ရပ်ကွက်သို့ အရောက်၌ မြေတစ်ကွက်ဝယ်ကုကာ မြန်မာဆန်ဆန် နှစ်ဆောင်ပြိုင် ထွန်းအိမ်ကြီးတစ်လုံးကိုဆောက်လုပ်၍ နေထိုင်ခဲ့ခြင်း ဖြစ်မလ၏။
ပညာဗလဆရာကြီးသည် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ် ၄င်းအိမ်၌ ချိတ်ဆွဲထားသော မောင်းကြီးနှင့် စည်ကြီးကိုလည်း အချိန် မှန်မှန် ထုတတ်မြဲဖြစ်လေသည်။ မောင်းကြီးကို ဆုသည့်အခါ၌ “နောင်'ဟုမြည်၍ စည်ကြီးကို ထုသည့်အခါ၌ 'ဒိုင်း'ဟုမြည်သံကို အစွဲပြု၍ ကျွန်ုပ်တို့က 'နောင်ဒိုင်း ဟု အမှတ်သညားပြီးလျှင် “ဆရာကြီး နောင်ဒိုင်း ထုပြီဟေ့ သွားကြရအောင်ဟု ကလေးချင်း ခေါ်ငင်ကာ ဆရာကြီးအိမ်သို့ သွားတတ်ကြလေ၏။
ဆရာကြီးသည် နံနက်မိုးလင်းသည်မှ ညနေ(၃)နာရီနောင် ဝိုင်း ထုသည့်အချိန်အထိ ဆွမ်းတော်ကပ်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း စသောအလုပ်များဖြင့် မအားမလပ်နိုင်အောင် ရှိပြီးလျှင် ညနေ 'နှောင်ဒိုင်းထုပြီးသည့် အချိန်ကျမှပင် ၄င်း၏ အိမ်ဘေး အရိပ်ကျရာ၌ ပက်လက်ကုလားထိုင်လေးချကာ ရေနွေးကြမ်း ကို ရုံယို ဒူးရင်းယို၊ နာနတ်ယို၊ ထညက်ဖြူဆုပ် (ထန်းလျက်ဖြူဆုပ်) စသည်တို့ဖြင့် မြည်းကာ ပြောင်းဖူးဖက်ဆေးလိပ်ဖွာရင်း အနားယူ လေ၏။
ကျွန်ုပ်တို့ ကလေးများသည်လည်း ထိုအချိန်ကိုချောင်း၍ နေကြ လေ၏။ ထိုအချိန်၌ ဆရာကြီး အားလပ်ပြီဖြစ်၍ ကျွန်ုပ်တို့ မေးချင်ရာ ကို မေးခွင့် ရရှိလေ၏ မေးစရာမရှိလျှင်လည်း ပုံပြော၍ ခိုင်းလေ၏။ ပညာဗလဆရာကြီးသော ရုက္ခစိုး ကိုပုညပုံပြင် ဘိလပ်ပြန် ဖိုးသူတော်ပုံပြင်၊ ရာဝင်အိုးတစ်လုံး ကုန်သည်အထိ ရေသောက်ပြနိုင်သော ပြာတာလာဘ ပုံပြင်၊ ပခုက္ကူသင်္ချိုင်းတွင်းမှ ခက်ခဲစွာ ရှာဖွေခဲ့ ရသော ဦးထုပ်နီကလေးပုံပြင် စသည့် မည်သည့် စာအုပ်တွင် တွေ့ရမည်မဟုတ်သော ဆရာကြီး၏ ကိုယ်ပိုင်ပုံပြင် များမှာ ကျွန်ုပ်တို့ကလေးများအဖို့ နားထောင်၍ မဝအောင် ရှိလေ တော့၏။
တစ်နေ့သ၌ ကျွန်ုပ်တို့ကလေးများသည် ပညာဗလဆရာကြီး | အားလပ်ချိန်၌ ဆရာကြီးအနီးသို့ စုဝေးရောက်ရှိကာ ဆရာကြီး၏ ခြေထောက်ကို ဆုပ်နယ်နှိပ်နင်းပေးကြရင်း .. “ဘဘကြီး ပုံပြောပါ”ဟု ပူဆာကြလေ၏၊ “ လောင်း၊ မက်လောင်း၊ မင်းလောင်းကလေးများက ဘယ်လို ပုံမျိုး နားထောင်ချင်လို့တုန်းကွယ်”ဟု ဆိုလေ၏၊ ထိုဆရာကြီးသည်ကျွန်ုပ်တို့ကလေးများအား မှူးလောင်း မတ်လောင်း၊ မင်းလောင်း | ကလေးများဟု၍ နိမိတ်ဖတ်သောအားဖြင့် ချီးမြောက်၍ ခေါ်ဝေါ်လေ့ ရှိ၏၊ ထို့ပြင် ကလေးများထဲတွင် ငခွေး၊ ဝက်သိုး စမသာ ကိုးရိုး ကား စားနိုင်လှသော နာမည်ရှိသူများကိုလည်း မောင်မြသာ၊ မောင်လသာ စသည်ဖြင့် သင့်တော်သောအမည်များ ပြောင်းလွှဲ၍ ခေါ်ဝေါ်သည့်ပြင် ကျန်ကလေးများကိုလည်း ပြောင်းလွဲသော အမည်ကိုလိုက်၍ ခေါ်ဝေါ်သုံးနှုန်းကြရန် တိုက်တွန်းလေ၏။
“ဘဘကြီးရယ်၊ မြေလျှိုးမိုးပျံတဲ့လူအကြောင်း ပြောပါ"ဟု မောင်မြသာ (ငခွေး)ကပြောလျှင် ဆရာကြီးက ...
“အမတ်လောင်းမောင်မြသာက ပြောခိုင်းတဲ့ မြေလျှိုးမိုးပျံတဲ့ အကြောင်းကိုပဲ ပြောရမှာပေါ့ကွယ်"ဟု အစချီကာ ဆေးပေါ့လိပ်ကိုရင်း ပုံပြင်ကို အစပြုလေ၏ ။ “မြေလျှိုးမိုးပျံတဲ့ လူဆိုတာ ရိုးရိုးမဟုတ်ဘူးကွယ့်၊ ဝိဇ္ဇာဖြစ်နေတဲ့ လူမှ အဲဒီလို လုပ်နိုင်တာ”
ဆရာကြီး၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့ မှူးလောင်း၊ မတ်လောင်းကလေးများသည် ဝိဇ္ဇာဆိုသည့်စကားကို မကြားဖူး သဖြင့် ပြူးတူးပြဲတဲဖြစ်ကာ ...
“ဝိဇ္ဇာဆိုတာ ဘာလဲ ဘဘကြီး”ဟု ဝိုင်းဝန်းမေးကြလေ၏။ “အေး ... ဟောဟို ကုလားဗလီအောက်မှာ စက်ဘီးပြင်နေတဲ့ မာမူကြီးက သူ့ရဲ့ စာတမ်း(ဆိုင်းဘုတ်)မှာ ဘယ်လိုရေးထားသလဲ ကွယ်"ဟု မေးရာ ကျွန်ုပ်တို့က ... ““စက်ဘီးဝိဇ္ဇာမာမူကြီးလို့ ရေးထားပါတယ်”ဟု ကျွန်ုပ်တို့က ဖြေကြလေ၏။
“အေး ... ဟောဟိုက အောက်လင်းဓာတ်မီးမြင်တဲ့ ဦးစံလွင်ကြီး ကရော ဘယ်လိုရေးထားသလဲကွယ့်"ဟု ဆရာကြီး မေးပြန်၏။
“ဓာတ်မီးဝိဇ္ဇာလို့ ရေးထားပါတယ်”ဟု ကျွန်ုပ်တို့က ဖြေကြ ပြန်ရာ ဝက်သိုးခေါ် မောင်လသာက ...
“ဦးစံလွင်ကြီးက ဓာတ်မီးဝိဇ္ဇာလို့ ရေးထားပေမယ့် သူက မြေလျှိုး မိုးပျံနိုင်လို့လား”ဟု ဝင်၍ ကန့်ကွက်လေ၏ ။
“အေး ... မောင်လသာ မေးမယ်ဆိုလဲ မေးစရာပါပဲ၊ ဒီလိုကွ မာမူကြီးဟာ စက်ဘီးပြင်တဲ့အလုပ်နဲ့ ပတ်သက်လာရင် မသိတာ မရှိဘူး၊ သူမပြင်နိုင်တဲ့ စက်ဘီးရယ်လို့ မရှိဘူး၊ ဒါကြောင့် စက်ဘီး ပြင်တဲ့ဘက်မှာ ဝိဇ္ဇာဖြစ်နေပြီလို့ ခေါ်ရမှာပဲ၊ ဓာတ်မီးဝိဇ္ဇာဦးစံလွင် ကလဲ ဒီလိုပဲကွ၊ သူမပြင်နိုင်တဲ့ ဓာတ်မီးရယ်လို့ မရှိဘူး၊ ဓာတ်မီး အကြောင်း ကောင်းကောင်းသိတယ်၊ ဒါကြောင့် သူကလဲ ဓာတ်မီး ဝိဇ္ဇာပါပဲကွယ်၊ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် တဘက်ကမ်းခတ် တတ်မြောက်ရင် ဝိဇ္ဇာလို့ ခေါ်နိုင်တာပေါ့၊ အေး ... မြေလျှိုးမိုးပျံနိုင်တဲ့ အတတ်ဖြစ်တဲ့ အင်းအတတ်၊ ပြဒါးအတတ်၊ သံအတတ်၊ စမအတတ် တွေမှာ တဘက်ကမ်းခတ် တတ်မြောက်သွားတဲ့လူတွေကို အင်းဝိဇ္ဇာ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ စမဝိဇ္ဇာရယ်လို့ခေါ်တယ်ကွယ့်၊ သုံးဆယ်တစ်ဘုံ မှာ ဝိဇ္ဇာဘုံရယ်လို့ သတ်သတ်မရှိဘူး၊ ဝိဇ္ဇာဟာ လူပါပဲကွယ်၊ လူထဲက ထူးချွန်ပေါက်မြောက်သွားတဲ့ လူတွေပေါ့ ဒါကြောင့်ပေါက်ဆရာ | လို့လဲ ခေါ်တယ်၊ မှူးလောင်း မတ်လောင်း မင်းလောင်းတို့ရဲ့”
ဟုဆိုပြန်လေ၏။//
ထိုအခါ၌ ကလေးများက အင်း,ဆိုတာ ဘာလဲ၊ ပြဒါး,ဆိုတာ ဘာလဲ၊ ခံမှုဆိုတာ ဘာလဲ စမ,ဆိုတာ ဘာလဲ စသည်ဖြင့် မေးကြပြန်၏။
ပညာဗလဆရာကြီးကလည်း ကလေးများနားလည်နိုင်သော ဧကားဖြင့် အင်းကိုလည်းကောင်း၊ ပြဒါးကိုလည်းကောင်း၊ သံကို လည်းကောင်း၊ စမကိုလည်းကောင်း ရှင်းလင်းပြပြန်လေ၏။
“ဘာဖြစ်လို့ ဝိဇ္ဇာဖြစ်အောင် လုပ်ကြတာလဲ၊ မိုးပေါ်ကို ပံ့ချင်လို့ လုပ်ကြတာလား”ဟု မောင်မြသာက မေးပြန်၏။
“မဟုတ်ဘူးကွယ့်၊ ဝိဇ္ဇာရယ်လို့ဖြစ်သွားရင် အသက်ရှည်တယ် တွယ့်၊ အသက်ရှည် နောင်ပွင့်မယ့် အရိမေတ္တယျဘုရားကို မီတာပေါ့ကွာ၊ အဲဒါကြောင့် ဂိဇ္ဇာလမ်းကို လိုက်ကြတယ်ကွယ့်”ဟု ဆရာကြီးက ပြောလျှင် ...
“အလွယ်ဆုံးဝိဇ္ဇာဖြစ်တဲ့လမ်းက ဘယ်လမ်းလဲ ဆရာကြီး”ဟု မောင်မြသာကမေးရာ ဆရာကြီးသည် မျက်စိပေါက်ကလေး ကျဉ်း သွားသည်အထိ ရယ်မော၍ ... ။
ဖြတ်လမ်းသမားကိုကွ၊ ဘယ်လမ်းမှ မလွယ်ပါဘူးကွယ်၊ လု တစ်သောင်းမှာလဲ တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး၊ တစ်သိန်းမှာလဲ တစ်ယောက်မဖြစ်ပါဘူး၊ တယ်ပြီးခက်တဲ့ လမ်းပါကွယ်။ အေး... အဲဒီလိုခက်လွန်းလို့ တချို့က ဝိဇ္ဇာဆိုတာမရှိဘူး မဖြစ်ဘူးလို့တောင်ဝင်ကြသကိုး ထင်တဲ့လူကို အပြစ်မဆိုပါဘူးကွယ်၊ အေး ဒါပေမယ့် | ဆိုတာ တကယ်ရှိတယ်၊ ဘုရားဟောထဲမှာလဲ ပါတယ်၊ ဝိဇ္ဇာ | မှိုတာ မယုံဘူးဆိုရင် ဘုရားကို မယုံဘူးလို့ ပြောသလိုဖြစ် လိမ့်မယ်၊ ငရဲကြီးမယ်ကွယ့်”ဟု ပြောလေ၏။
“ဝိဇ္ဇာဖြစ်အောင် ဘယ်လိုနည်းမျိုးနဲ့ပဲလုပ်လုပ် နောက်ဆုံး အဆင့်မှာတော့ အနှောင့်အယှက်လဲ ရလာတယ် ကူညီမယ့်ပရာလဲရောက်လာတယ်..။ ဥပမာကွာ ပြဒါးလုံးထိုးပြီး ထွက်ရပ်လမ်းကို လုပ်တဲ့လူပဲဖြစ်ဖြစ် အင်းလမ်းနဲ့ လုပ်တဲ့လူပဲဖြစ်ဖြစ် နောက်ဆုံး အဆင့်မှာတော့ အနှောင့်အယှက်နဲ့ ကူညီဖေးမမယ့်ဆရာကတော့ရောက်လာစမြဲပဲကွ၊ ဒါကြောင့် အနှောင့်အယှက်ကို ကျော်လွန် ပြီးမြောက်ဖို့အတွက် သမာဓိအားကောင်းဖို့ လိုတယ်ကွ ဟု ဆရာကြီး က ဆက်၍ ပြောပြန်ရာ ကလေးများက မြေလျှိုးမိုးပျံခြင်းအကြောင်း မပါသေးသဖြင့် ...
“ဘဘကြီး မြေလျှိုးမိုးပျံတဲ့အကြောင်း ပြောပါ"ဟု ပူဆာကြပြန် လေ၏။
“အေး ... စောစောကပြောခဲ့သလိုပဲ ဖြစ်အောင် ကြိုးစားလို့ ဝိဇ္ဇာဖြစ်သွားရင် မြေလျှိုးမိုးပျံနိုင်တာပေါ့ကွယ်"ဟု ပညာဗလဆရာကြီးက ပြောလေ၏။
“ဝိဇ္ဇာဖြစ်ပြီးရင် ဘာလုပ်ရသလဲ”ဟု ကျွန်ုပ်ကမေးပြန်ရာ ဆရာကြီးက အောက်ပါအတိုင်း ရှင်းပြလေ၏။ ။
“ဝိဇ္ဇာဖြစ်ပြီး ရင် ပြည်ထွက်လုပ်ငန်း လုပ်ရတယ်ကွ၊ ကိုယ်နေတဲ့ နေရာကနေ မဟာမြိုင်တောကို သွားတယ်၊ မဟာမြိုင်ဆိုတာက အညာဘက်မှာရှိတဲ့ မဟာမြိုင်တောကြီးကို ပြောတာမဟုတ်ဘူး၊ ဟိမဝန္တာတဝိုက်မှာ ရှိတယ်ကွ၊ အဲဒီတောမှာ ဘုတ်ဆိုတဲ့ငှက်ကြီးတွေ သိပ်ပြီးပေါတယ်၊ တို့ငယ်ငယ်တုန်းက ဘုတ်ထိုးတမ်းစကားတဲ့အခါ မှာတောင် “မဟာမြိုင်တောအထဲ ဘုတ်မကိုလက်ဆွဲ ဆိုတဲ့ သီချင်း ကလေးနဲ့ ကစားလေ့ရှိတယ်၊ အဲဒီမဟာမြိုင်တောထဲမှာ ဝိဇ္ဇာတွေ နေတဲ့ မဟာမြိုင်စခန်းဆိုတာ ရှိတယ် အဲဒီကို သွားရတယ်ကြားထဲ မှာက လူသာမန်တွေ မရောက်နိုင်အောင် ဆုတောကြီးတွေ၊ နွံတော ကြီးတွေ ရှိတယ်၊ ကောင်းကင်ကို ဖြတ်ပြီးသွားနိုင်မှ မဟာမြိုင်ကို ရောက်တာကွ၊ မဟာမြိုင်ရောက်ရင် တရားထိုင်နေတဲ့ ဝိဇ္ဇာတွေတွေ့ရတော့တာပဲးပြည်ထွက်လာတဲ့ဝိဇ္ဇာကိုလဲ မဟာမြိုင်စခန်းက တရားထိုင်ဖို့နေရာနဲ့ စားနပ်ရိက္ခာပေးပြီး တရားထိုင်ခိုင်းတယ်၊ အဲ...အဲ ပြောရဦးမယ်၊ မဟာမြိုင်ရောက်ရင် ကောင်းကင်ပျံနိုင်တဲ့ ပြဒါးရှင်လုံးလဲ အစွမ်းမရှိတော့ဘူး၊ အင်းတို့ မန္တာန်တို့လဲ အစွမ်း မရှိတော့ဘူး၊ စွမ်းတဲ့ဓာတ်တွေကို သိမ်းပစ်လိုက်တဲ့နေရာ၊ အဲဒီ နေရာကို ဓာတ်သိမ်းခန်းလို့ ခေါ်တယ်၊ အဲဒီမှာ ဝိဇ္ဇာတွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ ဖိုးသူတော်တစ်ဦး ရှိတယ်၊ သူလဲ ဝိဇ္ဇာပဲ၊ ဝိဇ္ဇာထဲမှာ ချာပရာစီဝိဇ္ဇာပေါ့ကွာ၊ အဲဒီ ချာပရာစီဝိဇ္ဇာက လူသစ်ရောက်လာတဲ့ဝိဇ္ဇာကို ဆရာလုပ်တော့တာပဲ၊ ဟိုမှာထိုင်၊ ဒီမှာထိုင်၊ ဒီအဓိဌာန်ကို မလုပ်နဲ့ပေါ့။ အဲဒီအခါမှာ လူသစ်ဝိဇ္ဇာကလဲ လိုက်ပြီး လုပ်ရတယ်ကွ၊ မလုပ်ဘူး၊ ပြန်မယ်ဆိုရင်လဲ မရတော့ဘူး၊ ဓာတ်သိမ်း လိုက်တော့ သူ့မှာ အစွမ်းမှမရှိတော့ပဲ၊ ကောင်းကင်ကလဲ မနိုင်တော့ဘူး၊ အဲဒီတော့ ဇိုးသူတော်ခိုင်းတာ လုပ်ရတော့တာပေါ့ကွာ အဲဒီလိုလုပ်လို့ အဓိဌာန်တွေအောင်မှာ အတွင်းဝိဇ္ဇာကြီးတွေဖြစ်တဲ့ အရှင်ဝိမလ၊ မဟာမြိုင်ဝိဇ္ဇာဆရာတော်တို့၊ ယက်ကန်းစင်တောင် ဆရာတော်တို့ စတဲ့ ရှေးဟောင်းဝိဇ္ဇာကြီးတွေနဲ့ တွေ့ခွင့်ပေးတာ၊ အဲဒီအခါမှာ လူသစ်ရောက်လာတဲ့ဝိဇ္ဇာကို ရှေးဟောင်းဝိဇ္ဇာကြီး တွေက “ပြည်တော်ဝင်ဖို့ စေခိုင်းတော့တာပဲ"
ထိုစကားအရောက်၌ ပညာဗလဆရာကြီးသည် ခေတ္တရပ်နား၍ ရေနွေးကြမ်းကို သောက်လေ၏။
“ပြည်တော်ဝင်တယ် ဆိုတာ ဘာလဲ အဘ”ဟု ကလေး တစ်ယောက်က မေးလေ၏။
“ဝိဇ္ဇာလူသစ်ကို သူလာတဲ့တိုင်းပြည်ကို ပြန်ပြီးပို့တာကို ခေါ်တာ | အဲဒီ ပြည်တော်ဝင်ဝိဇ္ဇာကို ဖိုးသူတော်ကြီး သူသွားရမယ့်တိုင်းပြည် နယ်စပ်အထိ လိုက်ပြီးပို့ပေးတယ် အဲဒီအခါမှာ ဝိဇ္ဇာလူသစ်ဟာသူ့ရဲ့ တိုင်းပြည်ထဲကို 'မြေလျှောက်ဝိဇ္ဇာ အဖြစ်နဲ့ ပြန်ပြီးဝင်ရတယ်။ မြေလျှောက်ဝိဇ္ဇာအဆင့်ရောက်သွားရင် အတော်ကလေး စွမ်းနေပြီကွ"
ဟု ဆရာကြီးက ရှင်းပြလေ၏ ။
“အဲဒီဝိဇ္ဇာက ပြည်ဝင်ပြီး ဘာလုပ်တာလဲ”ဟု ကလေး တစ်ယောက်က မေးပြန်၏။
“သူက ဘုရား တရား ကိုင်းရှိုင်းပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီမစဖို့ရယ်၊ ဝိဇ္ဇာလမ်းကို ကျင့်နေတဲ့လူတွေကို ကူညီဖို့ရယ်ဆိုတဲ့ တာဝန်တွေ ရှိတယ်ကွ ဒါကြောင့် ရှေးကလူကြီးတွေ၊ အထူးသဖြင့် အထက်လမ်းကိုလိုက်စားတဲ့လူကြီးတွေဟာ ပြည်တော်ဝင် မြေလျှောက် ဝိဇ္ဇာတွေကို ကြိုဆိုတဲ့အနေနဲ့ ဆန်တစ်ပြည်ဝင်တဲ့အိုးမှာ သပြေပန်း၊ သစ္စာပန်းနဲ့ ရာသီအလိုက်ပွင့်တဲ့ပန်းတွေထိုးပြီး အိုးမှာလဲ 'ပြည်တော်ဝင်အောင် အိုး'လို့ စာတမ်းထိုးပြီး အိမ်ရှေ့မျက်နှာစာမှာ အဲဒီအိုးကို ထားတယ်၊ ပြည်တော်ဝင်ဗီဇာတွေကိုကြိုတဲ့သဘော ပြုလုပ်ကြတယ်”
ဟုဆိုကာ ဆရာကြီးသည် ဆေးလိပ်ကို ဖွားလေ၏၊
“အခုရော မြေလျှောက်ဝိဇ္ဇာတွေ ရှိသေးသလား”ဟု တစ်ယောက်သောကလေးက မေးပြန်၏။
“ရှိတာပေါ့ကွ၊ ဒါပေမယ့် လူတွေက သူတို့ကို မြေလျှောက် ဝိဇ္ဇာမှန်း မသိကြဘူး၊ အချို့မြေလျှောက်ဝိဇ္ဇာတွေက အရူးကြီးတွေ လိုလို၊ သူတောင်းစားကြီးတွေလိုလို ပုံစံမျိုးနဲ့ ဝင်လာကြတာက္ခ၊ ဟိုး အိန္ဒိယပြည် ဟဒ်ဝါဆိုတဲ့ မြို့ကလေးမှာ တစ်ခါ၊ မြင်းမူမြို့ ပေါင်းလောင်းရှင်ကဿပဘုရားမှာ တစ်ခါ ဘကြီးတော့ မြေလျှောက် ဝိဇ္ဇာကို နှစ်ခါတောင် တွေ့ဖူးပါရဲ့၊ ဒါပေမယ့် ဘာကိုတောင်း ရမှန်း မသိလို့ မတောင်းမိပေါင်ကွာ၊ ဗေဒင်ကိန်းကလေးတစ်ခု ပြပေးသွားလို့ ဘဘကြီးတော့ အဲဒါကလေးနဲ့ ထမင်းစားနေတာပဲ၊ အမှန် ကတော့ မြေလျှောက်ဝိဇ္ဇာနဲ့တွေ့ရင် သူကတောင်းဆိုရင်၊ တောင်းသာ