Skip to product information
1 of 3

Other Websites

မင်းသိင်္ခ - ပုဂံသားမောင်ဘမော်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နောဧကနော

         တစ်နေ့သ၌ အသက်ကိုးနှစ်အရွယ်ရှိ ယောက်ျားကလေး တစ်ယောက်သည် ပုဂံမြို့ မြင်ကပါ အရပ်ရှိ လွန်စွာရှေးကျသော ' ဘုန်းကြီး မင်းကြီးတစ်ကျောင်း၏ ခန့်ညားသော အုတ်လှေကားကြီးမှ အုတ်တိုင်ကြီးကိုမှီလျက် အောက်ပါ လင်္ကာကလေးကို နှုတ်တိုက်ရွရွ ရွတ်ဆို၍နေလေ၏။

         “နောဧကနော၊ နဝဒွေးအဌာရသ”

         “နောဧကနော၊ နဝဒ္ဓအဌာရသ”

         မျက်စိကိုမှိတ်လျက် အဆက်မပြတ် ရွတ်ဆိုပြီးနောက် အနည်းငယ် မော၍သွားလျှင် မျက်လုံးကို ဖွင့်လိုက်လေ၏။ ထိုသို့မျက်လုံးဖွင့်လိုက်သောအခါ၌ သူ၏ရှေ့တွင် ဆောင့်ကြောင့် - ကလေး ထိုင်၍ သူ့ကိုကြည့်နေသော ဂါဝန်(ခေါ်)သင်တိုင်းတို့ ကလေးကို ဝတ်ထားသည့် သူနှင့် သက်တူရွယ်တူ မိန်းကလေး တစ်ယောက်ကို တွေ့မြင်ရလျှင် အံ့သြ၍ သွားလေတော့၏။

         “ငါရောက်နေတာ ကြာပြီးနင် ဘာတွေ ဆိုနေတာလဲ”

         ဟု မိန်းကလေးက မေးလေ၏။ယောက်ျားကလေးက ပြန်၍မဖြေ ဘဲ မိန်းကလေးကို သေသေချာချာ ကြည့်၍နေလေ၏။

         “မေးနေတာ ပြောလေဟယ်၊ နင် ဘာတွေဆိုနေတာလဲ”

         “နင်ဘယ်သူလဲ”

         ယောက်ျားကလေးက မဖြေသည့်အပြင် သူကပင် ပြန်၍ မေးလိုက်လေသည်။

         “ငါ့နာမည် သီသီလို့ ခေါ်တယ်”

         “နင်...ဘယ်က ရောက်လာတာလဲ”

         “ဒယ်ဒီနဲ့ လိုက်လာတာပေါ့"

          "ဒယ်ဒီဆိုတာ ဘာကောင်လဲ”

         “အကောင် မဟုတ်ဘူးတဲ့၊ ဒယ်ဒီဆိုတာ အဖေကို ပြော တာ”

         “အဖေကို ဒယ်ဒီလို့ ပြောရသလား”

         "အေး...ဟုတ်တယ်”

          “နင်က ဘယ်ကလဲ”

         ဟု မေးလိုက်ကာ ယောက်ျားကလေးသည် နှပ်ချေးကို အကျီစဖြင့် သုတ်လိုက်လေ၏။

         “အင်္ကျီနဲ့ မသုတ်ရဘူး၊ ဘာနဲ့ သုတ်ရမယ်ဆိုတာ နှင့် တီချယ်က မပြောဘူးလား”

         “တီချယ်ဆိုတာ ဘာကောင်လဲ”

          “ဆရာမကို ပြောတာ၊ အကောင် မဟုတ်ဘူး”

         “ငါ့မှာ ဆရာမ မရှိဘူး၊ ဘုန်းကြီးပဲရှိတယ်၊ ငါ့ဘုန်းကြီး ကတော့ နှာခေါင်းဝမှာ နှပ်ချေးရှိရင် ခေါင်းကိုခေါက်တယ်၊ ဘာနဲ့ သုတ်ရမယ်ဆိုတာတော့ မပြောဘူး”

 

         မိန်းကလေးက တခစ်ခစ်နှင့် ရယ်လေ၏။ ရယ်ပြီး နောက်....

"You are very dirty"

         ဟု ပြောလိုက်လျှင် ယောက်ျားကလေးက “ဘာပြောတာ လဲ”ဟု မေးရာ မိန်းကလေးက “သိပ်ပြီး ညဝ်ပတ်တာပဲလို့ ပြော တာပါ” ဟု ရှင်းပြလေ၏။ ရှင်းပြပြီးနောက်

         “နင့်နာမည် ဘယ်လိုခေါ်သလဲ” ဟု မေးပြန်၏။

         “ငါ့နာမည် ဘမော်”

          “ကျောင်းမှာ စာသင်တာ ဘယ်နှစ်တန်းရောက်ပြီလဲ”

         “အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ပြီးပြီ၊ ရတနာ ရွှေချိုင့်ကို စပြီးအံနေရပြီ”

         “အန်နေတယ် ဟုတ်လား”

         “အေး..အံနေပြီ”

         “အန်နေရင် ဒေါက်တာကြီး မလာဘူးလား”

          “ဒေါက်တာကြီးဆိုတာ ဘာကောင်လဲ”

         “အကောင် မဟုတ်ဘူးတဲ့၊ ဆေးထိုးတာ”

         “ဘာဖြစ်လို့ ဆေးထိုးရမှာတုန်း”

          “အန်နေတယ်ဆို”

         “စာအံတာကိုပြောတာ”

         “စာကျက်တယ် ပြောပါဟယ်”

         “ကျက်တာက စိတ်ထဲက မှတ်တာ၊ အံတာက ပါးစပ်က ဆိုတာ”

         “ကျောင်းကို ဘာနဲ့ လာသလဲ”

          “ဒီမှာနေတာ”

         ဘော်ဒါပေါ့”

          “ဘော်ဒါဆိုတာ ဘာကောင်လဲ”

         “နင်ကလဲ အကောင်ချည်းပဲ ပြောနေတာပဲ၊ အကောင် မဟုတ်ပါဘူး၊ ဘော်ဒါဆိုတာ ကျောင်းအိပ်ကျောင်းစားကို ပြော ”

         “အေး...ဟုတ်တယ်၊ ငါက ကျောင်းမှာ အိပ်တယ်၊ ကျောင်းမှာ စားတယ်၊ ကျောင်းမှာ နေတယ်”

         “ဘော်ဒါဖီး ဘယ်လောက်ပေးရသလဲ”

         “ဘော်ဒါဖီးဆိုတာ ဘာလဲ"

         “ဘာကောင်လဲလို့ မမေးတော့ဘူးလား”

         “ဘာကောင်လဲလို့ မေးတာကို နင်က မကြိုက်ဘူးဆို"

         မိန်းကလေးသည် သဘောကျ၍ ရယ်ပြန်လေ၏။ ရယ် ပြီးနောက် ဘော်ဒါဖီး ဆိုသည်မှာ ဘော်ဒါနေခ ကျောင်းလခ မည်၍မည်မျှ ပေးရသည်ကို မေးကြောင်း ပြောလျှင် ယောက်ျား ကလေးက...

         “ဘုန်းကြီးကျောင်းမှာ နင်ပြောတဲ့ ဘော်ဒါနေရင် ပိုက်ဆံ မပေးရပါဘူး၊ ဘုရားပွဲဖြစ်ရင်တောင် ဘုန်းကြီးက ငါ့ကို ပိုက်ဆံ ပေးသေးတယ်၊ မသာရှိလို့ ဘုန်းကြီးပင့်ရင်လဲ ငါက လိုက်သွားရ တယ်၊ အဲဒီအခါမှာတော့ ကန်တော့ပွဲကို ရွက်ရတယ်၊ ပိုက်ဆံ တော့ မရဘူး၊ ဘုန်းကြီးပျံ ရှိရင်တော့ ပိုက်ဆံ တော်တော်များများရတယ်”

         “ဘုန်းကြီးပျံ ဟုတ်လား”

         “အေး..ဟုတ်တယ်၊ ဟိုဘက်ကျောင်းက ဘုန်းကြီး နွေ တုန်းက ပျံတယ်”

         “Oh My God! How can ဘုန်းကြီး fly?"

          “နင် ဘာပြောတာလဲ”

         “ဘုန်းကြီးမှာ အတောင်လဲ မရှိဘဲနဲ့ ဘယ်လို ပျံနိုင်မလဲ 'ဟယ်”

         “ဘုန်းကြီးပျံဆိုတာ မိုးပေါ်ကို ပျံတာမဟုတ်ဘူး၊ မြေကြီး ထဲကို ဝင်တာ”

         “ဪ...သေတာကို ပြောတာလား" "အေး..နင်က ကျောင်းမနေဘူးလား” “နေတာပေါ့ဟယ်၊ စိန်မေရီကျောင်းမှာ နေတာ” က

         “ညာ..နင်တို့ ကျောင်းနာမည်ကလဲ “စိန်' ပါတာကို၊ ကို ငါတို့ ကျောင်းနာမည်လဲ စိန်ပါတာပဲဟယ်"

         “နင်တို့ကျောင်းက ဘယ်လိုခေါ်သလဲ”

         “စိန်ဒါမရ”

         ယောက်ျားကလေးသည် စိန္တာမယ ကျောင်းတိုက်၏ အမည်ကို စိန်မေရီကျောင်း၏ အမည်နှင့် ပခုံးချင်းယှဉ်၍ ပြော လိုက်လေ၏။ ထို့နောက် မိန်းကလေးအား...

         'နင်ကော ဘယ်စာရောက်ပြီလဲ”ဟု မေးလိုက်လျှင် မိန်း ကလေးက တခစ်ခစ် ရယ်မော၍... ။

         “ဘယ် class ရောက်ပြီလဲ ပြောစမ်းပါဟယ်၊ ငါက သုံးတန်းတောင် ရောက်ပြီ” ဟု ပြောလိုက်လေ၏။

         “ဒီလိုဆိုရင် လောကနီတိ ဆိုပြစမ်း”

         “ဟင့်အင်း မဆိုတတ်ဘူး”

         “နင်တို့ကျောင်းကလဲ လောကနီတိတောင် မသင်ဘူး လား၊ တော်တော်ချောတာပဲ”

 

         ' မိန်းကလေးက ခေါင်းကို ရမ်း၍ပြလေ၏။ ထိုအခါ၌ ယောက်ျားကလေးက အုတ်တိုင်ဘေးတွင် ချ၍ထားသော ဆေး ပေါ့လိပ်ကို ကောက်ယူပြီးလျှင် ပိန်လိန်နေသော ဓာတ်မီးခြစ်က လေးကို ခြစ်ကာ မီးညှိ၍ ဆေးပေါ့လိပ်ကို အားရပါးရ ဖွားလေ၏။

         “နင်...ဆေးလိပ်သောက်တယ် ဟုတ်လား”

          “မသာပို့ သွားတုန်းက ရခဲ့တဲ့ ဆေးလိပ်လေ”

         မိန်းကလေးသည် ဆေးလိပ်ကိုင်ထားသော ယောက်ျား "

         ကလေး၏ လက်များကို ကြည့်လိုက်ရာ လက်သည်းများရှည်၍ အတွင်း၌လည်း ချေးများ ဝင်၍နေသည်ကို တွေ့လျှင်...

         “နင်...လက်သည်း မညှပ်ဘူးလား”

          “ဟင့်အင်း၊ ပါးစပ်နဲ့ပဲ ကိုက်ပစ်တယ်”

         "လက်သည်းအရှည် မထားရဘူး၊ လက်သည်းထဲမှာ ချေးတွေရှိရင် ရောဂါဖြစ်တတ်တယ်”

         “မဖြစ်ပါဘူး၊ ကျောင်းအောက်မှာနေတဲ့ ကပ္ပိယကြီး " လက်သည်းက ငါ့ထက်တောင် ရှည်သေးတယ်၊ ကပ္ပိယကြီး ရောဂါဖြစ်တယ်လို့ မကြားမိပါလား”

         “နင် အခု ထမင်းစားပြီးပြီလား”

         “မစားရသေးဘူး၊ ဘုန်းကြီး အရင်ဘုဉ်းပေးမယ် ပြီးရင် ကိုရင်တွေ၊ ကိုရင်တွေပြီးတော့မှ ငါ့အလှည့်၊ ပြီးတော့ တိုးလုံ”

         “တိုးလုံဆိုတာ ဘယ်သူလဲ”

         “တိုးလုံဆိုတာ ငါတို့ကျောင်းက ခွေးကို ပြောတာ”

         “ငါကတော့ စားပြီးပြီ”

         ဟု ဆိုကာ မိန်းကလေးက အုတ် - လှေကားထစ်ကလေးပေါ်သို့ တက်၍ထိုင်လျှင် ယောက်ျားကလေး က ဖျာပျာသလဲ ကန့်ကွက်လေတော့၏။

         အပေါ်မှာ မထိုင်ရဘူး၊ မိန်းမက အပေါ်က ယောက်ျား က အောက်ကဆိုရင် ယောက်ျား ဘုန်းနိမ့်တတ်တယ်”

         “ဘုန်းနိမ့်တယ်ဆိုတာ ဘာဖြစ်တာလဲ”

         “ဘုန်းနိမ့်တယ်ဆိုတာ ဘုန်းနိမ့်တာပေါ့ဟ၊ အရပ်နိမ့် သွားတာကို ပြောတာ”

         “ဟယ်...မိန်းကလေးက အပေါ်က နေတာနဲ့ အောက်က ယောက်ျားကလေးက အရပ်နိမ့်သွားရောလားဟယ်၊ ငါဖြင့် မယုံပါဘူး။

         “မယုံဘူး မလုပ်နဲ့၊ ဆရာတော်ပြောတာ၊ ဆရာတော်က မယုံဘူးဆိုရင် သိပ်ပြီးစိတ်ဆိုးတယ်၊ တစ်ခါက မြို့ကလာတဲ့ဘောင်းဘီနဲ့ အစ်ကိုကြီးကို မယုံဘူးဆိုလို့ ကွမ်းညှပ်နဲ့ ကောက်ပြီး ပေါက်တာ အဲဒီအစ်ကိုကြီး နဖူးပြသွားတယ်၊ ဆရာတော်ရှေ့မှာ ဘာပဲပြောပြော ယုံပါတယ်လို့ ပြောရတယ်၊ တော်တော်ကြာ နင်လဲ နဖူးပြနေဦးမယ်” ဟု ယောက်ျားကလေးက မိန်းကလေးကို သတိပေးလိုက်လေတော့၏။

         မိန်းကလေးကလည်း တခစ်ခစ် ရယ်မောလေတော့၏။

         ထမင်းစားချိန်၌ ယောက်ျားလေးသည် ကျောင်းပေါ် တက်၍ အလုပ်လုပ်ရလေ၏။ ထမင်းပါ စားပြီးခါမှ သူ၏နေရာ အုတ်တိုင်ကလေးဆီသို့ ပြန်၍ရောက်လာပြီးလျှင် စာကို ကျက်ပြန် လေ၏။ စာကျက်နေစဉ်၌ပင် မိန်းကလေး ရောက်၍လာပြန်၏။ မိန်းကလေး၏လက်ထဲတွင် ဓာတ်ဘူးနှင့်အတူ မုန့်ထည့်သော သံဘူးကလေးပါ ပါ၍လာလေ၏။ ပြီးလျှင် သူတို့နှစ်ယောက် စကားပြောကြလေ၏။နေ့လည်(၁)နာရီခန့်တွင် မိန်းကလေးက ဓာတ်ဘူးအတွင်းမှ ကော်ဖီကို ဓာတ်ဘူးအဖုံးကလေးအတွင်းသို့ငှဲ့၍ထည့်ပြီးလျှင် မုန့်ဘူးကလေးအတွင်းမှ ပေါင်မုန့်ယိုသုတ် တစ်ချပ်ကို ထုတ်၍ ယောက်ျားကလေးအား တိုက်ကျွေးလေ၏။

         “ငါစားလိုက်ရင် နင်စားဖို့ မကျန်ဘဲ နေမှာပေါ့းငါ့မှာ ကြံသကာ ရှိပါတယ်ဟယ်”

         “စားပါတယ်” ။

         “မနက်ဖြန်ကျရင် အများကြီး ယူခဲ့ဦးမယ်”

          “သာဓု...သာဓု ဒါနတော ဘောဂံ ဒါနတော ဆောက်”

          “ဘာတွေ ပြောတာလဲတဲ့”

         “ငါတို့ဘုန်းကြီးက တစ်ခုခုလှူရင် အဲဒီလိုပဲ ပြောတယ် တဲ့၊ အခုလဲ နင်က ငါ့ကို ဒါတွေလှူတာပဲ မဟုတ်လား”

         “လှူတာ မဟုတ်ဘူး၊ နင့်ကိုကျွေးတာ”

          “ပိုက်ဆံ မပေးရရင် လှူတာပဲပေါ့ဟယ်” ။

         “အေး...ဟုတ်တယ်၊ လှူတာပဲ”

         ယောက်ျားကလေးသည် ကော်ဖီကို တစ်ငုံသောက်လိုက်၊ မိန်းကလေးကို ပြုံး၍ပြလိုက်၊ မုန့်ကို တစ်ကိုက်ကိုက်လိုက်၊ ပြုံးပြ လိုက်နှင့် လုပ်၍နေ၏။ အမှန်စင်စစ် ယောက်ျားကလေးသည် ထိုသို့ပြုံးပြနေခြင်းမှာ သူ့ မှာရှိသော သူပေးနိုင်သော အဖိုးအခကို ပေးဆောင်နေခြင်း ဖြစ်ပေသည်။

         ဤသို့နှင့် မိန်းကလေးနှင့် ယောက်ျားကလေးတို့သည် မိတ်ဆွေဖြစ်၍သွားကြလေတော့၏။ ညနေဘက်တွင် ဘုန်းကြီးကျောင်းနှင့် မလှမ်းမကမ်း၌ မော်တော်ကားတစ်စီး လာ၍ရပ်လေ ၏။ ကားပေါ်မှ အသက်(၄၀)ခန့် လူကြီးတစ်ဦး ဆင်း၍လာပြီး လျှင် ကျောင်းပေါ်သို့ တက်၍သွားလေ၏။ ကျောင်းပေါ်၌ ဘုန်း ကြီးအား ရှိခိုးဦးချပြီးလျှင် မိန်းကလေးကို ခေါ်၍သွားလေသည်။

         မိန်းကလေးက ယောက်ျားလေးအား “နက်ဖြန်ကျရင် နင့်အတွက် ပါမုန့်တွေအများကြီး ယူခဲ့မယ် ဘမော်ဟု ဆိုလေ၏။ ထို့နောက်ကားပေါ်သို့ တက်၍သွားသည်။ ကားသည် လာလမ်းအတိုင်း - ပြန်၍ထွက်သွားလေ၏။ မိန်းကလေးသည် ကားပေါ်မှ လက်ပြ၍သွားလေ၏။ ယောက်ျားကလေးကား မည်သို့ ပြန်၍လုပ်ရမှန်း မသိသဖြင့် နှာခေါင်းဝတွင် ထွက်၍ကျလာသော နှပ်ချေးများကို အင်္ကျီဖြင့်သုတ်ရင်း ငေး၍ ကျန်ရစ်ခဲ့လေတော့၏။

         ဤကား မောင်ဘမော်နှင့် သီသီတို့၏ စတင်သိကျွမ်းခဲ့ရ ခြင်း၏ အစပထမ ဖြစ်ပေတော့၏။ တစ်နည်းဆိုရပါမူ ကိုးကျောင်းထွက် လင်္ကာဖြစ်သော နောဧကနောကို ကျက်မှတ်ရ သည့် ဘုန်းကြီးကျောင်းသား မောင်ဘမော်နှင့် စိန်မေရီကွန်ဗင့်ကျောင်းသူကလေး သီသီတို့၏ ဇာတ်လမ်းအစဟုလည်း ဆိုနိုင် ပေ၏။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)