Skip to product information
1 of 3

Other Websites

မင်းသိင်္ခ - ပါပလူမျိုးကိုးဆယ့်ကိုး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

         တစ်နေ့တစ်၌ မြေနီကုန်းရှိ အဂ္ဂိရတ်ဆရာ ခုနှစ်ဦးတို့သည် ၎င်းတို့၏ဖားဖိုအနီး၌ စု၍ထိုင်ကာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေကြလေ၏။ အတော်အတန်ကြာအောင် စောင့်ခဲ့ပြီး နောက် ဝတ်လုံတော်ရဟောင်း အရတ်ဆရာက ၎င်း၏အနီးရှိ ပင်စင်စား ရာဇဝတ်အုပ် အဂ္ဂိရတ်ဆရာအား...

         “ဘယ်လိုလဲ ရာဇဝတ်အုပ်မင်းရယ်၊ ခင်ဗျားလူက လာမှာ သေချာရဲ့လား” ဟု မေးလိုက်လေ၏။

         'သေချာပါတယ် ဝတ်လုံတော်ရမင်းရယ်၊ ဒီလူမျိုးက ပြောထား တဲ့စကားတစ်လုံးကို အလွန်တန်ဖိုးထားတဲ့လူပါ၊ သူလဲ . နာမည် တစ်လုံးနဲ့နေတဲ့လူပဲ။ ဘယ်... ဒီလိုလုပ်ပါ့မလဲ”ဟု ရာဇဝတ်အုပ် ပင်စင်စားက ပြောလိုက်လေ၏။ ထိုအခါ ကျောင်းအုပ်ဆရာ ကြီးဟောင်း အဂ္ဂိရတ်ဆရာက. . ။

         "နာမည်ကတော့ဖြင့် ကြီးပါဗျာ၊ ဟဲ...ဟဲ ပြောတော့ ဖိုးစိန်၊ ကတော့ချိုမိုင်မိုင်ဆိုတာလဲ ဖြစ်နေပါဦးမယ်ဗျာ” ဟု “ပြောလေ၏။

         ထို့နောက်ဗိန္ဒောဆရာအလုပ်ကို ဗန်းပြ၍ ဘိန်းရောင်းခြင်းဖြင့် ကြီးပွားခဲ့သော မြန်မာဆေးဆရာအမည်ခံ ဦးသောင်းရွှေ ဆိုသူက..

         “ကျုပ်ကတော့တယ်လဲ အထင်မကြီးပါဘူးဗျာ၊ ခင်လှ ဒွါသသိမ် တက်မတတ် နည်းနည်းပါးပါးစမ်းကြည့်ရုံပါပဲ ရာဇဝတ် အုပ်မင်းရယ်”ဟု ပြောလိုက်လေ၏။ ထိုအခါ စာတက်ထွန်းတင်ဟု ခေါ်သည့် အဂ္ဂိရတ်ဆရာက

         “ကျုပ်ရထားတဲ့ စာသုံးပိုဒ်လောက် ရွတ်ပြလိုက်ရင် ခင်ဗျားလူ တက်သွား ပါတယ်” ဟုပြောလေ၏။ ထိုအခါ အဂ္ဂိရတ်ဘုန်းကြီး ချက.,

         “ဒကာတို့ဟာကလည်း ရုပ်သေးမထွက်သေးဘဲ ကြိုးဆွဲမကောင်း ဘူးလို့ ပြောနေကြတာပဲ၊ ထွက်တဲ့အထိစောင့်လိုက်ဦး၊ ဆုံးအောင် ကြည့်လိုက်ဦး၊ ပြီးမှ ကြိုးဆွဲကောင်းတယ် မကောင်းဘူး ပြောသင့် တာပေါ့ ဒကာတို့ရယ်။ ဦးပဉ္စင်းတို့ကတော့ အကြောင်းကြောင်း၊ အရာရာ တိုက်ဆိုင်ယင်ကိုယ့်လမ်းကိုယ်သွားပဲ၊ ဒါကြောင့် ဂုန့်တော့ တူးမတ်(ခ်)”ဟု ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ် ဘိုင်ဆပ်ဟု ဆိုသည့် သင်္ဘောဆေးရောင်းသော ကုလားလူမျိုး အဂ္ဂိရတ်ဆရာက သူ၏မုတ်ဆိတ်မွေးကို လက်ဖြင့်သပ်ရင်း

         “စစ်မရောက်ခင်မြားမကုန်စေချင်ဘူး။ အဲဒါကြောင့် ဦးပဉ္စင်း ဂုရုပြောတာကိုတော့ ကိုယ်သဘောကျတယ်၊ ဒီလူလာပါစေဦး၊ သူ့ကို ကျုပ်တို့ကလုပ်ပြလိုက်မယ်၊ အဲဒီအခါကျမှာ... ခင်ဝှေး ငွေထုတ် နိုင်မလားလို့မေးမယ်၊ လုပ်ပြနိုင်လျက်သားနဲ့မှ ငွေမထုတ်နိုင်ရင်တော့ စနေရော ရာဟုရောနားမလည်ဘူး၊ စာနာမိ ငါမသိဘဲ။ ကုပ်ကို ဆွဲပြီး ဂျလဝါဟာငရဲကို ပို့ရမယ်၊ အဲဒီကျမှ “ ဘာ” အော်ပြီး ဆိုင်ကြီးရယ်။ ကယ်ပါဦးဆိုရင်တော့ သူ့အတွက် သနား သောအားဖြင့် မုတ်ဆိတ်မွေးသုံးပင်ချွတ်ပေးလိုက်မယ်။ ကျုပ် ပြောချင်တာကဒါ"ဟု တစ်ယောက်တစ်ပေါက်ဆိုသလို ကြိမ်းဝါးနေကြသည်ဖြစ်ရာ စနေမောင်မောင်နှင့် တွေ့ဆုံရန် ပွဲစား လုပ်ပေးသော ရာဇဝတ်အုပ်ပင်စင်စား ကိုစိန်လှသည် စိတ်ကိုက် လျက် ရှိနေလေတော့၏။ ထိုအချိန်၌မှာပင် ၎င်းတို့စုးငနရာ သီရိ ဇေယျဘုန်းကြီးကျောင်းဝင်း အဝင်ဝတွင် မော်တော်ကားရပ်သံကြား သဖြင့် အားလုံး၏ဦးခေါင်းများသည် ကျောင်းဝင်းတံခါးဆီသို့ လှမ်းမျှော်ကြည်ကြလေ၏။ အကောင်းစားမော်တော်ကားလေးတစ်စီး သည် ကျောင်းဝင်းရှေ့၌ရပ်နေ လတော့၏။ ထို့နောက် သပ်ရပ်စွာ | ဝတ်ထားသော ကုလားလူမျိုးဒရိုင်ဘာတစ်ဦးသည် ကားပေါ်မှ ဆင်းလာကာ မော်တော်ကား၏နောက်တံခါးကို ဖွင့်ပေးလေ၏။ ထိုအခါ မော်တော်ကားပေါ်မှ အသက်သုံးဆယ့် ခုနှစ်နှစ်အရွယ် အရပ် အမောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် ပြေပြစ်လှသော ယောက်ျား တစ်ဦးသည် အဖိုးတန်ကြီးကြီးချိတ် လုံချည်ကိုဝတ်လျက် ပိုးရင်စေ့ အင်္ကျီကို ဆင်မြန်းကာ ကားပေါ်မှ ဆင်းလာပြီးလျှင် ကျောင်းဝင်း | အတွင်းသို့ ဝင်မလာသေးဘဲ ကျောင်းကြီးနှင့်တကွ ကျောင်းပတ်ဝန်း ကျင်ကို ဣရစွာ အကဲခတ်ကြည့်ရှုလိုက်လေ၏။ ထို့နောက်ကျောင်းဝင်းတံခါးဆီသို့ လျှောက်လာပြီးလျှင် စီးလာသော ကတ္တီပါ ပုံတော်ဖိနပ်ကို ချွတ်လိုက်လေ၏။ ထိုအခါ ၎င်း၏ဒရိုင်ဘာသည် ပြေးလာပြီး ဖိနပ်ကိုကောက်ကာ သိမ်းလိုက်လေ၏။ ထို့နောက် ထိုသူ သည် ကျောင်းဝင်းအတွင်း စီခင်းထားသော အုတ်လမ်းအတိုင်း လွန်စွာမြန်ခြင်း၊ လွန်စွာနှေးကွေးခြင်း စသည့် တစ်နှစ်ပါး ကင်းရှင်း သော ခြေလှမ်းဖြင့် လျှောက်၍ လာလေတော့၏။ ထိုအခါ၎င်းအား စောင့်မျှော်နေ ကြသော အဂ္ဂိရတ်ဆရာခုနှစ်ဦးတို့၏ ဦးခေါင်းတို့သည် စစ်ဒရိန်း ပြသကဲ့သို့ ညီညာစွာရွှေ့လျားကုန်ကြ၏။ ရာဇဝတ်အုပ်ဟောင်း ဦးစိန်လှသည် ထိုင်ရာမှထကာ ၎င်းထံသို့ ပြေး၍ကြိုဆိုကာ ခေါ်ငင်လာလေ၏။ ထိုသူသည် ရာဇဝတ်အုပ်ဟောင်း ကိုစိန်လှနှင့် • အတူယှဉ်တွဲ၍ လျှောက်လာပြီးလျှင် ၎င်းအားစောင့်မျှော်နေသော လူများအနီးသို့ ရောက်သောအခါ၌ ပရိသတ်ထဲတွင် သံဃာတော် တစ်ပါး ပါရှိကြောင်း မြင်တွေ့ရလျှင် ၎င်း၏ကြိုးကြီးချိတ်ပုဆိုးကို အားမျှမနာဘဲ ထိုင်၍ ဦးချလိုက်လေ၏။ ထို့နောက် ပြန်၍ထလိုက် လေ၏။ထိုအခါရာဇဝတ်အုပ်‌‌‌ဟောင်း...ကိုစိန်လှက....

 

 

         “ဟောဒါ ကျောင်းအုပ်ကြီးဟောင်း ဦးမောင်ကိုတဲ့ ဟောဒါ | ဝတ်လုံတော်ရဟောင်း ဦးအုန်းသန်းတဲ့၊ ဟောဒါ သမားတော် ( ဦးသောင်းရွှေတဲ့၊ ဟော စာတတ်ဦးထွန်းတင်တဲ့၊ ဟောဒီဦးပဉ္စင်း | က ဦးပဉ္စင်း ဦးဂုရုတဲ့၊ ဟောဒါ မုတ်ဆိတ်ဘိုင်ဆပ်တဲ့”ဟု အသီးသီးမိတ်ဆက်ပေးလေ၏။ ဦးပဉ္စင်းဂူနှင့် ဘိုင်ဆပ်မှတစ်ပါး မိတ်ဆက်ခံ | ရသူအားလုံးသည် လေးစားသောအားဖြင့် မတ်တတ်ရပ်ကြလေ၏။ ထို့နောက်မှ ပြန်၍ တိုင်ကြလေ၏။ ထိုအခါ ကြိုးကြီးချိတ်နှင့် ခန့်ညား လှသောလူက...

         “ကျုပ်စနေမောင်မောင်ပါ” ဟု ပြောလိုက်ပြီးလျှင် ၎င်း၏ရင်ဖုံး အင်္ကျီအထက်ပိုင်းတွင် တွဲလောင်းကျနေသော ရွှေကြိုးကလေးကို ဆွဲလိုက်ရာ ရွှေရောင်အိတ်ကပ်နာရီကလေးတစ်လုံး ထွက်လာလေတော့၏။ ထိုနာရီကလေး၏ ရွှေဖုံးကို “ထောက်'ခနဲ ခလုတ်နှိပ်လိုက် ရာ အကလေးသည် “ဖျတ်ခနဲ လန်၍ ပွင့်သွားလေ၏။ သို့ရာတွင် | သူသည် နာရီကိုမကြည့်ဘဲ ပရိသတ်ဘက်သို့ နာရီကို လှည့်၍ပြလိုက် လေ၏၊ နာရီမှာ ရှစ်နာရီတိတိထိုးနေကြောင်း အားလုံးတွေ့ကြရလေ တော့၏။

         “ကျုပ်ပြောထားတဲ့နာရီမှာ ကျပ်ဟာ အတိအကျရောက်ရှိခဲ့ပါ တယ်”ဟု စနေမောင်မောင်က ပြောဆိုကာ ခုံလွတ်တစ်လုံးတွင် ဝင်၍ ထိုင်လေ၏။ ထိုအခါ စာတတ်ထွန်းတင်က...

         “ကျုပ်တို့နည်းနည်းစောပြီး ရောက်နေရတော့ အကြာကြီးစောင့် နေရတယ်ထင်တာပါ၊ အမှန်က ဆရာကြီးစနေမောင်မောင်နောက် မကျပါဘူး၊ ကျုပ်တို့ဘာသာ ကျုပ်တို့ စိတ်စောနေကြတာပါ”ဟု အချင်းချင်းကို ပြောသလိုနှင့် ဝန်ခံလိုက်လေ၏။

         စနေမောင်မောင်လည်း ၎င်း၏ရွှေရောင်နာရီအကလေးကို 'ထောက် ခနဲပိတ်လိုက်ပြီး အိတ်အတွင်းသို့ ပြန်ထည့်လိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဘိုင်ဆပ်က..

         “စက်ရုပ်များဟာ အချိန်အတိအကျအလုပ်လုပ်တယ်လို့ အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုမှာ ဖတ်ရတယ်” ဟု မခိုးမခန့်ပြောကာ မုတ်ဆိတ်မွေးကို လက်နှင့်သပ်လိုက်လေ၏။

         “မှန်ပါလိမ့်မယ်။ ဒါပေမယ့် ဘိုင်ဆပ်ကို ပြောချင်တာကတော့ မုတ်ဆိတ်မွေးကြောင့်သာ ပိုပြီးခန့်ညားမယ်ဆိုရင် ဆိတ်သိုးတွေကို ကျုပ်တို့ပိုပြီး လေးစားရလိမ့်မယ်”” ဟု စနေမောင်မောင်က ပြောလိုက်ရာ ဦးပဉ္စင်းဂုရုက `တခစ်ခစ် ရယ်၍...

         “အကြောင်းကြောင်း အရာရာတော့တွေ့ပြီ၊ အရာရာ အကြောင်း ကြောင်း ဖြစ်ဖို့ပဲလိုတော့တယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျောင်းအုပ်ဆရာကြီးဦးမောင်ကိုက...

         “ကဲပါလေ၊ လိုရင်းကိစ္စပြောကြရအောင် ဟောဒီဘိုင်ဆပ်ကြီး က ရွှေကို လက်ယာကပ်နဲ့ဖမ်းထားတဲ့ သူ့ရဲ့ ဓါတ်လုံးနဲ့ ပြဒါးကို လုံခြောက်ထိုးရင် ရွှေဖြစ်တယ်၊ အဲဒါကိုတော့ ရာဇဝတ်အုပ်မင်း ဦးစိန်လှအပါအဝင် ဟောဒီကကျုပ်တို့အားလုံးတွေ့ပြီး မြင်ပြီးပြီ။ ဦးစိန်လှပြောပြ ချက်အရဆိုရင် တကယ်ရွှေဖြစ်မဖြစ် ခင်ဗျားက ကြည့်မယ်၊ ဖြစ်တယ်ဆိုရင် ငွေအလုံးအရင်းထုတ်ပေးမယ်ဆိုလို့ ကျုပ်တို့ဒီမှာ စောင့်နေကြတာ၊ အဲဒါဟုတ်ရဲ့မဟုတ်လား” ဟု မေးလိုက်လေ၏။

         “ကျုပ်က အဂ္ဂိရတ်ပညာကလွဲပြီး ကျန်တဲ့လောကီပညာ အားလုံးကို အတော်လေးနှံ့နှံ့စပ်စပ် လိုက်စားထားပြီးသားပါ ကျုပ်ရဲ့ စိတ်ထဲမှာ ကျုပ်တို့မြန်မာတွေစီးပွားရေးဘက်မှာ နိမ့်ကျနေတာကို မကြည့်ချင်ဘူးဗျာ၊ မမြင်ချင်ဘူး၊ အဲဒါကြောင့် တကယ်လို့များ ခင်ဗျားတို့က ရွှေဖြစ်တယ်ဆိုရင် ကျုပ်ကငွေလိုသလောက် ပေးမယ်၊ ကျုပ်တို့မြန်မာတွေကို ကယ်ကြရအောင်ပါ၊ ကျပ်အတွက် ကြေးပြားတစ်ပြားတောင် မလိုချင်ပါဘူး၊ ကျုပ်အနေနဲ့ပြောရရင်တော့စနေမောင်မောင်ဆိုတဲ့လူဟာ ဒီတိုင်းထိုင်ပြီးစားမယ်ဆိုရင်တောင် ဒီတစ်သက်ဖြင့် စားလို့မကုန်ပါဘူး၊ ဒါပေမယ့် ကျုပ်တစ်ယောက် တည်းစားလို့ မဖြစ်သေးပါဘူးလေ၊ ကျွန်ုပ်တို့လူမျိုးအားလုံးစားကြရ မယ်၊ ၀၀လင်လင်ဖြစ်ကြရမယ်။ အရောင်တောက်မယ်၊ အဲဒီစေတနာပါ”ဟု စနေမောင်မောင်ကပြောလိုက်ရာ သမားတော် ဦးသောင်းရွှေက... ။

         “ါသသိမ်မှာက ဒုတ္ထာယမ်း ဆေးဒန်း၊ လက်များ၊ စိန်ပြဒါးနဲ့ ဟင်းနိုင်း၊ သံကြွပ်၊ သွပ်နှင့် ကံ့ဘော်ဓာတ်ကိုမြှောက်၍ တင်ပါးပါးကို ဉာဏ်သွားဖြင့် သတ်၊ ဓါတ်ချင်းမြတ်လော့၊ မီးမီးနေသိပါစေလို့ ဆိုထားတယ်ဗျ"ဟု စကားစလိုက်လေ၏။

         ထိုအခါ စာတတ်ထွန်းတင်က...

         “ထိန်ဝင်းရွှေဓါတ်၊ အခြေမြတ်သည့် နဝရတ်၊ လုပ်ရိုးလုပ်စဉ်၊ တစ်နည်ထွင်တုံ၊ ဘော်စင်တစ်ကျပ်၊ ပါးလှပ်လှပ်ကို၊ ထပ်၍ ကပ်ကြေး၊ ချစာပေးလျက်၊ ဆေး၊ ကျောက်၊ ကန့်၊ စိန်၊ သံပုရာ၊ ရက် သတ္တတွင် စေ့လျှင်ရပ်ပေါ့၊ နောက်ထပ်ဆေး၊ အော်စုရေးကား၊ ရွှေသွေးနီမြန်း၊ ကျောက်ဆေးဒန်းနှင့် မြင်းသီတလီ၊ ဟင်းရိုင်းခြားပိုင်၊ မူလတစ်ဌာနလို့ ဆိုထားတယ်ဗျ”ဟု ပြောလိုက်ရာ သမားတော် ဦးသောင်းရွှေက... ။

         “မဟုတ်ဘူစီလေး၊ မှတ်သားစိမ့်၊ နိဒါန်းပြာပိမ့်၊ နီဝါရောင် ရှိန်၊ မှောင်မမှိန်သည်၊ ပရဇိန်လမ်း၊ လုပ်ထုံးလမ်းကားလို့ ကျမ်းမှာ ဆိုထားတယ်မဟုတ်လား”ဟု ပြောလိုက်ရာ စာတတ်ထွန်းတင်က

         “ခင်ဗျားအခုရွတ်တဲ့စာဟာ ရွှေလုပ်တဲ့စာမဟုတ်ဘူး။ မိုးကြိုး လုပ်တဲ့စာကြီး၊ ဉာဏ်ခါထိုးဖောက်၊ ရွှေကြိုးကောက်က၊ ရောင်အောက် ရဲရဲ ဆိုတဲ့စာကို ရသလား”ဟု ပြောလိုက်လေ၏။ ထိုအခါ ဦးသောင်းရွှေက မျက်နှာကိုမဲ့၍ ခေါင်းကို တွင်တွင်ခါပြီး...။

         “အခု ခင်ဗျားပြောတာတွေဟာလည်း အိစရိယအဆို မဟုတ် ဘူး၊ အဲဒီတော့ဟောဒီမှာ နားထောင်၊ စံကိုက်မှတ်ထင်၊ ကရည်ဝင်သော်၊ နီလွင်ဓာတ်မျိုး လုပ်ရိုးလုပ်ရန် တစ်နည်းပြအံ့၊ မီးမှန်မီးနေ။ သိတတ်စေ၍ ဆိုတဲ့စာကို ခင်ဗျားရသလား”ဟု ပြောလိုက်လေ၏။ ထိုအခါ စာတတ်ထွန်းတင်သည် အိန္ဒာစရိယ ကျမ်းလာ ..... မှ... အထိ ကျမ်းတော်အုပ်လုံးကို တုံကင်ရေစင့် မောင်းသည့် | အလား တဒုန်းဒုန်း၊ တဝင်းဝင်းနှင့် ရွတ်ဆိုပြလေတော့၏။ ထိုသို့ ရွတ်ဆိုပြီးသောအခါ၌ စာတတ်လွန်းတင်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စနေမောင်မောင်၏မျက်နှာကို ကြည့်လိုက်လေ၏။ စနေမောင်မောင် သည် သူ၏ရင်စေ့အင်္ကျီအတွင်းမှ ပလက်တီနမ်ဖြင့် ပြုလုပ်ထားသော စီးကရက်ဘူးကလေးအတွင်းရှိ စီးကရက်တစ်လိပ်ကိုထုတ် ကာ ထိုခေတ်ကအလွန်နာမည်ကြီးသော ယွန်ဆင်မီးခြစ်ကလေးကို ထောက်' ခနဲမီးမြင်လိုက်လေ၏။ ထို့နောက် စီးကရက်ကို မီးညှိ ရှိုက်လိုက်ပြီး မီးခိုးများကို မှုတ်ထုတ်ရင်း .. ။

         “ကျုပ်တို့လူမျိုးညံ့နေတာဟာ ဟောဒီအချက်ပဲ၊ ပညာရပ် တစ်ရပ်ကို စာတိုပေစုကလေးတွေ ရွတ်ပြီး မှတ်ထားကြတာကိုး၊ အဲဒါလေးတွေရွတ်ပြီး ဟုတ်လှပြီလို့ ထင်နေကြပြန်တယ်၊ အနောက် နိုင်ငံက လောကဓာတ်ဆရာကြီးတွေက သူတို့လုပ်ငန်းနဲ့ပတ်သက်လို့ စာတိုပေစတွေရွတ်ပြတယ်လို့ တစ်ခါမှ မကြားဖူးဘူး၊ ဒါကြောင့် သူတို့လုပ်ငန်းတွေဟာလည်း တစ်နေ့ထက်တစ်နေ့၊ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာတာကိုး၊ ကျုပ်တို့မှာတော့ ဟိုစာလေးရွတ်လိုက်၊ ဒီကလေးရွတ်လိုက်နဲ့ အတိုအစက မတက်တဲ့ | လူမျိုး ဖြစ်တော့မှာပါပဲ။ တကယ်ကြီးကျယ်တဲ့ ပာဆိုရင် ကို ပေရွတ်ရုံနဲ့မလုံလောက်ဘူး၊ စာတိုပေစ ဘောင်ထဲမှာပဲ ရှိနေရင် လည်း အဲဒီပညာကြီးကျယ်မှာ မဟုတ်ဘူး”ဟု ပြေးလိုက်လျှင်စာတတ်ထွန်းတင်မျက်နှာသည် နီမြန်းသွားလေ တော့၏။ ထိုအခါ | စာဘက်ထွန်းတင်က..

         “ဒီမှာ စနေမောင်မောင်၊ ခင်ဗျား ဒီစာမျိုးတွေလောက်ကို အာဂုံ | ဆောင်ထားဖို့ လွယ်တယ်မှတ်လို့လား၊ ဒီစာကို ခင်ဗျားမရလို့ ပြော တာမဟုတ်လား”ဟု ပြန်၍ပြောလေ၏။

         ထိုအခါ စနေမောင်မောင်က မခိုးမခန့်ပြုံးကာ... “ခင်ဗျားရယ်၊ ဟောဟိုက ဦးသောင်းရွှေဆိုတဲ့လူရယ် နှစ်ယောက် ပေးတယ်၊ ကျုပ်ကတစ်ယောက်တည်း၊ ရှုံးတဲ့လူ နားရွက်ဆွဲကြေး | တောင် ရွတ်ပြလိုက်ချင်သေးတယ်၊ ကဲပါလေ တခြားစာထားလို့ ခင်ဗျားရထားတဲ့ တိစ္ဆာစရိယကိုပဲ အစဉ်အတိုင်းမဟုတ်ပဲနဲ့ ဖင်ကနေခေါင်းကို ပြန်ရွတ်ပြလိုက်ဦးမယ်”ဟုဆိုကာ နောက်ဆုံးပိုဒ်မှနေ၍ ဒုတိယနောက်ဆုံး၊ တတိယနောက်ဆုံး စသည်ဖြင့် နမှုနာပေးသည့် အနေဖြင့် စနေမောင်မောင်က ရွတ်ပြလိုက်ပြီးလျှင် စာတတ်ထွန်း တင်၏ မျက်နှာကို မခိုးမခန့်ကြည့်လိုက်လေ၏။ ထိုသို့ကြည့်ပြီးနောက် စနေမောင်မောင်က...

         “တရွတ်ဟာဘရွတ်ပဲ တတတ်ကြီးရေ၊ အရွတ်ဟာ အသား လောက်မကောင်းဘူး၊ ကဲ... အသားလေးကြည့်ရအောင် ဘိုင်ဆပ် ကပြပေတော့ဗျာ”ဟု ပြောလိုက်လျှင် ဘိုင်ဆပ်သည် သူ၏လည်ပင်း တွင် အိတ်နံ့ကြိုးဖြင့် ဆွဲထားသော ဓာတ်လုံးကို တရိုတသေထုတ်၍ စနေမောင်မောင်၏လက်သို့ ပေးလိုက်လေ၏။

         စနေမောင်မောင်သည် ထိုဓာတ်လုံးကို ကြည့်သည်ဆိုရုံလေး ကြည့်ပြီး ဘိုင်ဆပ်ကို ပြန်ပေးလိုက်လေ၏။ ဘိုင်ဆပ်သည် အနီးရှိ လုံတစ်ခုတွင် ဓာတ်လုံးကိုထည့်၍ ပို၌တင်လေတော့၏။ ထို့နောက် | တွင်ကား လက်ချားပေါက်ခြင်း၊ မီးပြင်းထိုးခြင်း၊ အခိုး၊ အရောင်ကြည် ခြင်း တို့ကို ပြုလုပ်လေ၏။ ပြီးလျှင် လုံကို သံညှပ်ဖြင့်ကိုင်၍ ချပြီးအနည်းငယ်တေးစေ၍ ပြဒါးကိုလောင်း၏။ ထို့နောက် ဖိုသို့ပြန်တင် ပြန်၏။ ထို့နောက် ဦးပဉ္စင်းဂုရုက မီးရောင်ကိုကြည့်၍...

         “နီသောအဆင်း၊ ဖြူးသောအခိုး၊ လာနေပြီ။ အဲဒါဆိုရင် အထဲ မှာ ကောလီဖြစ်ကုန်ပြီ၊ ကာလီဖြစ်ယင် မိခင်အလုံးက ပဋိသန္ဓေ တည်ပြီး ကိတ်ကိုမွေးတော့မယ်”ဟု ပြောလိုက်လေ၏။ ဘိုင်ဆပ် လည်း ထိုလုပ်ငန်းကို သုံးနာရီကြာအောင်လုပ်ရလေ၏။ ထို့နောက် လုံကို အေးစေပြီးလျှင် ဓာတ်လုံးကို ထုတ်လိုက်ရာ ဓာတ်လုံး၌ အဝါရောင်အဖတ်တစ်ချို့ ကပ်နေသည်ကို တွေ့ရလေ၏။ ထိုအခါ မြန်မာ သမားတော်ကြီး ဦးသောင်းရွှေက... ။

         “အဆင်းအား၊ အလင်းအား၊ အကာအားတွေ ဝဏ္ဏအား တွေ | ကလဲ အပြည့်ပါပဲ စနေမောင်မောင်ရေ၊ ကြည့်စမ်းပါဦး”ဟုပြော လိုက်ရာ ဘိုင်ဆပ်သည် ဓာတ်လုံးကို ဇာဂနာဖြင့်ညှပ်၍ သံလက် သည်းစောင်းကလေးဖြင့် ခြစ်လိုက်ရာ အဝါဖတ်ကလေး နှစ်ဖတ်၊ - သုံးဖတ်ကျလာလေ၏။ ထိုအဝါဖတ်ကလေးများကို ရွှေချိန်သော | ချိန်ခွင်၌တင်၍ ချိန်ရာ ရွေးကလေး တစ်ပင်မပြည့်ကြောင်း တွေ့ရ လေ၏။ ။

         ထို့နောက် ဦးပဉ္စင်းဂုရုသည် ထိုအဝါဖတ်ကလေးကို ယူကာ မှတ်ကျောက်တွင်တင်၍ တိုက်လိုက်လေ၏။ ထို့နောက် ထိုမှတ် ကျောက်ကိုယူကာ ငရဲမီးအဖုံးကိုဖွင့်၍ ပုလင်းအဖုံးတွင် ကပ်နေ သော ငရဲမီးဖြင့် မှတ်ရာကိုပွတ်လိုက်လေ၏။ ပြီးလျှင်... ။ “မြင်တယ်မဟုတ်လား ဒကာကြီး စနေမောင်မောင်ရဲ့၊ လောင် လဲခံတယ် ”ဟု ဂုရုက ပြောလိုက်ရာ စာတက် ထွန်းတင်က...

         “လောင်မီးတင်ဘယ်ကမလဲ၊ ဘော်နှစ်ဆနဲ့ ကပ်ပြီး အမ်ဒီ ချက်ယင်တောင်မှ ဘာမှမဖြစ်ဘူး၊ အချက်ခံတယ်ဗျ။ အား အခေါက်၊ ပုရပိုက်ခေါက်ဆိုတာ ဒါမျိုးပဲ"ဟုပြောက စနေ မောင်မောင်၏ မျက်နှာကို ကြည့်လိုက်လေ၏။ ထိုအချိန်၌ စာတတ် န်းတင်သာမက အားလုံးသောလူတို့၏ မျက်နှာသည် စနေမောင်မောင်၏ မျက်နှာကို ကြည့်ရှုနေလေ၏ ထိုအခါ စနေမောင်မောင်က ပြီးလိုက်လေ၏။

         "ဖြစ်တယ်ဆိုတဲ့ သဘောတော့ တွေ့ပါပြီဗျ၊ ဒါပေမယ့် ဒီလို မှုန်တိမှုန်ဝါး ဖြစ်ရုံလောက်နဲ့ ဘယ်လိုကယ်မတုန်း၊ ခင်ဗျားတို့ ဖြစ်တဲ့ရွှေနဲ့ မြန်မာပြည်လို့ဗျာ၊ မုဆိုးမအိမ်က ကြွက်ကိုတောင် အစာ | ဝအောင်ကျွေးလို့ရပါ့မလား၊ ဘာဖြစ်ဖြစ် နည်းရင် အာနိသင်မရှိဘူး။ လူကိုသေစေနိုင်တဲ့အဆီဆိုပါတော့ဗျာ အင်မတန်အချိုးအစားနည်းရင် ဘာမျှမဖြစ်ဘူးဗျ ဒါလေးကိုကြည့်ပြီး ခင်ဗျားတို့ ဝိုင်းပြီး ပီတိတွေဖြင်ကြတာကိုးဗျ။ အစားပျက်၊ အအိပ်ပျက် မီးအပူခံသက်သက်တွေပါလား။ ဒါပေမယ့်လည်းလေ အဂ္ဂိရတ် ဆရာ | တစ်သောင်းမှာ တစ်ယောက်တောင် ဒီလိုမဖြစ်တော့ ခင်ဗျားတို့ဘက် | ကကြည့်ယင် ဂုဏ်ယူသင့်ပါတယ်။ ဒါပေမယ့် ကျုပ်ဘက်က ကြည့်ရင်တော့ ရယ်စရာကြီးဖြစ်နေတယ်။ ဒီလောက်ကတော့ဗျာ အဂ္ဂိရတ် တတ်ဖို့မလိုပါဘူး။ ဘယ်ပြောင်းမှာ သွားကျင်ကျင်ရပါတယ်။ ကဲလေ... ဒီလိုတကူးတကလုပ်တာကိုပဲ ကျပ်က ကေးဇူးတင် လှပါပြီ။ ကဲကဲ ... အားလုံးကို ကျပ်အိမ်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဧည့်ဝတ်ပြချင်လို့ပါ ဟုဆိုကာ စနေမောင်မောင်သည် ထိုင်ရာမှ ထ, လိုက်လေ၏။ ထိုအချိန်မှာပင် တိုင်စီကားနှစ်စီးသည် ကျောင်းရှေ့သို့ ရောက်လာလေတော့၏။

         “ကဲ... မိတ်ဆွေအားလုံး အဲဒီကားပေါ်တက်ကြပေတော့”ဟု ဆိုကာ စနေမောင်မောင်သည် ရှေ့မှထွက်၍ ၎င်း၏မော်တော်ကား ကြီးပေါ်သို့ တက်သွားလေတော့၏။ ကျန်လူများမှာ မော်တော် ကားနှစ်စီးပေါ်သို့ လူစုခွဲ၍ တက်ကြလေ၏။ စနေမောင်မောင်၏ကားက ရှေ့မှသွား၍ ကျန်ကားနှစ်စီးက နောက်မှလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဘိုင်ဆပ်က...

         “ ဟီဟိ.. ကားတွေ အတန်းလိုက်ကြီး မောင်းသွားနေတာ တရုတ်မင်္ဂလာဆောင်ကျနေတာပဲ။ စနေမောင်မောင်ဆိုတဲ့လူကဖြင့် အပြောအဆို တယ်လဲကင်တင် ဦးစီးရှိပါလား၊ မဟုတ်မှလွဲရော ဆွေတော်မျိုးတော်ထဲက မှတ်တယ်” ဟု ပြောလိုက်လေ၏။

         စနေမောင်မောင်၏ကားသည် ရှေ့မှသွား၍ ကန်တော်ကြီး စောင်းကိုပတ်၏။ ထို့နောက် ကျိုက္ကဆံလမ်းအတိုင်း ချိုး၍ ဝင်ကာ ကုလားဗလီတစ်ခုနှင့် အင်္ဂလိပ်ဘုရားကျောင်းတစ်ခုကို ကျော်ပြီး နောက် လွန်စွာကျယ်ဝန်းသော ခြံကြီးတစ်ခုထဲသို့ဝင်လေ၏။ ထိုအခါ ဂေါ်ရခါးအစောင့်တစ်ဦးက သံပန်းတံခါးကြီးကို လာ၍ ဖွင့်ပေးပြီး လျှင် ဆလံပေးလိုက်သည်ကို အားလုံးက မြင်လိုက်ရလေ၏။ နောက် ကားနှစ်စီးလည်း စနေမောင်မောင်၏ ကားနောက်မှ ကပ်၍ဝင်ခဲ့ လေ၏။ ထို့နောက် စနေမောင်မောင်ကားသည် ခြံကြီးအတွင်းရှိ အိမ်ကြီး၏ ဆင်ဝင်အောက်၌ ရပ်လေ၏။ ထိုအခါ အင်္ကျီအဘောင်းဘီအဖြူဝတ်ဆင်ထားသော ကုလားအစေခံတစ်ဦးသည် ကားတံခါးကို လာ၍ ဖွင့်ပေးပြီးနောက်...

         “ခုလံမာရေးကွန်းဆပ် " ဟု ပြောလိုက်လေ၏။ ထို့နောက် စနေမောင်မောင်သည် ကားပေါ်မှ ဆင်းပြီးလျှင်...

         “ဦးပဉ္စင်း ကြွပါဘုရာ့ကြွပါ၊ ကျန်တဲ့မိတ်ဆွေကြီးများလည်း ကြွကြပါခင်ဗျ” ဟု ပြောဆိုကာ ၎င်းကပင် ဦးဆောင်ပြီး ထမင်းစား ခန်းဆီသို့ ခေါ်သွားလေ၏။ အဂ္ဂိရတ်သမား ခုနှစ်ဦးသည် အိမ်ကြီး တစ်လျှောက် ခင်းထားသော ကော်ဇောနီကြီးပေါ်သို့ လျှောက်သွား ရသောအခါ ၎င်းတို့စီးထားသော ဖိနပ်များကိုကြည့်ကာကော်ဇာကို အားနာလေ၏ ထမင်းစားခန်းသွားရာ လမ်းတစ်လျှောက်တွင်မတ်တပ်ကြွေပန်းအိုးနှင့် ကွဲလွဲနေသော ပန်းညွန့်ပန်းနွယ်များ ကိုလည်းကောင်း၊ မျက်နှက်က်တွင် တပ်ဆင်ထားသော ဖန်ပိုင်း နှင့်လုံးမီးသီးများကိုလည်းကောင်း ကြည့်ကြ၏။ ထိုသူတို့ အသီးသီး စိတ်၌ “လူနေအိမ်မှ ဟုတ်ရဲ့ လား၊ နန်းတော်များလား”ဟု တွေးထင် ကြကုန်၏။

         ထမင်းစားခန်းအတွင်းသို့ရောက်လျှင် ကြီးမားသော စားပွဲကြီး နှင့် လှပခန့်ညားသော ကုလားထိုင်များ အစီအရီချထားသည်ကို တွေ့ရပေ၏။ ထိုထမင်းစားခန်း၌လည်း ပန်းကန်ခွက်ယောက်များနှင့် ရှုပ်ထွေးခြင်းမရှိဘဲ နံရံ၌ (RA) အာရ်အေခေါ် အင်္ဂလန်ပြည်တော် ဝင် ပန်းချီဆရာများ၏လက်ရာ ပန်းချီကားများ ပြည့်နှက်နေလေတော့၏။ ထို့ကြောင့် အများသူငှာ၏ ထမင်းစားခန်းကဲ့သို့မဟုတ်ဘဲ ပန်းချီပြခန်းအတွင်းသို့ ရောက်နေသည့်အလား ခံစားဖွယ်ရာ ရှိနေ လေတော့၏။ ထိုအခါ ပန်းချီကားနှင့်လွန်စွာမနီးစပ်သော မြန်မာ ဆေးဆရာ ဦးသောင်းရွှေက... ဟောဟို ပန်းချီကားက ဆေးတွေ အထူကြီးပဲဗျ၊သဘောဆေး အတော်ကုန်မယ်ဟု ပြောလိုက်ရာ ဝတ်လုံတော်ရမင်း ဦးအုန်းသန်းသည် မျက်နှာပျက်သွားလေ၏။ ထို့ပြင် ၎င်း၏ကိုယ်စား ရှက်လည်းရှက်သွားလေ၏။ သို့ရာတွင် မိမိ ဘာသာကောင်းသည်ဟု မှတ်ယူ၍ ရှေ့နောက် မဆင်ခြင်ပြောတတ် သော မြန်မာဆေးဆရာ ဦးသောင်းရွှေသည် ... ။

         “ကျုပ်တို့ရွာမှာ ဘုန်းကြီးကျရင်ဆွဲတဲ့ စပ်ဆရာတစ်ယောက် ရှိတယ်။ ဒီထက်လက်ရာကောင်းတယ် အနီဆိုရင်လဲ ဒီလိုမှိုင်းတိနှိုင်း တိုင်းမျိုးမဟုတ်ဘူး၊ ဟင်္သာပြဒါးလိုနီနေတာ၊ အဝါဆိုရင်လဲ ဒီလို မဟုတ်ဘူး၊ နနွင်းလိုနေတာ၊ သူရေးတဲ့ဆေးက ကောင်းပါ့ဗျာ၊ ကျုပ်လဲ ပိုက်ဆံရှိရင် အဲဒီစပ်ဆရာကိုခေါ်ပြီး ရေးခိုင်းရဦးမယ်”

          ဟု ပြောလိုက်ရာ ရာဇဝတ်အုပ် ဦးစိန်လှသည် သည်းခံ၍မနေနိုင်တော့ဘဲ.. ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)