Skip to product information
1 of 3

Other Websites

မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့်သေသောသူသည်သုဿန်သို့သွားသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လှေထိုးသား မဲကောင် (သို့မဟုတ်) အာဂလူ

         တစ်နေ့သ၌ “မဲ့ကောင်ကုမ္ပဏီ” ခေါ် ဦးမဲကောင်၏ ကုန်တင်ကုန်ချလုပ်ငန်း ရုံးခန်း၌ ရှိကြကုန်သော တာလီစာရေး များ၊ မတ်ကာ ခေါ် ကုန်မှတ်စာရေးများနှင့် ပခုံးထမ်း အလုပ် ကြမ်းသမားများသည် ပိုက်ဆံကြေး ကျားထိုးလျက်ရှိကြလေ၏။

         'စာပေးစာယူစာရေး၊ လယ်ဂျာစာရေးနှင့် အမ်စီ ခေါ် ကုန်ချိန်စာရေးတို့မှာမူ မိမိတို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိ သော 'ဂျာမနီပြည်၏ လက်နက်များကောင်းပုံ၊ ထိရောက်ပုံတို့ကိုပြောဆိုနေကြလေ၏။ - . . - လက်နှိပ်စက် စာရေးမမှာမူ လက်နှိပ်စက်၌ စာရွက် တန်းလန်းထည့်၍ လက်နှိပ်စက် မရိုက်ဘဲ သိုးမွေးဆွယ်တာ ထိုးလျက်ရှိလေ၏။ စာရေးကြီး ဦးဉာဏ်ထွန်း ဆိုသူမှာလည်း တစ်ရာ့ကိုးခေါက်ရွတ်လျှင် လာဘ်ရွှင်သည်ဆိုသော ဂါဇာကို ဆီမန်းသကဲ့သို့ ပါးစပ်တလှုပ်လှုပ်ဖြင့် ရွတ်ဖတ်လျက်ရှိလေ၏။

 

         ဦးမဲကောင်၏ ကုမ္ပဏီရုံးခန်းကလေး၌ရှိကြသောသူတို့မှာ ကိုယ်ထင်ရာကိုယ်စိုင်း ဆိုသကဲ့သို့ လုပ်ကိုင်နေကြသော်လည်း တစ်ယောက်သောသူမှာမူ ဦးမဲကောင်၏ အလုပ်ကို မိမိ၏ အလုပ်သဖွယ် သဘောထားကာ ကြိုးစား၍ လုပ်ကိုင်နေ၏။ - ထိုသူကား ငွေကိုင်စာရေး မောင်ပန်းအေး ဆိုသူပင် ဖြစ်၏။

         “ ပိုက်ဆံကြေး ကျားထိုးလျက်ရှိသော ကူလီတစ်ယောက် . ရွှေ့မည့် ကျားကောင်ကို လက်၌ ကိုင်လျက် အတန်ငယ်စဉ်းစားလိုက်ပြီးနောက် ... '

         “ခြေရာတစ်တောင် မောင်မဲကောင် ... ဟေ့” ..

         ဟု ဆိုကာ ကျားကောင်ကို ရွှေ့လိုက်လေ၏။

         “ဟေ့ကောင် ... မဟုတ်တာ မအော်စမ်းပါနဲ့ကွာ ... သူဌေးဦးမဲကောင် ကျသွားရင် သူ့ကို နောက်လားပြောင်လားလုပ်တယ်လို့ အောက်မေ့နေပါဦးမယ် ချိုကြီးရယ်” ''

         ဟု ငွေကိုင်စာရေး မောင်ပန်းအေးက လှမ်း၍ သတိပေး လိုက်လေ၏။

         “လုပ်မနေစမ်းပါနဲ့ ငွေကိုင်စာရေး၊ ကြောက်စရာမလိုပါ ဘူး၊ ဦးမဲကောင်ဟာလဲ အရင်က ကျုပ်တို့လို ကူလီပါပဲ၊ ကူလီ လုပ်လိုက်၊ လှေထိုးသားလုပ်လိုက်နဲ့ နောက်တော့ လှေသူကြီး ဖြစ်လာပြီး လှေသူကြီးကမှ သူဌေးကြီး ဖြစ်လာတာပါ၊ မှုစရာ မလိုပါဘူး”

         ဟု ချိုကြီးဆိုသူ ကူလီက ပြန်၍ပြောလိုက်လေ၏။

         “ဟေ့ ချိုကြီး .... ငွေကိုင်စာရေးကို ပြန်မပြောရဘူး၊ သူက ဦးမဲကောင်ရဲ့ ညာလက်ရုံး စာရေးကြီး ဦးမွဲပြောင်ဆိုတာ သူပေါ့ကွ ဟား ... ဟား” ' ဟု ကုန်ချိန်စာရေးက ပြော၍ ရယ်ပြန်လေ၏။ ''

  • ငွေကိုင်စာရေးသည် ထိုသူတို့အား ဆက်လက်ပြောဆိုခြင်း မပြုတော့ဘဲ ငွေစာရင်းများ၌သာလျှင် စိတ်ဝင်စားလျက် ရှိလေ တော့၏။

         ထိုအချိန်၌ ဦးမဲ့ကောင်၏ မော်တော်ကားသည် အလုပ် တိုက်ရှေ့သို့ ရောက်လာလေ၏။ ကျားထိုးနေသော ကုလီနှင့် မ ကုန်ချိန်စာရေးတို့သည် ကျားကွက်များကို ဝှက်ကြလေ၏။

         ဆွယ်တာထိုးလျက်ရှိသော လက်နှိပ်စက် စာရေးမလည်း ( ထိုးစ ဆွယ်တာကို ဝှက်လိုက်ပြီးနောက် လက်နှိပ်စက်ကို တဖြောင်းဖြောင်း ရိုက်လေ၏။ ... -

         ဂါထာရွတ်နေသော စာရေးကြီးလည်း စာအုပ်ကိုဖွင့်လျက် ( ဟိုလှန်သည်လှန်နှင့် အလုပ်ရှုပ်သည့်ဂိုက်ကိုဖမ်းလေ၏။ စာပေး ( စာယူ `စာရေးလည်း စာများကို မှတ်ပုံတင်လျက် သူဌေးကြီး | ထိုင်မည့် စားပွဲသို့ သွားရောက်၍ ပို့လေ၏။ .. ၊ သူဌေးကြီး ဦးမဲကောင်သည် မော်တော်ကားပေါ်မှဆင်းကာ အလုပ်တိုက်အတွင်းသို့ ဝင်၍လာလေ၏။ ဦးမဲကောင်လေး - နာမည်နှင့်လိုက်အောင် အသားမည်းသည့်အပြင် လွန်စွာမှလည်း ကြီးမား ထွားကျိုင်းသူ ဖြစ်ပေသည်။ သူ၏ ကိုယ်လုံးကိုယ်ထည် အဆက်အပေါက်မှာ လှေထိုးသား ဖြစ်ခဲ့ကြောင်း - သက်သေခံလျက် ရှိပေသည်။ , . ဦးမဲကောင်သည် အနီရောင်ကို လွန်စွာသဘောကျသည့် အလျောက် ခေါင်းပေါင်းကို အနီရဲရဲအရောင်ကို ရွေးချယ်၍ ပေါင်းလေ့ရှိသကဲ့သို့ ရခိုင်လုံချည်အနီ၊ ရွှေတောင်လုံချည်အနီ တို့ကို စွဲမြဲစွာ ဝတ်ဆင်လေ့ရှိ၏။ - ဦးမဲကောင်သည် အလုပ်တိုက်အတွင်းသို့ ဝင်လိုက်ပြီး နောက် မိမိ၏ အလုပ်သမားများကို အကဲခတ်သကဲ့သို့ ကြည့်ရှု ကာ •••

         “ငါ့လူတွေ အလုပ်များနေကြတာကိုး၊ ကုန်မှတ်စာရေး ကလဲ ကုန်မှတ်ဖို့ မင်တွေဖျော်လို့၊ တာလီသမားကလဲ ကရွတ် တုတ်တွေကို စစ်လို့၊ ကုန်ချိန်စာရေးကလဲ ကတ္တားအောက်က ဓားသွားမှာ ကပ်နေတဲ့ ရွှံ့တွေကိုခွာလို့၊ လက်နှိပ်စက်စာရေးမ ကလဲ လက်နှိပ်စက် ရိုက်နေလိုက်တာ တဖြောင်းဖြောင်းနဲ့၊ စာရေးကြီးကလဲ စာအုပ်ကြီးတွေလှန်လို့၊ အလုပ်များနေလိုက် ကြတာ၊ ဟား ... ဟား ... ကျုပ်ကတော့ မယုံပေါင်ဗျာ၊ ကျုပ်တို့လူမျိုးဟာ အလုပ်ရှင်မရှိရင် အလုပ်မလုပ်ဘဲ အသက် သာခိုမယ်၊ အလုပ်ရှင်လာမှ အလုပ်ကို ကြိုးစားလုပ်နေတဲ့ပုံမျိုး ဖမ်းတဲ့နေရာမှာ ဘယ်လိုလူမျိုးမှ လိုက်လို့မမီဘူး၊ မဟုတ်မှ လွဲရော၊ ဟောဟိုလူတွေက ကျပ်မလာခင်မိနစ်ပိုင်းအထိ ကျားထိုး နေကြမယ်၊ စာရေးမက ဆွယ်တာထိုးနေမယ်၊ စာရေးကြီးကဂါထာရွတ်နေမယ်၊ ငွေကိုင်စာရေး တစ်ယောက်တည်းပဲ သူ့အလုပ် သူ လုပ်နေလိမ့်မယ်”

         ဟု သူဌေးကြီး ဦးမဲကောင်က 'ပြောလိုက်ရာ အလုပ်တိုက် အတွင်းရှိ လူတို့သည် မျက်လုံးပြူးကုန်ကြ၏။

         “မဟုတ်ပါဘူး သူဌေးကြီး၊ သူတို့အားလုံး အလုပ်လုပ်နေကြပါတယ်။

         ဟု ကူလ ချိုကြီးက ဝင်ရောက်၍ ပြောဆိုလိုက်ရာ ဦးမဲ ကောင်သည် ဆေးပြင်းလိပ်ကို မီးညှိပြီးနောက် ... :

         “ဟေ့ကောင် ချိုကြီး၊ ငါက ဒါမျိုးတွေ အံခွနေပြီ” ငွေကိုင်စာရေး မောင်ပန်းအေးတစ်ယောက်ပဲ အလုပ်လုပ်နေ | တယ်၊ မင်းက ကျားရွှေ့ခါနီးမှာတောင် ကောင်းကောင်းမရွှေ့ “ဘူး၊ “ခြေရာတစ်တောင် မောင်မဲကောင်' လို့ ငါ့ကိုနောက်ပြောင် ပြီးမှရွှေ့တယ်၊ ငွေကိုင်စာရေးက ဒီလိုမပြောဖို့ မင်းကိုတောင်းပန် တယ်၊ အဲဒါကို ကုန်ချိန်စာရေးက မကောင်ရဲ့ တပည့် မွဲပြောင်လို့ မောင်ပန်းလေးကို နှိမ်လိုက်သေးတယ် မဟုတ်လား၊ မင်းဘာပြောဦးမလဲ”

         ဟု ဆိုလိုက်ရာ ဦးမဲကောင်၏ အလုပ်တိုက်တစ်ခုလုံးရှိ အလုပ်သမားများသည် လွန်စွာအံ့ဩသော မျက်နှာနှင့် ဦးမဲကောင်ကို ကြည့်၍နေလေ၏။ .

          “မင်းတို့လောက် မလည်ရင် မင်းတို့လိုပဲနေမှာပေါ့ကွ၊ ပခုံး တစ်ခုလုံး အသားမာတက်အောင် ထိုးဝါးထိုးရတဲ့ လှေထိုးသားဘဝကနေ သူဌေးကြီးဖြစ်အောင် လုပ်လာတဲ့လူဟာ မင်းတို့ ထင်သလို ညံ့ပါ့မလားကွ”. ..

         ဟု ဦးမဲကောင်က မဲ့ပြုံးပြုံးလျက် ပြောလေ၏။

         စာရေးကြီးမှာမူ ဦးမဲကောင်အား ... .:

         “ဧကန္တတော့ ဧကန္တပဲ၊ ဦးမဲကောင်တော့ အကြားအမြင် ရနေပြီထင်တယ်” : ..

          ဟု စိတ်တွင်း၌ မှတ်ယူလိုက်လေ၏။ ထိုသို့ မှတ်ယူပြီး နောက် မျက်နှာချိုသွေးလျက် ..

         “သူဌေးကြီးခင်ဗျား၊ အကြားအမြင်များ ရနေပြီလား” '

         ဟု လက်အုပ်ချီလျက် ကန်တော့မည်ကဲ့သို့ မျက်နှာထား နှင့် တောင်းပန်လိုက်လေ၏။ . “အမြင်တော့ မရသေးဘူး၊ အကြားတော့ ရနေပြီ” . ဟု ပြောဆိုကာ မိမိ၏စားပွဲပေါ်ရှိစာများကို ဖတ်လေ၏။

         ဦးမဲကောင်၏ “အမြင်တော့ မရသေးဘူး၊ အကြားတော့ ရနေပြီ” ဟူသောစကားကို ဦးမဲအောင် အလုပ်တိုက်မှလူများ သည် အဓိပ္ပာယ်နားမလည်ကြပေ။ အလုပ်တိုက်ရှေ့၌ ကွမ်းယာ ဗန်းကို လွယ်လျက် ကွမ်းယာဆေးလိပ်ရောင်းသော သူငယ် | ကလေး တစ်ဦးသာလျှင် ထိုစကား၏အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ပေသည်။ ထိုသူငယ်ကလေးသည် ဦးမဲကောင်မလာမီ မည်သူ အလုပ်လုပ်သည်၊ မပသူ အလုပ်မလုပ်ဘဲ အချိန်ဖြုန်း နေသည်း မည်သူက မည်သည့်စကားကိုပြောသည် စသည်တို့အား လေ့လာမှတ်သား၍ထားရ၏။ ဦးမဲကောင်သည် အလုပ် `တိုက်သို့လာလျှင် ကားကို အလုပ်တိုက်နှင့် မလှမ်းမကမ်း၌ ရပ်ထားခဲ့ပြီးနောက် ထိုသူငယ်ကို လက်ယပ်ခေါ်၍ မေးမြန်း၏။ ထိုသို့မေးမြန်းပြီးမှသာလျှင် အလုပ်တိုက်ရှေ့၌ ကားကိုရပ်ကာ ကားပေါ်မှဆင်း၍ အလုပ်တိုက်အတွင်းသို့ ဝင်လေ၏။

ဤကား ဦးမဲကောင် ဟူသော အညာသား လှေထိုးသား တစ်ဦးအဖြစ်မှ သူဌေးကြီးဖြစ်လာသူ၏ လက်အောက်ငယ်သား တို့အပေါ်၌ သူလျှိုဒလန်ထား၍ အုပ်ချုပ်ပုံဖြစ်၏။ )

         ဤအချက်ကို ဦးမဲကောင်၏အလုပ်သမားများသည် လုံးဝ ရိပ်မိခြင်းမရှိပေ။ . ဦးမဲကောင်သည် စာများကိုဖတ်ပြီးနောက် သူ၏ ငွေကိုင်စာရေး မောင်ပန်းလေးကို ခေါ်လိုက်လေ၏။

         “မနက်ဖြန် လှေဆိုက်လိမ့်မယ်၊ ဒါက ပြည်ဆိပ်ကမ်းက ထည့်လိုက်တဲ့ ‘

         မဲကောင်ကြီး” ဆိုက်လိမ့်မယ်။ သန်ဘက်ခါမှာ ‘မဲကောင်လတ်' ဆိုက်မယ် မောင်ပန်းအေး၊ မနက်ဖြန် ဒီပါဝလီ “နေ့ ရုံးပိတ်ရက်ဆိုတော့ ဘယ်သူမှရှိမှာမဟုတ်ဘူး၊ မင်းကတော့ လာရလိမ့်မယ်”

         ဟု ဦးမဲကောင်ကို ပြောလေ၏။

          “စိတ်ချပါ ဦးလေး၊ ကျွန်တော်လာခဲ့ပါ့မယ်” -

         ဟု မောင်ပန်းအေးက ပြောလေ၏။

 

         “ မဲကောင်ကြီးပေါ်မှာ တင်လဲစည်တွေ ပါလာတယ် သေသေချာချာစစ်ပြီးမှ လက်ခံပေတော့ တင်လဲစည်တွေက | ငါတို့ကို သိပ်ပြီးဒုက္ခပေးတယ်၊ ပြီးခဲ့တဲ့ လကလဲ ပျော်လိုက် ရပြီးပြီ၊ ဒီတစ်ခါတော့မဖြစ်စေနဲ့၊ အရေအတွက်လဲ သေသေ ချာချာစစ်လျော့နေရင် လှေသူကြီးကိုခေါ်ပြ၊ လျော့နေကြောင်း စာရေးပြီး လက်မှတ်ထိုးခိုင်း၊ ကြားလား”

         “ဟုတ်ကဲ့ပါ ဦးလေး”

         “တင်လဲစည်တွေကို လက်ခံပြီးရင်လဲ တို့ဆီမှာ ကြာကြာ - မထားနဲ့ ပို့ရမယ့် အရက်ချက်ရုံတွေကို ပို့ပေးလိုက်၊ သူတို့ | ဘာသာလာယူမယ်ဆိုရင်လဲ ထုတ်ပေးလိုက်၊ မနက်ဖြန် တင်လဲ စည်တွေရောက်မယ့်အကြောင်း အရက်ချက်ရုံတွေကို အခုပဲ အကြောင်းကြားလိုက်”

         “ဟုတ်ကဲ့ ဦးလေး”

         ဟုဆိုကာ မောင်ပန်းအေးသည် စာအုပ်ပုံ၌ စာအုပ်ကို ရှာဖွေလေ၏။ ။

         “မောင်ပန်းအေး ... ဘာကိုရှာနေတာလဲ” -

         ဟု ဦးမဲကောင်က မေးလေ၏။ ; ...

         “အကြောင်းကြားစာပို့ဖို့ အရက်ချက်ရုံတွေရဲ့ လိပ်စာ အမှတ်ထားတဲ့စာအုပ်ကို ရှာတာပါခင်ဗျာ”

         “မင်းတယ်ညံ့တာကိုးကွ၊ မရှာနဲ့၊ ဒီကိုလာခဲ့၊ ငါပြောမယ်၊ ဒိုင်ယာမီကင်ကုမ္ပဏီ၊ ဖုန်းနံပါတ် အမ် ၁၇၅၊ ၉၆၊ ၄၁ လမ်း။

 

         ဟိုးတုတ်ကုမ္ပဏီ၊ ၆၄၁။ ဖရေဇာလမ်း။ လီရောင်တောင်း၊ ၃၅၊ ကျုံးကြီးလမ်း၊ နမ်းရမ်း အရက်ချက်ရုံ၊ ၉၃၊ မောင်ခိုင်လမ်း၊ ယူနီဗာဆယ်၊ ၁၆၊ စဉ့်အိုးတန်း” . ဟု ဦးမဲကောင်က အလွတ်ရွတ်ဆိုပြလေ၏။ ,

         မောင်ပန်းအေးသည် သူ၏ သူဌေးကြီး ဦးမဲကောင် မှတ်ဉာဏ်ကောင်းပုံကို စိတ်တွင်းမှ ကြိတ်၍ ချီးကျူးလေ၏။ ဦးမဲ့ကောင်သည် ဆေးပြင်းလိပ်ကို ဖွာရှိုက်ရင်းနှင့် အောက်ပါ စကားကို ပြောပြန်လေ၏။

          “ငါတို့ကုမ္ပဏီလို ကုန်တင်ကုန်ချ လုပ်ငန်းတွေ၊ ကုန်ပို့ ကုန်သယ်လုပ်ငန်းတွေလုပ်တဲ့ ကုမ္ပဏီဟာ အားလုံး နိုင်ငံခြား သားတွေချည်းပဲကွ၊ ဟောဒီ မားချင်းလမ်း ၅၈၁ မှာ ဗာသာဇာ အင်ဆန်း၊ ၁၄၅ ဆူးလေဘုရားလမ်းမှာက ဘားနတ်ဘရားသား၊ ဘားမား ကလီးယားရင်း အင် ဖော်ဝဒ်ဒင်းက ၇၁ မားချင်းလမ်း၊ အေစကော့ကုမ္ပဏီက ၅၂၈ မားချင်းလမ်းပဲ ဂီလင်ဒါကုမ္ပဏီက ၂၂ ပန်းဆိုးတန်းမှာ ရှိတယ်။ အားလုံး နိုင်ငံခြားသားချည်းပဲ၊ “မဲကောင်” တစ်ခုတည်း မြန်မာပိုင်ရှိတယ်၊ ကြိုးစားကြစမ်းပါ၊ စီးပွားရေးမှာ မြန်မာတွေ မညံ့ဘူးဆိုတာ နိုင်ငံခြားသားကို ပြချင်လို့ပါ”

         ဟု ဦးမဲကောင်က တက်ကြွစွာ ပြောပြီးနောက် ဆေးလိပ် ပြာကို ခြွေလေ၏။ ထို့နောက် မောင်ပန်းအေးအား ...၊

 

         “တယ်လီဖုန်းနံပါတ် စင်ထရယ် ၁၇၁၉ ကို တယ်လီဖုန်း ဆက်ပြီး ၃၉ ခုနှစ် အတွက် ထုတ်တဲ့ ဘားမားဒါရိုက်တိုရီ | စာအုပ် ကို မှာလိုက် စာအုပ်ရောက်ရင် အဲဒီထဲမှာ အရေးကြီးတဲ့ ( လိပ်စာတွေပါတယ်၊ အလွတ်ကျက်ထားစမ်းပါကွ၊ နေရာတကာမှာ စာအုပ်ကို ခဏခဏမလှန်စမ်းပါနဲ့၊ အာဂုံဆောင်ထားစမ်းပါ၊ ဒါကြောင့် လယ်တီဆရာတော်ကြီးက အာဂုံရမှ အာဂလူ' လို့ဆုံးမထားတာကွ၊ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စတွေကို အာဂုံဆောင်ထား စမ်းပါ၊ အာဂလူ ဖြစ်လာပါလိမ့်မယ်” ။

         ဟု ဦးမဲကောင်က ပြောလေ၏။

         လှေထိုးသားဘဝမှ သူဌေးကြီးဖြစ်လာသော ဦးမဲကောင်ကား လွန်စွာမှတ်သားဖွယ်ရာကောင်းသော အာဂလူဖြစ်နည်း ။ ကို သူ၏ ငွေကိုင်စာရေးအား အမှတ်မထင် ပြောပြလေ၏။ ငွေတိုင်စာရေးလည်း သူ၏ မှတ်စုစာအုပ်၌ ထိုဆောင်ပုဒ်ကို ရေးမှတ်ထားလိုက်လေတော့၏။

         “အာဂုံရမှ အာဂလူ”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)