မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့်ခေါင်းမြီးခြုံလုံပါပေ့
အခန်း ( ၁ )
- ဝှက်စာတစ်စောင်
တစ်နေ့သ၌ ကျွန်ုပ်နှင့် ကျွန်ုပ်၏မိတ်ဆွေကြီးဆားပုလင် နှင်းမောင်တို့သည် အင်းစိန်စုံထောက်ဌာနအတွင်းရှိ ကျွန်ုပ်၏ ရုံးခန်း၌ အေးချမ်းစွာစကားပြောလျက်ရှိကြလေ၏။ ကိုနှင်းမောင် ' သည် ကျွန်ုပ်တွေ့ဖူးသမျှသော စကားပြောကောင်းသူတို့အနက် ထိပ်ဆုံးနေရာ၌ ထားသင့်သောသူဖြစ်၏။ အကြောင်းမူကား အခါ အချို့သော စကားပြောကောင်းသည် ဆိုသူတို့မှာ တပါးသူအား အလှည့်မပေးဘဲ မိမိသာလျှင် ကရားရေလွှတ်ပြောတတ်ကြသော် လည်း ကိုနှင်းမောင်ကမူ ထိုသို့ မဟုတ်ဘဲ တစ်ဘက်သူအားလည်း ပြောဆိုရန် အလှည့်ပေးတတ်သော အလေ့အကျင့်တစ်ခုရှိသူဖြစ် ခြင်းကြောင့်ပင်။
ထို့ကြောင့် ကိုမင်းမောင်နှင့် စကားလက်ဆုံကျမိတယ်ဆိုလျှင် ကျွန်ုပ်သည် အိမ်တွင် ကျန်ရစ်ခဲ့သော ကျွန်ုပ်၏ ချစ်ဇနီး တင်တင်ကိုပင်လျှင် ခပ်မေ့မေ့ရှိတတ်လေ၏။ အရပ်ရပ်ဗဟုသုတပြည့်စုံသောကြောင့်လည်း ကိုနှင်းမောင်နှင့် စကားပြောရသည့်အခါ ၌ ကျွန်ုပ်အဖို့ တစ်ခုမဟုတ်လျှင် တစ်ခုဆိုသလို ဗဟုသုတတိုးပွား ရရှိသည်ချည်းဖြစ်၏။
ယနေ့အဖို့ ကျွန်ုပ်အနေနှင့် အစီရင်ခံစာများရေးသား ရန်လည်း မရှိသည်တစ်ကြောင်း ကျွန်ုပ်၏ စုံထောက်မင်းကြီး မစ္စတာရှပ်တဲသည်လည်း ပုလိပ်မင်းကြီး၏ ရုံးသို့သွားရောက်နေသည်က တစ်ကြောင်းကြောင့် ကျွန်ုပ်သည် ကိုမင်းမောင်နှင့် စကား လက်ဆုံကျ၍ နေခြင်းဖြစ်ရာ ဂိတ်ဝမှ စန္ဒရီ၏ သံချောင်း၁၁-ချက် ခေါက်သံကြားမှပင် ကျွန်ုပ်တို့ စကားပြောနေကြသည်မှာ နှစ် နာရီတိတိရှိပြီဖြစ်ကြောင်း သတိပြုမိသဖြင့် ကျွန်ုပ်က ..
“အိုင်ဆေး ကိုနှင်းမောင်၊ ကျုပ်တို့ စကားပြောတာ နှစ်နာရီတောင်ကြာသွားပြီပဲ၊ လက်ဖက်ရည်လေး ဘာလေးသောက် ကြဦးစို့လား”
“ကောင်းသားပဲ အိုင်ပီ၊ လမ်းဆုံးက ကာကာဆိုင်မှာပဲ သွားပြီး သောက်ကြတာပေါ့"
“ဒီနားကဆိုင်မှာ မကောင်းဘူးလားဗျ”
“လက်ဖက်ခြောက်ကို အသစ်မနှပ်ဘဲနဲ့ အဟောင်းတွေပဲ ပြန်ပြန်သုံးတယ်ဗျ။ အဲဒီတော့ သောက်ရတာ အရသာသိပ်မရှိ လှဘူး၊ ဒီအထဲဆိုင်ရှင်ရဲ့ ကလေးတွေကလည်းဆိုင်ထဲမှာ ဆော့ နေတာ မျက်စိနောက်ဖို့ သိပ်ကောင်းတယ်ဗျာ”
ကျွန်ုပ်တို့သည် ပြောပြောဆိုဆိုပင် ထိုင်နေရာမှထလျက် ရုံးခန်းအပြင်သို့ ထွက်၍ လာကြရာ အော်ဒလီ ပုလိပ်ကလေး “မောင်ဝိုင်းမောင် ရောက်ရှိလာကာ ကိုမင်းမောင်ကို စာအိတ်တစ် အိတ်ပေးပြီးလျှင်
“အခုပဲစာတိုက်က ရောက်လာတာ ဆရာ”ဟုပြော။
ကိုနှင်းမောင်သည် စာအိတ်ကို လှမ်း၍ ယူလိုက်ပြီးလျှင် စာအိတ်အား ကြည့်လိုက်ရာ ကျွန်ုပ်လည်းလိုက်ကြည့်လိုက်မိလေ၏။ စာအိတ်ပေါ်တွင် ထူးထူးခြားခြားထားခြင်း မဟုတ်ဘဲ။
သို့
ဆားပုလင်းနှင်းမောင်
စီ အိုင် ဒီ
အင်းစိန်
ဟုသာ တွေ့မြင်ရလေ၏။ ကိုနှင်းမောင်သည် စာအိတ်ကို ဖောက်ခြင်းမပြုသေးဘဲ ကျွန်ုပ်နှင့်အတူ အင်းစိန်လမ်းဆုံ ကာကာ ဆိုင်သို့ စကားတပြောပြောနှင့် ဆက်လက်ထွက်ခွာလာခဲ့ကြလေ၏။ ကာကာဆိုင်သို့ ရောက်သည့်အခါ၌ ကျွန်ုပ်က လက်ဖက်ရည်နှင့် မုန့်များမှာယူလိုက်သည့်အချိန်ကျမှပင် စာအိတ်ကို ဖောက်လိုက် ရာ အတွင်း၌ ဗျက်အားဖြင့် လက်မဝက်ခန့်ရှိပြီး အလျားအား ဖြင့် ၁၀-လက်မခန့်ရှိသော စာရွက်ကလေးတစ်ရွက်ထွက်၍ လာလေ၏။
၎င်းစာရွက်ကလေး၌ နှစ်ဘက်စလုံးတွင် စာများရေးထား သော်လည်း တစ်ဘက်၌ ရေးထားသော စာမျက်များကိုသာ ဖတ်၍ ရပြီးလျှင် အခြားတစ်ဘက်၌ ပါရှိသော စာများမှာ ဖတ်၍မရအောင် ရှုပ်ထွေးလှသည်၊ ထိုစာရွက်ကလေးမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ သဘောပေါက်စေရန် နှစ်ဘက်စလုံးကိုဖော်ပြအပ်၊ ပါသည်။
အသားမှာ ဝက်၊ အသီးမှာ သရက်၊ ထီးမှာ ပုသိမ်
ပျဉ်းမနား ဆီးယို ၊ စကိုင်း တေးဆို။
ကျွန်ုပ်သည် ထိုစာကို အခေါက်ခေါက်အခါခါ ဖတ်၍ ကြည့်သော်လည်း မည်သည့်အဓိပ္ပာယ်ကိုမှီ ကောက်ယူ၍ မရနိုင် ဘဲ ရှိလေ၏။ ရှုပ်ထွေး၍ ဖတ်မရသော ကျောဘက်မှ စာများကို ထား၍ ဖတ်၍ရသောဘက်မှ စာများကိုလည်း ကျွန်ုပ်သည် အမျိုး မျိုး အဖုံဖုံဉာဏ်ထုတ်၍ ဖော်ကြည့်သော်လည်း အဓိပ္ပာယ်ကိုမရနိုင်ဘဲရှိလေ၏။
“အသားမှာ ဝက်၊ အသီးမှာသရက်၊ ထီးမှာ ပုသိမ်၊ ပျဉ်းမနား ဆီယို၊ စကိုင်း တေးဆို” ဟူသော စာမှာ ဖတ်၍ ရသော် စာမျိုး ဖြစ်သော်လည်း လေးနက်သော အဓိပ္ပာယ်ကိုဆောက်တည်ရာမရသဖြင့် ကျွန်ုပ်အနေနှင့် လက်မြှောက်လိုက်ရ လေသည်။
“အိုင်ဆေး ကိုနှင်းမောင် ဘာစားမလဲဗျ၊ စာက ဆန်းလှ ချည်လား” ။
“အလွန်အရေးကြီးတဲ့ သတင်းတစ်ခုကို အချိန်မီပေးပို့တဲ့ စာပဲဗျ။ ဘာတွေရေးထား - တယ်ဆိုတာတော့ ကျုပ်လည်း ဖတ်လို့ မရသေး - ဘူးဗျ၊ ကြံနေရတုန်းပဲ အိုင်ပီ”
“ဖြစ်မှဖြစ်ရလေဗျာ၊ အရေးကြီးတဲ့ သတင်း ကို ဝှက်စာနဲ့ ပို့လို့တော့ အချိန်မီအလုပ်လုပ်ဖို့ ခက်တာပေါ့။ ရိုးရိုးရေးလိုက်ရင် ပြီးတာပဲဥစ္စာ”
“ဘယ်ဟုတ်မလဲ အိုင်ပီ၊ သတင်းပေးတဲ့ လူကလဲ အကျဉ်း အကျပ်ထဲကနေ ပေးရတာဆိုတော့ သူ့ရဲ့ အသက်အန္တရာယ် အတွက် အခုလို ‘ဝှက်စာ”ကို အသုံးပြုရ တော့တာပေါ့”
“ဒါဖြင့် ဒီစာကို ရေးတဲ့လူဟာ ဘယ်သူဖြစ်တယ်ဆိုတာ ကိုတော့ ခင်ဗျားသိနေတယ်ပေါ့”
“အင်းသိတယ်လို့ဆိုရမှာပေါ့ ၊ ဒီလက်ရေးကို ကျုပ်နှစ်ခါ လောက် မြင်ဖူးလေရဲ့၊ ဒါပေမယ့်မလွဲနိုင်ပါဘူး။ ဒီလူရေးလိုက်တာ ပဲဖြစ်ရမယ်” ,
“ဒီလူဆိုတာက ဘယ်သူလဲဗျ” “ရှေ့နေအောင်ကျော်လှရဲ့ လက်ရေးလို့ ဆိုချင်တာပါ”
“ရှေ့နေအောင်ကျော်လှဆိုတာ (KSM)ဘွဲ့ရ ဘုရားလူ ကြီး ဦးလှမောင်ရဲ့ လက်ရုံးတော်ကြီးတစ်ဆူမဟုတ်လား ကိုမင်း
“ခင်ဗျားမှတ်မိသားပဲ သူကတော့ သူ့လက်ရေးကို ကျပ် မမှတ်မိနိုင်ဘူးဆိုပြီး ရေးလိုက်တာပဲ။ ကျုပ်ကလဲ လက်ရေးကို တစ်ခါမြင်ရင် တစ်သက်မမေ့တော့ သူရေးလိုက်မှန်းသိနေတယ် အိုင်ပီ ဒီလူကတော့ မလွှဲသာလို့ တည့်တည့်ပြောရရင် (KSM) ဦးလှမောင်က ငွေနဲ့ပေါက်ထားလို့သာ ဦးလှမောင်ရဲ့ လက်ကိုင် တုတ်ဖြစ်နေရရှာတာပါဗျာ။ သူ့ရဲ့ ပင်ကိုယ်စိတ်ကတော့ မတရား တာကို လုပ်ချင်ပုံမရပါဘူး။ ဒါကြောင့်လဲ ကျုပ်ဆီကို အခုလို လျှို့ ဝှက်သတင်းပေးတာပေါ့”
“လျှို့ဝှက်သတင်းပေးတာကတော့ ဟုတ်ပါပြီဗျာ။ ဖော်ဖို့ ရာက လွယ်ပါ့မလား”
“ဒီအတွက်တော့ မပူပါနဲ့ အိုင်ပီ၊ ကမ္ဘာပေါ်မှာ ရေးရေး ထရှိတဲ့ ဝှက်စာအမျိုးမျိုးကို ကျုပ်ဖတ်ဖူးပါတယ်။ ဝှက်စာကိုဖတ်ဖူးတဲ့ အကြိမ်ဟာ ငယ်ငယ်က (ယံမင်္ဂလံ) ရွတ်ခဲ့ရတဲ့ အကြိမ်ထက်တောင်များပါတယ်။ ပြီးတော့ အခုလို ဝှက်စာမျိုး ပဟေဠိ | မျိုးကို ဖော်ဖို့ရာ ကျပ်အတွက်အပျင်းပြေဆေးတစ်ခွက် သောက် လိုက်ရသလိုပါပဲ”
“ကဲပါဗျာ.. အပျင်းပြေဆေးကိုတော့ နောက်မှဆက်ပြီး သောက်တာပေါ့။ လောလောဆယ်တော့ လက်ဖက်ရည်တွေကုန်တော့မယ်သောက်လိုက်ပါဦး”ဟု ကျွန်ုပ်ကဆိုလိုက်မှပင် ကိုနှင်းမောင် သည် လက်ဖက်ရည်ပန်းကန်ကိုကောက်ယူ၍ မော့လေ၏။
ပြီးလျှင် ကုလားအုတ်တံဆိပ်စီးကရက်တစ်လိပ်ကို ထုတ် ယူ မီးညှိကာ ရှေ့နေအောင်ကျော်လှ၏ ဝှက်စာကို စားပွဲပေါ်၌ ချ၍ စဉ်းစားခန်းဝင်လေ၏။
ကျွန်ုပ်လည်း ဆေးတံတိုကို အိုးအပြည့် ဆေးများသိပ်၍ ထည့်ကာကိုနှင်းမောင်၏ အပြုအမူကို ဆေးတံခဲလျက်ကြည့်ရှုနေ မိလေ၏။ သူသည် ဆီမန်းမန်းသကဲ့သို့ ပါးစပ်မှလည်း တစ်ကိုယ် တည်း တတွတ်တွတ်ရွတ်ဆိုသည့်အခါ ရွတ်ဆို၍လည်းကောင်း၊ မျက်ခုံးနှစ်ခုထိဆက်လုနီးပါးတိုင်အောင် မျက်မှောင်ကြုတ်၍ လည်းကောင်း၊ မျက်စိများကို လုံးဝမှိတ်ထားလျက်လည်းကောင်း အမျိုးမျိုးအဖုံဖုံအကြံထုတ်လေရာ စီးကရက်တစ်လိပ်ကုန်၍ သွား သည့်တိုင်အောင်ဖြစ်လေ၏။ ။
စီးကရက်အသစ်တစ်လိပ်ကို ထပ်မံ၍ထုတ်ပြီးလျှင် မီးခြစ် ပေါ်၌ ဆောင့်ရင်း ကျွန်ုပ်အား “ အဓိပ္ပာယ်ရပြီ ”ဟု ပြုံး၍ ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်က “ရရင်လဲပြောလေဗျာ” ဟု ဆိုလိုက် ရာ သူက ကျွန်ုပ်အား လက်ဝါးကာ၍ ပြပြီးလျှင် စီးကရက်ကို နှုတ်ခမ်းတေ့ကာ မီးညှိ၍ ကျွန်ုပ်အား မကြည့်တော့ပဲ လမ်းမဘက်သို့မျက်နှာမူလျက် ထိုင်နေလေရာ ကျွန်ုပ်သည် ၎င်း၏ ပြုလုပ်ပုံကိုသဘောမပေါက်ပဲရှိလေ၏။
ကိုနှင်းမောင်သည် ကျွန်ုပ်ကိုမကြည့်တော့ဘဲ လမ်းသွားလမ်း လာများကိုသာကြည့်၍နေ၏။ ထိုအချိန်၌ အင်းစိန်ဈေးဘက်မှ မိန်းမတစ်ယောက်သည် ပုသိမ်ထီးကလေးကို ဆောင်းလျက်လျှောက်လာသည်ကိုတွေ့ရလျှင် ကိုနှင်းမောင်သည် ဆတ်ခနဲထကာ ထိုမိန်းမဆီသို့ ခပ်သုတ်သုတ်သွားပြီးလျှင် ထိုမိန်းမအား တစ်စုံ တစ်ရာပြောနေသည်ကိုတွေ့ရလေသည်။ တအောင့်မျှကြာလျှင် ထိုမိန်းမသည် ကိုနှင်းမောင်အား ၎င်းဆောင်း၍လာသော ပုသိမ် ထီးကိုပေးလိုက်လေ၏။ ။
“အိုင်ပီဟောဒီမှာ ကျုပ်ဖတ်ပြမယ်၊ လိုက်ပြီးရေးထားပေတော့ "
ကိုနှင်းမောင်သည် အထက်ပါအတိုင်းပြောလိုက်ပြီးနောက် ဝှက်စာစာရွက်ကလေးအား ထီးလက်ကိုင်ရိုးတွင် ပတ်၍ ကြောင် လိမ်လှေကားကဲ့သို့ အလိုက်သင့်ကလေးဖတ်လိုက်ရာ စောစောက ဖတ်မရသောစာများသည် ဖတ်၍ရသော ရိုးရိုးစာတစ်စောင်ဖြစ် သွားလေ၏။
ငမိုးရိပ်ချောင်းအနီး၊ သိမ်ချောင်းရွာကိုသွားပါ၊
ရှေးဟောင်းအိမ်ကြီးထဲက ကျောက်စာဝန်ဟောင်း
ဦးဘတူကို အမြန်ဆုံးကယ်ပါး၊ သတ်ကြတော့မယ်။
ကိုနှင်းမောင်သည် စာကိုဖတ်ပြီးလျှင် မျက်နှာကွက်ခနဲ ပျက်၍ သွားလေ၏။ ပြီးလျှင် ပုသိမ်ထီးအား ပိုင်ရှင်မိန်းမထံသို့ သွား၍ပေးပြီး ကျွန်ုပ်ထံသို့တစ်လှမ်းချင်းလျှောက်ကာ လာ
“တော်တော်အရေးကြီးတဲ့ သတင်းပဲဗျ၊ ကိုမင်းမောင်းကျပ် တို့ လိုက်ကြမှဖြစ်မယ်ထင်တယ်”
“မမီတော့ဘူးထင်ပါတယ် အိုင်ပီ၊ အခုလောက်ဆိုရင် သတ် ပြီးကြရောပေါ့ဗျာ” " ကိုနှင်းမောင်သည် စိတ်ပျက်စွာပြန်၍ ဖြေလိုက်ပြီးလျှင် စာအိတ်၏ ကျောက်ဘက်၌ (သိမ်ချောင်းရွာ) (ကျောက်စာဝန် ဟောင်း ဦးဘတု) ဆိုသည့် စာလုံးများကို ငေး၍ ကြည့်နေလေ၏။
“အောင်မယ်လေး ရှာလိုက်ရတာ ဆရာတို့ရယ်” ။
သင်္ကန်းကျွန်းဂါတ်မှ ပုလိပ်အင်စပက်တော် ဦးဖေခင် သည် မော်တော်ဆိုင်ကယ်ပေါ်မှ ဆင်းလျှင်ဆင်းချင်း ကျွန်ုပ်တို့ အား အပြစ်တင်သံပါသော နှုတ်ဆက်ပုံမျိုးနှင့် နှုတ်ဆက်လေ၏။ ပြီးလျှင် ကိုနှင်းမောင်ရှေ့တွင် ရေး၍ထားသော စာနှစ်လုံးကို ကြည့်ကာ မျက်လုံးပြူး၍ သွားလေသည်။ မျက်လုံပြုရုံမျှမက ပါးစပ် မှလည်း...
“သိမ်ချောင်းရွာ၊ ကျောက်စာဝန်ဟောင်း ဦးဘတူ” “သိမ်ချောင်းရွာ၊ ကျောက်စာဝန်ဟောင်း ဦးဘတူ”
“ဘယ်လိုလဲဆရာတို့ အကြားအမြင်များရနေကြပြီလား၊ ကျွန်တော်လာတာ အဲဒီကိစ္စပဲ၊ ညက ဦးဘတူ အသတ်ခံရတယ်။ ကျွန်တော်တို့ကတော့ သဲလွန်စဘယ်လိုရှာရမှန်းမသိလို့ ဆရာတို့ စီအိုင်ဒီကို အကူအညီတောင်းမလို့လာရုံရှိသေးတယ်၊ ဆရာတို့က ဒီကိစ္စကို ကြိုပြီးသိနေကြပြီပဲ”ဟု ဦးဖေခင်သည် မြစ်ထဲချောင်းထဲ တွင် လှေထိုးသားအချင်းချင်းအော်၍ပြောသော လေသံမျိုးဖြင့် ပြောလေ၏။ ပြီးလျှင် သပိတ်လုံးကဲ့သို့ အမွှေးအမျှင်တစ်မျှင်မှမရှိ သောသူ၏ ဦးခေါင်းကြီးအား လက်နှစ်ဖက်နှင့် ပွတ်၍နေလေ၏။
“ကျုပ်နဲ့ အိုင်ပီကြိုးစားပြီး ဖော်ထားရတဲ့ ဝှက်စာမှာ ပါတဲ့စကားတွေပါ”
“ဝှက်စာ ဟုတ်လား၊ ဦးဘတူအသတ်ခံရမယ်ဆိုတဲ့အကြောင်း ဝှက်စာတစ်စောင် ခင်ဗျားဆီကြိုပြီးရောက်ခဲ့တယ်ပေါ့ ဟုတ်လား ကိုမင်းမောင်၊ ခင်ဗျားတို့ဆီလာကာမှ ပိုပြီးရှုပ်ကုန်တော့တာပဲ”
ဟုဆိုကာ ဦးဖေခင်သည် သူ၏ ခေါင်းပြောင်ပြောင်ကြီးကို ( ဆက်လက်၍ ပွတ်နေပြန်၏။ ဦးဖေခင်သည် နဂိုက ဆံပင်ထူထူ ရှိကောင်းရှိပေလိမ့်မည်။ သို့ရာတွင် အကြံမထွက်တိုင်း ဤသို့ဦး ခေါင်းကို ပွတ်လေ့ရှိသော အကျင့်ကြောင့်ပင် လုံးဝထိပ်ပြောင်သော အဖြစ်သို့ ရောက်ရှိလာပုံရလေသည်။
“ဟုတ်တယ်လေ၊ ဟောဒီမှာ ဝှက်စာပဲဟုဆို၍ ကိုနှင်းမောင် က ဝှက်စာကို ဦးဖေခင်အားပေးလိုက်လျှင် ဦးဖေခင်သည် ရှုပ်ထွေးသော ဝှက်စာများကို လည်းကောင်း၊ တစ်ဘက်တွင် ပါရှိသော (အသားမှာ ဝက်၊ အသီးမှာ သရက်၊ ထီးမှာ ပုသိမ်၊ ပျဉ်းမ နား ဆီးယို၊ စကိုင်း တေးဆို) ဟူသော တောက်တီးတောက်တဲ့ နိုင်လှသောစာများကိုလည်းကောင်း ဖတ်ရင်းခေါင်းကြီးကိုသာ တွင် တွင်ပွတ်ပြန်လေ၏။ '' ဦးဖေခင် ခေါင်းကိုသိပ်မပွတ်နဲ့ ဆံပင်တွေပြန်ပြီး ပေါ် လာဦးမယ်”
ဟု ကျွန်ုပ်က နောက်လိုက်မှပင် သူသည် ခေါင်း ခြင်းမှ ရပ်နား၍... ။
“ဘယ်လိုဝှက်စာလဲဗျ၊ ပြောစမ်းပါဦး ဆားပုလနဲ့”
တောင်းပန်သော လေသံဖြင့် ပြောလေ၏။
“ဒီဝှက်စာမျိုးက ဝှက်စာအမျိုးအစားမှာ တော် ရှေးကျတယ်။ ဘီစီ ၅ဝဝ - ကျော်လောက်က ဥရောပဘုံ၊ စစ်ရေးကိစ္စတွေမှာလောက်သာအသုံးပြုခဲ့တဲ့ ငှက်စာမျိုးဖြစ် ဝှက်စာပေးတဲ့လူနဲ့ လက်ခံတဲ့လမှာ တစ်မိုက်ကျော်ကျော် ရှည်တဲ့ လုံးပတ်ချင်းလဲရွယ်တူဖြစ်တဲ့ တုတ်ကလေးနှစ် တယ်ဗျ၊ ဝှက်စာရေးတဲ့လူက အခုလိုဝတ္ထုဖြစ်စေ၊ သားရေပြားဖြစ်စေ၊ ခပ်ရှည်ရှည်ကလေးကို တုတ်မှာ ပတ်ပြီးရေးတဲ့အခါကျတော့တုတ်ရဲ့ အလျားလိုက်ရတယ်ဗျ။ ရေးပြီးလိုက်တာနဲ့ တစ်ပြိုင် နက် ရေးထားတဲ့စာတွေဟာ ဟိုတစ်လုံးဒီတစ်လုံးနဲ့ လုံးဝဖတ်လို့ ကို | မရတော့ဘူး။ အဲဒီဝက်စာကိုလက်ခံတဲ့လူရဲ့ လက်ထဲရောက်တဲ့အခါမှာ သူကလဲ တုတ်ကလေးနဲ့ပတ်ပြီးဖတ်မှပဲရတယ်။ ဒီလိုဝှက်ထား မှန်းသိပေမယ့်လို့ မူလဝှက်စာရေးတုန်းက တုတ်ရဲ့ အတိုင်းအတာ | ကိုမသိရင်လဲဖော်လို့မရပြန်ဘူး။ ဒီငှက်စာမျိုးကို သမိုင်းဆရာတွေက (Skytale) စကိုင်းတေးဝှက်စာလို့ အမည်ပေးထားကြတယ်။ | အခုဝှက်စာကို အဲဒီအမျိုးအစားထဲကဖြစ်တယ် ဦးဖေခင်”
“ဒါတော့ ဟုတ်ပါပြီဗျာ၊ ဒီဘက်မှာပါတဲ့ အသားမှာ ဝက်၊ အသီးမှာ သရက် ဆိုတဲ့ဟာတွေက ဘာအဓိပ္ပာယ်လဲ ကိုနှင်းမောင်" ဒီလိုလေဗျာ ဝှက်ထားတဲ့လူနဲ့ ကျုပ်နဲ့က နဂိုကတည်းက ကြိုတင်ပြီး ဝှက်စာကို ဖော်ယူဖို့ တုတ်အတိုင်းကို ပေးထားကြတာမဟုတ် လေတော့ ဖော်ရမယ့်တုတ်အတိုင်း တစ်နည်းပြောရရင် (Cypher) ဆိုင်ဖာလိုခေါ်တဲ့ ဝှက်စာရဲ့ သော့ချက်ကို ရေးပေးလိုက်တာပဲ။ အသားမှာ ဝက်၊ အသီးမှာ သရက်ဆိုတာက စကားပုံတစ်ခုပဲ။ ထီးမှာ ပုသိမ်ဆိုတာကတော့ စကားပုံလည်း မရှိပါဘူး။ ဒီတော့ ထီးမှာ ပုသိမ်ဆိုတဲ့ စကားဟာ ဆန်းနေတယ်။ တစ်ခါ ပျဉ်းမနားက ဆီးယိုဆိုတာက စကားပုံလို ဖြစ်နေတာ။ ဆီးယိုကောင်းကောင်း ပျဉ်းမနားက ထွက်တယ်ဗျ။ စကိုင်းတေးဆို၊ ဆိုတာကတော့ ဆန်းနေပြန်တယ်။ ပြီးတော့ စကိုင်းတေးသုံးလုံးကို ကပ်ပြီး ရေးထားတယ်။ ‘ဆို'ကိုတော့ နည်းနည်းခွာရေးထားတယ်” "
“အင်း တော်တော် စိတ်ဝင်စားစရာ ကောင်းသားပဲ၊ ဆက်ပါဦး ဆားပုလင်းနှင်းမောင်”
“ ဒီတော့ ထူးခြားတဲ့ ထီးမှာ ပုသိမ်ရယ် စကိုင်း “ဆို” ရယ်ကိုသပ်သပ်ထပ်ပြီး စဉ်းစားကြည့်မိတဲ့အခါမှာ စကိုင်းတေးဟာ (Skytale) ဆိုတဲ့ ဝှက်စာအမျိုးစားကို ဆိုလိုကြောင်း ကျုပ်သတိရ မိတယ်။ ဒီတော့ထီးမှာ ပုသိမ်ဆိုတော့ ပုသိမ်ထီးရဲ့ လက်ကိုင်ရိုးကို အသုံးပြုရမယ်လို့ လဲ တစ်ခါတည်းသဘောပေါက်တာပဲ။ ကျုပ်ထင်တဲ့အတိုင်းလုပ်ကြည့်တော့လဲ ဟောဒီလို အဖြေရတော့
“တော်ပါပေ့ ကိုနှင်းမောင်ရယ်။ ကျုပ်ကိုသာဖော်ခိုင်းရင် တော့ ပင်စင်ယူတဲ့အထိတောင်ဝှက်စာကိုဖော်လို့ပြီးမှာမဟုတ်ဘူး ဒါ့၊ ဟား ... ဟား။ ”
ဦးဖေခင်သည် သူ့ဘာသာပြောရင်းသဘောကျကာ ရယ် မောလေ၏။ ကျွန်ုပ်တို့လည်း ရယ်မောကြလေ၏။ ကျွန်ုပ်သည် ဦးဖေခင်အတွက် လက်ဖက်ရည်များ မှာယူ၍ပေးသဖြင့် ဦးဖေခင် သည် လက်ဖက်ရည်ကိုတစ်ကျိုက်တည်းနှင့် ကုန်အောင်မော့လိုက် ပြီးနောက်... "
“နေစမ်းပါဦးဗျ၊ ဒီထွက်စာက ဘယ်သူကပို့လိုက်တဲ့ငှက်စာလဲ ဟု မေးပြန်လေသည်။
“ရှေ့နေဦးအောင်ကျော်လှရဲ့ လက်ရေးပဲဗျ”
“ရှေ့နေဦးအောင်ကျော်လှဆိုတာ ဘုရားလူကြီးဦးလှမောင် ရဲ့ လက်စွဲရှေ့နေမဟုတ်လား”
“အစစ်ပေါ့ဗျာ” “ဒီလိုဆိုရင် သူ့ကိုဖမ်းပြီးစစ်ရင်မကောင်းဘူးလား”
“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ မပိုင်ဘဲနဲ့ သွားပြီး လုပ်ရင် ဒုက္ခဖြစ်သွားမှာပေါ့။ ပြီးတော့လဲ သူက ကျုပ်တို့လိုပဲ ဥပဒေဘက် တော်သားတစ်ယောက်မဟုတ်လား”
“ကိုနှင်းမောင်က ဒီအမှုမှာ ဦးလှမောင်ပါ ပါနေတယ်လို့ဆိုချင်တာလား”
“ဒီအမှုမှာတင်မဟုတ်ဘူး။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှုတွေရဲ့ တစ်ဝက်ကျော်က ဒီလူကြီးရဲ့ လက်ချက်တွေပေါ့ ဗျာ သူက ငွေလဲတတ်နိုင်တယ်။ တရားသူကြီးတွေ ပုလိပ်မင်းကြီး တွေဆိုတာ သူရဲ့ခါးပိုက်ထဲမှာရှိနေတာမဟုတ်လား။ ပြီးတော့ ဘုရင်ခံကပေးထားတဲ့ (KSM) ဆိုတဲ့ ဘွဲ့ကြီးကလဲရှိနေတော့ သူ့ ကို အပိုင်ကိုင်ဖို့ရာက မြွေဟောက်ကို အမြီးဆွဲရသလိုပဲ၊ ကိုယ်က ဦးလို့ အမြီးကိုမိမိရရဆွဲပြီး တအားဆောင့်လိုက်နိုင်ရင်တော့ မြွေဟောက်ဟာ အဆစ်တွေပြုတ်ပြီးသေမှာအမှတ်ပဲ၊ ဒါပေမယ့် ကိုယ့်ဘက်က စက္ကန့်ဝက်လောက်များ နောက်ကျသွားရင်တော့ သေမင်းနဲ့ ရင်ဆိုင်ရတာနဲ့ ဘာထူးမှာလဲ"
“နေပါဦး ဦးလှမောင်ရထားတဲ့(KSM)ဆိုတဲ့ ဘွဲ့က ဘာဘွဲ့တဲ့လဲဗျ”
“အရှည်ကတော့ “ကျက်သရေဆောင် ရွှေစလွယ်ရမင်း”လို့ ခေါ်တယ်။ သူ့ကိုပုန်ကန်မှုကလွဲပြီး အခြားမှုနဲ့ အချုပ်ခန်းထဲထည့် လို့မရဘူး”
“ဥပဒေထဲမှာ ဒီလိုမပါပါဘူးဗျာ"
“ဥပဒေ စာအုပ်ထဲကအတိုင်း နေရာတိုင်းမှာ လုပ်လို့ရ တာမှမဟုတ်ဘဲ၊ အလုပ်လဲမလုပ်ကြဘူး မဟုတ်လား။ ထဘီစုတ်ခိုး တဲ့ သူခိုးကို ပုလိပ်က ပါးရိုက်ရမယ်လို့များ ဥပဒေစာအုပ်ထဲမှာ ရေးထားလို့လား။ ဒါပေမယ့် ရိုက်ခဲ့ကြတာပဲမဟုတ်လား။ လူကြီးလူကောင်းတစ်ယောက်ပြစ်မှုကျူးလွန်ရင် အချုပ်ထဲမထည့်ဘဲနဲ့ ဌာနအုပ်ရဲ့ ရုံးခန်းထဲမှာ ကောင်းကောင်းမွန်မွန်စည့်ခံရမယ်လို့ များ ဥပဒေစာအုပ်မှာရေးထားလို့ လား။ ဒါပေမယ့် ခင်ဗျား အတိုင်း လုပ်နေကြတာပဲ မဟုတ်လား”ဟု ကိုမင်းမောင်း ဒေါနှင့် မောနှင့်ပြောလိုက်၏။
လျှာသွက်အာသွက်နိုင်လှသော ဦးဖေခင်သည် သူ၏ ဦးခေါင်းကြီးကိုပွတ်နေလေတော့သည်။ " ကိုနှင်းမောင်လည်း စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိ လိုက်ပြီးလျှင် ရှိုက်ဖွာလျက်ရှိနေလေတော့သည်။
“တစ်နေ့နေ့တော့ ဥပဒေအတိုင်း လုပ်နိုင်ရမှာပေါ့ကို နှင်းမောင်”ဟု ဦးဖေခင်က ခေါင်းကိုပွတ်နေရာမှ ညည်းတွားသံ ကြီးနှင့်ပြောလိုက်သည်။
“ဟုတ်တယ် အဲဒီအချိန်အထိ ကျုပ်တို့အသက်ရှည်ကြရင် ကောင်းတာပေါ့ဗျာ”
“ကိုနှင်းမောင်က ဦးလှမောင်ကို ဒုစရိုက်မှုတွေရဲ့ ခေါင်း ဆောင် ဂိုဏ်းသားကြီးတစ်ယောက်လို့ ယူဆထားလို့လား”
“ယူဆထားတာမဟုတ်ဘူး။ တကယ်ဟုတ်နေတာ”
“ကျုပ်ကတော့ တကယ့်ကိုဘာသာရေး၊ လူမှုရေးတွေကို ဆောင်ရွက်နေတဲ့ လူကြီးတစ်ယောက်လို့ ထင်နေတာ။ ကျုပ်သူ့ ဆီကိုနှစ်ကြိမ်ရောက်ဖူးတယ်"
“ခင်ဗျားသွားတဲ့အခါတုန်းက သူကခင်ဗျားကို ဘုရားခန်း မှာ လက်ခံစကားပြောခဲ့တယ်မဟုတ်လား”
“အင်းဟုတ်တယ်”
“ဘုရားစင်ရဲ့ ဘေးမှာရှိတဲ့ နတ်သမီးရုပ်ကိုသတိထားကြည့် မိရဲ့လား၊ ရှေးဟောင်း ရုပ်ထုတစ်ခုပဲ၊ ဘီစီ ၄၀၀ - လောက်က အရှေ့တိုင်းရဲ့ လက်ရာတစ်ခုပဲ”
“ဒါက ရာဇဝင်ဆရာတစ်ယောက်ရဲ့ အလုပ်ပဲဗျာ၊ ကျုပ်လို ပုလိပ်တစ်ယောက်က ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမိမှာလဲ ကိုနှင်း မောင်"