Skip to product information
1 of 2

Other Websites

မင်းလူ - အလွမ်း၌ချစ်စေသတည်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

        ကိုယ့်က် အသက်ခြောက်လခန့်သာ ကြီးသာကို “ပ”ဟု ဒရမည်ဟု ဆိုကြပါသည်။

        သူ့အမည်ရင်း သန်းသန်းနိုင်ဖြစ်ပါသည်။ (၁၉၅၄) ခုနှစ်ဖွားချင်းအတူတူ သူက မမနိုင်” ဖြစ်ရပါသည်။ ကျွန်တော် မလိုပါ။ သို့ရာတွင် ဒပမာ ကိုယ်တော် အသက်တစ်ရက် တစ်မနက်ကြီးသူကိုပင် ရိုသရမည်ဟု ဆိုပါသည်။ ပပတို့ရှေ့တွင်သာ သူ့ကို “ပပနိုင်ဟု ခေါ်ပါသည်။ ပပတို့ကွယ်ရာတွင် နိုင်နိုင်'ဟုသာ ကျွန်တော်ခေါ်ပါသည်။ ” ဧပပတို့ကို ပြန်တိုင်ပါသည်။ ပပက “ဒကျောင်းအုပ်ဆရာမကြီးရဲ့ သာဆိုတာ ယဉ်ကျေးသိမ်မွေ့ ရတယ်”ဟု ပြောပါသည်။

        ထိုအခါမှစ၍ကို“မမနိုင်”ဟုသာကျွန်တော်ပါတော့သည်။ `ဖမနိုင်”ဟူသောအမည်ကိုကိုကိုနှင့်ပတ်သက်၍ နိမိတ်ဒနသောအမည်ဖြစ်မှန်း ကျွန်တော် မပေါ့ပါး

        ကျွန်တော့်အမည်သည်လည်း သိပ်ငယ်သယောင် ရှိပါသည်။ ညီညီ” တဲ့၊

        ငယ်ငယ်တုန်းကတော့ ကလေးများဖြစ်ကြ၏။

         သူသည်လည်း ဂါဝန်တိုကလေးကို ဝတ်၏။

        ကျွန်တော်သည်လည်း ဘောင်းဘီတိုကလေးကို ဝတ်၏။

        ထိုအချိန်က ကျွန်တော်တို့ မရှက်ကြ၊

        ကျွန်တော်တို့သည် ပဲခူးမြို့ ပြည်တော်ကုန်းတွင် နေပါသည်။ ဖဖ ဧပပေတို့သည် ချမ်းသာကြပါသည်။ ဆေးလိပ်ခုံလည်းရှိသည်။ ဘတ်စ်ကား နှစ်ဝီလည်းရှိသည်။ ဘတ်စ်ကားနှစ်စီး၏ အမည်များမှာ ကိုကိုနှင့် ညီညီ” ဖြစ်ပါသည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၏အမည်များကို မှည့်ထားခြင်းဖြစ်ပါသည်။

        ကျွန်တော်တို့အိမ်အတွက် သုံအန် ဆလွန်းကလည်းရှိပါသည်။

        ဖေဖေနှင့်မေမေတို့တွင် သားနှစ်ယောက်တည်းသာရှိပါသည်။ ကိုကိုနှင့် ကျွန်တော်ဖြစ်သည်။ ကိုသည် ကျွန်တော်တော် အသက်လေးနှစ်ကြီးပါသည်။ အခုအခါ ကိုကိုသည ရန်ကုန်မြို့ရှိ ဝိန်ပါလ်ကျောင်းတွင် ကျောင်းအိပ်ကျောင်းနေပါသည်။

        ကျွန်တော် ငါးနှစ်ပြည့်သောအခါ ကျောင်းနေပါသည်။ ရန်ကုန်တွင် ကိုကိုနှင့်အတူ ကျောင်အနုချင်သော်လည်း ပပက ကျွန်တော်နှင့်မခွဲနိုင်ဆိုသဖြင့် ပဲခူးမြို့မှ နေရှင်နယ်ကျောင်းမှာပင် နရပါသည်။

        သူငယ်တန်းမှာ ကျောင်ချောက်၍ တစ်လခန့်အကြာတွင် ကျွန်တော်တို့အခန်းထဲသို့ ကျောင်းသူကောင်မလေး အသစ်တစ်ယောက် ရောက်လာသည်။ သူသည် ကျွန်တော်တို့ကျောင်းတွင် ရှိနှင့်ပြီးသား ဇင်မလေးများထက် ထူးခြားပါသည်။

        သူသည် ယောက်ျားလေးရှပ်အင်္ကျီလို အော်တိုအဖြူပေါ်မှာ ဂါဝန်အပြောက်ပြတ်ကလေးကိုဝတ်ထားပါသည်။ သူ့ဂါဝန်သည် ကျောင်းက ကောင်မလေးများ၏ ဂါဝန်နှင့်မတူပါတွန့်တွန့်ကလပါပြီး သူ့ပေါင်လယ်လောက်တွင် ကားကားကလေး ရှိနေပါသည်။ သူ၏ခြေထောက်တွင်လည်း ခြေအိတ်ဖြူနှင့် ကြိုး သိုင်းဖိနပ်ကလေးစီးထားပါသည်။ ကျန်တော်သည် ရောက်ရောက်ချင်းမှာပင် သူ့ကို နှုတ်တော်လိုက်ပါတော့သည်။

        မုန့်စားဆင်းချိန်တွင် သူ အပြင်မထွက်ပါ အတန်းထဲမှာပင် ထိုင်နေပါသည်။ ကွန်တော်လည်း အပြင်ပထွက်ပါ။ | က် ခပ်လှမ်းလှမ်းမှာ သွားရပ်ပါသည်။ ပြီးတော့ အော်ပါသည်။

        “‌‌ဟေ့... အပြာလေး "

        သူ လှည့်မကြည့်ပါ။ ကျွန်တော်လည်း တစ်ချိန်လုံး အလ.. အဒ ́ဟူ၍သာ နေပါသည်။ သူက တီးကို သွားတိုင်လေသည်။ နယ်က ကျွန်တော့်ကို ခေါ်သွားသည်။

        “ညီညီမင်း သူ့ကို အပြာ အပြာလေလို့ စတယ်ဆို”

        “ဟုတ်ကဲ့ တံချယ်" “ဘာဖြစ်လို့ စတာလဲကွယ်”

        “ကျွန်တော် သူ့ကို ယူမလို့"

         “ဘာကွ.. ကို ယူမလို့ ဟုတ်လား”

        ကျွန်တော် ခေါင်းညိတ်ပြသည်။

        “သူ့ကိုပြီးတော့ ဘာလုပ်မလို့လဲကွ”

         “ဟင်းချက်စားမလို့"

        တီချယ်ကရယ်ပါသည်။  သူက ငိုပါသည်။

        “ဟင့်အင်း... မယူရဘူး... ဟင်ချက်မစားဘူး”

        တီချာက သူ့ကို ချော့ပါသည်။ သူက ကြောက်တယ်ဆိုပြီး အော်ငိုဇနပါသည်။

        “တိတ်ပါတော့ကွယ်..ည်ညီကယ်ကိုဟင်းချက်စားပါဘူး၊ အလOဏာပါကဲ...ည်ည်။ဟင်ချက်မစားဘူး မဟုတ်လား”

        “ကျွန်တော်နဲ့အရင် မစားဘူး”

        “ကဲ... ဒါပမဟုတ်လား သီး”

        “ဒီလိုသင် ရှိတ်ကင်း.."

         သူနှင့်ကျွန်တော်လက်ဆွဲနှုတ်ဆက်ကြပါသည်။

        ထိုနေ့ညနတွင် အပြောကလေးသည် ကျွန်တော်တို့အိမ်သို့ လာလည်ပါသည်။ သူ့အဖေနှင့်အမည်း ပါသည်။ သူတို့ ရောက်လာချိန်တွင် ကျွန်တော်အိမ်ရှေ့မှာ ရေချိုးနေပါသည်။ အိမ်မှာ ထမင်းဟင်းချက်သည့် မမစိန်ကချေးတွန်းပေးနေပါသည်။ ကျွန်တော်သည် ဘောင်းဘီ ဝတ်မထားပါး သူသည် ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး တစ်ဖက်သို့ မျက်နှာလှည့်သွားပါသည်။

        သူ... ကျွန်တော့်ကို ခုထိကြောက်နေတုန်းထင်ပါသည်။

        ကျွန်တော်လည်း တစ်ဖက်သို့ မြန်မြန်လှည့်လိုက်ပါသည်။ ထိုစဉ်က ကျွန်တော် ရှက်မိသလား၊ မရှက်မိဘူးလား မမှတ်မိတော့ပါ။

        ကျွန်တော် အဝတ်အစားလဲနေချိန်တွင် ဖေဖေ မေမေတို့နှင့် ဧည့်သည်များ ကပြောနေသံကိုကြားရပါသည်။ သူတို့သည် ပဲခူးမြို့ကို ပြောင်းရွှေ့လာခြင်းဖြစ်ပါသည်။ ပဲခူးတွင် မုန့်ဟင်းခါးဖိုတည်သည်ဟု ဆိုပါသည်။ ဦးထွန်းတင်၊ ဒေါ်အမာတို့ ယခင်နေသွားသောအိမ်ကို ဝယ်လိုက်သည်ဟု ဆိုပါသည်။ ထိုအိမ်သည် ကျွန်တော်တို့လမ်းထဲမှာပင် ရှိပါသည်။ ကျွန်တော်တို့အိမ်နှင့် ခုနှစ်အိမ်လောက်ခြားပါသည်။ ။

        မေမေက ကျွန်တော့်ကို လှမ်းခေါ်သောကြောင့် သွားရပါသည်။ သူသည် ဇာအနားတပ်ထားသောဂါဝန်ပန်းနုရောင်ကလေးကို ဝတ်ထားပါသည်။ ဖေဖေက ပြောပါသည်။ ။

        “ ကိုသိန်းမောင် ... ဒါ ကျွန်တော့်သားအငယ် ညီညီအလေ၊ အကြီးကောင်ကိုကိုကတော့ ရန်ကုန်မှာ ဘော်ဒါသွားနေတယ်”

        မေမေက ပြောပါသည်။

        “ညီညီ... ဒါ သားတို့အတန်းထဲကလေ၊ သန်းသန်းနိုင်တဲ့ ဒါပေမဲ့ သောက မမနိုင်လို့ခေါ်ရမယ်၊ သားထက်အသက်ခြောက်လကြီးတယ်နော်”

        “မမနိုင်”

        ကျွန်တော်က သံယောင်လိုက်ပါသည်။ သူက သူ့အမေကို တိုးတိုးလေးပြောပါသည်။ သူ့အမေက ရယ်ပါသည်။

        “ဟုတ်လား ညီညီ မင်းက နိုင်နိုင့်ကို ဟင်းချက်စားမယ်လို့ပြောတယ်ဆို"

        “ မစားတော့ပါဘူး ဒေါ်ဒေါ်ရဲ့၊ သူနဲ့ ကျွန်တော်နဲ့ သွားပြီ”

        လူကြီးတွေအားလုံး ရယ်ကြပါသည်။ ဦးသိန်းမောင်က

       " ကိုဖေသိန်း ကတော့ တော်တော်လည်းပါတာပဲဗျ ”ဟု ပြောပါသည်။

        မေမေက ပြောပါသည်။

         "သားနက်ဖြန်ကျောင်းသွားရင် မမနိုင်ကို ဝင်ခေါ်နော်"

        “ဟုတ်ကဲ့"

        သူက ကျွန်တော့်ကို အကဲခတ်သလို ကြည့်ပါသည်။ မျက်လုံးသည် အညိုရောင်ဖြစ်၏

        နောက်တစ်နေ့မနက် ကျောင်းအသွားတွင် သူ့ကို ကျွန်တော် ဝင်ခေါ် ပါသည်။ ကျွန်တော့်အစ်ကိုဝမ်းကွဲ အစ်ကိုချစ်အောင်လည်း ကျွန်တော်ကို ကျောင်းလိုက်ပို့ရင်း ပါလာသည်။ သူသည် ဂါဝန်အပြာကလေးကို ဝတ်လျက် ထွက်လာပါသည်။ သူ့မေမေ ‌ဒေါ်ဒေါ်စောစောမြင့်က ကျွန်တော့်ကို မှာပါသည်။

        “ကောင်အကောင်းသွား လမ်းမှာ ရန်ဖြစ်မသွားကြနဲ့အနော်”

         ကျွန်တော်တို့မှာ ကားရှိသော်လည်း ကျောင်းက အိမ်နှင့်နီးသဖြင့် လမ်းလျှောက်၍ပင်သွားကြပါသည်။ သူကကျွန်တော့်ကို ပေးပါသည်။

          “နင်... ငါ့ကို ဟင်းချက်စားဦးမှာလား"

         ကျွန်တော်သည် လမ်းလျှောက်ရင်း သူ့ခြေထောက်ကလေးများကိုကြည့်နေပါသည်။ သူ့ခြေထောက်ကလေးများသည် ဖြူဖြူဖွေးဖွေးကလေးဖြစ်ပါသည်။ သူ့ကို ကျွန်တော် သနားသွားပါသည်။

         “မစားပါဘူးဟာ၊ ငါက နင့်ကိုစတာ"

         ထိုနေ့က သူနှင့်ကျွန်တော် ပြေလည်သွားပါသည်။ သို့ရာတွင် သူ့ကို ကျွန်တော်က မမနိုင်ဟုမခေါ်ဘဲ နိုင်နိုင်ဟု ခေါ်သည့်အတွက် သူ မကျေမနပ်ပါ။

         “ ဘာဖြစ်လို့ရမှာလဲ၊ နင်နဲ့ငါနဲ့ တစ်နှစ်တည်းမွေးတာပဲ”

          “ဒါပေမဲ့ ငါက ခြောက်လကြီးတယ်"

          “အို.. မခေါ်ဘူး မခေါ်ဘူး”

         “နင့်ကို နင့်မေမေနဲ့တိုင်မယ်”

         “တိုင်... ဘရိုင်... ဦးအောင်နိုင်ဖို့ သွားတိုင် သွားတိုင်”

          သူက မေမေ့ကို ပြန်တိုင်ပါသည်။ မေမေက

         “ကျောင်းအုပ်ဆရာမကြီးရဲ့ သားဟာ အပြောအဆိုယဉ်ကျေးရမယ်၊ သာက မိုက်ရိုင်းလို့ရှိရင် မေမေက မဆုံးမလို့လို့ လူတွေက ပြောကြမှာပေါ့”

         ကျွန်တော့်မေမေ ‌ဒေါ်စန်းစန်းအောင်သည် ကျောင်းအုပ်ဆရာမကြီးပီပီ စကားကအလွန်များပါသည်။ တစ်ခါတစ်ခါ ဖေဖေ့ကိုပင် ဆရာလုပ်တက်သဖြင့်  ဖေဖေနှင့် ရန်ဖြစ်ကြပါသည်။ သို့ရာတွင် မေမေသည် သဘောအလွန်ကောင်းပါသည်။ စိတ်ကောင်းလည်းရှိပါသည်။ မေမေ့ကို ကျွန်တော် အလွန်ချစ်ပါသည်။ မေမေ့စကားကိုလည်း ကျွန်တော် နားထောင်ရပါမည်။ နောက်ဆိုလျှင် သူ့ကို မမနိုင်လို့ပဲ ခေါ်ပါသည်။ သူကလည်း ကျွန်တော့်ကို ညီညီဟု ခေါ်ပါသည်။

         ယခုအခါ ကျွန်တော် ကျောင်းသွားလျှင် အစ်ကိုချင်အောင် လိုက်မပို့တော့ပါ ၊အရင်က လိုက်ပို့ခြင်းမှာလည်း ကျွန်တော် ကျောင်းတက်ပျင်းတတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တစ်ယောက်တည်း လွတ်လိုက်လျှင် ကျောင်းကို ရောက်အောင်မသွားဘဲ လိပ်ပြာကန်မှာ သွားထိုင်နေတတ်သောကြောင့်ဖြစ်သည်။

         ကျွန်တော် ကျောင်းတစ်ရက်တက်ဖို့အရေး ဘယ်တော့မှ ချောချောမောမော မဖြစ်ခဲ့ပါ။ မနက် မေနေအိပ်ရာကလာနှိုးလျှင် ခေါင်းကိုက်တယ်၊ ဗိုက်နာတယ်ဆိုပြီး ပေအိပ်နေတတ်ပါသည်။ တစ်ခါတစ်ရံလည်း ကျောင်းသွားချိန်နီးမှ ချီးပါးချင်တယ်ဆိုပြီး အိမ်သာထဲမှာ အကြာကြီး ဝင်ထိုင်နေတတ်ပါသည်။ ကျောင်ချိန်နောက်ကျအောင် တမင်လုပ်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းသည် စည်းကမ်းကြီးသောကြောင့် ကျောင်းဒက်ကျလျှင် ကျောင်းထဲမဝင်တော့ပါး ထိုနေ့တွင် ကျွန်တော် ကျောင်းမတက်ရတော့ပါး ပျော်စရာ အလွန်ကောင်းပါသည်။

 

         ခုတော့ ကျွန်တော် ကျောင်းတက်မပျင်းတော့ပြီ။ ဘယ်သူမှလည်း လိုက်ပို့ဖို့ မလိုတော့ပြီ မနက်ဆိုလျှင် မမနိုင်ကို ဝင်ခေါပြီး ကျောင်းအတူတူ သွားကြပါသည်။ လမ်းမှာ တခြားကောင်ကလေးတွေက စလျှင် ကျွန်တော်က လက်သီးပြပါသည်။ မိုးသိပ်ရွာသောနေ့များတွင် အိမ်ကကားနှင့်လိုက်ပို့ပါသည်။ ထိုနေ့များသည် ပျော်စရာမကောင်းပါ။

         ကျောင်းကအကောင်တွေက ကျန်တော်တို့ကို စကြပါသည်။ မျိုးမြင့်တို့ ကျော်ညွန့်တို့ ထွန်းလွင်တို့သည် အဆိုးဆုံးဖြစ်သည်။

         “ဟေ့ကောင် ညီညီ.. မင်းနဲ့ သန်းသန်းနိုင် နဲ့ဘာတော်လဲ”

          “မောင်နှမတော်တာပေါ့ကွ”

          “မကျီးပင်ကောက် ကွေးလောက်လေးနဲ့ဆော်၊ မင်းနှမ ဆံတောက်ကလေး.."

         ဒီကောင်တွေ့နှင့် ကျွန်တော် ထိုးကြတ်ကြပါသည်။

         ကျွန်တော်နိုင်လျှင် မမနိုင်က ချီးကျူးပါသည်။

          “ညီညီလက်သီးထိုးတာ ကျော်ဆွေနဲ့ သိပ်တူတာပဲ”

         ကျွန်တော် ရှုံးလျှင် မမနိုင် မကျေနပ်ပါ။

         “တစ်ယောက်ချင်းဆို ဒီကောင်တွေ ညီညီကို မနိုင်ပါဘူး၊ သူတို့က သုံးယောက်ဆိုပြီး ဗိုလ်ကျတာ၊ မျိုးမြင့်ဆိုတဲ့ကောင် လက်သီးထိုးပုံက လှမောင်ကြီး ကျနေတာပဲ”

         ကိုကိုသည် ကျောင်းရက်ရှည်ပိတ်ရက်များတွင် ပဲခူးကို ပြန်ရောက်လာတတ်ပါသည်။ သို့ရာတွင် ငယ်ငယ်တုန်းကလို ကျွန်တော်နှင့် မတွဲတော့ပါ။ ကျွန်တော်နှင့် မကစားတော့ပါး သူ့ကိုယ်သူ လူကြီးဆိုပြီး အိမ်မှာသွတ်၍ စာအုပ်တွေသာ ဖတ် နေပါသည်။ ကာတွန်းစာအုပ်တွေ။

         ကိုကိုက ကျွန်တော်နှင့် မကစားသော်လည်းကျွန်တော် အရေးမစိုက်ပါ။ မမနိုင် ရှိပါသည်။ ကျွန်တော်မမနိုင်နဲ့ပဲ ကစားပါသည်။ မမနိုင် အိမ်မှာရော ကျွန်တော့်အိမ်မှာပါ ကစားစရာအရုပ်တွေရှိပါသည်။ ကျွန်တော့်အိမ်သည် ကျယ်ဝန်းသော်လည်း လူရှုပ်ပါသည်။ ပြီးတော့ မမကလည်း နေပူထဲ ထွက်ကစားတာ မကြိုက်သောကြောင့် မလွတ်လပ်ပါ။ မမနိုင်တို့အိမ်မှာပဲ ကစားတာများပါသည်။ ကျွန်တော်တို့ မကြာခဏကစားတတ်သောနည်းမှာ အစ်ကိုကြီးတမ်း အစ်မကြီးဘမ်း’ ဖြစ် ပါသည်။ ထိုအခါလည်း ပြသနာတက်ပါသည်။ ကျွန်တော်ကလည်း အစ်ကိုကြီး လုပ်ချင်သည်။ သူကလည်း အစ်မကြီး လုပ်ချင်သည် ။

         “ညီညီ အစ်ကိုကြီး မလုပ်ရရင် မကစားဘူး၊ ပြန်တော့မယ်”

         ထိုအခါကျမှ မမနိုင်က ပေးပြီး ကျန်တော်ကို အစ်ကိုကြီးလုပ်ပါသည်။ ထိုအခါ သူက ကျွန်တော့်ကို အစ်ကိုကြီးဟု ခေါ်ပါသည်။ ကျွန်တော်က သူ့ကို ညီမလေးဟု ခေါ်ပါသည်။ သူ့ကို ညီမလေးဟု ခေါ်တာ အရသာသိပ်ရှိပါသည်။

         မမနိုင်သည် အတိုင်းအတော ထူပါသည်။ ပဲခူးတံတားကြီးအောက်မှာ ကျွန်တော် ငါးမျှားသည်လည်းကောင်း၊ ရွှေဂူလေးက ချောင်းမှာ ရေသွားကူးသည်ကိုလည်းကောင်း မေ့မေ့ကို ပြန်တိုင်တတ်ပါသည်။ ကျွန်တော်ကလည်း သူ ကျောင်းမှာ မရမ်းပြားဝယ်စားသည်ကို သူ့မေမေအားပြန်တိုင်တတ်ပါသည်။

         ကျွန်တော်တို့ မကြာခဏရန်ဖြစ်ကြပါသည်။ သို့ရာတွင် နေ့မကူးခင် ပြန်ခေါ်ပါသည်။ ကျွန်တော်က စ၍ခေါ်သည်ဟူ၍မရှိပါ။ မမနိုင်ကသာ အရင်ခေါ်တတ်ပါသည်။ ကျွန်တော်တို့ ရန်ဖြစ်ပြီးလျှင် မမနိုင်သည်လက်ညှိုးနှင့် လက်ခလယ်တို့၏ထိပ်ကို စု၍ လက်နှစ်ချောင်းတွင် ကွင်းကလေးဖြစ်အောင်လုပ်ပြီး ကျွန်တော့်မျက်နှာနာမှာ လာပါသည်။ ကွင်းအတွင်းသို့ လက်ထည့်လိုက်၍ လက်ညှိုးနှင့် က်လယ်နှစ်ပြတ်အောင် ဖြတ်လိုက်လျှင် ပဘူးဟု အဓိပ္ပါယ်ရပါသည်။ လက်ညှိုးနှင့် လက်မ နှစ်ခုဖူးသွားအောင်နှိပ်လျှင် မည်ဟု အဓိပ္ပါယ်ရပါသည်။ ကျွန်တော် ဘယ်တော့မှ ပတ်ပါ။ အပြနှိပ်ပါသည်။ အမြဲခေါ်ပါသည်။

         ကျွန်တော်တို့နှစ်ယောက်သည် ကျောင်းမှာ တစ်ခုံတည်းထိုင်ပါသည်။ တစ်ယောက်ဆီကာကို                  

         တစ်ယောက်က ခိုးချကြပါသည်။ နှစ်ယောက်စလုံးမှာ အပြစ်ရှိသဖြင့် မေမေများကို ပြန်မတိုင်ကြပါ။

         ငယ်ငယ်တုန်းကတော့ ကလေးများဖြစ်ကြ၏။

(၃)

         ကြီးလာသောအခါ လူကြီးများ ဖြစ်လာကြလေသည်။

         ကျွန်တော်တို့ ကိုးတန်းအောင်၍ ဆယ်တန်းသို့တက်ရသောအခါ ကျောင်းအတူတူမသွားဖြစ်ကြတော့ပါ။ အတူတူ မပြန်ဖြစ်ကြတော့ပါ။ ဘာကြောင့်မှန်းလည်း ကျွန်တော် ထိုစဉ်က မသိခဲ့ပါ။

         ပြီးခဲ့သော နွေကျောင်းပိတ်ရက်များတောင် ကျွန်တော်တို့အတူတူ တတွဲတွဲ ရှိခဲ့ပါသည်။ ကိုးတန်းစာမေးပွဲတွေ ဖြေပြီး နွေကျောင်းပိတ်ရက် စသည်နှင့် ကျွန်တော်တို့နှစ်ယောက် လျှောက်လည်ကြသည်။ အိမ်က ကားကလေးနှင့် ဘုရားပေါင်းစုံအောင် သွားဖြစ်ကြပါသည်။ ရန်ကုန်ကိုလည်း ရောက်ပါသည်။ တစ်ခါတစ်ရံ လူကြီးပါ၍ တစ်ခါတစ်ရံ ကျွန်တော်တို့နှစ်ယောက်တည်း ဖြစ်ပါသည်။ ဘုရားသို့ရောက်သောအခါ မမနိုင်က “ညီညီရေ ကူညီပါဦးလား”ဟု ပြောပါသည်။ ကိုးသိန်းကိုးသန်းဘုရာကို ရောက်သောအခါ မမနိုင်က ကျွန်တော့်ကို မရမ်းပြား လာပါသည်။

         ကိုကိုသည် ယခုအခါ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်နေပါသည်။ ပါဠိဘာသာအဓိက တတိယနှစ်ဖြစ်ပါသည်။ ကိုကိုသည် နွေ ကျောင်းပိတ်ရက်အတွင်း ပဲခူးသို့ ပြန်မလာခဲ့ပါ။ အသုံးလုံး လုပ်အားပေး လိုက်သွားမည်ဖြစ်၍ အိမ်သို့ ပြန်မလာတော့ကြောင်း စာရေးအကြောင်းကြပါသည်။ ကိုကို့ကို ကျွန်တော် သတိရပါသည်။ ကိုကိုပြန်လာလျှင် တက္ကသိုလ်က အကြောင်းတွေ နားထောင်ရဦးမည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။ ကိုကို ပြန်မလာကြောင်းသိရသောအခါ ကျွန်တော် စိတ်မကောင်းဖြစ်မိပါသည်။ အရမ်းကြီးတော့မဟုတ်ပါ။ နည်းနည်းပဲဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်မမနိုင်ရှိနေသောကြောင့်ဖြစ်ပါသည်။ ကိုကို ပြန်မလာသော်လည်း မမနိုင်နှင့် လျှောက်လည်ရခြင်းသည်လည်း ပျော်ရပါသည်။

         သင်္ကြန်တွင်းတုန်းက ကျွန်တော်တို့၏ဇာတ်လမ်းစခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဇာတ်လမ်းအစ မဟုတ်ဟုလည်းဆိုနိုင်ပါသည်။ ကျွန်တော်တို့နှစ်ယောက် သူငယ်တန်းမှာ စတွေ့ကြစဉ်ကသာ တကယ့်ဇာတ်လမ်းအစဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ မဟုတ်ဘူးဟုလည်း ဆိုနိုင်ပါသည်။ ဇာတ်လမ်းဆိုသည်မှာ စချင်သည့်နေရာက စ၍ရသလား မရဘူးလား မသိပါ။

         သင်္ကြန်တွင်းသည် ကျွန်တော်တို့၏ဘဝတွင် အပြာင်းအလဲကလေး တစ်ခု စတင်ဖြစ်ခဲ့ခြင်းကတော့ အမှန်ပါ။

         သင်္ကြန်အကြိုနေ့က ဖြစ်ပါသည်။ ကျွန်တော် အိပ်ရာက နိုးသောအခါ ကျွန်တော်တို့အိမ်ရှေ့က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေ ပွင့်နေသည်ကို တွေ့ရပါသည်။ ပိတောက်ပန်းတွေကို ကျွန်တော် တက်ခူးပါသည်။ ပိတောက်ပန်းကို ပိုက်၍ မမနိုင်တို့အိမ်ကိုသွားပါသည်။ မမ နိုင်ကို ပိတောက်ပန်း ပေးပါသည်။ ပိတောက်ပန်း တက်ခူးစဉ်က ချဉ်ခါနီကောင် အကိုက်ခံရသောလက်က အနီဖုကလေးများကို မမနိုင်ကို ပြပါသည်။ ။

         “မမနိုင် ပရုပ်ဆီဘူး သွားယူဦးမယ်"

         မမနိုင် အိမ်ထဲဝင်သွားပါသည်။ ကျွန်တော်က မမနိုင်ကို ရေလောင်းရန် ရေခွက်ရှာပါသည်။ မတွေ့ပါ အိမ်ရှေ့က ရေတိုင်ကီနာမှာ သံပုံးဝိုင်း တစ်လုံး တွေ့ပါသည်။ ရေခပ်ပြီး မမနိုင်ကို စောင့်နေသည်။

         မမနိုင်သည် ပရုပ်ဆီဘူးကလေးကိုင်၍ ထွက်လာပါသည်။ ကျွန်တော့်လက်ထဲက သံပုံးကိုမြင်သောအခါ မမနိုင် ထွက်ပြေးပါသည်။ ကျွန်တော်က လိုက်ပါသည်။ မမနိုင်သည် သူ့ မေမေနောက်မှာ ကွယ်၍ရပ်လိုက်ပါသည်။ သူ့မေမေကို ဖက်ထားပါသည်။ ။

          “မမနိုင်... လာခဲ့... ဒီနာကို"

          “ဟင့်အင်း..လာ ”

         “မလာဘူးလား.. လာမလား”

         မမနိုင် ခေါင်းခါသည်။ ကျွန်တော်သည် အိမ်ရှေ့မှာ လှမ်းထားသော မမနိုင်၏အင်္ကျီများကို ရေနှင့်လျှောက်ပက်ပါသည်။ မမနိုင်က အော်ပါသည်။

         “ညီညီ... မလုပ်ပါနဲ့၊ အင်္ကျီတွေစိုကုန်ပြီ မမနိုင် ဝတ်စရာမရှိတော့ဘူး”

         “အင်္ကျီတွေ ရေမစိုစေချင်ရင် မမနိုင် လာခဲ့လေ”

          “ခတ်တာပဲ ၊ ညီညီ သိပ်ဆိုးတယ်"

          မမနိုင်ရဲ့ မေမေက...

          “သွားလိုက်ပါနိုင်နိုင်ရယ်... ညီညီ ရေလောင်းပါစေ"

         မမနိုင်သည် ခြေဆောင့်၍လာပါသည်။ ကျွန်တော်နားမှာ ရပ်သည်။ ကျွန်တော်သည် ရေတစ်ပုံးလုံး ကုန်အောင်လောင်းသည်။ မမနိုင် နုတ်ခမ်းစူထားသည်။

         “ကဲ... ကျေနပ်တော်မူပလား၊ ပြီးရင် မမနိုင်အလှည့်ပဲ”

         မမနိုင်သည် ကျွန်တော့်လက်က သံပုံးကိုယူ၍ ရေသွားခပ်သည်။ ပြီးတော့ ကျွန်တော်ကို ခေါင်းကန လောင်းချလိုက်လေသည်။ ကျွန်တော်က

         “သာဓုကွယ်.. သာဓု.. သာဓု... ခုလို သင်္ကြန်တွင်းမှာ သက်ကြီးဝါကြီးတွေကို ခေါင်းလျှော်ပေးတဲ့အတွက်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)