Skip to product information
1 of 2

Other Websites

မင်းလူ - ရေတမာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

        အားဂလီး” ဆိုသော အင်္ဂလိပ်စကား၏ တိုက်ရိုက် အဓိပ္ပါယ်မှာ အရုပ်ဆိုးခြင်း၊ အကျည်းတန်ခြင်းဟူ၍ ဖြစ်၏။ ဒီစကားလုံးက အသံထွက်ရတာကိုက သာယာနာပျော်ဖွယ် မရှိ။ မြန်မာစကား အောက်ဂလိအာတို့ အော်ဂလီဆန်တို့လိုပင် ဖြစ်၏။

      တကယ်လို့များ ပုံပြင်အဘိဓာန်တစ်ခု ထုတ်မည်ဆိုလျှင် အားဂလီး” ဆိုသော စကားလုံးအတွက် တခြားပုံ ရှာနေဖို့မလို။ လူတစ်ယောက်ကို ဓာတ်ပုံရိုက်ပြီး ထည့်လိုက်ရုံသာ ရှိ၏။

        ' သူကတော့ ဒီဇာတ်လမ်း၏ အဓိကဇာတ်ဆောင် နောင် စိုးပင် ဖြစ်လေ၏။

        တချို့ လူတွေ အရုပ်ဆိုးသော်လည်း သန့်သန့်ရှင်းရှင်းနေ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်လိုက်သောအခါ ကြည့်ပျော် ရှုပျော် ဖြစ်သွားတတ်၏။

        ' သူကတော့ ဒီလိုမဟုတ်။ လူက စုတ်တိစုတ်ဖတ်၊ အဝတ်အစား ဖိုးယိုးဖားလျား။ ပြီးတော့ သွားလာနေထိုင်ရာမှာ လည်း ကိုးရိုးကားရား မတော်မတည့် ဖြစ်တတ်၏ ။

        ဒီနေ့မနက် ဖြစ်တဲ့ကိစ္စကို ကြည်လျှင် သူ့စရိုက်က ထင်းခနဲ ပေါ်လာနိုင်လေ၏။

        ထုံးစံအတိုင်း အိပ်ရာထ နောက်ကျသည်။ ခေါင်းအုံး အောက်က နာရီကို တတိယအကြိမ်မြောက် ထုတ်ကြည့်လိုက် သောအခါ နေမြင့်နေပြီဖြစ်ကြောင်း သိရလေပြီ။

        သူ့အကျင့်က ပထမဆုံးအကြိမ် နိုးလာလျှင် နာရီကြည့် မည်။ ဆယ့်ငါးမိနစ်လောက်တော့ နှပ်လို့ရသေးသည်ဆိုပြီး ပြန်မှေးမည်။ ဒုတိယအကြိမ် နိုးလာသောအခါ ပထမဆုံး အတန်းချိန် မမှီတော့ကြောင်း သိရပြီး ပြန်အိပ်မည်။ တတိယ အကြိမ် နိုးတော့မှ ဒုတိယ အတန်းချိန် နီးနေပြီဖြစ်ကြောင်း သိပြီး လူးလဲထမည်။

        ဒီလိုနှင့် 'ပထမပိုင်း အတန်းချိန်များကို လွတ်စမြဲ ဖြစ် | ၏။ မနက်စောစော တက်ရသော ဘာသာရပ်တွေ မဖြေနိုင်သောကြောင့်ပင် စာမေးပွဲတွေ ကျကျနေခဲ့ရခြင်းလည်း ဖြစ်၏။

        စားပွဲပေါ်မှ စာအုပ်သုံးလေးအုပ်ကို ယူပြီး အခန်းပြင် | ထွက်သည်။ တံခါးကို သော့ခတ်လိုက်ပြီးမှ ပိုက်ဆံမယူရသေး ကြောင်း သတိရ၏။ ဘောလ်ပင်လည်း မပါခဲ့သေး။

        သော့ပြန်ဖွင့်ဖို့ ပျင်းသဖြင့် ဒီအတိုင်းပင် ထွက်လာခဲ့၏ ။ လက်ပတ်နာရီ မေ့ခဲ့သည်။ မျက်နှာသစ်ဖို့ မေ့ခဲ့သည်။ အဝတ် | အစားလည်း မလဲခဲ့ရသေး။ သူ့ အဖို့တော့ ဒါမျိုးက ဖြစ်နေကျ။

        ထုံးစံအတိုင်း နောက်ကို သတိထားမှဟု တွေးရင်း လျှောက်လာခဲ့၏။

        သူနေသည့် အပြင်ဆောင်မှ ကျောင်းသို့ ခပ်ပြင်းပြင်း လျှောက်လျှင်တောင် ငါးမိနစ်တော့ သွားရသည်။ ကျောင်းဝင်းထဲ ရောက်ပြီးတော့လည်း အတန်းရှိရာ သိပ္ပံဆောင်က နည်းနည်း လှမ်းသေးသည်။

        တက္ကသိုလ်မှာက အတန်းထဲ အဝင်နောက်ကျလို့ သိပ် ပြဿနာမရှိ။ စည်းကမ်းကြီးသော ဆရာမကြီး တစ်ယောက် တစ်လေရဲ့ အချိန်ကလွဲလို့ တောင်းပန်ခြင်း လုပ်နေစရာမလို။

        နောင်စိုးကျတော့ ဒီလိုမဟုတ်။ သူက မနှစ်က စာမေးပွဲ ကျထားသော ကျောင်းသားလည်းဖြစ်။ ကျောင်းခဏခဏပြေးသူ လည်း ဖြစ်သောကြောင့် ဆရာဆရာမတွေက သတိပြုမိနေသည်။

        ထို့ကြောင့် ခပ်သွက်သွက် လျှောက်လာခဲ့၏။ အဓိပတိ လမ်းမှ သိပ္ပံဆောင်ဘက်သို့ ချိုးကွေ့လိုက်သည်။ ထိုစဉ်မှာပင် သိပ္ပံဆောင် ဆင်ဝင်ဘက်မှ လက်ခနဲ ဖြစ်သွားတာ တွေ့လိုက်ရ သည်။ ။

        မိန်းကလေးသုံးယောက် လျှောက်လာကြ၏။ သူတို့ထဲမှာ စိန်နားကပ် ပန်ထားသူ တစ်ယောက်မှ မပါး လက်သွားရသည့် အကြောင်းက မိန်းကလေးတစ်ယောက်၏ ရွှေကိုင်းမျက်မှန်ကို နေရောင်ဟပ်သွားသောကြောင့် ဖြစ်၏။

        အချစ်ဆိုသည်မှာ လက်ခနဲ ဖြစ်သွားရာမှ စသည်ဟု ဘယ်ပညာရှိကမှ မပြောခဲ့။ အချစ်မှာ မျက်စိမရှိဘူးလို့သာ ပြောခဲ့၏။ မျက်စိ ရှိမရှိတော့ မသိ။ အချစ်မှာ မျက်မှန်ပါတာ တော့ သေချာ၏။

        သူသည် နောက်တစ်ကြိမ်တွေ့လျှင် မမှတ်မိမှာ စိုးသဖြင့် မျက်မှန်နှင့် ကောင်မလေးကို သေသေချာချာ စိုက်ကြည့်ရင်း လျှောက်လာသည်။ တဖြည်းဖြည်း နီးလာ၏ ။

        သူတို့ထဲမှ တစ်ယောက်က ရိပ်မိသွားသည်။ အဖော်တွေ ကို လက်ကုပ်သည်။ မျက်မှန်ကောင်မလေးက နောင်စိုဖျက်ခနဲကြည့်၏။ သူ့မျက်နှာသည် တဖြည်းဖြည်း ပြုံးယောင် သမ်းလာ၏။

        နောင်စိုး အံ့သြသွားသည်။ မျက်မှန်ကလေး ပြုံးကြည့်နေ ပါလား။ ငါတော့ ကံထလာပြီထင်တယ်။ ပြန်ပြီးပြုံးပြနှုတ်ဆက်။

        အတွေးမဆုံးခင်မှာပင် တစ်စုံတစ်ယောက်နှင့် အင့်ခနဲ ဝင်ဆောင့်မိသည်။ သူ ပြာပြာသလဲ တောင်းပန်လိုက်ရ၏။

        “ဆောရီးဗျာ...ဆောရီး...ဟာ”

        သူ တိုက်မိတာ လူတစ်ယောက် မဟုတ်။ ရေတမာပင် တစ်ပင်သာ ဖြစ်လေ၏။ သူ ရှက်သွားသည်။ လှည့်တောင် မကြည့်ရဲ။ တခစ်ခစ် ရယ်သွားသံတွေကတော့ ကျောခိုင်းထား သည့်တိုင် ပီပီသသ ကြားလိုက်ရ၏။ သူ့တစ်ကိုယ်လုံး ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားပြီး ခပ်မြန်မြန် ထွက်လာခဲ့သည်။

        အတန်းဆီ ရောက်တော့ ဆရာမကြီးတောင် ရောက်နေ ပြီ။ နောင်စိုးက နောက်ဘက်အပေါက်မှ ဝင်လိုက်၏။ ဆရာမ ကြီးက တစ်ချက်စိုက်ကြည့်သည်။ နောင်စိုးက ပြုံးပြီး ငယ်ငယ် တုန်းကလို လက်ညှိုးတစ်ချောင်းထောင်၍ ခွင့်တိုင်သည့်သဘောမျိုး လုပ်လိုက်သည်။ ဆရာမကြီးက အတန်းသားတွေဘက် လှည့် လိုက်ပြီး......

        “မင်းတို့မှာ ထီးပါလာကြရဲ့လား” ' ဟု ရုတ်တရက် မေးလိုက်သဖြင့် ကြောင်တောင်တောင် ဖြစ်သွားကြ၏။ တချို့က မိုးများ အံ့လာလို့လားဆိုပြီး အတန်းအပြင်ကိုလှမ်းကြည့်သေးသည်။ရာသီဥတုက ကြည်ကြည်လင်လင်ကြီးပါ။

        “ဪ..တခြားကြောင့် မဟုတ်ပါဘူး၊ မောင်နောင်စိုး ကျောင်းလာတက်လို့ မိုးများ ရွာလေမလားလို့ပါ”

        ဟု ဆက်ပြောတော့မှ ရယ်သံတွေ ထွက်လာသည်။ တချို့က နောင်စိုးကို လှည့်ကြည့်ကြ၏။ သူသည် နောင်စိုးစစ်စစ် က မြိုင်ရာဇာတွတ်ပီ ဖြစ်သွားရရှာလေ၏။ ဒီနေ့ ကံမကောင်းဘူး လေ။

        နေ့လည် အားလပ်ချိန်အထိ အတန်းတွေ ဆက်တိုက် တက်လိုက်သည်။ ဘောလ်ပင် ငှားထားသော ကျောင်းသားက...

        “ကိုနောင်စိုးက ငှားထားတာ တန်အောင်ရေးတာပဲဗျာ” ဟု ခနဲ့သွားသေးသည်။

        ဘာကြောင့်မှန်းတော့ မသိ။ ဟိုရွှေမျက်မှန်လေးကို မြင်လိုက်မိပြီးနောက် အတန်းတက်ချင်စိတ်တွေ ထူးထူးခြားခြား ဖြစ်ပေါ်နေသည်။ တစ်စုံတစ်ခု ဆက်စပ်မှု ရှိလေသလား။ ဘာမှတော့ မဆိုင်။ သူ့ထုံးစံအတိုင်း ကြောင်တာပဲ ဖြစ်လိမ့်မည်။

        နောက်ဆုံးအချိန်ပြီးလို့ ထွက်လာတော့ အပြင်မှာ စောင့်နေသော သန်းထွန်းနှင့် အောင်ငွေတို့ကို တွေ့လိုက်ရ၏။

        ဒီ နှစ်ကောင်က အောင်စိုးထက်အတန်းတစ်တန်းငယ်သည်။သည်။ တိုက်ဆိုင်မှုကတော့ သူတို့သည်လည်း နောင်စိုးလိုပင် စာမေးပွဲတွေ တဖုတ်ဖုတ် ကျနေသောကြောင့် ခုမှ တတိယနှစ် ရောက်နေခြင်းဖြစ်၏။ ဒါကြောင့်လည်း ပေါင်းမိလေသလား မပြောတတ်။

        “ကဲ...ဟေ့ကောင်၊ လက်ဖက်ရည် တိုက်ပေတော့၊ လာ သွားမယ်” ။

ဟု သိန်းထွန်းက အောင်ငွေကို ပြော၏။

        “ဘာလဲကွ၊ ဒီကောင် ဖဲနိုင်လာလို့လား” • နောင်စိုးက မေးသည်။

        “မဟုတ်ပါဘူးကွာ၊ သူနဲ့ငါနဲ့ လောင်းကြေးစားကြေး လုပ်ထားလို့ကွ”

        “ဘာလဲ...”

        “ဒီလိုကွာ၊ မင်း ဒီအချိန် အတန်းတက်နေမယ် ထင်တယ် လို့ ငါက ပြောတော့ ဒီကောင်က မဖြစ်နိုင်ဘူးတဲ့၊ အမ်စီအာထဲ မှာ အိပ်ပျော်နေတာ ဖြစ်ရမယ်တဲ့၊ ဒါနဲ့ ငါတို့ လက်ဖက်ရည် ကြေး လောင်းထားတာ” . .

        အောင်ငွေက ရှုံ့မဲ့လိုက်ပြီး...

        “အေးကွာ...နောင်စိုး အတန်းမတက်တဲ့ဘက်က လောင်း ရင် ဘရာဇီး ဘောလုံးအသင်းဘက်က လောင်းရသလို ကြိမ်းသေပဲလို့ တွက်ထားတာ”

 

        "ဟား...တောက်ကွာ... ‌ဟေ့ကောင်၊ဒီနေ့တစ်နေ့လုံး ဆက်တိုက် အနှိပ်ခံနေ ရတာပဲ"

        နောင်စိုးက ညည်းလိုက်၏။

        စားသောက်ဆိုင်တန်းဘက် လျှောက်လာကြရင်း မနက် | က အဖြစ်အပျက်ကို သတိရမိ၏။ ထို့ကြောင့်...

        “ဟေ့ကောင်တွေ.......ငါတော့ ရွှေကိုင်းမျက်မှန်လေးကို စိတ်ဝင်စားနေမိပြီကွာ”

        ဟု တုံးတိတိကြီး ပြောလိုက်ရာ သိန်းထွန်းက... '

        “ဟာ..မင်းနဲ့ ရွှေကိုင်းမျက်မှန်နဲ့ တခြားစီပဲ၊ မျောက် မျက်လုံးကို နနွင်းနဲ့ ကွင်းထားသလို ဖြစ်နေမှာပေါ့”

        “ဟာကွာ..မင်းကလဲ..အရမ်းလျှောက်ပြောနေတယ်၊ ငါ ပြောတာက...ဒီနေ့ အတန်းတက်ဖို့အလာမှာ ရွှေကိုင်းမျက်မှန်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ တယ်ကွ၊ အဲဒါ ပြောမလို့”

        ရေတမာပင်ကို ဝင်တိုက်မိလို့ အဟားခံရတဲ့အကြောင်း တော့ ပြောလို့မဖြစ်၊ ထို့ကြောင့် ထိုအပိုင်းကို ကျော်ပြီး...

        “တော်တော်လှတယ်ကွာ” ,

        “ဒါဆို အမေရိကန်ဗီးရှင်းမှာ လုပ်တာဖြစ်မယ်”

         “ဘာ...ဘာပြောတယ်”

        “ရွှေကိုင်းမျက်မှန်က တော်တော် လှတယ်ဆို”

        သိန်းထွန်းက သက်သက် လိုက်ကလိနေခြင်း ဖြစ် ကြောင်း သူသိ၏။ ထို့ကြောင့် နှုတ်ခမ်းတစ်ချက်သာ ကိုက်ပြီး ပေစောင်းကြည့်လိုက်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)