Skip to product information
1 of 11

Other Websites

မင်းယု၀ေ - ၃၈ဖြာမင်္ဂလာပုံပြင်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ 

သရက်ပင် နှင့် ခွေးတောက်ပင်

`           ရှေးသရောအခါ ဗာရာဏသီပြည်တွင် ဒဓိဝါဟနမင်း စိုးစံသည်။ထိုမင်းတွင် ပညာဉာဏ်နှင့် အထူးပြည့်စုံသော ပညာရှိ အမတ်တစ်ဦး . ရှိသည်။

          တစ်နေ့သောအခါ မင်းသည် မြစ်၏ထက်အောက်တွင် ကွန်ကို ထားစေ၍ ရေကစား၏။ ထိုစဉ် ကဏ္ဏမုဏ္ဍအိုင်ဘေးတွင် ပေါက်သော သရက်ပင်မှ သရက်သီးမှည့်တစ်လုံးသည် အိုင်တွင်းသို့ ကြွေကျရာမှ မြစ်ထဲသို့ ရောက်လာသည်။ အစဉ်တစိုက် မျောပါလာရာ ကွန်၌ ငြိလေသည်။

          မင်းချင်းတို့သည် ကွန်ကို သိမ်းယူသောအခါ ထိုသရက်သီးကို တွေ့သည်။ ရွှေရောင်အဆင်းရှိသဖြင့် မင်းကိုဆက်သသည်။ မင်းသည်ထိုသရက်သီးကို သုံးဆောင်ကြည့်ရာ ချိုမြိန်၍ ထူးခြားကောင်းမွန်သော . အနံ့အရသာနှင့် ပြည့်စုံသည်ကို သိရလေသည်။ ထို့ကြောင့် အစေ့ကိုမိမိ ဥယျာဉ်တော်၌ စိုက်ပျိုးစေသည်။ အပင်ပေါက် လာသောအခါ - နို့ရည်များဖြင့် သွန်းလောင်းစေသည်။ . . ။

          သုံးနှစ်ကြာသောအခါ သရက်သီးများ သီးလာသည်။ မင်းသည် သုံးဆောင်ကြည့်သည်။ မူလ သရက်သီးကဲ့သို့ပင် ချိုမြိန်၍ ထူးကဲသော အနံ့အရသာနှင့် ပြည့်စုံသည်ကို သိရှိရလေသည်။

          မင်းသည် သရက်သီးများကို ကိုယ်တိုင်လည်း သုံးဆောင်သည်။ . အချို့ကို အခြားသော မင်းများထံသို့လည်း လက်ဆောင်ပေးသည်။

          သို့ရာတွင် မျိုးပွားမည်စိုးသောကြောင့် လက်ဆောင်မပေးမီ သရက်သီး ၏ အညွန့်အညှောက် ဖြစ်မည့် နေရာကို ဖားရိုးစူးဖြင့် ထိုးပြီးမှ ပေး ပို့သည်။

          " သရက်သီး လက်ဆောင်ရသော မင်းတို့သည် သရက်သီးကို သုံးဆောင်ကြည့်ကြသည်။ ထူးကဲသော အနံ့အရသာနှင့် ပြည့်စုံသောကြောင့် လွန်စွာနှစ်သက်ကြသည်။ ထို့ကြောင့် အစေ့ကို စိုက်စေသည်။ သို့ရာတွင် အပင်ပေါက်မလာချေ။ ,

          အကြောင်းရင်းကို စုံစမ်းသောအခါ ဒိဝါဟနမင်း၏ အစီအမံကို သိရှိကြသည်။ သည်တွင် မင်းတစ်ပါးသည် စိုက်ပျိုးမှု၌ ကျွမ်းကျင်လိမ္မာ သော ဥယျာဉ်မှူးတစ်ဦးကို ခေါ်သည်။ ' '

          “အမောင်၊ ဗာရာဏသီပြည်သို့သွားလေ။ ဒဓိဝါဟနမင်း၏ : သရက်သီးတို့ ခါး၍ အရသာပျက်အောင်ပြုချေ" ဟူ၍ စေလွှတ်လိုက် သည်။ ဆုလာဘ်အဖြစ် အသပြာတစ်ထောင်ကိုလည်း ပေးလိုက်သည်။

          ထိုဥယျာဉ်မှူးသည် ဒဓိဝါဟနမင်းထံ ချဉ်းကပ်သည်။ စိုက်ပျိုး မှုတွင် မိမိမည်မျှ ကျွမ်းကျင် လိမ္မာကြောင်း တင်လျှောက်သည်။ မင်း သည် နှစ်သက်သဘောကျသဖြင့် ထိုဥယျာဉ်မှူးကို မိမိ၏ ဥယျာဉ်မှူး နှင့်အတူ ဥယျာဉ်တော်ကို ပြုစုလုပ်ဆောင်စေသည်။

          ဥယျာဉ်မှူးသစ်သည် ရောက်သည့်နေ့မှစ၍ လက်ရှိ ဥယျာဉ်မှူး ထက် သာအောင် ကြိုးစား လုပ်ဆောင်ပြသည်။ သူသည် ဥယျာဉ်တော်ကို ယခင်ကထက် သာယာအောင် ပြုသည်။ ပန်းတို့ကို အခါ . ရာသီ မဟုတ်ဘဲ ပွင့်အောင် ပြုသည်။ သစ်ပင် တို့ကို အခါရာသီ မဟုတ်ဘဲ သီးအောင် ပြုသည်။

          မင်းသည် ဥယျာဉ်မှူးသစ်ကို အလွန်နှစ်သက် သဘောကျသွား သဖြင့် ဥယျာဉ်မှူးဟောင်းကို နှင်ထုတ်လိုက်သည်။ ဥယျာဉ်မှူးသစ်ကို သာလျှင် ဥယျာဉ်တော် တစ်ခုလုံးကို စီမံလုပ်ဆောင်စေသည်။ ( ဥယျာဉ်တော် တစ်ခုလုံး မိမိလက်တွင်းသို့ ရောက်သည်နှင့် တပြိုင်နက် အကြံသမား ဥယျာဉ်မှူးသစ်သည် သရက်ပင်ကို ဝိုင်းရံ၍ တမာပင်နှင့် ခွေးတောက်ပင်တို့ကို စိုက်လေ၏။

          မကြာမီပင် တမာနှင့်ခွေးတောက်ပင်တို့၏ အမြစ်အခက်တို့သည် သရက်ပင်၏ အမြစ်အခက်တို့နှင့် ရောယှက်လေတော့သည်။ ထိုအခါ ယခင်က ချိုလှသော သရက်သီးသည် မချိုတော့ပေ။: မချိုရုံမျှမက တမာ ခွေးတောက်ကဲ့သို့ပင် ခါးလေတော့သည်။ သည်တွင် ဥယျာဉ်မှူး သည်လည်း ထွက်ပြေးသွားလေတော့သည်။

          ဒဓိဝါဟနမင်းသည် သရက်သီးများ ခါးလာရသော အကြောင်း ရင်းကို ပညာရှိအမတ်အား စူးစမ်းစေသည်။ ပညာရှိအမတ်လည်း ဥယျာဉ်သို့သွား၍ ကြည့်ရှုစူးစမ်းသည်။ ထို့နောက် မင်းအား “အရှင်၊ သရက်ပင်မှာ တမာခွေးတောက်ပင်တို့နှင့် ရောယှက်နေသောကြောင့် သရက်သီးများသည် ခါးသောအရသာသို့ ပြောင်းခဲ့ရပါသည်။ မူလ အတိုင်း ချိုမြိန်သောအရသာနှင့် ပြည့်စုံစေလိုပါက တမာခွေးတောက် တို့ကို ဖယ်ရှားပစ်ရပါမည်။ မြေသြဇာသစ်၊ မြေသြဇာကောင်းတို့ကို ကျွေးရပါမည်။ နို့ရည်၊ သကာရည်တို့ဖြင့် သွန်းလောင်းရပါမည်” ဟု လျှောက်၏။

          မင်းလည်း ဥယျာဉ်မှူးဟောင်းကို ပြန်ခေါ်သည်။ ပညာရှိအမတ် ဆိုတိုင်း ပြုစေသည်။

          ဥယျာဉ်မှုးဟောင်းသည် ရှေးဦးစွာ တမာခွေးတောက်ပင်တို့ကို | အမြစ်မှနုတ်၍ ဖယ်ရှားပစ်သည်။ ထို့နောက် သရက်ပင်ကို မြေဩဇာသစ် မြေသြဇာကောင်းများ ကျွေးသည်။ နို့ရည်၊ သကာရည်၊ နံ့သာရည် စသည်တို့ဖြင့် သွန်းလောင်းပေးသည်။

          သို့ဖြင့် နောက်ထပ်၍ သရက်သီးများ သီးလာသောအခါ သရက် သီး တို့သည် မူလအတိုင်းပင် ချိုမြိန်၍ ထူးကဲသော အနံ့ အရသာ နှင့် ပြည့်စုံနေလေတော့သည်။

          ထိုအခါ ပညာရှိတို့က အသက်မဲ့သော အရာပင်လျှင် မကောင်း သော အပေါင်းအဖော်နှင့် ပေါင်းဖော်ရ၍ ပျက်စီးခဲ့ရသေးသည်။ အသက်ရှိသော သတ္တဝါတို့ကား မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းဖော်သော် အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း” ဟူ၍ ဆိုကြလေ သတည်း။ ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)