Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မင်းယုဝေ၊တက္ကသိုလ်ဝင်းမွန် - အာရှပုံပြင်များ

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out
Type
မင်းယုဝေ
ဆင်သားအမိနှင့် လူနှစ်ယောက်

          တစ်ရံရောအခါ တောအုပ်တစ်ခု၌ ဆင်အများ နေထိုင်သည်။ ထိုဆင်များထဲတွင် ဆင်သားအမိနှစ်ကောင်မှာ ထူးခြားသည်။ သား ဖြစ်သူဆင်ကလေးမှာ နုပျိုသန်စွမ်းသည့်အပြင် ဆင်ဖြူဖြစ်၍ အလွန်လှပတင့်တယ်သည်။ မိခင်ဆင်မကြီးမှာမူ အိုမင်းမစွမ်းရှိ သည်သာမက မျက်စိလည်း မမြင်ရှာပေ။

          ဆင်ဖြူကလေးသည် လိမ္မာ၍ မိဘကျေးဇူးကို နားလည်သူ ဖြစ်သည်။ ထို့ကြောင့် မျက်မမြင်မိခင်ကြီးကို အစွမ်းကုန် ပြုစု စောင့်ရှောက်သည်။ မျက်မမြင်မိခင်အိုကြီးမှာ အစာရှာဖွေစား သောက်ခြင်းမပြုနိုင်ဘဲရှိရာ ဆင်ဖြူကလေးကပင် အစာရှာဖွေ ကျွေးမွေးသည်။

          ဤသို့ အစာရှာဖွေကျွေးမွေးစဉ် မကြာခဏပင် ဆင်ဖြူ ကလေးယူဆောင်လာသော အစာများကို အခြားဆင်များက စား သောက်ပစ်တတ်ရာ မိခင်အိုမှာ အစာဝလင်စွာ မစားရရှာပေ။ ထို့ကြောင့် ဆင်ဖြူကလေးက မိခင်အိုကြီးအတွက် ရှာဖွေယူဆောင် လာသော အစာများကို စားသောက်ခြင်းမပြုရန် အခြားဆင်များကိုတောင်းပန်ပြောဆို၏။ သို့ရာတွင် ဆင်များက ဆင်ဖြူကလေး စကား ကို မနာယူကြ။ အတင်းပင် လုယူစားသောက်ကြသည်။ ကြာသော် ဆင်ဖြူကလေးမှာ သည်းမခံနိုင်ဖြစ်လာသဖြင့် မိခင်အိုကြီးကိုခေါ်ကာ ဆင်အများနှင့်ဝေးရာ ဂူတစ်ခုတွင် သွားရောက်နေထိုင်လေသည်။

          ဆင်သားအမိ နေထိုင်ရာဂူမှာ ကောင်းမွန်သည်။ အနီးတွင် ရေကန်တစ်ခုလည်း ရှိသည်။ သီးပင် ဝါးပင်များလည်း ရှိသည်။ ဆင်ဖြူကလေးမှာ ကောင်းစွာ အစာရှာဖွေနိုင်သည့်ပြင် မျက်မမြင် မိခင်အိုကြီးကိုလည်း ဝလင်စွာ ကျွေးမွေးပြုစုနိုင်လေသည်။ ထိုနေရာ သို့ရောက်မှ ဆင်သားအမိမှာ စိတ်အေးချမ်းသာ နေနိုင်လေသည်။

          ထိုသို့ အေးချမ်းစွာ နေထိုင်လာရာမှ တစ်နေ့သောအခါဆင်ဖြူကလေးသည် လူသားတစ်ယောက်၏ အော်သံကို ကြားရ သည်။ ဆင်ဖြူကလေးက “အမေ အော်သံကြားရတယ်။ လူတစ် ယောက်ရဲ့ အော်သံဖြစ်မှာပဲ။ သူ့ခမျာ ဘေးဒုက္ခကြုံတွေ့ နေဟန် တူတယ်” ဟူ၍ ပြောဆိုသည်။

          ဆင်မကြီးက “ဟုတ်တယ် ငါ့သား၊ လူရဲ့ အော်သံပဲ။ ဒါပေ မဲ့ လူကိုတော့ အဝေးက ရှောင်ပါကွယ်။ လူတွေက ကျေးဇူးလည်း မသိဘူး။ ရက်လည်း ရက်စက်တယ်။ သူတို့ ဘယ်လိုဒုက္ခတွေ့ တွေ့ ကယ်ဖို့စိတ်မကူးနဲ့ ငါ့သား” ဟူ၍ ပြန်လည်ပြောဆိုသည်။

          ဆင်ဖြူကလေးမှာ လွန်စွာ သနားကြင်နာတတ်သူဖြစ်သည်။ မိခင် ဆင်မကြီးက ဤသို့ တားမြစ်ပြောဆိုသော်လည်း မနာယူ။ အော်သံကြားရာအရပ်သို့ မိခင်မသိအောင် တိတ်တဆိတ် သွား ရောက်ကြည့်ရှုလေသည်။ ။

          ထိုအခါ ရေကန်အနီးတွင် လူတစ်ယောက် အော်ဟစ် ညည်း တွားလျက်ရှိသည်ကို တွေ့ရသည်။ - ဆင်ဖြူကလေးက ထိုသူအား “အဆွေ၊ သင် ဘာကြောင့် အော်ဟစ်ညည်းတွားနေပါသလဲ” ဟူ၍ မေးမြန်းသည်။

          ထိုသူက “အဆွေ ဆင်ဖြူ၊ ငါ တောထဲမှာ မျက်စိလည် လမ်းမှားနေတာ ၇ ရက်ရှိပြီ။ အစာလည်း ကောင်းကောင်းမစား ရဘူး။ ငါ့မြို့ ငါ့ရွာကိုလည်း ဘယ်လိုပြန်ရမှန်း မသိဘူး။ ငါ့ကို သနားရင် ကယ်ပါ။ ကျေးဇူးပြုပြီး လမ်းပြပေးပါ” ဟူ၍ တောင်း ပန်ပြောဆိုသည်။

          ဆင်ဖြူကလေးသည် ထိုသူအား သစ်သီးများ ခူး၍ ကျွေး မွေးသည်။ ထို့နောက် သူ၏ကျောပေါ်သို့ တက်စေကာ မြို့ရွာသို့သွားရာ လမ်းအနီးသို့ ရောက်သည်အထိ ခေါ်ဆောင်ပို့ပေးလိုက် လေသည်။ ထိုသူသည် ဆင်ဖြူကလေးအား ကျေးဇူးစကားဆိုကာ မြို့ရွာသို အေးချမ်းစွာ ထွက်ခွာသွားလေသည်။          

          ဆင်ဖြူကလေးသည် မိခင်ရှိရာဂူသို့ ပြန်သွားကာ အကျိုး အကြောင်း ပြောပြသည်။ “အမေ၊ ကျွန်တော် ဒုက္ခရောက်သူကို ကယ်ခဲ့တယ်။ သည်အတွက် ကျွန်တော် ဝမ်းသာကြည်နူးလို့ မဆုံးပါဘူး” ဟူ၍ ပြောဆိုလေသည်။

ဤသို့ ကယ်ဆယ်ပြီး မကြာမီပင် ဆင်ဖြူကလေးမှာ ကြမ္မာ ဆိုး ဝင်လာလေသည်။

          ဆင်ဖြူကလေး ကယ်လိုက်သူသည် မြို့တော်သို့ ရောက်ရှိ ပြီး မကြာမီပင် ဘုရင်၏ ဆင်ဖြူတော်မှာ သေဆုံးသွားလေသည်။ ဘုရင်လည်း ဆင်ဖြူကို အလိုရှိသဖြင့် မြို့ရွာအနှံ့ ရှာဖွေစေသည်။ သို့ရာတွင် ဆင်ဖြူတစ်ကောင်မှ မတွေ့ပေ။ ထိုအခါ ဘုရင်က ဆင်ဖြူရရှိအောင် ဆောင်ကြဉ်းပေးနိုင်သူကို ဆုငွေများစွာ ပေး သနားမည်ဟု ကြေညာလေသည်။

          ဆင်ဖြူကလေး ကယ်လိုက်သူမှာ လူကောင်းမဟုတ်ပေ။ လောဘကြီးသူဖြစ်သည်။ သူ့ကျေးဇူးကို မသိသူဖြစ်သည်။ သူက ဘုရင့်အား အလွန်လှပတင့်တယ်သော ဆင်ဖြူကလေးတစ်ကောင် ကို မိမိတွေ့ရှိခဲ့ကြောင်း၊ ထိုဆင်ဖြူကျက်စားရာအရပ်ကို မိမိသိရှိကြောင်း၊ ဆင်ဖမ်းသမားများနှင့် သွားရောက်ဖမ်းဆီးပါက မုချ ရရှိမည်ဖြစ်ကြောင်း၊ ထိုအရပ်သို့ မိမိကဦးဆောင်၍ လမ်းပြပေး မည်ဖြစ်ကြောင်း လျှောက်ထားသည်။

          ဘုရင်လည်း ဝမ်းသာအားရပင် ထိုသူနောက်သို့ ဆင်ဖမ်းသမားများကို ထည့်လိုက်သည်။ မကြာမီ သူတို့သည် ရေကန် အနီး၌ အစာရှာနေသော ဆင်ဖြူကလေးကို တွေ့ရှိကြသည်။ ချက်ချင်းပင် ဝိုင်းဝန်းဖမ်းဆီးရာ ဆင်ဖြူကလေးကို ဖမ်းဆီးရမိလေသည်။ ဆင်ဖြူကလေးမှာ ထိုသူတို့လက်တွင် ရုန်းကန်လှုပ်ရှားရမှ ဝမ်းနည်း ကြေကွဲမဆုံး ဖြစ်မိရှာသည်။ ။

          “ငါဟာ ငါ့အမေစကားကို နားမထောင်လို့ဒီလိုဖြစ်ရတာပဲ။ ကျေးဇူးကန်းတဲ့ ဒီလူမိုက်ကို မကယ်မိရင် အကောင်းသား။ အခု တော့ သူ့ကို ငါကယ်မိလို့ တို့သားအမိ ဒုက္ခရောက်တာပဲ။ ငါမရှိ ရင် ငါ့အမေမျက်မမြင်ကြီးဟာ ဘယ်လိုအစာရှာစားပါ့မလဲ။ အစာ မရှာနိုင်ရင် မကြာခင် အစာငတ်ပြီး သေရှာတော့မှာပဲ”

          သည်လိုတွေးတောရင်း ဆင်ဖြူကလေးသည် ဆင်သမား များခေါ်ဆောင်ရာ မြို့တော်သို့ ပါသွားရှာလေသည်။

          ဘုရင်သည် ဆင်ဖြူကလေးကို မြင်တွေ့သောအခါ ဝမ်းသာ အားရမဆုံး ဖြစ်မိသည်။ ယခင်ဆင်များနှင့်မတူ၊ ယခုဆင်ဖြူ ကလေးမှာ ပိုမိုဖြူဖွေး၍ လှပသည်။ ပိုမိုတင့်တယ်၍ ပိုမို ကျက် သရေမင်္ဂလာနှင့် ပြည့်စုံသည်။ ထို့ကြောင့် သူသည် ဆင်ကလေး ကယ်ခဲ့သည့် ကျေးဇူးကန်းသူ သူမိုက်အား ဆုငွေများ ပေးသနား သည်။ ထို့နောက် ဆင်ဖြူကလေးအား ကောင်းမွန်သောနေရာ၌ ထားကာ ကောင်းမွန်သောအစာများ ကျွေးမွေးစေသည်။

          ဤသို့ နေရာကောင်းတွင်ထား၍ အစာကောင်းများကို ကျွေးမွေး သော်လည်း ဆင်ဖြူကလေးကား ဝမ်းမသာ၊ မပျော်ရွှင်။ မျက်မမြင် မိခင်အိုကြီး၏ ဒုက္ခကို မြင်ယောင်ကာ ပူဆွေးသောက ရောက်နေ ရှာသည်။ ထို့ကြောင့် သူသည် အစာကို လုံးဝမစားဘဲ တမှိုင်မှိုင်ထားကာ နေရာကောင်းတွင်တမသာ၊ မပျော်ရွှင်တတွေတွေနှင့်သာ ရှိနေရှာသည်။

          ရက်အတန်ငယ်ကြာသော် ဘုရင်သည် ဆင်ဖြူကလေးကို စီးကာ မြို့ကိုလည်ရန် ပြင်ဆင်သည်။ သို့ကြောင့် သူသည် ဆင်ဖြူ ကလေးထံပါးသို့ သွားရောက်သည်။ ထိုအခါ ဆင်ဖြူကလေးမှာ ပိန်ချုံးညှိုးငယ်လျက် နေမကောင်းထိုင်မသာ ရှိနေသည်ကို တွေ့ ရသည်။ ဤတွင် ဘုရင်ကြီးက “အို ဆင်ဖြူကလေး၊ သင့်ကို ငါ အကောင်းဆုံးနေရာမှာထားပြီး အကောင်းဆုံးအစာကို ကျွေးစေခဲ့ ပါတယ်။ အခု သင် ဘာဖြစ်နေပါသလဲ။ ငါထားတဲ့နေရာက မကောင်းလို့လား။ ငါ ကျွေးတဲ့အစာတွေက မကောင်းလို့လား။ သင်အလိုရှိရာကို ပြောပါ။ ငါ ဆောင်ကြဉ်းပေးပါ့မယ်” ဟု မေး မြန်းပြောဆိုသည်။ ။

          ထိုအခါ ဆင်ဖြူကလေးက ငိုယိုကာ အကြောင်းစုံ ပြောပြ သည်။ “အရှင်မင်းမြတ်၊ ကျွန်တော်မျိုး မျက်မမြင်မိခင်အိုကြီးထံပါး ကိုသာ ပြန်လိုပါတယ်။ ကျွန်တော်မျိုးမရှိရင် မိခင်အိုကြီးဟာ သေ ဆုံးသွားရတော့မှာပဲ” ဟူ၍ တောင်းပန်ပြောဆိုသည်။

          ဘုရင်ကြီးမှာ စိတ်ထားမြင့်မြတ်၍ သနားကြင်နာတတ်သူ ဖြစ်သည်။ အမိ၏ ကျေးဇူးကို သိတတ်သော ဆင်ဖြူကလေးကို လေးစားကြည်ညိုခြင်းဖြစ်မိသည်နှင့်အမျှ သူတို့သားအမိကိုလည်း သနား ကြင်နာမိသည်။ ထို့ပြင် ကျေးဇူးကန်းသော သူမိုက်ကို လည်း စက်ဆုပ်မိသည်။

          သို့ဖြင့် ဘုရင်ကြီးသည် ကျေးဇူးကန်းသော လူမိုက်ကို ပြစ် တင်ရှုတ်ချကာ ဆင်ဖြူကလေးကို အနှောင်အဖွဲ့မှ လွှတ်လိုက် သည်။ သူ၏ မိခင်အိုရှိရာသို့ ဘေးမသီရန်မခ ပြန်နိုင်ရန် လိုက်လံပို့ဆောင်ပေးလေသည်။

          ဆင်ဖြူကလေးသည် ဘုရင်ကြီးအား ရှိခိုးပြီးလျှင် မိခင်ထံပါးသို့ ပြေးသွားသည်။ ကံအားလျော်စွာပင် မိခင်အိုကြီးမှာ အစာငတ်သော် လည်း အသက်မသေ။ ကောင်းစွာရှိနေသည်ကို တွေ့ရသည်။

          ဆင်ဖြူကလေးသည် အကြောင်းစုံကို မိခင်အိုကြီးအား ပြောပြသည်။ သို့ပြောပြရာမှ

           “အမေ ... လောကမှာ လူသားတိုင်း မရက်စက်ပါဘူး။ ကျေးဇူးမကန်းပါဘူး။ သားကို ဖမ်းမိအောင် မကောင်းကြံစည်တဲ့ ကျေးဇူးကန်းတဲ့ သူမိုက်မျိုးရှိသလို ဘုရင်ကြီး လို သနားကြင်နာတတ်တဲ့သူမျိုး၊ စိတ်ထားမြင့်မြတ်တဲ့သူမျိုး၊ ကိုယ်ချင်းစာတရားရှိတဲ့သူမျိုးလည်း ရှိပါတယ်”

          ဟု ပြောဆိုရာ မိခင် ဆင်မကြီးက အားရနှစ်သက်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်ပြု၍ နေလေသည်။

မြန်မာပုံပြင်