Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မင်းဆွေ - နာမည်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out
နာမည်
ကျော်စောခြင်း

သတင်းစာတို့မည်သည် ညဉ့် နာရီပြန် ၂ ချက် ဆိုလျှင် အယ်ဒီတာအဖွဲ့ အလုပ် ရပ်စဲစမြဲ ဖြစ်လေသည်။ တစ်ခါက ဗန္ဓုလသတင်းစာတိုက် ညဉ့်အယ်ဒီတာအဖွဲ့မှာ ညဉ့် ၃ နာရီ ထိုးသွားသော်လည်း အလုပ်ရပ်စဲရမှန်း မသိကြသေးချေ။

နက်ဖြန်ထွက်သတင်းစာအတွက် သတင်းဆောင်း ပါးများ အပြည့်အစုံ ဆိုင်ရာသို့ ပို့အပ်ထားပြီးဖြစ်သော် လည်း ဗန္ဓုလအယ်ဒီတာအဖွဲ့မှာ ထိုင်ရာမှ မထကြသေးဘဲ ဝိုင်းဖွဲ့ငြိမ်သက်နေကြ၏။ အမှန်ကား တိုက်ရှင် အယ်ဒီတာ ချုပ် ဗန္ဓုလဦးစိန်က “ဒီကနေ့ညဉ့် သည်းခံစောင့်ဆိုင်းလိုက် ကြပါ'ဟူသော အမိန့်ထားချက်ကြောင့် အိပ်ချိန်ကို သတိ မရဘဲ စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။

စာစီဘက် ဌာနကမူ ၃ နာရီခွဲလုပြီ၊ ဖောင်ပိတ်ရ တော့မလား၊ တော်ကြာ မနက်ထွက်သတင်းစာ နောက်ကျ ကုန်လိမ့်မယ်”ဟု မကြာခဏ လာရောက်ဆူပူနေကြ၏။ တိုက်ရှင်အာဏာကြောင့် ခေတ္တလောက် ဆိုင်းပါဦး'ဟု ငံ့ ထားလိုက်ရသော်လည်း အယ်ဒီတာအဖွဲ့မှာ စောင့်ဆိုင်းနေ သော တစ်စုံတစ်ရာအတွက် များစွာ အားမရလှချေ။

သို့သော် ၃ နာရီခွဲပြီးဖြစ်၍ မကြာမီ ရိုက်တာကြေး နန်းတစ်စောင် ရောက်လာရာ အယ်ဒီတာအဖွဲ့သည်လည်း လှုပ်ရှား၍ သွားတော့လေသည်။

နောက်တစ်နေ့၌ကား “တူရကီသမ္မတ အာဏာရှင် ကီမယ် အတာတပ် ကွယ်လွန်အနိစ္စရောက်ပြီ'ဟူသော ဧရာမစာလုံးကြီးများဖြင့် အခြားသတင်းစာများထက် ဗန္ဓုလက တစ်ရက်စောစွာ ထွက်လာလေသည်။

ဗန္ဓုလဦးစိန်၏ ထင်မြင်ချက် မှန်နေ၏။ ညဉ့်ဦး လောက်က “ကီမယ် အတာတပ်” အသည်းအသန်ဖြစ်နေ သောသတင်းကို ရထားပြီဖြစ်၍ သတင်းစာတွင် လက် မလွတ်စေရန် အယ်ဒီတာအဖွဲ့အား စောင့်ဆိုင်းခိုင်းထားဟန် တူလေသည်။

သို့သော် တစ်ညဉ့်က ကွယ်လွန်အနိစ္စရောက်သူမှာ တစ်ကမ္ဘာလုံး၌ ကီမယ် အတာတပ် တစ်ယောက်တည်း မဟုတ်၊ ကျွန်ုပ် သိရသမျှဆိုလျှင် ဗန္ဓုလသတင်းစာတိုက် နှင့် တစ်လမ်းတည်းနေ ၃-၄ တိုက်ခြားမှ ပွဲစား ကိုအောင်ဖေ ဆိုသူသည် အသက်ပျောက်သွား၏။ သို့ရာတွင် မြေခြား ရေခြားဝေးလံလှသော ကမ္ဘာမြေကြီး၏ တစ်နေရာမှ ကီမယ် အတာတပ်၏ အကြောင်းသာပါပြီး ပွဲစား ကိုအောင်ဖေ နာမည်ဆို၍ သတင်းစာတစ်စောင်လုံးတွင် အစအနံ့မျှ မတွေ့ရချေ။

ကျွန်ုပ်ကား စဉ်းစားစပြုလေသည်။

ဤလောကကား မည်သို့သော လောကနည်း။ ဗန္ဓုလတစ်စောင်တည်းမဟုတ်၊ နောက်တစ်နေ့တွင် ရန်ကုန် သတင်းစာအားလုံးတွင် ပါခဲ့၏။ ကီမယ် အတာတပ်နှင့် တစ်ချိန်တည်း သို့မဟုတ် မရှေးမနှောင်း ဘဝပြောင်းသွား ရသူများကား နာရေးကြော်ငြာအောက်တွင် ၂ ကျပ်ခွဲ ၃ ကျပ် ပေး၍ ချောင်ခပ်ကျကျမှ ပါဝင်ခဲ့ရ၏။

ဤလောကသည် တရားပါ၏ လော။ နီးဝေးမိတ် ဆွေ ညာတိသင်္ဂဟများ သိစေလို၍၊ သို့မဟုတ် သတင်းစာ တွင် ပါချင်လွန်းသဖြင့် ငွေကြေးပေးကြော်ငြာ၍မှ နေရာ ကောင်းကောင်းမရ၊ ကီမယ်အတာတပ်ကိုမူ သူ၏ဂုဏ် ကောင်းများနှင့် သားသားနားနား ဖော်ပြကြရုံမျှမက ထို သတင်းကိုပင် သတင်းစာတိုက်က ငွေကြေးများစွာနှင့် ဝယ် ယူထည့်သွင်းရ၏။

အကယ်တိ ကိုအောင်ဖေသည် ပွဲစားမဟုတ် သမ္မတ အာဏာရှင်သာဖြစ်ပါဘိမူ ကီမယ် အတာတပ်ကဲ့သို့ တစ်ကမ္ဘာလုံးက လေးလေးစားစား အသိအမှတ်ပြုပေလိမ့် မည်။ သို့ရာတွင် သမ္မတ အာဏာရှင်ဖြစ်မှသာ ဤအဖြစ် မျိုးရမည်လောဟု မေးငြားအံ့၊ ဤသို့လည်း တထစ်ချ မမှတ်အပ်ပေ။ ရှေးက ကွယ်လွန်ပြီးသော ဦးထွန်းရှိန်၊ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး၊ ဦးဥတ္တမ၊ ဆရာကြီး ပီမိုးနင်းတို့သည် သမ္မတ အာဏာရှင်မဟုတ်။ သို့သော် သူတို့သည် သတင်းစာများ၌ သားသားနားနား ပါဝင်ခဲ့ လေသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ကြရသနည်း။ ကမ္ဘာကြီး စစ်ဖြစ်ချိန်၌ စစ်ထဲဝင်သူတွေ မရေမတွက်နိုင်။ သတင်းစာ များက မည်သူမည်ဝါဟု ဖော်မပြ။ လက်ဝှေ့သမား ဂျိုလီးစ် စစ်ထဲဝင်သည်ကိုမူ အမေရိကန်တစ်ပြည်လုံး သိရုံမျှမက မြန်မာ သတင်းစာစက္ကူများပေါ်သို့ပင် ရောက်လာ၏။ အထက် မြေဒူးရွာကလေးတွင် သေကျေပျက်စီးပြီးသူများ မည်မျှ များပြားမည်ဟု ကျွန်ုပ်တို့ မသိ။ ရွှေဖီသေသည့် အကြောင်း ကိုမူ သတင်းစာများ၌ တွေ့လိုက်ရ၏။ ရက်စက်ဆိုးသွမ်း သည့်အတွက် အသတ်ခံရသူပေါင်း လက်ချိုး၍ မရေတွက် နိုင်။ စံဖဲအသတ်ခံရစဉ်က တစ်ပြည်လုံးကြား၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ဆင်းရဲသားသူပုန်တွေ အမြောက် အမြား သေကျေခဲ့သော်လည်း ဆရာစံနာမည်ကိုသာ သတင်းစာများက အကြီးအကျယ် ဖော်ပြကြလေသည်။

အစာမရှိ၍ လမ်းဘေးပလက်ဖောင်းပေါ်တွင် ချည့်နဲခွေလဲနေသည့် ဒုက္ခသည်တွေ မကြာခဏ တွေ့ရ၏။ ဂန္ဒီထောင်ထဲ၌ အစာငတ်ခံသောအခါ သတင်းစာများက ယနေ့နက်ဖြန် သန်ဘက် ဖိန်းနွဲ့စသော အင်အားအခြေအနေ ကို စောင့်မျှော်ထည့်သွင်းနေကြလေသည်။ ကျွန်ုပ် ခေါင်းခဲ၍ သေပွဲဝင်ရမတတ် ဝေဒနာခံနေရချိန်တွင် ဂျော့ဘုရင် နှာ စေးနေခြင်းဟု တိုးတက်ရေးသတင်းစာ၌ ပါခဲ့လေသည်။

ဤသို့လျှင် သတင်းစာဆရာများသည် စိတ်ထား မတူ လူလူချင်းအပေါ်၌ ပိုင်းခြား သတ်မှတ်ထားကြောင်း ထင်ရှား၏။ သို့သော် သတင်းစာ၏ အပြစ်လော။ သူတို့ အား အပြစ်တင်ရန် ခဲယဉ်းလှသည်။ “ကျွန်ုပ်တို့သတင်းစာ တိုက်အနီးမှ ပွဲစားကိုအောင်ဖေ သေဆုံးပြီး ဒေါ်ညိုအိသား စစ်ထဲ လိုက်သွားသည်။ မြေဒူးရွာမှ ကုလား မာလယား သေရှာပေါ့။ သူပုန်အောင်ဘုကို သေနတ်နှင့် ပစ်သတ်လိုက်ကြောင်း။ ကူလီ ဘိုးတုတ် အစာမစားရသဖြင့် ယနေ့ ပို၍ ပိန်သည်။ ရန်ကုန်အနောက်ပိုင်းမှ ငဖြိုး နေထိုင်မကောင်း စုသော သတင်းများကို ထည့်သွင်းပေးရမည်ဆိုက သတင်း စာတစ်စောင်လုံး နေရာလောက်ငှမည် မဟုတ်သည့်အပြင် မည်သူမျှလည်း ဖတ်လိုကြမည် မဟုတ်။

သတင်းစာဆရာများကား စာဖတ်ပရိသတ်တည်း ဟူသော သူတို့နှင့် အလုပ်လုပ်နေရသဖြင့် သူတို့အလိုကျ ထည့်သွင်းဖော်ပြနေရလေသည်။ သူတို့လိုချင်တာ ဘာလဲ။ သူတို့အလိုရှိသည့်အကြောင်းမှာ သူတို့လုံးဝ မသိသူများ၏ အခြေအနေကို မမျှော်လင့် သူတို့သိပြီး သူတို့နားလည်ပြီး သူများကောင်းကြောင်း ဆိုးကြောင်း လက်ရှိအခြေအနေကို သိလိုကြားလိုခြင်းသာ ဖြစ်လေသည်။

ဥပမာဆိုအံ့၊ စာဖတ်သူသည် ရန်ကုန် ၃၆ လမ်းမှ ကိုပိန် ကားတိုက်၍ သေသည်ကို မှတ်မိပါသလော။