စိတ်ကူးချိုချိုစာပေ
မင်းဆွေ - ဓါး
Couldn't load pickup availability
အခန်း (၁)
ခြေတံရှည်အိမ်မြင့်ကြီး၏ ဘေးပြတင်းမှ ငုံ့ကြည့် လိုက်လျှင် ခြံဝင်းအတွင်းဘက် သစ်ပင်ရိပ်ကြီးတစ်ခု အောက်တွင် သူတို့ သုံးယောက်ကို မြင်ရလေသည်။
သုံးယောက်အနက် တစ်ယောက်မှာ အသက် ခုနစ် နှစ်မျှ ခန့်မှန်းရသော မိန်းကလေးဖြစ်၍ သူ၏ စင်ကြယ် ဝင်းဝါသော အသားအရေနှင့် ကြည့်လေလေ ကျက်သရေ ရှိသော မျက်နှာကလေးမှာ နောင်တစ်နေ့ကြီးပြင်းလာသော အခါ၌ ကမ္ဘာ၌ မိန်းမချောတစ်ယောက်ဟု ခေါင်းခေါက် အရွေးခံရမည့်အသွင်ကို ဆောင်လေသည်။
ထိုထက် လက်ယာဘက်မေးဖျားတွင် မည်းနက် ထင်ရှားသော မှဲ့ကလေးတစ်လုံးသည် သူ၏အလှကလေး ကို ဝိုင်းကူအားပေးနေသည် ထင်ရ၏။
ကျန်နှစ်ယောက်ကား အဆိုပါမိန်းကလေးထက် သုံးလေးနှစ်မျှ ကြီးပုံရသော ယောက်ျားကလေးများဖြစ်ရာ သူတို့၏ အရိပ်အခြည်ကို ကြည့်ခြင်းအားဖြင့် တော်တော်ရှိ ကမ္ဘာကိုဆောင်ပေးဖျားတွင် မင်းမင်းဆွေ ရင်းနှီး ချစ်ခင်ပုံရ၍ မကြာခဏ တွေ့ဆုံနေကြသော ကစား ဖော်ကစားဖက်များ ဖြစ်ဟန်တူလေ၏။
ထိုနေရာကား သာယာဝတီနယ် အိမ်ခြေနှစ်ရာခန့် ရှိ ရွာ၏အစွန်ဘက် ခြံကျယ်ကြီးတစ်ခုဖြစ်၏။ ခြေတံရှည် အိမ်မြင့်ကြီး၏ ဘေးပြတင်းမှ ငုံ့ကြည့်နေသော အသက် ၄ဝ ကျော်ခန့်ရှိ ဧည့်သည်နှင့် တူသည့်လူကြီးတစ်ယောက် သည် နံဘေးမှ သက်တူရွယ်တူ လူကြီးဘက်လှည့်၍...
“ကိုင်း.. ကိုဖြိုးတင့်၊ ကျုပ်တို့ ဒီလအတွင်း ရန်ကုန် ပြောင်းမယ်ဆိုတာ လွယ်ပါရဲ့ ၊ ကျုပ်သမီးကတော့ ခင်ဗျား သားနဲ့ ဟိုသူငယ်ကို အတော်ခင်ပုံရတယ်။ ခင်ဗျားသား ကလည်း တော်တော်ခင်တာပဲ။ ခွဲဖို့ခက်မနေဘူးလားဗျာ”
အိမ်ရှင် ကိုဖြိုးတင့်သည် အောက်သို့ကြည့်ရင်း ခေါင်းကို ညင်သာစွာညိတ်နေလေ၏။ ထို့ နောက် နေရာတွင် ပြန်ထိုင်လိုက်ကြပြီး...
“ကဲ.. ကိုဘိုးထင်၊ ဒါတွေင့်နေလို့ အပိုပဲ၊ ခင်ဗျား တို့မှာ လုပ်ရေးကိုင်ရေးတွေ ရှိသေးတယ်။ ဘယ်လိုဖြစ်ဖြစ် နောင်ကြီးပြီးလာတဲ့တစ်နေ့ သူတို့ချင်း နေရာကျသွားဖို့ အရေးကြီးတာပဲ။ ဒါပေမဲ့ အတင်းအဓမ္မတော့မဖြစ်စေရ ဘူး။ လူကြီးလုပ်သူက လမ်းကြောင်းပေးရမယ်၊ ကျုပ်တို့ ကတိသာ ကိုဘိုးထင် လေးစားပါနော်”
“စိတ်ချ ကိုဖြိုးတင့်”
ထိုနောက် လူကြီးနှစ်ယောက်သည် တစ်ယောက် နှင့် တစ်ယောက် တီးတိုးတိုင်ပင်နေကြလေ၏။ သူတို့၏မျက်နှာများကိုကြည့်ခြင်းအားဖြင့် အလွန်အရေးကြီးမည် ဆိုလျှင်လည်း ဆိုနိုင်၏။
ခဏ၌ အိမ်အောက်မှ ဆူဆူညံညံအသံကြားရ သဖြင့် လူကြီးနှစ်ယောက်လုံး ထိုကြည့်ကြစဉ် မိန်းကလေး ၏လျင်မြန်သော လက်တစ်ဖက်သည် သူငယ်တစ်ယောက် ၏ လက်ဝဲဘက်ပါးကို တအားပြေးကပ်လိုက်လေ၏။ အရိုက်ခံရသော သူငယ်သည် အရိုက်ခံရသောပါးကို လက် ဝါးနှင့် အုပ်ရင်း မိန်းကလေးအား ငေးစိုက်ကြည့် ရှုနေရာ မာလကာသီးကိုင်ထားသော တခြားသူငယ်တစ်ယောက် သည် နှစ်ယောက်လုံးအား အကဲခတ်နေလေ၏။
“တွေ့သလား ကိုဘိုးထင် ... ခင်ဗျားသမီးက ကျုပ် သားကို ပါးရိုက်လိုက်တယ်”
“အေးဗျာ .. ချီးမွမ်းမိကာ ရှိသေးတယ်။ ဒီလိုဆိုရင် ကောင်မလေးကို ဆုံးမဦးမှ” ကိုဘိုးထင်သည် သမီးကို လှမ်းခေါ်မည်ပြုသဖြင့် ... ။
“နေပေ့စီ .. နေပေ့စီ၊ မိန်းကလေးဆိုပေမယ့် ဒီလို လက်မြန်သူမှ သူတစ်ပါး မစော်ကားဝံ့တာပေါ့၊ ကြိုက် တယ် .. ကြိုက်တယ်။ ကျုပ်သားကိုလည်း ကြည့်ဦး .. ခံမယ်မထင်နဲ့”
ပြောရင်းဆိုရင်းမှာပင် သူငယ်သည် ပါးပေါ်မှလက် ကိုဖြုတ်လျက် ချာကနဲ နောက်ပြန်လှည့်ပြီး သစ်ကိုင်းကျိုး တစ်ခုကို ပြေးဆွဲလေ၏။ တစ်ဟုန်တည်း သွန်ဝင်မည်ပြုမှ ကိုဖြိုးတင့်က “ဟေ့ကောင် ... လာခဲ့ဦး”ဟု ဟန့်ခေါ် ခေါ်မင်းဆွေ လိုက်သဖြင့် သူငယ်သည် သစ်ကိုင်းကျိုးကြီး ပစ်ချ တက် လာလေ၏။
“မင်း ဒီနေ့မနက် ဘုရားရှိခိုးပြီးပလား”
“ဧည့်သည်တွေလာလို့ မေ့နေတယ်”
“သွား .. ကျယ်ကျယ်ရှိခိုးချည်”
“ငါ့မှာ တာဝန်တွေများစွာရှိသည်။ ကုန်းပေါ်မှာ သေသေ၊ ရေထဲမှာသေသေ၊ လေထဲမှာကြေကြေ၊ အထွတ် အထိပ်တွင် ငါနေမည်။ လာမည့်ဘေးပြေး၍ မရှောင် တွေ့အောင် ငါသွားမည်။ အိမ်သည်ကို ဧည့်သည်မစော်ကားရ။ ရန်သူကို လက်စားချေလော့ ..... အာမဘန္တေ”
ကိုဘိုးထင်သည် ထူးဆန်းသောသူငယ်၏ ဘုရား ရှိခိုးကို အံ့သြစွာ နားထောင်နေလေ၏။ ကိုဖြိုးတင့်က ..
“ကြားသလား ကိုဘိုးထင်၊ သူ့မှာ ငယ်သေးလို့ နားမလည်ရှာဘူး။ အယူအကောက်လွဲနေတယ်။ ခင်ဗျား စိတ်မရှိနဲ့။ သူက အိမ်သည်၊ ခင်ဗျာသမီးက ဧည့်သည်ဆို တော့...”
ကိုဖြိုးတင့်သည် ဆက်မပြောတော့ဘဲ အနီးသို့ထ၍ လာရပ်သော သားဘက် လှည့်ကြည့်ကာ ...
“မင်း ဒေါသရှေ့ထားဖို့ နေရာမဟုတ်ဘူး ... ဘယ်လို ဖြစ်လို့ ကောင်မလေးကို ဒီအထိလုပ်မယ် စိတ် ကူးသလဲ”
“မာလကာသီးတစ်လုံးကြွေကျလို့ လုကြတာ ကျွန်တော်ရတယ်၊ ကျွန်တော် တစ်ကိုက်သာ စားရသေးတယ်။ နင်တော်တော့ဆိုပြီး ကျွန်တော်လက်ထဲက လုပြီး ဟိုကောင်ကို ပေးလိုက်တယ်”
“အင်း ... အင်း ... မင်းတစ်ကိုက်စားပြီး တော်ရောပေါ့”
“ကျွန်တော်က ဘာကြောင့် ဒီလိုလုပ်ရမလဲလို့ အနားကပ်သွားတော့ ကျွန်တော့်ပါးကို လှမ်းရိုက်တယ်”
“သူတို့က ဧည့်သည်ပဲကွယ်”
“လူပါးဝတဲ့ ဧည့်သည်ပဲ၊ အိမ်သည်ကို စော်ကား လို့ ဘယ်ဖြစ်မလဲ၊ အိမ်သည်ကို ဧည့်သည်မစော်ကားရ ဘူးလို့ ဆိုတယ်မဟုတ်လား”
သူငယ်သည် မကျေမချမ်းနှင့် တခြားပြတင်းပေါက် မှ သွားရပ့်ကြည့်နေတော့ရာ ကိုဖြိုးတင့်က ... ။
“ကျုပ်သားဟာ အရင်က လူကြောက်ကလေးပေါ့။ လက်ဖျားနဲ့ တို့တာနဲ့ ငိုချင်နေတယ်။ အခု ဒီကြောက်မွေး တွေအကုန် ကျပ် ဆွဲနုတ်ပစ်လိုက်ပြီ။ ပြီးတော့ ... ကျုပ်တို့ မြန်မာလူမျိုးတွေဟာ လူချင်းတွေ့ရင် ... ခြေကိုင်ချင်တယ်။ မကိုင်နဲ့၊ ပခုံးဖက်ပါလို့ ကျုပ်သားကို အမြဲသွန်သင်နေ တယ်။ မတော်တဆ ထိခိုက်နာကျင်သွားလို့ ငိုမယ်ကြံရင် လည်း ကျုပ်ဘယ်တော့မှမပျော့ဘူး။ ကျုပ် ချော့တဲ့နည်း တွေ.. သူတော့ နားရည်ဝခဲ့ရပါပြီ။ ခင်ဗျားတို့လည်း ကျုပ် ဆုံးမပုံ ကြားကောင်းကြားဖူးလိမ့်မယ်”
မကြာမီ ကိုဘိုးထင်သည် အိမ်ပေါ်မှ နှုတ်ဆက် ဆင်းသက်ပြီး သမီးကိုလက်ဆွဲ ထွက်ခွာသွားလေသည်။ဤသေးငယ်သော အခြင်းအရာကလေးကား သစ်လွင်လတ်ဆတ်သော အကြောင်းထူးမဟုတ်။ ၁၉၉၂ ခုနှစ် မြန်မာပြည် ဒိုင်အာခီအုပ်ချုပ်ရေးလက်ထက် ကြီးကျယ်သော ဆရာစံသူပုန်၏ ရှေ့မှ သုံးနှစ်မျှ စောစွာ အပြေး အလွှား အိုဟောင်းဆွေးမြည့် ပျောက်ကွယ်သွားပြီး ဖြစ်လေ သတည်း။


