စိတ်ကူးချိုချိုစာပေ
မင်းဆွေနှစ် - မန္တလေးကဗျာ
မင်းဆွေနှစ် - မန္တလေးကဗျာ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ဘဘ-သို့
ဘ ကိုတ၍၊ ဖွင့်ဟရင့်ကြွေး
ငြိမ်းချမ်းရေးကို
မနှေးရအောင် ဆောင်ပါမည်။
ကိုလေး(အင်းဝဂုဏ်ရည်)
၁-၈-၆၄။
ထို အမေ
သဘာဝရဲ့
အလှလက်ဆောင်
တောင်လည်းပါတယ်
တောလည်းပါတယ်
မြစ်တွေပါတယ်
ပင်လယ်ပြာပြာ
မြေပြန့်တွေလည်းပါတယ်
ဘယ်မှာမှမရှိ
အမိမြေရယ်
နေပျော်လိုက်တာ
ဒါ
ငါတို့
ငါတို့ရဲ့
အမိမြေမြန်မာ။
ခါးစည်းပုဆိုး
မိုးလုံလေလုံ အရှက်လုံ
ထမင်းတွေ အပုံပေးတယ်
ဟင်းတွေ အကုန်ကျွေးတယ်
ပတ္တမြားနီလာ
ကျောက်စိမ်းဥဿဖရား
ကမ္ဘာကျော်မျိုးစုံ
ကမ္ဘာတုန်ရတနာ
ဘယ်မှာမှမရှိ
အမိမြေရယ်
နေပျော်လိုက်တာ။
မြန်မာ့ကျွန်းလို့
ညွှန်းလိုက်ကြတဲ့သစ်
သစ်ညီအစ်ကိုတွေ
ရေပန်းစားကျော်ကြား
ကမ္ဘာတစ်လွှား
ဒီရေတောက
လှိုင်းကြွမလာနဲ့
ကာကွယ်မယ် ..
အတောင်ပံနဲ့
ပျံဝဲနေတဲ့မျိုးစိတ်တွေ
ခြေလေးချောင်းတွေ
ရေချိုရေငန်သတ္တဝါတွေ
မြန်မာပြည်မှာ ပေါပါ့ကွယ် ...
ကြေးနီ ကြေးဝါ
ဘော်တွေ ရွှေတွေ
ဓာတ်ငွေ့တွေ ရေနံတွေ
ယူရေနီယံ
သယံဇာတ
ကြွယ်ဝ
လှလိုက်တဲ့ အမိမြေ
အို
နေပျော်လိုက်တာ ...
အမေကျွေးတာစား
အမေဆင်တာ ဝတ်
အမေဆောက်တာ နေ
စာပေ ဖတ်ကြည့်
သိပါတယ်...
ခေါင်းခွဲ
ဗိုက်ခွဲ
အသည်းထုတ်
အူထုတ်
ခြေခုတ်
လက်ဖြတ်
သတ်မယ်တော့မကြံနဲ့
မြန်မာတွေမှာ လက်ပါတယ် ....။
ကိုလေး(အင်းဝဂုဏ်ရည်)
၁၅-၁၁-၂၀၁၅။
ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု၊
၂၀၁၅ ခု၊ ၉ ကြိမ်မြောက်၌ ဆုရကဗျာ)
ညသံပေါက်
ရွာဦးနတ်စင်
မီးရောင်မြင်
မောင်ရင် ကိုရင် လှုပ်လှုပ်ရွရွ။
ဓားလှံမြမြ
တသသ
ဘယ်မှာလဲဟ ခက်ရင်းခွ။
ကြက်သားအုပ်မ
ဆောင်းအုပ်ကြ
ခဲနဲ့ဖိဟ တုံးဖိဟ။
ဟို နွားဂျစ်သိုး
တော်တော်ဆိုး
နှာကြိုးတင်းတင်း
ချည်လိုက်ကြ။
ကျီတိုင်ထောင့်ချိုး
ဟို ခွေးဆိုး
သံကြိုးရှင်းရှင်းဖြေလိုက်ကြ။
လက်နှိပ်ဓာတ်မီး
ထိပ်ကားကြီး
ဖန်သီးကျွမ်းကို လဲစမ်းဟ။
သက်ကြီးခေါင်းချ
ခွေးဟောင် ထ
ငှက်ကြီးတောင်ကြီးတဆဆ။
ခြံစည်းရိုးတိုး
ခွေးသူခိုး
ချိုးချိုးချွတ်ချွတ် လုပ်နေကျ။
ဇီးကွက် ဇီးကွက်
ညပျော်ငှက်
စည်းချက်ညီညီ အော်နေကျ။
အောက်အီးအီးအွတ်
သံကုန်လွှတ်
ရွာကျွတ်တွန်ကြ သန်းခေါင်ည။
ကင်းတဲသံချောင်း
ကားခွေဟောင်း
ကောင်းဖို့ ကောင်းပါ့ ရဲသွေးကြွ။
Share










