Skip to product information
1 of 2

Other Websites

မင်းခိုက်စိုးစန် - ဟာသအကြောင်းအက်ဆေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

သစ်သားမီးခြစ်ဆံကို စတင်တီထွင်တဲ့သူက အင်္ဂလန်နိုင်ငံ စကော့တန်မြို့က ဂျွန်ဝေါ့ကားဆိုတဲ့ပုဂ္ဂိုလ်ပါ။

သူက...အင်တီမိုနီ ဆာလဖိုက်၊ ပိုတက်စီယမ်ကလိုရိတ်နဲ့ ကော်တစ်မျိုး ရောစပ်ထားတဲ့ အရည်ထဲမှာ သစ်သားစလေးတွေကို ထိပ်ဖျားစွပ်ရုံနှစ် ပြီး အခြောက်ခံတယ်တဲ့။ နောက် မီးခြစ်ခြစ်တဲ့အခါကျတော့ သစ်သားစ လေးတွေကို ကော်ပတ်စက္ကူကြမ်းပေါ်မှာပွတ်ပြီး ခြစ်လိုက်တာပေါ့။

 

နောက်ပိုင်းမှာ ပြင်သစ်နိုင်ငံက ဒေါက်တာချားလ်စ်ဆာ ယား နဲ့ အမေရိကန်က အေ၊ ဒီ၊ ဖီးလစ်တို့လုပ်တဲ့ မီးခြစ်တွေမှာကျတော့ ဖော့စဖိုရပ် Phosphorousနဲ့ ဆာလဖာ Sulphurကိုပါ ထည့်သွင်း ပြုလုပ်လာကြတယ်။

 

ဆာလဖာတို့ များများထည့်ပေးထားတော့ မီးခြစ်ဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ တစ်ခါနှစ်ခါ ထိလိုက်ရုံနဲ့ မီးလွယ်လွယ်ထပြီး တောက်လောင်တာပေါ့။ ဆာလဖာဆိုတာက “ယမ်း” ကိုး။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ဖော့စဖိုရပ်(Phophorous) အကြောင်းပါ။ မြန်မာတွေရဲ့ အခေါ်အဝေါ်အရတော့ “မီး စုန်းဓာတ်” ဆိုတာပေါ့။ ဒါဟာ မီးတောက်လောင်ဖို့ အရေးပါတဲ့ ဓာတ် တစ်မျိုးပါ။

ဖော့စဖိုရပ် (မီးစုန်း) ဟာ လေနဲ့ထိရုံနဲ့ မီးထတောက်နိုင်စွမ်းတဲ့ သတ္တိရှိတယ်။ ဒါကြောင့် ဖော့စဖိုရပ်ကို လေနဲ့ တိုက်ရိုက်မထိတွေ့အောင် ကော်တစ်မျိုးနဲ့ ဖုံးလွှမ်းထားရတယ်။

မီးခြစ်ဆံကို ခြစ်လိုက်တဲ့အခါကျတော့ အပေါ်က ဖုံးလွှမ်းထား တဲ့ ကော်အလွှာက ပဲ့ထွက်သွားတယ်။ အောက်က ဖော့စဖိုရပ်ပေါ်လာ ပြီး “ဟုန်း” ခနဲ မီးထတောက်တာပေါ့။

 

မီးတောက်ကို ချက်ချင်း ငြိမ်းမသွားအောင်လို့ အောက်ဆီဂျင် ဓာတ်ပါတဲ့ ပိုတက်စီယမ်ကလိုရိတ်က ကူညီပေးပါတယ်။ မီးဟာ အောက် ဆီဂျင်ကို ကြိုက်တယ်လေ။ အောက်ဆီဂျင်ကို စားသုံးပြီး မီးလောင်ကျွမ်း ရတာကိုး

ဒါဟာ သစ်သားမီးခြစ်ဆံလေးကို ခြစ်လိုက်တဲ့အခါမှာ ဖြစ်ပေါ် လာတဲ့ ဖြစ်စဉ်ပါပဲ။

 

(၂ )

ကျွန်တော်က လူတွေရဲ့ နှလုံးအိမ်ထဲကို စိတ်ကူးနဲ့ ချောင်း ချောင်းကြည့်မိပါတယ်။

အဲဒီမှာ ကျွန်တော် တအံ့တဩ တွေ့လိုက်ရတာက လူတွေရဲ့နှလုံးအိမ်က မီးခြစ်ဆံတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကြီးတစ်လုံးနဲ့ ဆင်ဆင် တူနေတာပဲကို။

လူတွေရဲ့ ရင်ထဲမှာ “အတ္တ” ဆိုတာရှိတယ်။ အဲဒါကို ကျွန်တော် က ဖော့စဖိုရပ် (Phosphorous) လို့ နာမည်ပေးလိုက်တယ်။ ဘာဖြစ် လို့လဲဆိုတော့ လူရဲ့ အတ္တဟာ ဖော့စဖိုရပ်လိုပဲ လွယ်လွယ်နဲ့ မီးထတောက် နိုင်တာကိုး၊

နောက်တစ်ချက်က လူတွေရဲ့ ရင်ထဲမှာ “ဆင်ခြင်တုံတရား” ဆိုတာ ရှိတယ်။ အဲဒါကိုတော့ ကျွန်တော်က “ကော်အလွှာ” လို့ နာမည် ပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆင်ခြင်တုံတရားက ဖော့ စဖိုရပ်ကို မီးမတောက်အောင် ဖုံးလွှမ်းကာပေးထားရသလိုမျိုး ကျွန်တော်တို့ရဲ့ “အတ္တ” တွေ ဘွားဘွားကြီး ပေါ်လွင်မနေအောင် ဖုံးလွှမ်းအုပ်မိုး ထားရလို့ပါ။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် လူမှုဆက်ဆံရေး နယ်ပယ်ကတော့ ကြမ်းတမ်းတဲ့ မျက်နှာပြင်တစ်ခု ဖြစ်နေနိုင်ပေရဲ့။

 

အခန့်မသင့်လို့ အဲဒီ လူမှုဆက်ဆံရေးမျက်နှာပြင် ကြမ်းကြမ်း နဲ့ ပွတ်တိုက်လိုက်မိတဲ့အခါ ကျွန်တော်တို့ရဲ့ ဆင်ခြင်တုံတရား “ကော် အလွှာ” ဟာ ပဲ့ကြွေကွာကျသွားတယ်။ အဲဒီမှာတင် အတွင်းက အတ္တ “ဖော့စဖိုရပ်” ဟာ “ငါကွ” လို့ ဟစ်ကြွေးပြီး မီးထတောက်ပြလိုက်တာပါပဲ။

' အဆင်မသင့်ရင် အဲဒီမီးဟာ ကိုယ့်ဘဝတစ်ခုလုံးကိုကော ကို ပတ်ဝန်းကျင် ကိုယ့်မိသားစု တစ်ခုလုံးကိုပါ လောင်ကျွမ်းသွားတက် တာမျိုးပါ။ သိပ်ကြောက်စရာကောင်းပါတယ်။

ဒါဖြင့် ဘာတွေလုပ်ကြမလဲ။ ကိုယ့်အတ္တ “ဖော့စဖိုရပ်” ကိုဖယ်ရှားပစ်မလား။ လူမှုရေးမျက်နှာပြင် ကြမ်းရှရှတွေကို ညှိနှိုင်းပြီး ချောမွေ့အောင် လုပ်ကြမလား။

(၃)

ဘာရယ်မဟုတ်ပါဘူး။ သစ်သားမီးခြစ်ဆံလေးတစ်ချောင်းကို ကြည့်ပြီး ကျွန်တော် ရိုးရိုးလေးပဲ စဉ်းစားကြည့်နေမိတာပါ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)