Skip to product information
1 of 2

Other Websites

မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့်မိစ္ဆာခန်းဆောင်(ပ)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          နံပါတ် (၄) ပရီဖက်ဒရိုက်လမ်းရှိ နေအိမ်၌ နံနက်စာစားပြီးချိန်တွင် ထုံးစံအတိုင်း အငြင်းပွားသံများ ထွက်ပေါ်လာသည်။ ဟယ်ရီ၏ အခန်းထဲတွင် အန်ကယ်ဗာနွန်ဒါစလေက ဇီးကွက်တစ်ကောင်လို ကျယ်လောင်စူးရှစွာ အော် တစ်ရင်း နံနက်ခင်းကို ဖြိုခွဲလိုက်လေသည်။

          “ဒီတစ်ပတ်အတွင်း သုံးခါရှိပြီ၊ မင်းရဲ့ဇီးကွက်ကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ဒီသတ္တဝါကို မောင်းထုတ်ပစ်လိုက်ရလိမ့်မယ်”

ဟယ်ရီကပြန်၍ ရှင်းပြရန် ကြိုးစားသေးသည်။

          “သူ... ပျင်းနေလို့ပါ။ သူက အပြင်ထွက်ပြီး အနီးအနားပတ်ဝန်းကျင်မှာ ပျံသန်းနေကျလေ၊ တကယ်လို့ ကျွန်တော်သူ့ကို ညဖက်တပြင်ထွက်ခွင့်ပေးနိုင်မယ် ဆိုရင်..."

          “မင်းပြောသလိုလုပ်ရလောက်အောင် ငါက အရူးပုံစံပေါက်နေပြီးသား ကွ .. ဟင်၊ ဒီဇီးကွက်ကို အပြင်ထွက်ခွင့်ပေးလိုက်ရင် ဘာတွေဖြစ်လာမလဲ ဆိုတာ ငါသိတယ်...”

          ဟု အန်ကယ်ဗာနွန်က ပြန်အော်လိုက်စဉ် ကြက်ဥကြော် အချို့က သူ၏ ရှုပ်ထွေးပွေလိမ်နေသော နှုတ်ခမ်းမွှေးပေါ်တွင် ယီးလေးခိုနေကြသည်သူနှင့်သူ့မိန်းမ ပီကျူးနီးယားတို့ တစ်ယောက်နှင့်တစ်ယောက် စိတ်မသက်မသာကြည့်လိုက်ကြ၏။

          ဟယ်ရီက ပြန်ငြင်းရန်ကြိုးစားသော်လည်း သူ့စကားလုံးများက ဝါစလေ မောင်နှံ၏သား ဒတ်ခလေ၏ ရှည်လျားကျယ်လောင်စွာ လေချဉ်တက်ရင်း ပြော လိုက်သော စကားသံအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားလေသည်။

          “ကျွန်တော် ဝက်ပေါင်ခြောက် ထပ်လိုချင်သေးတယ် ။

          “ဒယ်အိုးထဲမှာ ဝက်ပေါင်ခြောက်တွေအများကြီးရှိတယ်... သား သားလေး”

          အန်တီပီကျူးနီးယားက ဝေ၀ါးသောမျက်လုံးအစုံကို သူမ၏ကြီးမားထွားကြိုင်းလှသော သားထံသို့ လွှဲကြည့်ရင်းပြောလိုက်သည်။

          “အခွင့်အရေးရတုန်း သားကိုကောင်းကောင်းကျွေးမွေးထားရမယ်။ ကျောင်း က အစားအသောက်တွေအကြောင်း ပြောသံကြားရတာ မေမေစိတ်မချမ်းသာဘူး” - "အဓိပ္ပါယ်မရှိတာ... ပီကျူးနီးယားရယ်။ ငါစမဲတင်းကျောင်းတက်တုန်း က မဝရေစာနှင့်နေရတာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ ဒတ်ဒလေလည်း ဝဝလင် လင်စားရမှာပါ။ ဟုတ်တယ်မဟုတ်လား ငါ့သားကြီး...”

          ဒတ်ဒလေက လွန်စွာကြီးမားထွားကြိုင်းလှသောကြောင့် သူ့တင်ပါးဆုံကြီး မှာ မီးဖိုချောင်ကုလားထိုင်၏ အစွန်းနှစ်ဖက်တွင် လျှံထွက်နေ၏။ သူကဟယ်ရီ ဘက်သို့လှည့်ပြီး ပြုံးပြုံးနှင့် ကြည့်လိုက်သည်။ ဒတ်ဒလေက “ဒယ်အိုးပြားလေးပေးစမ်း..." ဟု ရင့်ရင့်သီးသီး ခိုင်း၏။ ထို့ကြောင့်…

ဟယ်ရီက သူ့ကိုမခံချိမခံသာဖြစ်အောင် ပြန်ပြောလိုက်သည်။

          “ငါ့ကို အဲဒီလိုမျိုး ဆက်ဆံနေရင် မှော်မန္တန်တွေရဲ့ အစွမ်းကို တစ်နေ့မဟုတ် တစ်နေ့တော့ မင်းတွေ့ရလိမ့်မယ်"

         ထိုရိုးစင်းသော စကားလေး၏ ကျန်မိသားစုဝင်များအပေါ် သက်ရောက်မှုကမယုံကြည်နိုင်စရာပင်...။ ဒတ်ဒလေကား ပင့်သက်ရှိုက်ရင်း ကုလားထိုင် မှ ဒုန်းခနဲ ပြုတ်ကျသွားသည်မှာ မီးဖိုချောင်တစ်ခုလုံးပင် တုန်ခါသွား၏။

          အန်တီပီကျူးရီးယားက အသံစူးစူးနှင့် တစ်ချက်အော်လိုက်ပြီး သူမ၏ပါးစပ်ကိုလက်များဖြင့် အုပ်ထား၏။ အန်ကယ်ဘနွန်ကမူ ရုတ်တရက်ထခုန်လိုက်ပြီး သူ၏နားထင်ကြောများထောင်လာ၏။

          “ကျွန်တော့်ကို လေးလေးစားစားပြောဆိုဆက်ဆံဖို့ ဆိုလိုတာပါ  ဟိုဒင်းဖြစ် မရည်ရွယ်ပါဘူး ...

          ဟယ်ရီက ကဗျာကယာပြောလိုက်သည်။ "မင်းကိုငါ ဘာပြောထားလဲ။ ငါတို့ရဲ့အိမ်မှာ စုန်းကဝေစကားတွေ မသုံးရဘူဆိုတာလေ...” အန်ကယ်ဗာနွန်က ထစ်ချုန်းကျယ်လောင်စွာ အော်လိုက်စဉ် တံတွေးစက်များ စားပွဲပေါ်သို့ တဖွားဖွားကျလာ၏၊ 

         “ဒါပေမယ့်... ကျွန်တော်...” 

         “မင်းကများ ဒတ်ဒလေကို ခြိမ်းခြောက်ရဲသလား..."

          အန်ကယ်ဗာနွန်က ဒေါသတကြီးအော်ဟစ်ရင်း စားပွဲကိုလက်သီးနှင့် ၀ုန်းကနဲထုလိုက်၏။ ကျွန်တော်က..."

         “မင်းကိုငါသတိပေးမယ်။ ဒီအိမ်မှာ မင်းရဲ့စုန်းလိုလို၊ ကဝေလိုလိုကိစ္စ တွေကို ငါသည်းခံမှာမဟုတ်ဘူး”

          ဟယ်ရီက သူ့ဦးလေး၏ ခရမ်းရောင်မျက်နှာကြီးကိုတစ်လှည့် သူ့အဒေါ်၏ ဖြူရော်ရော်မျက်နှာကိုတစ်လှည့် ကြည့်လိုက်သည်။ သူမက ဒတ်ဒလေကိုဆွဲထူနိုင် အောင် ကြိုးစားနေ၏။ 

          “ကောင်းပါပြီခင်ဗျာ ... ကောင်းပါပြီ...” ဟယ်ရီက လေပြေကလေးနှင့် ပြောလိုက်သည် ။

          အန်ကယ်ဗာနွန်က ထိုင်ချလိုက်ကာ အမောဖောက်နေသော ကြံ့ကြီးတစ် ကောင်လို အသက်ကိုပြင်းထန်စွာရှူရင်း သူ၏သေးငယ်စူးရှသော မျက်လုံးထောင့် မှ ဟယ်ရီကိုအနီးကပ်စောင့်ကြည့်နေ၏။

          နွေရာသီအားလပ်ရက်များအတွက် ဟယ်ရီအိမ်ပြန်လာသည့်အချိန်မှ စပြီး အန်ကယ်ဗာနွန်က သူ့ကိုအချိန်မရွေး ထပေါက်ကွဲနိုင်သော ဗုံးတစ်လုံးလိုဆက်ဆံ ၏။ အကြောင်းမှာ ဟယ်ရီသည် သာမန်ကောင်လေးတစ်ယောက်မဟုတ်သောကြောင့်ဖြစ်သည်။ တကယ်လည်း သူသည် ရိုးရိုးသာမန်လူတစ်ဦးမဟုတ်ပါ။ ဟယ်ရီပေါ်တာကား စုန်းတစ်ယောက်ဖြစ်လေသည်။ ဟော့ဝပ်စုန်းကဝေ အတတ်ပညာသင်ကျောင်းတော်ကြီးတွင် ပထမနှစ်အဖြစ် ပညာသင်ကြားလာခဲ့သော စုန်းအသစ်စက်စက်ကလေးဖြစ်သည်။ အကယ်၍ ခါဒလေမိသားစုက နွေရာသီအားလပ်ရက်များ၌ သူ့အားလက်ခံထားရသည်ကို မပျော်မရွှင်ဖြစ်နေမည် ဆိုလျှင်လည်း သူကတော့ဘယ်လိုမှမခံစားရချေ။

          အစာအိမ်နှာကို နှစ်ရှည်လများ ခံစားနေရသလိုမျိုး သူဟော့ဝပ်ကို လွမ်းဆွတ်နေမိသည်။ သူသည်လျှို့ဝှက် လူသွားစင်္ကြံနှင့် တစ္ဆေများရှိသောရဲတိုက်၊ သူ၏ ကျောင်းသင်ခန်းစာများ (ဆေးရည်များအကြောင်းသင်သော ပရော်ဖက်ဆာစနိပ်မပါ)ဇီးကွက်နှင့် စာပို့သောအချိန်၊ ခန်းမကျယ်ကြီးထဲမှ စားသောက်ပွဲများ စားသောက်ခြင်း၊ မျှော်စင်ရှိအိပ်ဆောင်ထဲမှ သူအိပ်ရာ၊ မသွားရတောအုပ်ဘေးရှိ ကွင်းပြင်ထဲမှ တဲကလေးတွင်နေသော ကျောင်းစောင့်ကြီး ဟက်ဂရစ် ထံသို့ အလည်အပတ်သွားရခြင်း၊ အထူးသဖြင့် စုန်းကဝေလောကတွင် ရေပန်း အစားဆုံးကစားနည်း ဖြစ်သော ကွစ်ဒစ်ကစားခြင်း (ရှည်လျားမြင့်မားသော ဂိုးတိုင်ခြောက်ခု၊ ဘောလုံးပျံလေးလုံးနှင့် တံမြက်စည်းတံများပေါ်မှ ကစားသမား ၁၄ယောက်နှင့် ဒိုင်လူကြီးတစ်ယောက်) ကို လွမ်းဆွတ်နေမိ၏။

          ဟယ်ရီ၏ မန္တာန်စာအုပ်များအားလုံး၊ သူ့ဆေးတောင်ဝှေး၊ ဝတ်ရုံများ၊ ဒယ်အိုးနှင့် ပထမတန်းစား နင်းဗတ် ၂ဝဝဝ-တံမြက်စည်းပျံတို့အား အန်ကယ်ဗာနွန် က ဟယ်ရီအိမ်ပြန်ရောက်လျှင်ရောက်ချင်းလှေကားအောက်မှ ဘီရိုထဲတွင်သော့ခတ်သိမ်းဆည်းထားလိုက်တော့သည်။

          သည်တစ်နွေလုံး လေ့ကျင့်ခန်းမလုပ်ရသဖြင့် သူ၏ကျောင်းဆောင်ကိုယ် စားပြု ကွပ်ဒစ်အသင်းမှ ဟယ်ရီနှုတ်ထွက်လိုက်ရလျှင်လည်း ဒါစလေမိသားစုအတွက် ဘာအရေးလဲ။ ဟယ်ရီအိမ်စာတစ်ခုမှ မလုပ်ရဘဲ ကျောင်းပြန်တက်ရ 'မည့်အချိန်ရောက်လာလျှင်ရော ဒါစလေမိသားစုအတွက် ဘာဖြစ်သေးလဲ...၊

          ဒါစလေမိသားစုသည် စုန်းကဝေများက ခေါ် သလို မတ်ဝယ်များသာဖြစ်ကြသည်။ (သူတို့၏သွေးကြောများထဲတွင် မှော်သွေးတစ်စက်ကလေးမျှမပါချေ) သူတို့ အတွေးတောအပူပန်ဆုံးကိစ္စကား မိသားစုထဲတွင် စုန်းကဝေတစ်ယောက်ရှိနေ ခြင်းသည် မဟာအရှက်ရဖွယ်အပြစ်ကြီးတစ်ခုဖြစ်နေခြင်းပင်။

          အန်ကယ်ဗာနွန်က ဟက်ဒစ်(ဟယ်ရီ၏မှော်ဇီးကွက်မကလေး)ကို စုန်းကဝေလောကထဲရှိ တစ်စုံတစ်ယောက်ထံမှ စာသယ်ယူလာခြင်းအား ဟန့်တားရန် သူမ၏လှောင်အိမ်ထဲ၌ သော့ခလောက်ခတ်ထား၏။

          ဟယ်ရီသည် ကျန်မိသားစုဝင်များနှင့် လားလားမျှမတူချင်ပေ။ အန်ကယ် ဗာနွန်ကတုတ်ခိုင်သန်မာကာ လည်ပင်းပင်ပျောက်လုနီးနီးဖြစ်နေပြီး ကြီးမားထင်ရှားသော အနက်ရောင်နှုတ်ခမ်းမွှေးကြီးရှိသည်။ အန်တီပီကျူးနီးယားကမူ မြင်း မျက်နှာနှင့် အရိုးပဒေသာပုံဖြစ်ပြီး၊ ဒတ်ဒလေကတော့ ဆံပင်ရွှေရောင် အသာ အရေပန်းရောင်နှင့်ဖြစ်ကာ ဝက်နှင့်တူ၏။ ဟယ်ရီကားသူတို့နှင့် ဖီလာဆန့်ကျင်စွာ ၊ `ပိန်ပိန်သေးသေးကိုယ်နှင့် အစိမ်းရောင်မျက်လုံးများ ရှိပြီး အမြဲတစေရှုပ်ပွနေတတ်သော ဆံပင်အနက်ရောင် နှင့်ဖြစ်သည်။ သူက မျက်မှန်အဝိုင်းကိုတပ်ဆင်လေ့ ရှိပြီး နဖူးတွင်ရှည်သွယ်သော လျှပ်စီးကြောင်းပုံသဏ္ဌာန်အမာရွတ်တစ်ခု၊ လေသည်။

          ထိုအမာရွတ်သည် ဟယ်ရီအား စုန်းတစ်ယောက်အနေနှင့် သာမန်ထက် ၊ ထူးခြားစွာ အလွန်ရေပန်းစားအောင်လုပ်ပေးသောအရာပင်ဖြစ်သည်။ ထိုမျှမကသေး ယင်းအမာရွတ်သည် ဟယ်ရီ၏ အလွန်တရာထူးခြားဆန်းကြယ်လှသော အတိတ်ကာလ၏ အရိပ်အမြွက်ဖြစ်ရုံမျှသာမက လွန်ခဲ့သောဆယ့်တစ်နှစ်က သူ့ကို ဒါစလမိသားစု၏ အိမ်လှေကားရင်း၌ ချထားခံရသောအကြောင်းတရား တစ်ခုလည်းဖြစ်ပေသည်။ ထို တစ်နှစ်သားအရွယ်တွင် ဟယ်ရီသည် ခေတ်အဆက်ဆက်၌ အကြီးကျယ် အထင်ရှားဆုံး အောက်လမ်းစုန်းကဝေမှော်ပညာရှင်ကြီး ဂိုဒီမော့၏မန်းမှုတ်တိုက် ခိုက်မှုမှ တစ်နည်းနည်းနှင့် လွတ်မြောက်ရှင်သန်ခဲ့ရသည်။ ထိုဂိုဒီမော့ဆိုသည့် နာမည်ကို စုန်းကဝေအများစုက ထုတ်ဖော်မပြောရဲဘဲ ကြောက်ရွံ့နေကြဆဲပင်ဖြစ် သည်။ ဗိုဒီမော့၏တိုက်ခိုက်မှုကြောင့် ဟယ်ရီ၏မိဘနှစ်ပါးကွယ်လွန်သွားခဲ့ရသော် လည်း ဟယ်ရီကတော့ တစ်နည်းနည်းဖြင့် သူ၏လျှပ်စီးကြောင်းပုံအမာရွတ်နှင့် အတူ သေတွင်းမှလွတ်မြောက်ခဲ့၏။ အဘယ့်ကြောင့် ဗိုဒီမော့၏တန်ခိုးစွမ်းပကားများပျက်စီးပပျောက်သွားပြီး ဟယ်ရီကိုမသတ်နိုင်ဘဲဖြစ်ခဲ့ရသနည်းဆိုသည့် အကြောင်းမှာ မည်သူမှနားမလည်နိုင်ကြသော ပဟေဠိတစ်ပုဒ်ဖြစ်လေသည်။

          သို့နှင့်ဟယ်ရီသည် သူ၏ကွယ်လွန်သွားသော မိခင်၏ အစ်မနှင့်ခင်ပွန်းထံ တွင် ကြီးပြင်းလာခဲ့ရ၏။ ဒါစလေမိသားစုနှင့်အတူ သူဆယ်နှစ်ခန့်အချိန်ကုန်လွန် ခဲ့ပြီး (သူမရည်ရွယ်ဘဲနှင့်) ထူးခြားဆန်းကြယ်သောကိစ္စများ ဘာကြောင့်ပေါ် ပေါက်လာရသည်ကို ထိုစဉ်ကသူလုံးဝနားမလည်နိုင်သေးချေ။ သူ၏မိဘများ ပွဲချင်းပြီး သေဆုံး သွားသော ကားတိုက်မှု့၌လည်း နဖူးထက်တွင် အမာရွတ်ရခဲ့သည်ဆိုသည့် ဒါစလေမိသားစု၏ပုံပြင်ကို အဟုတ်ကြီးမှတ်ကာ ယုံကြည် နေဆဲဖြစ်သည်။

          ဤသို့ဖြင့် တိတိကျကျဆိုရလျှင် လွန်ခဲ့သောတစ်နှစ်က ဟော့ဝပ်ကျောင်းမှ ဟယ်ရီ့ထံစာရေးသောအခါမှသာ သူ၏ဇာတ်လမ်းတစ်ခုလုံး ပေါ်ထွက်လာရတော့သည်။ ထိုဟော့ဝပ်စုန်းကဝေ အတတ်ပညာသင်ကျောင်းတွင် ဟယ်ရီနေရာရလာ ပြီး သူနှင့်သူ့အမာရွတ်မှာလည်း ထင်ရှားကျော်ကြားလာလေ၏။ သို့ရာတွင် ယခုကျောင်းတက်ချိန်တစ်နှစ်ကုန်ဆုံးသွားချိန်၌ နွေရာသီကျောင်းပိတ်ရက်များအတွက် ဒါစလေမိသားစုထံ ပြန်ရောက်လာပြီး အနံ့အသက်ဆိုးဝါးသော ခွေးတစ်ကောင် လို ဆက်ဆံခံနေရရှာလေသည်။

          ယနေ့သည် ဟယ်ရီ၏ တစ်ဆယ့်နှစ်နှစ်မြောက်မွေးနေ့ဖြစ်ကြောင်းကိုပင် ဝါစလေမိသားစုက မှတ်မိခြင်းမရှိပေ။ ဟယ်ရီ အနေဖြင့် ကြီးကြီးမားမားမျှော်လင့်ထားခြင်းမရှိသော်လည်း သူတို့က သူ့ကိုအဖြစ်သဘောလောက် လက်ဆောင်တစ်ခုခု၊ ကိတ်မုန့်တစ်လုံးမျှကိုပင် ပေးကြခြင်းမရှိဘဲ လုံးဝလျစ်လျူရှုထားကြ လေသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)