Skip to product information
1 of 3

Other Websites

မင်းခိုက်စိုးစန် - စေတန်ရဲ့တံဆိပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

အဘကံ ဟာ ရိုးလွန်းလို့ 'အ'တယ်ပဲပြောရမလားမသိဘူး၊ ဘာကို မဆို ယုံလွယ်တော့တာ၊ ရွာတောင်ဖျားက ထိန်ပင်မှာ သရဲကြီးရှိတယ် လို့ပြောရင်လည်း ယုံတာပဲ။

တောစောင့်နတ်၊ တောင်စောင့်နတ် ဆိုတာကိုလည်း ယုံတာပဲ။

ဘယ့်နှယ်ဗျာ... ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးအောင်ရမည်လို့ ပြောတာကိုတောင် ယုံသေးတာ...။

အဘကံကိုယ်တိုင်က သူများတွေအပေါ် တစ်ခါမှ မဟုတ်တာ မလုပ်တဲ့သူဆိုတော့ ဘယ်သူမဆို သူ့လိုချည်းပဲလို့ အောက်မေ့နေပုံရ တယ်။ အဲဒီမှာတင် အဘကံရဲ့ သား ကိုမြဆောင်က သူ့အဖေကို ခပ် တည်တည်နဲ့ လှိမ့်ချင်တိုင်းလှိမ့်နေတော့တာပဲ။

ကိုမြဆောင်က 'ညနေ... ညနေ... စည်တယ်လေ...” ဆို ပခန်းကိုကြီးကျော် သီချင်းသွားကလေးနဲ့ ဖိုးနီတို့ထန်းလျက်ဖိုက ချက်အရက်ကလေး ရီဝေရီဝေငုံချင်တာကလား၊ ခက်တာက အဖေလုပ်တဲ့ အဘကံက သေရည်သေရက်ဆိုလို့ လျှာဖျားပေါ် တစ်စက်ကလေးတင် တာတောင် ကြိုက်တာမဟုတ်ဘူး။ ကိုမြဆောင်ကိုယ်တိုင်က အသက် (၄၀)နားချဉ်းနေပေမယ်လို့ 'မြဆောင်တစ်ယောက် အရက်ဝိုင်းထောင် နေသတဲ့...' ဆိုတဲ့ သတင်းများကြားရင် အဘကံက နီးရာထင်း ချောင်း ကောက်ပြီးလိုက်ရိုက်တာ။

ဒီကလောက်ဆုံးမနေမှဖြင့် ကိုမြဆောင်တစ်ယောက် ဘယ့်နှယ် လုပ်ပြီး “အသောက်မှန်” နိုင်တော့မတုံး လို့ မေးစရာရှိတယ်။

သူ့နည်းနဲ့သူတော့ အလွယ်သား...။

ကိုမြဆောင်က သူ့အဖေယုံလွယ်မှန်းသိတော့... တရုတ်ကုန်စုံ ဆိုင်က ဖန်ပေါင်းချောင် ပုပုဝိုင်းဝိုင်းကြီးတစ်လုံးကို မရမကတောင်း တယ်။ ပြီးတော့ ဖိုးနီ ထန်းလျက်ဖိုက ဦးရည်သုံးလေးပုလင်းဝယ်၊ ဖန်ပေါင်းချောင်ထဲ အပြည့်ဖြည့်တော့တာ။ ,

အရက်ချည်းသက်သက် တော့ မဟုတ်ဘူး။ ရွာနီးချုပ်စပ်မှာ ကောက်လို့ရတဲ့ ခြောက်သယောင်းနေတဲ့ သစ်မြစ်သစ်ခက် အတိုအစ တွေကိုပါ ရေစင်စင်ဆေးပြီး အရက်ပုလင်းထဲထည့်စိမ်ထားတာ။ မသိရင် ဆေးပင်ဆေးမြစ်တွေလိုလို ဘာလိုလိုနဲ့။

ပြီးတော့ အဲဒီအရက်ဖန်ပေါင်းချောင်ကြီးကို ခပ်တည်တည်နဲ့ အိမ်ဦးခန်းမှာ တင်ထားတာကလား။ အဘကံက အဲဒီဖန်ပေါင်းချောင်းကြီး ကို မြင်တော့ ...

“မင့်ဟာက ဘာကြီးတုံးကွ”

“ဟာ... အဘတို့များ မသိတော့ ခက်ရချည်ရဲ့၊ အာယုပါလ မဟိဒ္ဓိဆေးတော်ကြီးဆိုတာ အဲဒါပေါ့ အဘရဲ့၊ နှယ်နှယ်ရရမဟုတ်ဘူး၊ ဟိမဝန္တာကဆေးမြစ်တွေ စိမ်ထားတာမြင်ရဲ့ မဟုတ်လား”

“ဟေ... ဟုတ်ကဲ့လားဟ”

“ဒီဆေးကို ညနေတိုင်းသောက်ပေးရင် ခွန်အားတိုးတယ်၊ အဖျား အနာလည်းကင်းတယ်... အဘရဲ့၊ တစ်ခုတော့ရှိတယ်၊ ဒီဆေးက 'လေ' ရောဂါရှိတဲ့သူနဲ့ကျတော့ မတည့်ပြန်ဘူး။ လေနာရောဂါအခံရှိတဲ့သူများ သောက်လိုက်မိလို့ကတော့ ခေါက်ခနဲဆိုသေတာ ဆေးမမီဘူးဆိုပဲ” ဒါက ကိုမြဆောင် ကြိုပြီးပိတ်လိုက်တဲ့အကွက်တစ်ကွက်...။

ဟုတ်တယ်လေ...။ အဘကံမှာ လေနာရောဂါရှိတယ်ဆိုတာ သားအရင်းခေါက်ခေါက်ဖြစ်တဲ့ ကိုမြဆောင်တင်မကဘူး၊ တစ်ရပ်လုံး တစ်ရွာလုံး သိနေကြတဲ့ကိစ္စပဲ။

အဲဒီလိုမှ ကြိုပြီး ပိတ်မထားရင် အဘကံက အဲဒီ “အာယုပါလမဟိဒ္ဓိဆေးတော်ကြီး' ကို သူပါသောက်မယ်ဆိုလို့ကတော့ ငါးပါးမှောက်ကုန်တော့မပေါ့။ အခုတော့ သူ့သားအပြောအရ ခေါက်ခနဲသေမှာစိုးလို့ လားမသိ၊ ဆေးတော်ကြီးကို ငဲ့စောင်းလို့တောင် သေသေချာချာမကြည့် တော့ဘဲ  “ဆန်းပေါ့... မောင်ရာ”

အဘကံ ပါးစပ်က အဲဒီစကားတစ်ခွန်းပဲ ထွက်တော့တယ်။ အဲ ဒါနဲ့ပဲ ကိုမြဆောင်တစ်ယောက် ညနေချိန်တန်ပြီဆို အိမ်ဦးခန်းမှာတင် တရားဝင် အရက်သောက်ခွင့်လိုင်စင် ရသွားတယ်ဆိုပါတော့...

ကိုင်း…

အဘကံတစ်ယောက် အယုံလွယ်တယ်လို့ နာမည်ကြီးနေတာ ဆန်း သလား...။

ဒါတောင် အဘကံက သူ့သား “ဆေး” မှီ၀ဲနေတာ ကြည့်ကြည့်ပြီး တစ်ခါကတော့ မနေနိုင်ရှာလွန်းလို့ထင်ပါရဲ့ ပြောရှာသား...။

“ဟကောင်ရ... မင့်ဆေးက တစ်နေ့တစ်နေ့ သောက်ရတဲ့ခွက် ချင်ကတော့ အများသားဟ” - ကိုမြဆောင်ကတော့ သူ့အဖေကို ပြုံးပြီးပြီးကြီးပဲ လုပ်ပြလိုက် တော့တယ်။ အင်း... တော်ပါသေးရဲ့ ...

“မင့်ဆေးထဲကို ရေတွေရောရောပြီး သောက်တော့ ဆေးအာနိသင် မပြယ်ပေဘူးလား မောင်ရယ်”

လို့ ရှာရှာပေါက်ပေါက် မမေးတာကိုပဲ ကျေးဇူးတင်ရဦးတော့မယ်။

(၂)

ရေအကြောင်း စကားစပ်မိလို့ ပြောရဦးမယ်။ အဘကံတို့ရွာက ရေအရှားသား။ သုံးမိုင်ကျော်ကျော်လောက်ဝေးတဲ့ ရွှေလောင်းချောင်း ထဲက ချောင်းရေကို နွားလှည်းနဲ့ တိုက်ပြီး ခပ်ယူရတာ။ ရပ်အခေါ် ရွာအခေါ်တော့ ရေစည်လှည်းတိုက်တယ် ခေါ်တာပေါ့။

ဒါကလည်း နွေရာသီဆိုရင် တယ်ပြီး ဖောဖောသီသီမရချင်လှဘူး။ ဒါနဲ့ ဟိုတစ်လောကတော့ သဖန်းစုလို့ခေါ်တဲ့ အနောက်ပိုင်းကရွာ မှာ ကိုယ်ထူကိုယ်ထဝိုင်းဝန်းပြီး ရေတွင်းတစ်တွင်းတူးလိုက်တာ ရေ ထွက်လို့ အတော်အဆင်ပြေတယ်ဆိုပဲ။

ဒီသတင်းကိုကြားတော့ ကိုမြဆောင်တို့လိုရွာက ကာလသားခေါင်း တွေကော ရွာလူကြီးပိုင်းတွေကပါ စိတ်ဝင်တစားနဲ့ တိုင်ပင်ဟယ် ဆွေးနွေးဟယ်ဖြစ်လာကြတယ်။

“ငါတို့ရွာမှာလည်း သောက်ရေချိုတွင်းလေးတစ်တွင်းတော့ ရှိမှတော်ရော့မယ်”

ဘာ, .. ညာ... နဲ့ ဆော်ဩကြသပေါ့။ ဒါနဲ့ ကိုယ်ထူကိုယ်ထရေတွင်းတူးဖို့ သဘောတူကြရော ဆိုပါစို့ ရဲ့။ တို့လူငယ်များဆိုသလေး... ပေါ့။ “အေး”အပြင် “အဲ'မရှိကြပါဘူး။ ကျေးလက်ဓလေ့ဆိုတော့ ညီညွတ်ကြတယ်လေ။

နောက်ပြီး ဒါက ရွာအတွက် တကယ့်ကို မရှိမဖြစ် အရေးတကြီး လိုအပ်နေတဲ့ကိစ္စ မဟုတ်လား။

အဘကံကတော့ ထုံးစံအတိုင်း ကိစ္စတစ်ခုခုကို သူ ယုံမိပြီဆို စိတ်ရောကိုယ်ရော အပြည့်ထိုးနှစ်ထားတတ်တာကလား။ ရွာထဲမှာ ရှိတဲ့အိမ်ပေါက်စေ့ကိုလည်ပြီး “ရေတရားဟောတော့တာ။

“ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်...” တို့၊ “ရေ အကျိုးဆယ်ပါးက ဘယ်သို့ဘယ်ပုံ..." တို့ ပေါ့လေ။

အဘကံပဲ တရားဟောကောင်းလို့လား၊ ရေစည်လှည်း သွားသွား တိုက်ရတဲ့ ဒုက္ခက လွတ်ချင်လို့လားတော့ မသိဘူး၊ လက်လှုပ်မှ ပါး စပ်လှုပ်ရတဲ့ တောသူတောင်သားတွေမှာ မရှိမဲ့ရှိမဲ့ ငွေစကြေးစလေး တွေကို အတွန့်တိုမရှိ လှူကြတန်းကြရှာပါတယ်။ ။

ရွာခံကာလသားတွေကတော့ လုပ်အားဒါနစိုက်ကြရမပေါ့။ ကိုမြ ဆောင်တစ်ယောက်ကတော့ ကာလသားခေါင်းဆိုတော့ ထိပ်ဆုံးကပါ ရတာပေါ့လေ။ ဒါနဲ့ အချိန်ကျလာတဲ့အခါကျတော့ ရေကြောမြေကြော နားလည်တတ်ကျွမ်းတဲ့သူကို ပင့်ဖိတ်ခေါ်ပြီး ရေတွင်းတူးဖို့နေရာရှာကြ ရတော့တာပဲ။ 

တူးရမယ့်နေရာကလည်း ရွာထိပ်နားတင်ဆိုတော့ ဟန်ကျသွား တယ်။ တူးမယ့်နေ့မှာ အဘကံတို့လို လူကြီးပိုင်းကတော့ အုန်းသီးငှက် ပျောသီးတွေ၊ ကွမ်းဆေးလက်ဖက်တွေ၊ အမွှေးတိုင်တွေနဲ့ ကန်တော့ပွဲ လုပ်ပြီး တတွတ်တွတ်ရွတ်ကြဖတ်ကြပေါ့။

ကိုမြဆောင်တို့ ကာလသားတွေကတော့ ဒါတွေကို ခေါင်းထဲသိပ် ထည့်ကြဘူး။ ပုဆိုးကိုသာ ခါးတောင်းမြောင်အောင်ကျိုက်၊ ပေါက်တူး တွေ၊ တူရွင်းငန်းပြားတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တရကြမ်းနင်း တူးတော့တာ...။

လူအင်အားညီလို့လားတော့မပြောတတ်ဘူး။ တစ်မနက်ခင်းမှာ တင်ကို အတောင်နှစ်ဆယ်သာသာလောက် ခရီးပေါက်ကြပြီ။

“တော်ကြဦးစို့ဟေ့၊ ခဏနားပြီး ထမင်းလေးဘာလေးစားလိုက်ကြ ရအောင်"၊ အဘကံက သတိပေးလိုက်တော့ ရွာခံကာလသားတွေ တွင်းထဲ ကနေ အပေါ်ကိုတက်ပြီး ရွာက အလှူရှင်တွေပို့ထားတဲ့ ထမင်းထုပ်တွေ ကို မြိန်ရေယှက်ရေ စားကြတယ်။

နေကလည်း မြင့်တဲ့အချိန်ဆိုတော့ ပူလွန်းတာနဲ့ အလုပ်လုပ်ရတာခရီးက သိပ်မတွင်ချင်တော့ဘူးမဟုတ်လား။ တောသူတောင်သားတွေမို့လို့သာ အပင်ပန်းခံနိုင်လို့ တော်တော့

တယ်။ စားလို့သောက်လို့ပြီးတော့ ထမင်းလုံးစီရင်းနဲ့ သိပ်ကြာကြာလည်းဇိမ်ဆွဲ” မနေနိုင်ကြပါဘူး။ အဘကံက...

“ကိုင်း... ကိုင်း... တစ်ချီတစ်မောင်းတော့ ကြိုးစားလိုက်ကြဦးစို့ဟေ့။ နောက်ထပ် ဒီ နှစ်ဆလောက် တူးရဦးမှာ”

ဟုတ်တယ်လေ။ ရေကြောပြတဲ့သူက အတောင်ခြောက်ဆယ် လောက်တူးမှ ရေထွက်မှာလို့ ဆိုထားတယ်မဟုတ်လား။ ဒါနဲ့ပဲ ကို မြဆောင်တို့ကာလသားတစ်သိုက်ခမျာ တွင်းထဲဆင်းရပြန်ပါရော။

နေစောင်းလေး မကျတကျရောက်တော့ တွင်းက အတောင်ငါးဆယ်နီးပါးနက်လာပြီ။ အဲဒီမှာတင် တူရွင်းငန်းပြားနဲ့ မြေကြီးကိုထိုး ကလော်နေတဲ့ မောင်ခိုက ...

“ဗျို့... ကိုကြီးဆောင်... ဟောသမှာ ဘာကြီးမှန်းမသိဘူးဗျ “ဟေ့... မှန်းစမ်း၊ ဟ... သစ်သားရုပ်ကြီးနဲ့တူတယ်” ။ ' “ပြစမ်းပါဦး. .. ဟင်... မင့်ဟာက ဘယ်ဟာခေါင်း၊ ဘယ်ဟာ ဖင်မှန်းမသိ”

တစ်တောင်သာသာလောက်ရှိတဲ့ သစ်သားပိုင်းကို အလုအယက် ဝိုင်းကြည့်ရင်း ကာလသားတွေ တစ်ယောက်တစ်ပေါက်ပြောကြတယ်။ သစ်သားပန်းပုရုပ်က မြေကြီးတွေအလိမ်းလိမ်းကပ်နေတဲ့အပြင် တွင်းထဲ မှာကလည်း မှောင်နေတော့ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘူး။

တွင်းအောက်ခြေမှာ ကာလသားတွေ ကျွက်စီကျွက်စီဖြစ်နေတော့ အပေါ်က အဘော်တို့ လူကြီးတစ်သိုက်ကလည်း လှမ်းအော်ပြီးပေးလှပြီ။ ဒါနဲ့ ကိုမြဆောင်တို့က သစ်သားပန်းပုရုပ်ကိုယူပြီး တွင်းပေါ်တက်ခဲ့ကြ တယ်။

ပန်းပုရုပ်မှာကပ်နေတဲ့ မြေကြီးခဲတွေကို ထိုးခွာချပြီး ရေစင်စင် ဆေးပစ်လိုက်တော့မှ ရုပ်လုံးကပေါ်လာတော့တယ်။

အဲ... ဒါပေမဲ့ ပန်းပုရုပ်က အင်္ဂါပြည့်ပြည့်စုံစုံမရှိတော့ ဘာ အရုပ်မှန်းတော့မသိရဘူး။ အင်္ဂါ မစုံဆို... သစ်သားပန်းပုရုပ်ရဲ့ လည်ပင်းနေရာကနေ တိတိရိရိပြတ်နေတာကိုး။

ပြောရမယ်ဆိုရင် ကိုယ်လုံးပိုင်းပဲ ဟုတ်ဟုတ်ညားညား ထုနဲ့ထည်နဲ့ ရှိတော့တာ၊ ဦးခေါင်းလည်းမပါဘူး။ ခြေလက်ကလည်း တံတောင်ဆစ် ဒူးဆစ်လောက်ကနေစပြီး ကျိုးပဲ့နေတော့ကာ ဘယ်လို ကိုယ်နေဟန် စားမျိုးလည်းဆိုတာတောင် မှန်းလို့မရတော့ဘူး။

ပန်းပုရုပ်ရဲ့ ကိုယ်လုံးကိုယ်ထည်ကိုကြည့်ရတာကတော့ ဟန်အကျသားကလား။ ပခုံးမှာ အချွန်အတက်တွေနဲ့ ဘယက်ဒွါဒရာဆိုလား ဘာ လား အဲသဟာမျိုးတွေနဲ့...။ “ဟ... ဒီအရုပ်ဟာ ငါတို့ရွာကိုစောင့်ရှောက်တဲ့ ‘ရွာတော်ရှင် နတ်ရုပ်ပဲ” - အဘကံက အသံပြတ်ကြီးနဲ့ပြောချလိုက်တော့တာ...။

ဘေးမှာ ဝိုင်းကြည့်နေကြတဲ့သူတွေအားလုံး “ဟာ...'ခနဲဖြစ် သွားကြတာပေါ့။ အမှန်တော့ အဘကံကိုယ်တိုင်လည်း စိတ်ထဲ ထင်မိ ထင်ရာကို ပါးစပ်ကလွှတ်ခနဲ ထွက်သွားတဲ့သဘောပါ။

သိတယ်မဟုတ်လား။ပန်းပုရုပ်က ပခုံးမှာ အချွန်အတက်တွေပါတယ်။ ဘယက်ဒွါဒရာ တွေပါတယ်ဆိုတော့ “ဒါ... နတ်ရုပ်ဖြစ်မှာပဲ” လို့ မှန်းကြည့် မြင်ယောင် မိတာပါ။

ဒါပေမဲ့ ကြည့်လေ.. အဘကံ ပြောတဲ့လေသံက တကယ့်ကို

အပိုင်ကြီး၊ သူနဲ့ နှစ်ရှည်လများ ကွဲကွာသွားတဲ့ ဆွေမျိုးရင်းချာတစ် ယောက်ကို ပြန်တွေ့ရလို့ “အောင်မလေး ခုမှပဲ မှတ်မိတော့တယ်... ဆိုပြီး နှုတ်ဆက်တဲ့အပေါက်မျိုး၊

အဲဒီတော့... ကျန်တဲ့လူကြီးသူမတွေလည်း ဝေတေတေ ဝါးတားတားတွေဖြစ်ကုန်တာပေါ့။

“ကျုပ်တို့ ဘိုးများ ဘွားများပြောသံတော့ ကြားဖူးတယ်...”တို့

“သီရိဓမ္မာသောက မင်းကြီး ဟာ ကိုးတိုင်းကိုးဌာနကို သာသနာ ပြုစေလွှတ်တော့...” တို့.. ထင်ရာမြင်ရာတွေ ဝင်ပြောကုန်ကြရော။ ဒီမှာကလည်း အခက်သား။ လက်သည်မပေါ်တဲ့ ကိစ္စတစ်ခုခုကို ခမ်းခမ်းနားနား နောက်ကြောင်းပြန်ချင်ပြီဆိုရင် သီရိဓမ္မာသောက မင်းကြီးရဲ့ စေတီပေါင်း ရှစ်သောင်းလေးထောင်ရယ်၊ အလောင်းစည်သူ မင်းကြီး ဖောင်စကြာစီးပြီး လှည့်လည်တာရယ်ကို ဆွဲဆွဲထည့်တတ်ကြ တာ။ ,

ကိုမြဆောင်ကတော့ ဘာမှန်းမသိတဲ့ အဲဒီအရုပ်ကို စိတ်မဝင်စား ပါဘူး။ တူးလက်စရေတွင်းထဲကိုပဲ ပြန်ဆင်းဖို့ပြင်နေတုန်း အဘကံက

“ငါ့သားများ ကြိုးစားကြဟေ့၊ ဒါ... “ရွာတော်ရှင်'က နေရာကို အသေအချာပြလိုက်တာပါ။ ဒီနေရာကို ဆက်တူးရင် ရေထွက်မှာ ကျိန်း သေပြီကွဲ့”

ကိုမြဆောင်က ခဏတော့ တွေခနဲဖြစ်သွားသေးတယ်။ ပြီးမှ... သူ့ဟာသူစဉ်းစားပြီး ...

“ဟာ... အဘကလည်းဗျာ... “ရွာတော်ရှင်” ပြလို့ မဟုတ်ပါဘူး။ အစကတည်းက ဒီနေရာမှာ ရေထွက်မယ်မှန်း ကျိန်းသေသိလို့ တူးနေ ကြတာပဲဥစ္စာ”

သူ့သားရဲ့ ခွကျကျစကားကြောင့် အဘကံတစ်ယောက် ရှူးရှူး ရှားရှားဖြစ်သွားသေးတယ်။ ပြီးမှ... “မင်းတို့လူငယ်တွေ အဲဒါ ခက်တာပေါ့ကွ”

ဘာ... ညာနဲ့ ဆူပါလေရော။ ကိုမြဆောင်တို့ကတော့ နားပူ သက်သာအောင်ဆိုပြီး တွင်းထဲကို ခပ်သုတ်သုတ်ပဲဆင်းသွားကြတယ်။

ကံအားလျော်စွာပဲ ထင်ပါရဲ့။ ခန့်မှန်းထားတာထက်စောပြီး တွင်းအနက်အတောင် ငါးဆယ်သာသာလောက်မှာပဲ ရေက ထွက်လာတယ်။

တွင်းရေချိုဆိုတော့ အေးစိမ့်ပြီး ကြည်နေတာ။

အဲဒီမှာတင် အဘကံတစ်ယောက် ‘ရွာတော်ရှင်'နတ်ကို အစွဲကြီးစွဲ၊ အယုံကြီးယုံတော့တာပဲ။

သိတယ်မဟုတ်လား။

အဘကံက ယုံလည်းယုံလွယ်တယ်။ ယုံမိပြီဆိုရင်လည်း အပြတ်အသတ်ပဲ။ အစွဲချွတ်လို့ကိုမရဘူး။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)