မင်းခိုက်စိုးစန် - စိုမှာစိုးလို့မိုးမိတယ်
အဆန်း( ၁ )
အချိန်နှင့်ဒီရေသည် လူကိုမစောင့်
မှတ်ချက်၊ ၊ ဝမ်းနှုတ်ဆေးသည်လည်း သင် အဆင်သင့် ဖြစ်သည့်
အချိန်ထိ စောင့်လိမ့်မည်မဟုတ်ပါ။
သံလွင်တည်းခိုခန်းနှင့် ထမင်းဆိုင်ပိုင်ရှင် ဦးသံလွင်ကျော်ဇောသည် ကောင်တာရှေ့၌ သူ ချိတ်ဆွဲထားသော အချိန်နှင့်ဒီရေသည် လူကို မစောင့်" ဟူ သည် ဆောင်ပုဒ်အောက်တွင် နောက်တီးနောက်တောတ် မှတ်ချက် စာတစ်ကြောင်း၊ တိုးနေသည်ကို ကြည့်ပြီး အနည်းငယ် စိတ်တို သွား၏။
“တောက်" ..
ဒါ ..ဘယ်သူ ဝင်ရေးသွားတာပါလိမ့်။ ကြည့်ရတာ ဆိုင်ထ ထမင်းစားနေကျ စာရေးဆရာ၊ အယ်ဒီတာအုပ်စုထဲက ဖြစ်ရင် ဖြစ်၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု သူတွေ့လိုက်မိသည်။
အဲသည်ဘဲတွေကဘေားပင်တစ်ချောင်။ ဖေါင်တိန်တစ်လက်ရှိ လျှင် အင်မတန်လက်ဆော့တတ်သည်။ ဟိုတစ်လောကလည်း သူ့ ဘီအမ်ဒဗလျူအနောက်မှန်ပေါ်တွင်လိုအပ်လျှင် ကျွန်တော့်ကို ခေါ်ပါ။ အမျိုးသမီး လစဉ်သုံးပစ္စည်း များကို အိမ်တိုင်ရာရောက် အခမဲ့ လိုက်လံတပ်ဆင်ပေးသည်”။
ဟူသည့် ဆိုင်းဘုတ်ချိတ်ပြီး သူ့ဆယ်လူလာဖုန်းနံပါတ်ကိုပါ ထည့် ရေးသွားသည်။ လက်သည်ကို စုံစမ်း၍မရ။
အဲသည်ကတည်းက ထို စာရေးဆရာ၊ ဇာတ်ညွှန်းဆရာဆိုသည့် လက်ဆော့တတ်သော ငနဲများလာ လျှင် သူ့ ဘီအမ်ဒဗလျူကားကြီးကို အလစ်မပေးဘဲ စောင့်ကြည့်ရသည်က အလုပ်တစ်ခုလို ဖြစ်လာ၏။
အဲသည် ဘီအမ်ဒဗလျူကားကြီး ၀ယ်စီးဖြစ်သည်မှာလည်း ကြွား ချင်လွန်း၊ ဇိမ်ခံချင်လွန်းလို့ မဟုတ်ပါ။
အကြောင်းရှိပါသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က. . .
လွန်ခဲ့သည့်သုံးနှစ်ခန့်က သံလွင်ကျော်ဇောသည် ထမင်းဆိုင်ဖွင့်ဖို့ ယောင်ယမ်း၍ပင် စိတ်ကူးသူတစ်ယောက်မဟုတ်။သံလွင် ၁ သံလွင် ၂ သံလွင် ၃ ဟူသည့် မိုတယ်သုံးလုံးကိုပိုင်သော အလွန်အလုပ်များသည့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်၏။
အလုပ်တွေများသည်နှင့်အမျှ ကျန်းမာရေး သူ ဂရုမစိုက်နိုင် တော့။ အသက်ကလည်း ၄၀ ပြည့်လုပြည့်ခင်၊ တဖြည်းဖြည်းနှင့် သူ့ကိုယ် အလေးချိန် တိုးလာသည်။ ဗိုက်ကလည်း ရွဲလာသည်။
အဲသည်အချိန်မှာပင် သူ သွားလာလှုပ်ရှားရသည်မှာ မပေါ့ပါး တော့။ အသက်ရှူကျပ်လာသည်။ မောလာသည်။ နားတွေ အူသည်။ အိပ်နေခိုက် ချွေးတွေ ရွဲနှစ်ပြီး လန့်လန့်နိုး၏။ ထမင်းစား၍လည်း မ၀င်တော့။သူထိတ်လန့်တုန်လှုပ်သွားပြီး ဆရာဝန်တစ်ယောက်ထံ သွားပြ သည်။ ဆရာဝန်က ဘာဖြစ်သလဲဟု မေးသောအခါ သူက
'ကျွန်တော် အသက်ရှူရတာ ကျပ်ပြီး နားတွေအူတယ် ဆရာ၊ဇက်ကြောတွေလည်း လေးတယ်။ ခေါင်းထဲမှာလည်း ကြည်ကြည်လင်လင် မရှိဘူး။ အစားအသောက်လည်း ဟုတ္တိပတ္တိမဝင်တာကြာပြီ”
ကိစ္စမရှိဘူး .. ကောင်းသွားမှာပါ”
ဟု ဆရာဝန်က နှစ်သိမ့်ပြီး သောက်ဆေးများ ပေးလိုက်သည်။ မသက်သာ ...။
သို့ဖြင့် ...နောက်ထပ်ဆရာဝန်တယောက်ပြောင်းပြီး ပြကြည့်သည်။
ထိုဆရာဝန်ထ “ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောကာ ပါးစပ်ထောင့်မှ အာသီးနှစ်လုံးကို ခွဲစိတ်ပြီး ထုတ်ပစ်လိုက်၏။
အခွဲခံရတာသာ အဖတ်တင်သွားသည်။ ဘာမှမထူး။ သူ ပိုပြီးစိုးရိမ် လာသည်။ နောက်ဆုံးတစ်ယောက်ကိုပြကြည့်သောအခါ ...
“ခင်ဗျား ကင်ဆာဖြစ်နေပြီ။
အလွန်ဆုံးနေရရင် နောက်ထပ် ခြောက်လပဲ”
သူ့စိတ်ကို သူပြန်လွှတ်လိုက်ရတော့သည်။ နေဝင်ချိန်စောလွန်း သည်ဟု တွေးရုံမှတစ်ပါးဘာကိုမှ သူ မနာကျည်းချင်တော့။
ငါ မသေခင် အချိန်လေးအတွင်းမှာတော့ လူ့ဘဝကြီးမှာ ဇိမ်ကျကျ နေဖူးတယ်ရှိအောင် နေသွားကြည့်လိုက်ဦးမယ်"
သူ့အတွက် တစ်နေ့မပြတ် ရှုတ်ယှက်ခတ်နေသော အလုပ်ကိစ္စတွေ အားလုံးကို ရပ်တန့်ပစ်လိုက်သည်။ မိုတယ်သုံးလုံးလုံးကို ရောင်းပစ်လိုက်သည်။ တစ်ဝက်ကို လှူပစ်လိုက်ပြီး ကျန်ငွေ့တစ်ဝက်ဖြင့် ကောင်းကောင်း နေ ကောင်းကောင်းစားသည်။
နောက် စျေးအကြီးဆုံးဟုဆိုသော ဘီအမ်ဒဗလျူကားသစ်ကြီး တစ်စီးကို ဝယ်ပစ်လိုက်သည်။
"အဝတ်အစားကောင်းကောင်လည်း လိုအပ်တယ်"
ဟု သူ့ဘာသာသူ ဆုံးဖြတ်လိုက်ပြီး ရန်ကုန်မြို့ရှိ နာမည်အကြီးဆုံး အပ်ချုပ်ဆိုင်သို့ သွားသည်။
အကောင်းစားပိတ်စဖြင့် အင်္ကျီအစုံ ၂၀ အော်ဒါမှာလိုက်၏။ အင်္ကျီချုပ်သူက ပေကြိုးကို ကိုင်လိုက်ပြီး
စိတ်တိုင်းကျရပါစေ့မယ်၊ ကဲ ....
ခဏလောက် ကိုယ်အတိုင်းအထွာလေး ယူပါရစေဦး"
အပ်ချုပ်ဆရာက သူ့ကိုယ်ကို ကြိုးဖြင့် တိုင်းလိုက်၊ စာရွက် ပေါ် ရေးချလိုက်ဖြင့် ... ။
အင်း .. ဟုတ်ပြီ၊ လက်အရှည်က ၃၄ လက်မ၊ လည်ပင်းပေါက် က နေပါဦး .. ဘယ်လောက်ပါလိမ့် မှန်း .. လည်ပင်းပေါက် ၁၆ လက်မ"
"မဟုတ်ပါဘူး ၁၄ လက်မပါ” ။
သူက မနေနိုင် မထိုင်နိုင် ဝင်ငြင်းလိုက်သည်။ အပ်ချုပ်ဆရာက စိတ်မရှည်သံဖြင့်
“၁၆ လက်မပါ ဆို နေဗျာ”..
ကျွန်တော်အမြဲဝတ်နေတာက လည်ပင်းပေါက်၁၄လက်မဗျ”
အပ်ချုပ်ဆရာက
“ခင်ဗျာ၊ ဘယ်လောက်နားလည်လို့လဲ။ ဒီလောက်ကျပ်တဲ့ လည်ပင်းပေါက် ၁၄ လက်မကို ဝတ်ရင် ခင်ဗျား အသက်ရှူကျပ်ပြီး နားတွေ အူလာလိမ့်မယ်။ ဇက်ကြောတွေ လေးမယ်။ ခေါင်းမကြည်မလင် ဖြစ်မယ်။
ကြာရင် လည်ပင်းအစ်ပြီး စားရသောက်ရတာပါ မကောင်းသလို ဖြစ်လာလိမ့်မယ်။ မှတ်ထား ...”
“ဟိုက် .. ကောင်းရောကွာ"