Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - ကလေးအတွေးအက်ဆေး

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

[ ၁ ]

အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့ အတွေ့ အကြုံ ပြန်ပြောပြသည်။

“မေမေ...ဒီနေ့ ဘတ်စ်စကားပေါ်မှာ အန်တီကြီးတစ်ယောက် ရဲ့ ခြေထောက်ကို သား တက်နင်းလိုက်မိတယ်၊ သားက တောင်းပန် လိုက်တယ်၊ ဒါနဲ့ အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ် ကျွေးတယ်။

“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”

“ဟင့်အင်း....... သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်း လိုက်တယ်”

ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ Handicap ပေးထားရတဲ့သူတွေ ရှိပါတယ်။

Handicapဆိုတာက ပစားပေးထားတဲ့သဘောကို ဆိုလို တာပါ။ ကစားပွဲတွေဆိုရင် အမှတ်ကြောပေးထားတာပေါ့။ ကိုယ်နဲ့ စစ်တုရင် ယှဉ်ထိုးမယ့်သူဟာ ကိုယ့်အောက်နိမ့်ကျတဲ့ စွမ်းရည်ရှိသူ ဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို သက်ညှာတဲ့အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့ ရုပ်တစ်ရုပ်၊ ဒါမှမဟုတ် မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံး ခံပြီး လျော့ကစားတာပါ။

ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး။

လူ့အသိုင်းအဝိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့လူတွေကို အကြောင်း ကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေး သက်ညှာထားရ တာတွေ ရှိပါတယ်။

ဒါပေမဲ့ ခက်တာက သူတို့ထဲက တချို့ လူတွေက တမင် သက်ညှာမှန်း မသိကြဘူး။ ရောင့်တက်လာကြတယ်။

ကလေးဆိုးကြီးတွေပဲ။

ကိုယ့်ခြေထောက်ကို တက်နင်းပြီး တောင်းပန်လို့ ကိုယ်က သနားအားနာတာနဲ့ ချောကလက်တစ်ခု ထုတ်ကျွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ် ခြေထောက်တစ်ဖက်ကို ထပ်ပြီး နင်းကြပြန် ရော။

ကဲ...မခက်ဘူးလား။ တချို့အိမ်တွေ၊ တချို့ဆိုင်တွေမှာ...

(အားနာလို့ လိုက်လျောတာ “အ” တယ်လို့ မထင်နဲ့ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ တွေ့ နေရတော့ “သော်” သူတို့လည်း ခဏခဏ ခြေထောက်တက်နင်းခံနေရရှာတယ်နဲ့ တူပါရဲ့ 'လို့ တွေးပြီး ပြုံးမိပါ တယ်။

ဟုတ်တယ်လေ။ မကောင်းတတ်လို့ အလျှော့ပေးနေရတာ မှန်ပေမယ့် ခဏခဏ ဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလဲ။ အားလုံးက ပုထုဇဉ်တွေပဲမဟုတ်လား။ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။ (အားနာလို့ လိုက်လျောတာ “အတယ်လို့ မထင်နဲ့)

သူက အဲဒီလိုဖတ်ပြီးတော့ ကျွန်တော့်ကို လာမေးပါတယ်။ “ဟေ့ကောင် ... “အတယ်ဆိုတာ တရုတ်လို အဖေကိုပြောတာမဟုတ် လား”တဲ့။

သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပ္ပာယ်နဲ့သူတော့ မဆိုးပါဘူးလို့ ကျွန်တော် တွေးမိသား။ ဟုတ်တယ်လေ။

နောက်ထပ် ချောကလက်တစ်ခု ထပ်လိုချင်လို့ အားမနာ ပါးမနာ နဲ့ သူများခြေထောက် ထပ်နင်းတဲ့သူရဲ့ အတွေးဟာ ကလေးအတွေး ပါ။ ကျွန်တော် ပြောခဲ့ပြီးသားပဲ။ အဲဒီလူတွေဟာ ကလေးတွေ၊ ကလေး ဆန်တဲ့လူတွေ ဆိုပါတော့။

သူတို့ကို ရေရှည်မှာ ဘယ်သူက သည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့ အဖေအမေပဲပေါ့။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့အမျှ စိတ်ပျက်လာမှာ သေချာပါတယ်။

ဒါပေမဲ့ ကလေးတွေဆိုတာက ခက်သားကလား။

ကိုယ့်အဖေအမေအပေါ် ဆိုးချင်တိုင်းဆိုးလို့ ရရုံနဲ့ ကျန်တဲ့သူတွေ အားလုံးအပေါ်မှာလည်း အဲသည်လိုဆိုးလို့ အခွင့်အရေး ရမယ် ထင်နေ - တတ်တာမျိုး။

x x x

အဲဒီ “ကလေးစိတ်၊ ကလေးဉာဉ်မျိုးကိုတွေ့ရင် အားလုံးက ဝိုင်းပြီး ပြင်ပေးကြဖို့လိုပါတယ်။

အဲ ... အပြုပြင်ခံရတဲ့ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့ လိုပါလိမ့်မယ်။

လောကမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိ အရှိအတိုင်း တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်မယ့် “သတိ” ရှိဖို့ပါပဲ။