မင်းခိုက်စိုးစန် - ကလေးအတွေး
(၁)
အိမ်သို့ ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့ အတွေ့ အကြုံ ပြန်ပြောပြသည်။
“မေမေ ... ဒီနေ့ ဘတ်စကားပေါ်မှာ အန်တီကြီးတစ် ယောက်ရဲ့ ခြေထောက်ကို သား တက်နင်းလိုက်မိတယ်... သားက တောင်းပန်လိုက်တယ်၊ ဒါနဲ့ အန်တီကြီးက သားကို ချောကလက် တစ်ခု ထုတ်ကျွေးတယ်”
“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”
“ဟင့်အင်း... သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကိုတက်နင်းလိုက်တယ်”
( ၂ )
ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ Handicap ပေးထားရတဲ့သူတွေရှိပါတယ်။ ။
Handicap ဆိုတာက ပစားပေးထားတဲ့သဘောကိုဆိုလိုတာ ပါ။ ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေးထားတာပေါ့။ ကိုယ်နဲ့ စစ်တုရင် ယှဉ်ထိုးမယ့်သူဟာ ကိုယ့်အောက်နိမ့်ကျတဲ့ စွမ်းရည်ရှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို သက်ညှာတဲ့အနေနဲ့ ကိုယ့်ဘက်ကဘစ်ရှော့ရုပ်တစ်ရုပ်၊ ဒါမှမဟုတ် မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျော့ကစားတာပါ။
ဒါမှ တရားမျှတမှုရှိမယ်... လို့ ယုံကြည်တာကိုး။
လူ့အသိုင်းအဝိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့လူတွေကို အကြောင်းကြောင်းကြောင့် သနားလို့၊ အားနာလို့) ပစားပေးသက်ညှာ ထားရတာတွေရှိပါတယ်။
ဒါပေမဲ့... ခက်တာက သူတို့ထဲက တချို့ လူတွေက တမင်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။
ကလေးဆိုးကြီးတွေလိုပဲ။
ကိုယ့်ခြေထောက်ကို တက်နင်းပြီး တောင်းပန်လို့ ကိုယ်က သနားအားနာတာနဲ့ ချောကလက်တစ်ခု ထုတ်ကျွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို ထပ်ပြီး နင်းကြပြန် ရော...။
ကဲ့... မခက်ဘူးလား။ တချို့အိမ်တွေ... ၊ တချို့ဆိုင်တွေမှာ...
(အားနာလို့ လိုက်လျောတာ အ’ တယ်လို့မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့... 'ဪ... သူတို့လည်း ခဏခဏ ခြေထောက်တက်နင်းခံနေရရှာတယ်နဲ့ တူပါရဲ့ 'လို့ တွေးပြီး ပြုံးမိပါတယ်။
ဟုတ်တယ်လေ... မကောင်းတတ်လို့ အလျှော့ပေးနေရတာမှန်ပေမယ့်... ခဏခဏ ဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင် မှာလဲ၊ အားလုံးက ပုထုဇဉ်တွေပဲမဟုတ်လား။
(၃)
ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။
(အားနာလို့ လိုက်လျောတာ ‘အတယ်” လို့ မထင်နဲ့)
သူက အဲဒီလိုဖတ်ပြီးတော့... ကျွန်တော့်ကို လာမေးပါ တယ်။ “ဟေ့ကောင်... “အတယ်” ဆိုတာ တရုတ်လို အဖေကိုပြော တာမဟုတ်လား... တဲ့။ ။
သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပ္ပာယ်နဲ့သူတော့ မဆိုးပါဘူး လို့ ကျွန်တော် တွေးမိသား။
ဟုတ်တယ်လေ...
နောက်ထပ် ချောကလက်တစ်ခု ထပ်လိုချင်လို့ အားမနာ ပါးမနာနဲ့ သူများခြေထောက်ထပ်နင်းတဲ့သူရဲ့ အတွေးဟာ ကလေးအတွေး” ပါ။ ကျွန်တော် ပြောခဲ့ပြီးသားပဲ။ အဲဒီလူတွေဟာ ကလေးတွေ၊ ကလေးဆန်တဲ့လူတွေဆိုပါတော့။
သူတို့ကို ရေရှည်မှာ ဘယ်သူကသည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေအမေပဲပေါ့ ။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့အမျှ စိတ်ပျက်လာမှာ သေချာပါတယ်။
ဒါပေမဲ့... ကလေးတွေဆိုတာက ခက်သားကလား။
ကိုယ့်အဖေအမေအပေါ် ဆိုးချင်တိုင်းဆိုးလို့ ရရုံနဲ့ ကျန်တဲ့ သူတွေအားလုံးအပေါ်မှာလည်း အဲသည်လိုဆိုးလို့ “အခွင့်အရေး” ရမယ်ထင်နေတတ်တာမျိုး။
အဲဒီ “ကလေးစိတ်၊ ကလေးဉာဉ်” မျိုးကိုတွေ့ရင် အားလုံးကဝိုင်းပြီး ပဲ့ပြင်ပေးကြဖို့လိုပါတယ်။
အဲ... အပြုပြင်ခံရတဲ့ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့ လိုပါလိမ့်မယ်။
လောကမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိ... အရှိအတိုင်း တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင့်မယ့် “သတိ” ရှိဖို့ပါပဲ။
(၄)
ကျွန်တော်တို့ကကော...
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ “သတိ” ထားကြည့်မိကြ လို့လဲ။
“အခွင့်အရေး” တစ်ခုရပြီဆိုတာနဲ့ ချောကလက်ရတဲ့ ကလေး ငယ်လို အငမ်းမရ လှမ်းယူမိတဲ့အခါမျိုးတွေ ရှိခဲ့သလား။
“ငါ့ကို ဘာဖြစ်လို့ ဒီအခွင့်အရေးပေးတာလဲ?" “အားနာလို့ လား?” “ မကောင်းတတ်လို့ သက်ညှာတဲ့သဘောလား?"
“သူများက ငဲ့ညှာတာကို ငါက အလိုက်ကန်းဆိုးမသိ ရတိုင်း ယူတဲ့ကောင် ဖြစ်နေသလား?” စသည်ဖြင့် ပြန်ဆန်းစစ်ဖို့လိုပါတယ်။
ဒီလိုမှမဟုတ်ဘဲ “ကိုယ်ရရင်ပြီးရော” ဆိုတဲ့သဘောမျိုးထား လို့ကတော့ ကျွန်တော်တို့ လူကြီးတွေဟာ သူများခြေထောက်နင်းဖို့ ဝန်မလေးတဲ့ ကလေးတစ်ယောက်နဲ့ ဘာထူးတော့မှာလဲ...။
ပေးတိုင်းလည်း မယူပါနဲ့။ ရမှန်းသိတိုင်းလည်း မလိုချင်နဲ့။
(၅)
၏အခွင့် အရေးဆိုတာ ကိုယ်နဲ့ထိုက်တန်မှ ရတာ/ ယူတာ အကောင်းဆုံးပါပဲ။
ပြဿနာဖြေရှင်းပုံ (Problem Solving)
နှစ်မျိုးရှိတယ်... လို့ ဆိုပါတယ်။
တစ်မျိုးက ပြဿနာကို အဓိကထားတဲ့နည်း (Problem-Oriented Method)ပါ။
နောက်တစ်မျိုးကတော့...။
‘အဖြေကို အဓိကထားတဲ့နည်း (Solution-Oriented Method)' ပါ။