Skip to product information
1 of 3

Other Websites

မင်းခိုက်စိုးစန် - ကမ္ဘာတစ္စေသရဲ၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          နွေရာသီမိုးက ပါးပါးကလေး ဖွဲဖွဲရွာသွန်းနေ၏။ မိုးရေစက်တွေထဲတွင် ထရာဗင်သည် သူရဲကောင်း အာခီလီရုပ်တူနံဘေးမှ ဖြတ်လျှောက်လာခဲ့သည်။ လမ်းမီးတွေ ထွန်းပြီးစအချိန်သာ ရှိသေးသည်။ ကျောက်ဖြူသားမုခ်ဦးဆီ သွားရာ လမ်းတစ်လျှောက်မှာ ကားတွေစီတန်းလျက် ရှိနေကြသည်။ လေ့လာရေး ခရီးတစ်လျှောက်မှာ တွေ့သမျှကို စိတ်ဝင်စားပစ်လိုက်ဖို့ရန် အဆင်သင့် ပြင်ဆင် ထားသော အာရုံနိုးကြား ပြင်းပြနေသည့် မျက်နှာတွေကိုလည်း မြင်ရသည်။

          ကရာဇင်သည် မိုးကာအကျီကော်လာကို တင်းတင်းဆွဲစေ့လိုက်ရင်း စိတ်ထဲမှာ ခါးသီးခံပြင်းစွာဖြင့် ဆက်လျှောက်လာခဲ့၏။ ဒီနေ့သည် သူ့အတွက်တော့ ဆိုးရွားလှသော နေ့တစ်နေ့ပင်ဖြစ်လေသည်။

          ပန်းခြံအတိုင်း လမ်းတစ်လျှောက် သူဆက်လျှောက်လာရင် ရင်ထဲမှာ ၊ တနုံနုံဖြစ်နေ၏။ အချစ်ကို လိုချင်ရင် ပိုက်ဆံရှိမှ ဖြစ်မတဲ့လား။ ဟောဒီကောင် ငမွဲအဖို့ကတော့ ပြင်းထန် အုံကြွနေတဲ့ နှလုံးသားတစ်ခုသော ပိုင်ဆိုင်လေရဲ့ အချစ်ကို ရယူပိုင်ဆိုင်နိုင်ဖို့ဆိုလျှင် ဝတ်စုံအကောင်းစား တစ်စုံလိုသည်။ မော်တော်ကား တစ်စင်းလိုသည်။ တစ်နေရာရာမှာ အိမ်ခန်းတစ်ခန်းလိုသည် သို့မဟုတ် ဟိုတယ်ကောင်းကောင်းတစ်ခုလိုသည်။ အဲဒါကို ဆယ်လိုဖိန်းစက္ကူနဲ့ ထုပ်ပိုးထားနို့ကိုလည်း လိုအပ်မှာပေါ့ ။

          မိုးကာအင်္ကျီအောက်မှာ ကြိုးတစ်ချောင်းလို တင်းနေသည်ကို တစ်ချိန်လုံး သူသတိထားနေမိခဲ့သည်။ ပြီးတော့ ပွန်းရိစုတ်ပြဲနေတဲ့ အင်္ကျီ လက်တွေကိုရောပေါ့။

          သူ့ခန္ဓာကိုယ် အတ္တဘောကြီးကို သူစက်ဆုပ်မုန်းတီးသော အရာဝတ္ထုကြီး တစ်ခုလို သယ်ပိုးယူဆောင်လာခဲ့ရသည်။

          (ဗြိတိသျှ ပြတိုက် စာဖတ်ခန်းထဲမှာ တုန်းကတော့ စိတ်ချမ်းမြေ့စရာ အကောင်းသား၊ ဒါပေမဲ့ ဟောဒီခန္ဓာကိုယ်ကြီးက သူ့ကို အိမ်ပြန်ခေါ်လာခဲ့တာပါ) သူ၏ တစ်ခုတည်းသော ခံစားချက်ကတော့ ပျင်းရိငြီးငွေ့ ခြင်းပင် ဖြစ်သည်။

          ပန်းခြံထိုင်ခုံတွေပေါ်က အရုပ်ဆိုး အကျည်းတန် လှသော အဖြစ်များအကြောင်း သတိရနေသည်ကို ငြီးငွေ့လှပါပြီ။ လူတွေပြောပြော နေကြပုံက ခန္ဓာကိုယ်ကြီးထ သေဆုံးတာ စောလွန်းသလိုလို ကရာဗင် အတွက်ကတော့ အဲသည်ကိစ္စသည် စိုးရိမ်လောက်စရာ ဒုက္ခတစ်ခု မဟုတ်ပါ။ လုံးဝမဟုတ်ပါ ။

          သူ့ခန္ဓာကိုယ်ကြီးက အသက်ရှင်မှုကို ထုပ်သိမ်းထားဆဲပင် ရှိသေး၏။ ရွှေခြည်လက်ပသော မိုးရေစက်တွေကြားမှဖြတ်ကာ ပန်းခြံအတွင်းရှိ စကားပြောစင်မြင့်ရှိရာဆီ သူလျှောက်လာခဲ့သည်။ တံခွန်အလံတစ်လက်ကို သယ်လာသော ၀တ်စုံအနက်နှင့် လူခပ်ညက်ညက် တစ်ယောက်ဘေးမှ ဖြတ်လျှောက်ခဲ့၏။

          “သေဆုံးသွားပြီးတဲ့ ခန္ဓာကိုယ်တွေဟာ တစ်ဖန်ရှင်သန် နိုးထကြလိမ့်မယ်”အိပ်မက်တစ်ခုကို သူပြန်သတိရလာသည်။ သုံးကြိမ် တိတိ သူလန့်နိုး ခဲ့ရသော အိပ်မက်ပင်ဖြစ်၏။ ထိုအိပ်မက်ထဲတွင် ကမ္ဘာကြီး၏ မြေလွှာအောက် ကြီးမားမည်းမှောင်သော တွင်းထဲ၌ သူတစ်ယောက်တည်း ရှိနေသည်။ မြေကြီးထဲတွင် သင်္ချိုင်းများ ကျင်းများသည် တစ်ကျင်းနှင့် တစ်ကျင်း ဆက်နေကြ၏။ သေဆုံးပြီးသူများ ဘက်ကနေ ကြည့် မည်ဆိုလျှင်တော့ ကမ္ဘာမြေသားလုံးလုံးကြီးသည် သူတို့အတွက် ပျားအုံကြီး တစ်အုံပင် ဖြစ်သည်။

          အိပ်မက်တိုင်းမှာ ကြောက်စရာကောင်းသော အချက် တစ်ခုကို လူသိ လာရသည်။ ယင်းမှာ အလောင်းကောင်ခန္ဓာ ကိုယ်ကြီးပုပ်သိုးဆွေးမြည့်ဖျက်ဆီးသွားမှု မရှိခြင်းပင်ဖြစ်၏။ တီကောင်တွေလည်း ရှိမနေပါ။ ကွဲပျက်ပြီး ဆုံးခန်းတိုင်သွား ခြင်းလည်း မရှိပါ။

          မြေသားထုအောက်တွင် ကမ္ဘာကြီးသည် အမှိုက်ပုံးကြီး တစ်လုံးလို ဖြစ်နေ၏၊ ရှင်သန်ထမြောက်ဖို့ တမျှော်မျှော် အသင့် ပြင်ဆင် ထားကြတဲ့ အသားတုံးကြီးတွေ သွေးပြည်တရွဲရွဲ ဖူးပွ ရောင်ကိုင်း၍နေတဲ့ အလောင်းကောင် ခန္ဓာကိုယ်ကြီးတွေနဲ့ ပြည်သိပ် နေတဲ့အမှိုက်ပုံကြီးပါပဲ။သူနိုးလာသည့်အခါ အိပ်ရာ ပေါ်တွင် လှဲရင်းခန္ဓာကိုယ်ဆိုသည့် အရာကြီး တစ်ခုလုံး ပျက်သုဉ်းသွားပြီး သည့်နောက်မှာ ကြီးကျယ်ခမ်းနားလှသော ပျော်ရွှင်မှုသတင်းကောင်း ကြား ရကဲ့သို့ အမှတ်ထင်ထင်ရှိနေခဲ့ဖူးလေသည်။

          အက်ဝဲလမ်းထဲသို့ သူခပ်သုတ်သုတ်ကလေး လျှောက်သွား လိုက်သည်။ နှစ်ယောက်တစ်တွဲပတ္တရောင် လှည့်သူတွေ လမ်းပေါ်ထွက်လာကြပြီ။

          အင်မတန်ခွန်အားနည်းလှတဲ့ရှည်မျောမျောသတ္တဝါ ကောင်တွေပေါ့။ ခပ်ကျပ်ကျပ်ဘောင်းဘီရှည်များ ဝတ်ထားတြသည့်သူတို့ ခန္ဓာကိုယ်များသည် တီထောင်များနှင့်တူနေ၏၊အဲသည် ငတိတွေကို သူမုန်းတီးသည်။နောက်ပြီး ထိုမုန်းတီးမှုကို သူ့ဘာသာသူ ပြန်မုန်းတီးလေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကိစ္စသည် သူ၏မနာလို စိတ်သာ ဖြစ်ကြောင်း သူသိနေ သောကြောင့်ပင် ဖြစ်၏။

          သူတို့ထဲကလူတိုင်းလူတိုင်းသည်သူ့ထက်ပိုကောင်းသောန္ဓာကိုယ်တခုစီပိုင်ဆိုင်ထားကြသည်ချည်းပင်ဖြစ်သည်။ သူကတော့....... သူ့အစာအိမ်သည် အစာမကြေမှုကို ခေါက်ရိုးကျိုးနေ၏သူ့ပါးစပ်မှ အာပုပ်စော်လည်း နံနေမှ သေချာသည်ဟုခံစားရ၏။ ဒါပေမယ့် အဲဒါ၊ သူ...ဘယ်သူ့ကို ဘာသွားပြောရမှာလဲ၊

          တစ်ခါတလေ.........သူ့ခန္ဓာကိုယ်ကိုသံသယဖြင့် သူပြန်ပြီးဟိုနားတို့ကြည့်ဒီထိကြည့်ပုန်းလျှိုးကွယ်လျှိုး လုပ်ကြည့်သည်။ယင်းသည်သူ၏ အရုပ် အဆိုးဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်လေသည်။

         သူမေ့လျော့ပစ်ထားချင်သောဟောဒီခန္ဓာကိုယ်ကြီးကိုပြန်လည်ရှင်သန်ထမြောက်လာအောင်လုပ်ဖို့ကိစ္စမှာ သက်ဝင် ယုံကြည်မှု ရှိရဲ့လား ... လို့လာ မမေးကြစမ်းပါနှင့်။ တစ်ခါတလေ ညဘက်များတွင် သူဆုတောင်း ဖူးသည်။

(ဘာသာရေးဆိုင်ရာ သက်ဝင် ယုံကြည်မှု တစ်စွန်း တစ်စသည် သစ်သီးမာမာ တစ်လုံးထဲက ပိုးလောက်တစ်ကောင်လိုမျိုး သူ့ရင်အုံထဲတွင် ခိုအောင်းနေပုံရ၏)

သူ့ ဆုတောင်းက

          “ဘယ်လိုအကြောင်းမှ တပည့်တော်၏ ခန္ဓာကိုယ် ရှင်သန် ထမြောက်ခြင် မရှိပါရစေနဲ့ ဘုရား”

          အက်ဝဲလမ်းမကြီး ဘေးတစ်လျှောက်ရှိ လမ်းမြှောင် ကလေးတွေ အားလုံးကို သူ ကောင်းကောင်း နှံ့စပ်ကျွမ်းသည်။ စိတ်လိုသည့် အခါမျိုးဆိုလျှင် ရည်ရွယ်ချက် မည်မည်ရရ မရှိဘဲ အဲသည်လမ်းတွေအပေါ်မှာ သူလမ်းလျှောက် လေ့ရှိ၏၊ ပြတင်း ပေါက်မှန်များပေါ်ထင်ဟပ်နေသော သူ့ပုံရိပ်ကို စွေစောင်းတော် ကြည့် ရင်း မောပန်းလာသည်အထိ သူလမ်းလျှောက်တတ်သည်။

          ထို့ကြောင့် ကူလ်ဖီးလမ်းရှိ အသုံးမပြုတော့ဘဲ စွန့်ပစ် ထားသော ပြဇာတ်ရံ အပြင်ဝတွင် ပိုစတာများ ချိတ်ဆွဲထားသည်ကို သူ့ချက်ချင်း သတိထားမိ သွားခြင်းဖြစ်၏။ ဒါ... လုပ်ရိုးလုပ်စဉ်မှ မဟုတ်ဘဲ၊ ရံဖန်ရံခါ ဆိုသလိုတော့ သည်ပြဇာတ် ရုံဟောင်းကြီးကို တာကဲလေဘဏ်ပြဇာတ်အဖွဲ့မှတစ်ညနေလောက် ငှားရမ်းခြင်းမျိုး ရှိတတ်သည်။ သို့မဟုတ်လျှင်လည်း ရုပ်ရှင် ကားဟောင်း အစုတ် အပြတ်တွေ ကြည့်ချင်ပွဲပြဖို့ ငှားတတ်သည်။

          သည်ပြဇာတ်ရုံကို ၁၉၂၀ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ပြဇတ်ရုံ အများအပြား စည်စည်ကားကားရှိရာ နေရာ၏ အပြင်ဘက် တစ်မိုင်လောက် ဝေးနေသောကြောင့် ပရိသတ်များများ စားစား ရဖို့ရန် အကွက်အကွင်း မကျလှသည့်တိုင် နေရာက ဈေးပေါပေါဖြင့် ဝယ်ယူရနိုင်သည့် အတွက် စရိတ်ကာမိလောက်သည်ဟု အကောင်းဘက်က လှည့်တွက်သူ တစ်ယောက် ယောက်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပုံရ၏။ သို့သော် .... ဘယ်ပြဇာတ်မှ အောင်မြင်သွားခဲ့ဖူးသည် မရှိပါ။ နောက်တော့ .. ဇာတ်ရုံတစ်ခုလုံးသည် ကြွက်တွင်းများ ၊ ပင့်ကူအိမ်များ ဖြင့်သာ ကျန်ရစ်ခဲ့တော့သည်။ အပျော်တမ်း တူရိယာသမားတွေ ရသေ့ စိတ်ဖြေသုံးဖို့လောက် ကြည့်ချင် ပွဲကလေးတွေ ပြဖို့လောက် ဇာတ်ရုံ အဖြစ်သဘော ရှိတော့၏။

          ကရာဗင်က ရပ်ပြီး ပိုစတောကို ဖတ်ကြည့်လိုက်၏၊ ဪ ၁၉၃၉ ခုနှစ် ရောက်နေတဲ့ ခုချိန်အထိ အကောင်းမြင် ဝါဒီတွေ ပေါ်ထွန်းလာ သေးသကိုး။ 'အသံတိတ်ရုပ်ရှင်ဂေဟာ' ဒီဇာတ်ကားမျိုး ကနေပြီး ပိုက်ဆံ ဝင်မယ်လို့ အောက်မေ့တာ ကတော့ တော်တော်တုံးတဲ့ အကောင်းမြင်သမားပဲ ဖြစ်မှာပါ။ဘာတဲ့ “ခေတ်ဟောင်းရုပ်ရှင် မြတ်နိုးသူများ၏ ပထမအကြိမ် တင်ဆက်မှု..တဲ့။ အေးပေါ့လေ “ဒုတိယအကြိမ်' ရှိလာတော့မှာမှ မဟုတ်တာ။

          အင်း..ထိုင်ခုံလက်မှတ်ခကတော့ ဈေးပေါမှာပဲ။ သူလမ်းလျှောက်ရသည်မှာ ပင်ပန်းလှပြီ၊ မိုးလွတ်ရာမှာလည်း ခိုချင်သေး၏ ဒီအတွက်--- တစ်သျှီလင်လောက်တော့ တန်ကောင်းပါရဲ့၊ သူလက်မှတ်ဝယ်ပြီး မှောင်မည်း နေသည့် ရုံထဲဝင်ခဲ့၏။

          အသက်ကင်းမဲ့သော အမှောင်ထဲတွင် စန္ဒရားသံက အနိမ့် အမြင့်မရှိ၊ ငြီးဖွယ် မြည်နေ၏။ လမ်းဘက်ကျကျ ခုံတွင် ဝင်ထိုင် လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ပတ်ပတ်လည်မှာ လူတစ်ယောက်မှ မရှိသည့် အဖြစ်ကို သူသတိထားမိသွား၏ ။

          ဟုတ်နေပါပြီ... ဒုတိယအကြိမ် စီစဉ်တင်ဆက်မှုဆိုတာတော့ မရှိနိုင်တော့ဘူးပေါ့။ ပိတ်ကားပေါ်တွင် နန်းဝတ်နန်းစား ဝတ်ဆင်ထားသည့် မိန်းမကြီးတစ်ယောက်က စိတ်နှလုံးညှိုးနွမ်းနေသည့် အမှုအရာဖြင့် လက်ဖ၀ါးချင်းဆုပ်နယ်နေ၏။ နောက် သလွန်ညောင်စောင်း ရှိရာဆီ ယိုင်တိယိုင်ထိုးဖြင့် သွားပြီး ထိုင်ချလိုက်သည်။ အဲသည်မှာ သိုးထိန်းခွေး တစ်ကောင်လို ထိုင်ရင်း ဖရိ ဇရဲဖြစ်နေသော အနက်ရောင် ဆံနွယ်မျှင်စတွေ ကြားကနေ အဝေးကိုငေးမောကြည့်နေ၏။ တစ်ချက် တစ်ချက်တော့ တုန်ယင်မှုန်ဝါးနေသော ဖလင်ကော် ပြားပေါ်မှ အစက် အပြောက်တွေကြောင့် အရုပ်က ပျောက်ပျောက် သွား၏။ အသံတိတ် ရုပ်ရှင်ကား ဖြစ်သောကြောင့် စာတန်းက ထိုးလာသည်။

          “ချစ်သူ ဩဂတ်စတပ်၏ သစ္စာဖောက်ခြင်းကို ခံရသော မွန်ပီလီယာတစ်ယောက် သူမ၏ ဒုက္ခဝေဒနာကို အဆုံးသတ် ပစ်လိုက်ဖို့ တွေးနေသည်။”

          အမှောင်ထဲမှာ ကျင့်သားရပြီ ဖြစ်သောကြောင့် ကရာဗင် မျက်လုံးက ခုံတန်းတွေကို မြင်နိုင်စပြုလာ၏။ ရုပ်ရှင်ကြည့် ပရိတ်သတ်က အယောက် နှစ်ဆယ်ပင် မပြည့် စုံတွဲအချို့က ခေါင်းချင်း ဆိုင်မှီကာ စကားတွတ်ထိုးနေ ကြသည်။ တစ်ကိုယ်တည်း သမားတွေလည်းရှိ၏။ သူ့လိုပင် အပေါစား မိုးကာအင်္ကျီလောက်သာ ဝတ်ထားနိုင်ကြသူများ ဖြစ်၏၊

          အဲသည်လူတွေ ထိုင်ခုံပေါ် လှဲမှီနေကြပုံမှာ အလောင်းကောင်များနှင့် တူနေသည်။ ကရာဗင်၏ စိတ္တဇအစွဲက ပြန်ပေါ်လာ၏။ သွားကိုက်သလိုမျိုး ကိုက်ခဲနာကျင်စေတဲ့ ကြောက်ရွံ့စိတ်ပေါ့၊ သူ စိတ်မချမ်းမြေ့စွာ တွေးလိုက်မိ သည်။

          ငါရူးတော့မယ်။ အဲသည်လိုမျိုး တခြားလူတွေက ခံမှ မခံစားကြတာ ..၊ စွန့်ပစ်ခံထားရသော ဇာတ်ရုံကြီး၏ အနေအထားက ရှင်သန် ထမြောက်ဖို့စောင့်ဆိုင်းနေသော အလောင်းကောင်ခန္ဓာကိုယ်များ လဲလျောင်းရာ အဆုံးမရှိ မည်းမှောင်နေသည့် မြေတွင်းလိုဏ်ခေါင်းတွေကို ပိုသတိရစေလေသည်။

          ဩဂတ်စတပ်က ဝိုင်အရက် ထပ်ယူလာရန် အစေခံလိုငေါက်ငမ်းစေလိုက်သည်။”

          သက်လတ်ပိုင်းအရွယ်ရှိ ကျူတန်ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်က မိန်းမကြီးတစ်ယောက်ကို ပွေ့ဖက်လဲလျောင်း နေပုံ ဖျတ်ခနဲပေါ်လာ ပြန်၏၊ နွေဦးပေါက်ရာသီဘွဲ့သီချင်းသံက မဆီမဆိုင် ကြောင်တက်တက် ထွက်ပေါ်လာသည်။ ရုပ်ရှင်ပိတ် ကားမြင်ကွင်းက အစာမကြေသည့်နှယ် တဖျပ်ဖျပ်ဖြစ်သွား၏။

          အမှောင်ထဲတွင် သူ ထိုင်နေရာခုံတန်းအတိုင်း တစ်ယောက်ယောက် လာနေသည်ဟု ခံစားသိဖြင့် သိလာသည်။ ထိုလူက သူ့ဒူးခေါင်းကို ပွတ်တိုက်သွား၏။

ခပ်သေးသေးညှက်ညှက် လူတစ်ယောက်။

          ထိုလူ့ပါးစပ်ကို ပွတ်တိုက်နေသည့် မုတ်ဆိတ်မွေး ထူထူကို ကြည့်ရင်း ရင်ထဲမှာ မနှစ်မြို့မှုအာရုံတစ်မျိုးကို အလိုလိုခံစားလာရသည်။ ထိုဝင်လာသူက ကပ်လျက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ရှည်ရှည်လျားလျား မှုတ်ထုတ် လိုက်သံကို ကြားရ၏။ ပိတ်ကားပေါ်တွင် အဖြစ်အပျက်များက

          လျင်မြန်စွာ လှုပ်ရှားပြောင်းလဲလျက် ရှိကြသည်။ ပွန်ပီလီယာက သူမကိုယ်သူမ စာဖြင့်ထိုးကာ အဆုံးစီရင်ပြီး တောင်နေပြီ။(သူမကိုယ်သူမ သတ်သေလိုက် ခြင်းပဲ ဖြစ်မည်ဟု ကရာဗင် ကတော့ထင်သည်။) ပွန်ပီလီယာက လဲကျငြိမ်သက် နေသည့်တိုင် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တို့က မက်မောစဖွယ် ကြည့်ကောင်း နေဆဲ။ သူမဘေးတွင် အစေခံများက ဝန်းရံငိုကြွေးနေကြ၏။

          အသက်မရှူဘဲ ခပ်တိုးတိုးပြောလိုက်သည့် လေသံက ကရာဗင်၏ နားရွက်နားကပ်လျက် ထွက်ပေါ်လာသည်။

          “ဘာဖြစ်တာလဲဗျ။ ဟို မိန်းမ အိပ်နေတာလား” “ဟင့်အင်း ၊ သေနေတာ”

          “အသတ်ခံ ရတာလား” မေးလိုက်သည့် အသံက စိတ်ဝင်စားမှု ထက်သန်လျက်။

          “အသတ်ခံရတယ်လို့တော့ မထင်ဘူး၊ သူ့ကိုယ်သူ ဓားနဲ့ထိုးတာပဲ”

          သူတို့နှစ်ဦးစကားပြောနေကြသည်ကို “ရှူး ၊ တိုးတိုး”ဟုဟန့်တားမည့်သူ မရှိပါ။ ဘယ်သူကမှ ရုပ်ရှင်ကို စိတ်မဝင်စားသောကြောင့်ဖြစ်၏။ ထိုင်ခုံ အလွတ်တွေ ကြားမှာ ငြီးငွေ့စိတ်ပျက်စွာ ခေါင်းငိုက်စိုက်ကျနေသူများ ရှိသည်။

          ရုပ်ရှင်က ခုထိ မပြီးနိုင်သေး။ ဆွေစဉ်မျိုးဆက်တွေအထိပါ ဇာတ်လမ်းက ဆက်နေဦးမယ်ထင်ပါရဲ့ ဟု သူတွေးလိုက်မိ၏။ သူနှင့်ကပ်လျက် ထိုင်ခုံတွင် ထိုင်နေသော မုတ်ဆိတ်မွှေးနှင့် လူညက်ညက်ကတော့ ရုပ်ရှင်ထဲမှ ပွန်ပီလီယာ သေဆုံးခန်းကိုသာ စိတ်ဝင်တစားရှိနေပုံရသည်။ ထိုသူ့အတွက်တော့ စဝင်လာလာချင်း တွေ့ လိုက်ရသည့် ပြကွက်ဖြစ်သောကြောင့် သူ့ကို ညှို့ငင်ဖမ်းစားထားနိုင်စွမ်း ရှိပေမည်။

          “တိုက်ဆိုင်လိုက်တာ" ဟူသည့် စကားတစ်ခွန်းတည်းကို ထိုသူ နှစ်ခါထပ်၍ ပြောသံကြားရသည်။ ထိုလူက သူ့ကိုယ်သူ ကြားရရုံလေသံဖြင့် ခပ်တိုးတိုး ဆက်ပြောနေ၏။

          “စဉ်းစားကြည့်စမ်း၊ အဓိပ္ပါယ်မဲ့လိုက်တာ” နောက် ... ဆက်ပြောနေပြန်သည်။

         “သွေးတစ်စက်မှ မထွက်ဘဲနဲ့” ကရာဗင်က ထိုသူ့စကားကို နားထောင်မနေပါ။ ဒူးခေါင်းနှစ်လုံး ကြားတွင် လက်များကို ချိတ်လျက် ရုပ်ရှင်ပိတ်ကားပေါ်မှ အဖြစ်အပျက်များကို ကြည့်နေသည်။ သည်လိုအဖြစ် အပျက်ပေါင်း များစွာကို အရင်က ခဏခဏတွေ့ဖူးသူ တစ်ယောက်လိုမျိုး အကြည့်ဖြင့် နေခြင်းဖြစ်၏။ သူ့အတွဏ် အန္တရာယ်က ရူးသွပ်သွားတော့မည်ဟု ခံစားနေ ရခြင်းပင် ဖြစ်လေသည်။ သူ့ကိုယ်သူ ဆွဲထူ အားလပ်ရက် တစ်ရက်ယူပြီး ဆရာဝန် တစ်ယောက် အောက်ဆီ သွားပြရမည်။

          (သူ့သွေးပြန်ကြောတွေထဲမှာ ဘယ်လိုရောဂါပိုးမွှားတွေ လှည့်ပတ်နေတယ်ဆိုတာကိုတော့ ဘုရားသခင်မှပဲ သိပေမပေါ့ )။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)