Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - သုည

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

(က)

သူတို့နှစ်ယောက်ကြောင့်...

စာသင်ခန်းတစ်ခုလုံး ရယ်မောဆူညံနေရာမှ...။ ။

မမျှော်လင့်ဘဲ ဆရာဦးလှဆင့်က ကျောင်းခန်းထဲဝင်လာသော ကြောင့် တစ်ခန်းလုံး ဖျတ်ခနဲ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဆရာဦးလှဆင့်က ကျူရှင်၏ အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် စေတနာပါသော၊ အသင်အပြကောင်းသည့် ဆရာတစ်ယောက်ဖြစ် သောကြောင့် ကျောင်းသူကျောင်းသားအားလုံးက သူ့ကို လေးစားရိုသေ ကြ၏။

ဆရာဦးလှဆင့်က အတန်းရှေ့တွင် ရပ်လိုက်ပြီး လက်ထဲမှ ဘောဖျက်၏ သစ်သားအနှောင့်ဖြင့် ကျောက်သင်ပုန်းကို တဒုန်းဒုန်း ခေါက်လိုက်၏။ ထို့နောက်... ။

“ကဲ. ငါ့ကျူရှင်ကို နာမည်ဖျက်နေတဲ့ ဒီအတန်းထဲက ဟိုမိစ္ဆာ နှစ်ကောင်.. ထစမ်း”

ဆရာဦးလှဆင့်စကားက အတန်းနောက်ဆုံးခုံတွင် ထိုင်နေသော “ချမ်း နှင့် “ဒီဝိုင်းတို့နှစ်ယောက်ကို ရည်ညွှန်းမှန်း အားလုံးက သိလိုက် သောကြောင့် ရှေ့တွင်ထိုင်နေကြသော ကျောင်းသားအားလုံးက သူတို့ နှစ်ယောက်ရှိရာ နောက်ဆုံးခုံတန်းဆီသို့ လည်ပြန်နောက်လှည့် ကြည့် ကြ၏။

ချမ်းနှင့်ဒီဝိုင်းကလည်း ခပ်တည်တည်ပင် (သူများတွေနောက် လှည့်ကြည့်သလို) သူတို့၏ နောက်ဘက်ဆီ ခေါင်းလှည့်ကြည့်လိုက်ကြ ၏။

သူတို့၏ နောက်ကျောဘက်တွင်တော့ အုတ်နံရံသာရှိသည်။

“ဟိုနှစ်ကောင်... မင်းတို့ကလွဲပြီး ဘယ်သူများ ရှိသေးလို့ နောက်လှည့်ကြည့်နေရတာလဲ၊ ထစမ်း... မင်းတို့ကိုပြောနေတာ”

အရင်ဆုံး ဒီဝိုင်းက ရွံ့ဆုတ်ရွံ့ ဆုတ်ဖြင့် ထရပ်လိုက်ပြီး

“ကျွန်တော်က မိစ္ဆာမဟုတ်ဘူးဆရာ၊ ကျွန်တော့်နာမည်က (DIVINE) DIVINE ဆိုတာ တန်ခိုးရှိတာ၊ “နတ်” လို့ပြောတာ၊ဟောဒီကောင်နာမည်က `ချမ်း ချမ်း ဆိုတာ “မှင်စာ ́လို့ အဓိပ္ပာယ်ရ တယ်၊ ဒီကောင်ကမှ တကယ့်မကောင်းဆိုးရွား... ဆရာ၊ ဒီကောင့်ကိုပဲ နာနာရိုက်ပါ ဆရာ”

ဒီဝိုင်း၏စကားကြောင့် နံဘေးမှ ချမ်းက ကမန်းကတန်းလက် ပိုက်ကာ ထရပ်လိုက်ပြီး..

“တစ်ခါတလေမှာတော့ နတ်တွေဟာလည်း မကောင်းဆိုးရွား တွေနဲ့ မထူးလှပါဘူးဆရာ၊ ဒီကောင်က နတ်ပေမယ့် လူတွေကို ဒုက္ခ ပေးတဲ့နတ်ပါ၊ ကျွန်တော့်မှာ အပြစ်မရှိပါဘူး၊ ဖေဖေနဲ့ မေမေဆို ကျွန် တော့်ကို “သားလိမ္မာလေး. သားလိမ္မာလေးနဲ့ ဖူးဖူးမှုတ်နေကြတာ”

“ဟုတ်ပါတယ်. ချမ်းကို သူတို့တစ်အိမ်သားလုံးက ဝိုင်းပြီး ဖူးဖူးမှုတ်ကြတာ... သူ့မျက်နှာတစ်ခုလုံး တံတွေးတွေ ရွဲနေတာပဲ”

“တိတ်ကြစမ်း... နတ်ပဲဖြစ်ဖြစ်၊ မှင်စာပဲဖြစ်ဖြစ်... မင်းတို့

နှစ်ကောင်စလုံး ငါ့ကို ဒုက္ခပေးတဲ့နေရာမှာတော့ အတူတူပဲ... နှစ် ကောင်စလုံး မိစ္ဆာတွေ... လာ... အတန်းရှေ့ထွက်ခဲ့”

ချမ်းကော၊ ဒီဝိုင်းပါ နှစ်ယောက်သား လက်ပိုက်ခေါင်းငုံ့လျက် အတန်းရှေ့သို့ ကုပ်ကုပ်ကလေး ထွက်လာကြ၏။

ဆရာဦးလှဆင့်က ကျူရှင်ခန်း တစ်ဖက်ဘေး မုန့်ဆိုင်ဆီသို့ လှမ်း၍

“မတင်တင်... ခဏလာပါဦး”

“ဟုတ်ကဲ့ဆရာ”

ဆရာဦးလှဆင့်က ခေါ်လိုက်သောကြောင့် မတင်တင်က မုန့် ဆိုင်ကို ခဏထားခဲ့ပြီး ကျူရှင်ခန်းထဲ တလှုပ်လှုပ်တရွေ့ရွေ့ ဝင်လာ ၏။ မတင်တင်က ဝလွန်းသောကြောင့် လမ်းမြန်မြန်မလျှောက်နိုင်။ သူ့ကိုယ်လုံးကြီးက တလိမ့်လိမ့်ရွေ့သည်ဆိုရုံသာ ရွေ့၏။

သူမ၏မျက်နှာမှာ ပါးစုန့်တွေဖောင်းကားပြီး ဝဝအစ်အစ်ဖြစ်နေ သလောက် အမြဲပြုံးချိုနေသောကြောင့် ကျောင်းသားကျောင်းသူများက အလွန်ချစ်ကြခင်တွယ်ကြသည်။ ကျူရှင်မတက်ခင် သူမ၏ဆိုင်မှာ မုန့်ဝယ်စားကြရင်း သူမ၏ ဝဝအစ်အစ် ခန္ဓာကိုယ်ကြီးကို စကြ နောက်ပြောင်ကြ၏။

အခုလည်း ချမ်းနှင့် ဒီဝိုင်းတို့နှစ်ယောက် သွားပြီးနောက်ပြောင် သောကြောင့် မတင်တင်က ဆရာဦးလှဆင့်ကို တိုင်ခြင်းဖြစ်မည်ဟုကျောင်းသားကျောင်းသူတွေအားလုံး စိတ်ထဲကမှန်းဆကြည့်နေကြ သည်။

မတင်တင်က အတန်းရှေ့တွင် ရပ်နေသော ချမ်းနှင့်ဒီဝိုင်းတို့ကို မြင်လျှင်မြင်ချင်း...

“သူတို့နှစ်ယောက်ပဲဆရာ... ကျွန်မကို နောက်တာ”

ဆရာဦးလှဆင့်က ချမ်းနှင့်ဒီဝိုင်းတို့ဘက် လှည့်လိုက်ပြီး...၊

“ကဲ. ပြောစမ်း၊ မင်းတို့နှစ်ယောက်က မတင်တင်ကို “အစ်” မကြီး” လို့ သွားခေါ်တယ်ဆို”

ထိုစကားကြောင့် တစ်ခန်းလုံးက မတင်တင်၏ဝဝအစ်အစ် မျက်နှာ ဖောင်းဖောင်းကြီးကို ကြည့်ပြီး ကျိတ်ရယ်ကြသည်။

ဒီဝိုင်းက...

“ကျွန်တော့်အပြစ်မဟုတ်ပါဘူး ဆရာ၊ ဒီကောင်... ချမ်းကြောင့်၊ သူက အဲသည်လို ခေါ်ရမယ်လို့ ကျွန်တော့်ကို အတင်းတိုက်တွန်းတာ ဆရာ”

ဆရာဦးလှဆင့်က ချမ်းဘက်လှည့်လိုက်၏။ ချမ်းက အလွန် ရိုကျိုးသည့် မျက်နှာအမူအရာလေးဖြင့် မျက်လုံးကို ပေကလပ် ပေ ကလပ်လုပ်နေ၏။ နောက်...

“ဒီလိုပါ ဆရာ. ကျွန်တော်က မြန်မာစာလုံးပေါင်းသတ်ပုံ အကြောင်း ဒီကောင် သိပါစေတော့ဆိုတဲ့ စေတနာနဲ့ ပြောလိုက်တာပါ။ဟောဒီကောင်... ဒီဝိုင်းက မတင်တင်ကို “အမကြီး၊ “အမကြီး ဆိုပြီး ခေါ်လွန်းလို့ ကျွန်တော်က အမကြီး” ဆိုတဲ့ အသုံးအနှုန်းဟာ တိရစ္ဆာန် အထီးအမကို ခေါ်ရာရောက်ကြောင်း ရှင်းပြတာပါ”

“အင်း. ဆိုစမ်းပါဦး”

“ကိုယ့်ထက် အသက်ကြီးလို့ အစ်မ၊ နှမလို သဘောထားပြီး ခေါ်မယ်ဆိုရင် “အမ ဆိုတဲ့ သတ်ပုံက မှားပါတယ် ဆရာ။ အကို “စ”သတ် အစ်မလို့ ရေးမှ သတ်ပုံအမှန်ပါ။ ဒါကို ကျွန်တော်က စေတနာနဲ့ ဒီဝိုင်းသိပါစေတော့လို့ ရှင်းပြပြီး သတ်ပုံမှာရေးတဲ့အသံ ထွက်အတိုင်း “အစ်မကြီးလို့ ခေါ်ခိုင်းတာပါ။ ဝဝအစ်အစ် မိန်းမကြီး လို့ ပြောတာမဟုတ်ပါဘူး”

မှင်သေသေနှင့် ရှင်းပြနေသော ချမ်း၏စကားကြောင့် တစ်ခန်း လုံး ခပ်အုပ်အုပ် ရယ်သံများ တဝေါဝေါ ထွက်ပေါ်လာ၏။ ဆရာ ဦးလှဆင့်ကိုယ်တိုင် စိတ်ထဲက ရယ်ချင်သလိုဖြစ်မိသော်လည်း မျက်နှာ ထားကို တမင် ခပ်တင်းတင်းတည်ထားလိုက်ပြီး...

“ဪ... မင်းက ငါ့ကိုတောင် လူလည်ကျချင်တာပေါ့... ဟုတ်လား”

“မဟုတ်ပါဘူး ဆရာ၊ ကျွန်တော်ပြောတာ သတ်ပုံအမှန်ပါ... မယုံရင် မြန်မာစာဆရာကို မေးကြည့်ပါ ဆရာ”

“အေး... အခုတော့ ငါ့ရဲ့ သတ်ပုံကို မင်းတို့နှစ်ယောက်စလုံး ကိုယ်တွေ့ကြုံရပြီပေါ့ကွာ၊ လာစမ်း.. ခွေးကောင်နှစ်ကောင်... ရှေ့တိုး၊ ငါကတော့ ဟောသလို... ဟောသလို သတ်တာကွ”

“ခွပ်... ခွပ်”

ဆရာဦးလှဆင့်က သူ၏ကြီးမားသောလက်သီးဆုပ်ဖြင့် ချမ်းနှင့် ဒီဝိုင်းတို့နှစ်ဦး၏ ဦးခေါင်းချိုစောင်းကို ခွပ်ခနဲ ခွပ်ခနဲ မြည်အောင် ခေါက်လွှတ်လိုက်သည်။

ချမ်းကော ဒီဝိုင်းပါ မျက်နှာများ မရှုမလှ ရှုံ့မဲ့သွားကြပြီး ပူထူ သွားသည့် ဦးခေါင်းကို ကမန်းကတန်း ပွတ်ကြသည်။

သူတို့ အလွန်ချစ်ကြောက်ရိုသေသော ဆရာ၏လက်သံဖြစ် သောကြောင့် စောဒက မတက်ရဲ။ အသံထွက်၍ပင် မညည်းညူရဲ။ ကြိတ်မှိတ်ခံရ၏။

ဆရာဦးလှဆင့်က..

“ကဲ... မတင်တင်၊ ဆရာ တောင်းပန်ပါတယ်ကွယ်... ဆရာ့ တပည့်တွေကို ဆရာ ဆုံးမပါ့ မယ်။ နောက်ကို ဒီလိုမဖြစ်စေရပါဘူး၊ ကဲ... ဟိုနှစ်ကောင်”

ချမ်းကော၊ ဒီဝိုင်းပါ မတင်တင်ကို ကမန်းကတန်းတောင်းပန် ကြသည်။ မတင်တင် ပြန်သွားသောအခါ ဆရာဦးလှဆင့်က သူတို့ နှစ်ယောက်ဘက် လှည့်ပြီး...

“ခွေးကောင် နှစ်ကောင်၊ မင်းတို့ကို အတန်းထဲမှာ စာတော်တာ က လွဲပြီး ကျန်တာ ဘယ်နေရာမှာမှ အလစ်ပေးလို့မရဘူး... လစ်တာ နဲ့ ပြဿနာရှာတဲ့ကောင်တွေ၊ အတန်းထဲမှာ ဟိုလူ့ကို နောက်လိုက်၊ ဒီလူ့ကို ပြောင်လိုက်နဲ့... ပြီးရင် အချင်းချင်းလည်း ချောက်တွန်းကြ

သေးတယ်၊ သွား.. ကိုယ့်နေရာ ကိုယ်ပြန်.. စာကျက်ကြ၊ အခုလာ မယ့် လပတ်စာမေးပွဲမှာ အမှတ် ၉၀ မကျော်လို့ကတော့ မင်းတို့ကို ငါ့ကျူရှင်က ထုတ်ပစ်မယ်... နားလည်လား၊ အဲဒါ မင်းတို့အတွက် ဒဏ်ပေးတာပဲ၊ ကဲ... သွားတော့”

ချမ်းနှင့်ဒီဝိုင်းတို့ သူတို့နေရာ သူတို့ပြန်ထိုင်ပြီးသောအခါ ဆရာ ဦးလှဆင့်က တစ်တန်းလုံးကို မျက်စိတစ်ချက် ဝေ့ကြည့်ပြီးပြောသည်။

“ကဲ... တပည့်တို့အားလုံး သိကြတဲ့အတိုင်းပဲ. ဆရာ ဟောဒီ ကျူရှင်ကို တည်ထောင်ထားတဲ့ရည်ရွယ်ချက်ကိုက တကယ့်စာသင်ကျောင်းကြီးတွေလောက် မတတ်နိုင်သည့်တိုင်အောင် ကိုယ်တတ်နိုင် တဲ့ တစ်ဒေါင့် တစ်နေရာကနေပြီးတော့ ထူးလည်းထူးချွန်၊ လိမ်လည်း လိမ္မာတဲ့ ကျောင်းသားကောင်းလေးတွေ ပျိုးထောင်မွေးထုတ်ပေးချင်လို့ပဲ”

ဆရာက စကားကို ခဏဖြတ်ပြီး သူ့တပည့်များကို အကဲခတ် သလို တစ်ချက် စေ့စေ့စပ်စပ်ကြည့်သည်။ နောက်..

ဒါကြောင့်မို့... ဆရာ့ကျူရှင်မှာ ဘာသာစုံဆရာတွေ အချိန်ပြည့် သင်ကြားဖို့ ပေးထားတယ်၊ စာသင်ချိန် မရှိတဲ့ရက်တွေမှာ စာကျက် ချိန် သတ်မှတ်ပေးထားပြီး မင်းတို့ကို ကူညီဖို့ စာကျက်အကူ(Study