Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - ပိုစ့်မော်ဒန်လူငယ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

         

(၁)

ယဉ်ကျေးမှုသဘောသည် အစဉ်ထာဝရ လွင်ပြင်တစ်ခုလို ပြန့်ပြူး ညီညာစွာ တစ်သမတ်တည်း ရှိတတ်ပါသလား။

ကျွန်တောတော့ ထိုသို့ မယုံကြည်ပါ။ လက်မခံပါ။ ယဉ်ကျေးမှု ကုန်းမြေပေါ်တွင် နိမ့်နေသော ချိုင့်ဝှမ်းများရှိမည်။ မြင့်တက်သွားသော ကမူများ၊ တောင်ကုန်းတောင်တန်းများ ရှိမည်။ (သည်နေရာတွင် မြင့်ခြင်း သည် ကောင်းခြင်း၊ နိမ့်ခြင်းသည် ဆိုးခြင်း၊ ညံ့ခြင်းဟု အဓိပ္ပာယ် မသက် ရောက်ပါ)

ကျွန်တော်ဆိုလိုသည်က ယဉ်ကျေးမှုတစ်ခုလုံးသည် အစဉ်ထာဝရ တစ်သမတ်တည်းဖြစ်သော သဘော၊ ညီညာသော သဘောကို မဆောင်။ ပြောင်းလဲမှုများ ရောပြွမ်းမှုများဖြင့် ဖွဲ့စည်းထားကြောင်းပင်။ သည် တောင်ကုန်း... တောင်တန်းများနှင့်... လွင်ပြင်။ ။

(၂)

၂၁။ တောင်တက်ခြင်း ၊

မြေပြင်တွင် သူလိုငါလို နေရိုးနေစဉ် နေ၍ရနိုင်ပါလျက် မြင့်မား လှပါသည်၊ အန္တရာယ်ကြီးလှပါသည်ဆိုသော တောင်များပေါ်သို့ သူတို့ သည် အဘယ်ကြောင့် တက်ကြည့်ချင်ကြသနည်း။ “တောင်တက်ခြင်း” ဆိုသည့် အပြုအမူ၊ လှုပ်ရှားမှု၊ လုပ်ဆောင်ချက်၏သဘောကို ကျွန်တော် ငယ်စဉ်တုန်းက သဘောမပေါက်ခဲ့၊ နားလည်ကြည့်၍ မရခဲ့။

ဘာကြောင့် တောင်တက်တာလဲ၊ ဘာလုပ်ဖို့လဲ၊ ဘာအကျိုးရှိသလဲ။ ကျွန်တော့်ဖခင်ကို မေးကြည့်ခဲ့ဖူးသည်။ ထိုစဉ်က ဖခင်၏ အဖြေစကား လုံး များက ကျွန်တော့်အတွက် ကြီးမားလေးလံ ရှုပ်ထွေးလွန်းလှသည်။

- လူ၏ ပုဂ္ဂလိက အခန်းကဏ္ဍကို မှတ်တိုင်ထူရန်၊

- လူအဖြစ်၏ မြင့်မားသော စွမ်းရည်ကို ပြသရန်၊

- စိတ်နှင့် စိတ်ဓာတ်၏ ထိုးထွက်တိုးတက်မှုကို ခွင့်ပြုရန်၊

- အတွေ့အကြုံသစ်များကို ရှာဖွေရန်၊

 - ... ... ... ... ထိုသဘောများကို ကျွန်တော် နားမလည်ခဲ့ပါ။

:၂။ အနုပညာနှင့် အသစ်ဖန်တီးမှု

အသက်အရွယ် အနည်းငယ်ရလာ၍ အနုပညာနှင့်လည်း ထိတွေ့ လာရပြီးသည့်နောက် အာရုံခံစားမှုတို့ ဖြန့်ကြက်များပြားလာခြင်း၊ အသစ် ဖန်တီးမှုတို့ကို တွေ့မြင်လာရခြင်း၊ ကိုယ်တိုင်ဖန်တီးလိုစိတ် ဖြစ်လာခြင်း တို့ကို ကြုံတွေ့လာရသောအခါ မိမိကိုယ်ကိုယ် ပြန်မေးကြည့်ဖြစ်သည်။

ဘာကြောင့်များ သမားရိုးကျ အနုပညာပုံစံ၊ သမားရိုးကျ အနုပညာ ခံစားမှုတို့ဖြင့် မကျေနပ် မတင်းတိမ်နိုင်ရသနည်း။

သည်အခိုက်အတန့်တွင်ပင် ကျွန်တော်သည် ငယ်စဉ်က သိချင် ခဲ့သော တောင်တက်ခြင်းသဘောကို နှလုံးသားထက် ပို၍နက်ရှိုင်းသော တစ်နေရာမှနေ၍ နားလည်လိုက်ရသည်။

မော်ဒန်၊ ပို့စ်မော်ဒန် အနုပညာသစ်တို့သည် ယဉ်ကျေး မှု လွင်ပြင်ထဲမှ အားကောင်းစွာ ထိုးထွက်ဖြစ်ပေါ်နေသော

တောင်ကုန်း၊ တောင်တန်းများ ဖြစ်ကြသည်။ ကျွန်တော်တို့ ထိုတောင်တန်းများပေါ်သို့ တက်ကြည့်ချင် ကြပါသည်။

:၃။ မေးခွန်းများ

မြေပြန့်တွင်သာ တစ်သမတ်တည်း ရှိနေခဲ့သူ လူတစ်ယောက်ကတောင်တက်နေသူ တစ်ယောက်၏အဖြစ်ကို ဘယ်လိုလဲ၊ ဘာကြောင့်လဲ။ ဘာတွေရသလဲ၊ လာမေးလျှင် တစ်ဆင့်ခံ စကားများသာ ရပေလိမ့်မည်။ ဆိုလိုသည်က တောင်တက်နေသူကိုယ်တိုင်သာ တိုက်ရိုက်ရနိုင်သည့် အတွေ့ အကြုံ၊ အာရုံခံစားမှုတို့ကို တစ်ခါမျှတောင် မတက်ဖူး သူတစ်ယောက်အား မည်သို့ပြန်ပြောမည်နည်း။

တောင်တက်နေသူက တောင်တက်ရာလမ်းတစ်လျှောက် သူရသမျှ အတွေ့အကြုံ၊ အသိ၊ ခံစားမှု၊ အစွမ်းသတ္တိ၊ ခွန်အားတို့ကို အိတ်ထဲထည့်ပိတ် ကာ သယ်လာပြီး ရော့.. အင့်ဟု ပေး၍မရ။ အတတ်နိုင်ဆုံး ဘာသာပြန်ဆို ထားသည့် အက္ခရာစကားလုံးများကိုသာ ပေးနိုင်သည်။ ဤသည်ကို မရေရာ ဟုထင်လျှင် ကိုယ်တိုင် တက်ကြည့်ရုံသာ ရှိသည်။

:၄။ အကျိုးပြု၊ မပြု

တချို့က ပြောကြသည်။ မော်ဒန်၊ ပို့စ်မော်ဒန်တို့သည် အတတ် ဆန်းရုံ သက်သက်သာ ဖြစ်သည်။ စာပေစတန့်များ ဖြစ်သည်။ လောက အတွက် မည်သို့မျှ ကောင်းကျိုးပြုမည်မဟုတ်၊ စသည်ဖြင့်... စသည်ဖြင့်။

ထိုမော်ဒန်၊ ပို့စ်မော်ဒန် အနုပညာသစ် ဖန်တီးမှုတို့သည် အမှန် တကယ်ပင် မည်သို့မျှ အကျိုးပြုမှု တစ်စုံတစ်ရာ မရှိဘူးလား။

ကျွန်တော့် အယူအဆအရ ပြောရလျှင် အနုပညာသည် အသုံးချခံ ပစ္စည်းမဟုတ်၊ ထို့ကြောင့် အသုံးချတန်ဖိုးမရှိ။ တမင်တကာ ရှိပြနေရန် လည်း မလို။

အနုပညာသစ် ဖန်တီးသူတို့သည် (အနုပညာတစ်ရပ်ကို မဖန်တီး ခင်ကတည်းက) ငါတော့ ဘယ်လိုဘယ်ပုံ အကျိုးပြုဖို့ စာတစ်ပုဒ်လောက် ရေးလိုက်ဦးမှပဲဟု တင်ကြို နေရာသတ်မှတ်ထားခြင်းမရှိ။ ခံစားမှုကို အသိဖြင့် ပြဋ္ဌာန်းကန့်သတ်ခြင်း မရှိ။ အနုပညာဖြစ်ပေါ်စဉ် ခဏမှာရှိသည့်အတိုင်း ရိုးသားစွာ ဖန်တီးကြသည်။ ထို့ကြောင့် တိုက်ရိုက်အကျိုးပြုမှု မရှိ။

:၅။ စွန့်ပစ်ခြင်း

ထိုသို့ တိုက်ရိုက် အကျိုးပြုမှုမရှိသည့် အတွက်လည်း ဝမ်းနည်းစရာ မလို။ အများကဲ့ရဲ့ ခံရတော့မှာပဲဟု စိုးရိမ်ပြီး (သို့တည်းမဟုတ်) ငါ့ကို လူသားအကျိုးပြု ပုဂ္ဂိုလ်ကြီးအဖြစ် အထင်ခံရ၊ အသိအမှတ်ပြုခံရစေတော့ဟု နှလုံးသွင်းပြီး အကျိုးမပြုပြုအောင် အတင်းကြီး လုပ်ယူစရာ မရှိ။ လုပ်လည်း မလုပ်ကြ။ အနုပညာသစ်သမားများသည် ရိုးသားကြသည်။ အရှိကို အရှိအတိုင်း မြင်ကြ၊ ခံစားကြသည်။

အနုပညာသည် တစ်စုံတစ်ခုအဖြစ်သို့ မရောက်ရောက်အောင် လုပ်ယူရသည့်ကိစ္စလည်းမဟုတ်။ တင်ကြိုသတ်မှတ်ချက်ထားပြီး ပုံစံလောင်း ၍ရသည့် ပစ္စည်းလည်းမဟုတ်။ ထို့ကြောင့် “အနုပညာသည် ဘာအတွက် ညာအတွက်” ဟူသော ပညတ်ဘောင်၊ ပုံစံခွက်များကို စွန့်ပယ်လိုက်ကြ သည်။ သူတို့ကို (အနုပညာရှင်တို့ကို) တစ်စုံတစ်ရာက လာရောက် ကန့်သတ်ထားမည်ကို လက်မခံကြတော့ပေ။

:၆။ အကျိုးပြုစေချင်လှသည်ဆိုလျှင်

(အသုံးချပစ္စည်း မဟုတ်သည့်) အနုပညာကို အကျိုးပြုအတွက် အသုံးချချင်လှသည် ဆိုပါစို့။ အရင်ဦးဆုံး အနုပညာပစ္စည်းကို အသုံးချ ပစ္စည်းဖြစ်အောင် အသွင်ပြောင်းရပေဦးမည်။

ထိုသို့ ပြောင်းလဲပစ်ရန် အဓိကအကျဆုံး လိုအပ်သူမှာ အနုပညာ ခံစားသူကိုယ်တိုင်ပင် ဖြစ်သည်။ မည်သည့်အရာများကို အသုံးပြု၍ပြောင်းလဲပစ်ရမည်နည်း။ အနုပညာခံစားသူ တစ်ဦးချင်းစီတွင်သာရှိသော အတွေ့အကြုံက သင်ကြားထားသည့် ဦးနှောက်၊ ဆင်ခြင်မှု၊ စိတ်၏ သတ္တိ တို့ကို အရင်းခံခြင်းဖြင့်သာလျှင် အနုပညာကို အသုံးချပစ္စည်းအဖြစ်ပြောင်းလဲလက်ခံယူကြ၏။ (ခံစားမှုက တခြား၊ လက်ခံမှုက တခြား ဖြစ်သည်ကို သတိပြုပါ။)

:၇။ ခံစားသူ အဓိက

ထိုသို့ ပြောင်းလဲရာတွင် လိုအပ်သော အခံပစ္စည်းများ (အတွေ့ အကြုံ၊ ဆင်ခြင်မှု၊ ရင့်ကျက်မှု၊ ဘဝ၏သြဇာ စသည်တို့)တို့သည် ခံစားသူ၊ စာဖတ်သူ တစ်ဦးနှင့်တစ်ဦး မတူညီကြ။ ထို့ကြောင့် သူတို့ တစ်ဦးချင်းစီကို မှီ၍ဖြစ်သော အသုံးချပစ္စည်း ပုံစံချင်းလည်း မတူညီနိုင်ကြပေ။

ယင်းကို ခံစားသူ အဓိကသဘောဟု ခေါ်၏။

သံထည်တစ်ခုကို အနုပညာရှင်က ထုတ်ပေးလိုက်သည် ဆိုပါစို့။ ခံစားချင်သူက ခံစားမည်။ ခံယူချင်သူတစ်ဦးက ယင်းကို ဓားလှံ စသဖြင့် လက်နက်ကိရိယာတစ်ခုအဖြစ် ပုံစံပြောင်းချင်ပြောင်းမည်။ တခြားတစ်ယောက် က စက်မှုအစိတ်အပိုင်း တစ်ခုအဖြစ် ပုံစံပြောင်းချင်ပြောင်းမည်။ နောက် တစ်ယောက်က ယင်းသံထည်ကြီးကို လွှင့်ပစ်ချင်ပစ်မည်။ ။

အားလုံးသည် ခံစားသူပိုင် ပစ္စည်းများသာ ဖြစ်သည်။

ပို့စ်မော်ဒန် အနုပညာပစ္စည်း တစ်ရပ်ကို အသုံးမဝင်ဟု ထင်သူ က လွှင့်ပစ်ချင်လွှင့်ပစ်နိုင်သည်။ (သူပိုင်ပစ္စည်း ဖြစ်နေပြီးလေပြီ။ အကျိုးပြု စေချင်လွန်းသောကြောင့် အသုံးချပစ္စည်းတစ်ခုအဖြစ် အသွင်ပြောင်းချင် သပဆိုလျှင်လည်း ဖန်တီးသူ၊ စာရေးဆရာဆီက ခွင့်တောင်းနေစရာမလို၊ လှည့်ပြီး တိုင်ပင်နေစရာမလို။ (ကိုယ်ပိုင်ပစ္စည်း ကိုယ်ပြောင်းချင်သည့်ပုံစံ ပြောင်းခွင့်ရှိ၏)။

ပြောင်းလဲခံယူခြင်း

အနုပညာပစ္စည်း

အသုံးချပစ္စည်း

ခံစားသူပိုင်ပစ္စည်း

ခံစားသူ၏-စာဖတ်သူ၏ အတွေ့အကြုံ ဆင်ခြင်မှု၊ ရင့်ကျက်မှု စိတ်၏သတ္တိ၊ ပတ်ဝန်းကျင်နှင့်

ဘဝ၏သြဇာ