Skip to product information
1 of 5

Other Websites

မင်းကိုနိုင် - လဝန်းမျက်နှာကြည့်တိုင်းသာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

“ငါ အခု ဇာတ်လမ်းတွေကို မခံစားချင်တော့ဘူး၊ ဒါကြောင့် ဝတ္ထုတွေကို မဖတ်တော့တာ”

          ကျွန်တော် မျက်လုံးလှန်ကြည့်သည်တွင် သူမက “ဘာလဲဝတ္ထုဆိုတာ ဇာတ်လမ်းနဲ့ ဖွဲ့ထားတာ မဟုတ်လို့ ဘာလဲ၊ ငါ့ကို ပြောပြပါဦး” ဟု မေးခွန်းထုတ်သည်။ ကျွန်တော် မဖြေဘဲ ‘နင်က ဘာတွေဖတ်ချင်လို့လဲ” ဟုသာ တိုးတိုး ပြန်မေးရာ သူမ ခေတ္တ စဉ်းစားသည်။ ပြီးမှ

          “ကြီးကျယ်တယ်လို့တော့ မထင်နဲ့ဟာ ခရီးတစ်ခုပေါ့။ ဘယ်လိုသွား ရလဲဆိုတဲ့ ခရီးသွားနည်းမျိုးပေါ့။ ဒါကိုပဲ စိတ်ဝင်စားတယ်၊ ငါ ဆိုလိုတာ နင် နားလည်မှာပါ”

          ကျွန်တော် ခေါင်းယမ်းလျက် ပြုံးပြလိုက်ပြီး “ငါ ရိုးရိုးပဲ နားလည် တယ်၊ ဒေသန္တရ ဗဟုသုတတွေလား၊ ကမ္ဘာလှည့် ခရီးဆောင်းပါးတွေလား”

          သူမ ကျွန်တော့်ကို မခိုးမခန့် အပြုံးဖြင့် လှည့်ကြည့်သည်။ “နင် အဲဒီလို မညစ်နဲ့လေ၊ နင် အဲဒီလောက် မတုံးဘူးဆိုတာ ငါ ယုံလို့ နှင့်ကို အားကိုးတကြီး ရင်ဖွင့်တာ၊ နင် ငါ့အပေါ် မလေးနက်ဘူး၊ ဝမ်းနည်းစရာပဲ” ဟု သူ စိတ်ပျက်လက်ပျက် ပြောပါသည်။

          ကျွန်တော့် စကားအပေါ် သူ ကျေနပ်သော်လည်း ခံစားမှု တစ်ခု ရသွားခြင်းအပေါ် နာကျင်မှု ပြေပျောက်ဟန် မတူပါ။ ကျေးဇူးပြုပြီး ငါလေးနက်တာတွေ လိုက်ပြီး လေးနက်ပေးစမ်းပါဟာဟု စကားပြန်စပြီး ကျွန်တော့် မျက်နှာကို မှန်ပြင်တစ်ခုလို သူကြည့်နေသည်။ ပြီးမှ တိုးလျ သောလေသံဖြင့်

          “ငါ့မှာ ဒီ အခွင့်အရေးမျိုး နှင့်ဆီကလွဲလို့ ဘယ်သူ့ဆီက ရမှာလဲ၊ နင် ပြောပါဦး”

          ကျွန်တော် အတတ်နိုင်ဆုံး ပြုံးကာ 

          “စိတ်ချပါ မိမိုး၊ အခုလို ပြန်ဆုံချိန်မှာ ဘဝကို မေးခွန်းတွေ ထုတ် ပြီး ဖြေကြည့်ချင်မယ်၊ မတူတာတွေလည်း ရှိမယ်ပေါ့၊ တခြားတော့ မတတ်နိုင်တာသာ ရှိမယ်၊ သေချာတာကတော့ ဒဏ်ရာကိုယ်စီနဲ့ပြန်ဆုံ ချိန်မှာ မိမိုးရေ ဘယ်နား နာသွားသေးလဲလို့တော့ ငါမေးနိုင်ပါသေးတယ် ဟာ၊ ယုံပါ

သူမမျက်နှာသည် အနည်ထိုင်သွားသော ရေတစ်ခွက်လို ကြည် လင်လာပါသည်။

 

အရင်ဆုံးအကြိမ် ပြန်တွေ့စဉ်က ကျွန်တော် တုန်လှုပ်သွားသည်။

          သူမကို မြင်ရသည်မှာ ကျပ်ခိုးစင်ပေါ်က သားခြောက်တစ်မြှောင်းနှင့် တူသည်ဟုသာ ကျွန်တော် အရှိအတိုင်း ခံစားရသည်။

          သဘာဝရနံ့ဖြင့် အေးမြနေသော တောရကျောင်းတစ်ခုတွင် သူမ နှင့် ပက်ပင်းတိုးသည်။ သူမ ကျွန်တော့်အား ကြောက်လန့်တကြားရှောင်ရန် ကြိုးစားသေးသည်။ ကျွန်တော် အသေအချာ မှတ်မိမှန်း သိသွား၍ မထူးတော့ပြီဟု ယူဆဟန်ဖြင့် ဝတ်ကျေတန်းကျေ နှုတ်ဆက် ကာ ကျောခိုင်းသွားသည်။ သာမန်အားဖြင့် မမှတ်မိချင်စရာ ကောင်း လောက်အောင် သူမ ပြောင်းလဲသွားခဲ့ပြီ။

          နှစ်ပေါင်းများစွာ တွေ့မြင်ခဲ့သူချင်းမို့သာ ကျွန်တော် မျက်စိမလည် ခြင်းဖြစ်သည်။ မရောက်ဖူးသော ဒေသတွင် အသိအကျွမ်း နည်းနေ သည်က တစ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင် အမည် မမှည့်တတ်သော အရာများ၏ စေ့ဆော်မှုများက တစ်ကြောင်း၊ ကျွန်တော် သူမကို အလိုက်မသိလိုက်၍ ဇွတ်စကားပြောပြီးမှ ကျွန်တော့်အား တစ်ခွန်း နှစ်ခွန်း ပြန်ပြောသည်။

          သို့နှင့် ထိုတစ်ည အိပ်မရဘဲ ကျွန်တော် သူမအကြောင်း စဉ်းစား သည်။

 

တကယ်တော့ ဇာတ်လမ်း စဉ်ရအောင်လည်း နောက်ခံအကြောင်းက ဘာမျှ ဟုတ်တိပတ်တိမရှိ။ သူမနှင့် ကျွန်တော်သည် ကျောင်းနေ ဘက်မျှသာ၊ စကားပြောဖူးတယ်လို့ပင် မမှတ်မိ။ တစ်ယောက်နှင့် တစ်ယောက် သိသည်။ ဒီထက်ပိုပြီး ဝေဆာအောင် ပြောပါဦးဆိုလည်း အတော် ရှားပါးလိမ့်မည်။ တစ်ယောက်အကြောင်း တစ်ယောက်တော့ နည်းနည်းပါးပါးစီ သိကြပါလိမ့်မည်။

          သူမ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်၍ တက္ကသိုလ်ရောက်သွား သည်နှင့် ကျွန်တော့်မြင်ကွင်းမှ ပျောက်သွားသည်။ လင်နောက် လိုက် ပြေးသည်၊ မိဘသဘောမတူ၍ ပြန်မလာရဲ၊ သားကြီး မယားကြီး ရှိသူမှန်းသိ၍ တရားဝင် ကွာရှင်းပြီး မိဘထံ ပြန်လာသည်။ ဒါပဲ ကျွန်တော် သိသည်။ နှမြော တသသလိုလို ခေတ္တခံစားမိကြောင်း ဝန်ခံ ရုံသာ ရှိသည်။ ပြီးတော့လည်း မမြင်ရ၊ မကြားရ၍ ကျွန်တော် သူမကို မေ့သွားသည်။ ယခုမှ ပြန်ဆုံရသည်။ ဤမျှသာပင်။

 

တကယ်တမ်းကျတော့ သူမသည် ဟန်ဆောင်နေသော ရေငတ်သူ တစ်ဦးပင်။ ကြည်လင်အေးမြသော ရေအိုးကို သောက်ခွင့်ရသည်နှင့်တစ်ခွက်ပြီးတစ်ခွက် ခပ်သောက်သူလို ကျွန်တော့်အား စကားတွေ ပြောတော့သည်။

          “နင်နဲ့ပက်ပင်းတိုးပြီးတော့ ငါ တစ်ညလုံးစဉ်းစားတယ်ဟာ၊ နောက် ဆုံးတော့ နင့်ကို ငါ စကားတွေ အများကြီး ပြောဖို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းကို နောက်ပြီး ငါ ပြောပြမယ်၊ ငါ အခု ပြောပြချင်တာတွေ ပြောရမလား”

          ကျွန်တော်သည် သူ့နာမည်ကို အပြည့်အစုံ ခေါ်၍ “ပြောစမ်းပါဟာ၊ ငါအလုပ်နားချိန်၊ အားလည်းအားနေတာပဲ၊ ပြီးတော့ ကိုယ့်သူငယ်ချင်း တစ်ယောက်ကို တစ်နယ်တကျေးမှာတွေ့ရတာ အတင်းလိုက်ခေါ်ပြီး တောင် ငါက နှုတ်ဆက်သေးတာ၊ နင် နှစ်ရက်လောက် ရှောင်ဖယ် ရှောင်ဖယ်လုပ်နေလို့ ငါအားနာပြီး ဘာဆက်လုပ်ရမှန်း မသိဘူးဖြစ်နေ တာပါ။ ပြောသာပြောပါ”

          သူမသည် “အေးဟာ ငါ မှားသွားတယ်၊ ငါလည်း ရှက်တာနဲ့ ရှောင်နေတာ၊ နင့်ကို မပြောနဲ့ တစ်လောကလုံးကို ငါ ရှောင်ချင်တာ ရှောင်လို့ မရလို့” ဟု ပြောပြီး စကားဆက် ခက်နေသည်။ ။ “ဘဝဆိုတာ ဒီလိုပါပဲဟာ သိပ် အတွေးခေါင် မနေစမ်းပါနဲ့”

          ကျွန်တော်၏ နှစ်သိမ့်စကားကြောင့် သူမ လန်းဆန်းလာသည်။ “ဟုတ်ရဲ့လားဟာ ငါက လူတွေကို မျက်နှာချင်းတောင် မဆိုင်ရဲတော့တာ” ဟု မရဲတရဲ မေးသည်။

           “တစ်လောကလုံးက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာဟာ၊ နင် သာ ကြောင်နေတာ”

          သူမ စဉ်းစားနေသည်။ ရောက်တတ်ရာရာတွေ အဆီအငေါ်မတည့် လျှောက်ပြောနေပြီးမှ လူတိုင်း မှားဖူးကြတာပဲလို့ ငါလည်း ဖြေသိမ့်ပါတယ် ဟာဟု လေသံနိမ့်နိမ့်ဖြင့် ပြောသည်။

          ဒါပေါ့ဟာ အမှားလေးနဲ့ အမှားကြီးပဲ ကွာတာပဲဟု ကျွန်တော် ပြောပြီးမှ စကား မှားသွားပြီဟု ကျွန်တော် သတိရလိုက်သည်။

          “ငါ့အမှားကတော့ အမှားကြီးပါဟာ” ဟု သူနောင်တဖြင့် ရေရွတ် နေသည်။

          ကျွန်တော့်ရင်ထဲ အထူးအဆန်း တစ်ခု ခံစားရသည်။ မဟုတ်ပါ ဘူးဟာ ဒီလောက်လည်း မဟုတ်ပါဘူးဟု ကျွန်တော် ပြောနိုင်သည်။ လုပ်မိလုပ်ရာ သူ့နံဘေးက ဓမ္မစကြာ စာအုပ်ကို ကျွန်တော်ဆွဲယူကြည့်ပြီး

          “ဒီမှာကြည့်စမ်း မြတ်စွာဘုရားဟာ ဘုရား မဖြစ်ခင် ဒုက္ခစရိယ ခြောက်နှစ်ကျင့်တာ မှားတယ်လို့ မိန့်တော်မူခဲ့တယ်” ။

           “မနှိုင်းကောင်း နှိုင်းကောင်းဟာ” ဟု သူမက ငိုရခက် ရယ်ရခက် ပြောသည်။ ထို

          “နှိုင်းတာ မဟုတ်ပါဘူးဟာ၊ အခုမှ အကြောင်းအရာ တစ်ခုကို တင်ပြတာပါ” ဟု ကျွန်တော် ဖြေသည်တွင် သူမ ကျွန်တော့်အား တနွေး ကြီး ပြုံးလျက် ကြည့်နေပါသည်။နေညိုချိန် ဆည်းဆာများတွင် သူမနှင့်ကျွန်တော် လယ်ကွက်များနံဘေးတောစပ်တစ်လျှောက် လျှောက်ကြသည်။ ရွာမှလူများက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်ကို သူရှက်ရွံ့ဟန်ရှိပါသည်။ နေမကောင်း လို့ လာအနားယူတဲ့မြို့က ကောင်မလေးအိမ်ထဲက အိမ်ပြင် လုံးဝမထွက် တာ ခုတော့ သူ့သူငယ်ချင်း ဆိုတဲ့ ကောင်လေးလာလို့ လမ်းတွေဘာတွေ

လျှောက်နေပြီ။ ကောင်လေးက သူ့ ရည်းစား များလား၊ ဘာများလဲဟု စဉ်းစားနေကြမည် ထင်ပါသည်။    

                    “ငါ့အမှားကတော့ အမှားကြီးပါဟာ” ဟု သူနောင်တဖြင့် ရေရွတ် နေသည်။

         ကျွန်တော့်ရင်ထဲ အထူးအဆန်း တစ်ခု ခံစားရသည်။ မဟုတ်ပါ ဘူးဟာ ဒီလောက်လည်း မဟုတ်ပါဘူးဟု ကျွန်တော် ပြောနိုင်သည်။ လုပ်မိလုပ်ရာ သူ့နံဘေးက ဓမ္မစကြာ စာအုပ်ကို ကျွန်တော်ဆွဲယူကြည့်ပြီး

          “ဒီမှာကြည့်စမ်း မြတ်စွာဘုရားဟာ ဘုရား မဖြစ်ခင် ဒုက္ခစရိယ ခြောက်နှစ်ကျင့်တာ မှားတယ်လို့ မိန့်တော်မူခဲ့တယ်” 

          “မနှိုင်းကောင်း နှိုင်းကောင်းဟာ” ဟု သူမက ငိုရခက် ရယ်ရခက် ပြောသည်။

         “နှိုင်းတာ မဟုတ်ပါဘူးဟာ၊ အခုမှ အကြောင်းအရာ တစ်ခုကို တင်ပြတာပါ” ဟု ကျွန်တော် ဖြေသည်တွင် သူမ ကျွန်တော့်အား တနွေး ကြီး ပြုံးလျက် ကြည့်နေပါသည်။

 

နေညိုချိန် ဆည်းဆာများတွင် သူမနှင့်ကျွန်တော် လယ်ကွက်များနံဘေးတောစပ်တစ်လျှောက် လျှောက်ကြသည်။ ရွာမှလူများက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်ကို သူရှက်ရွံ့ဟန်ရှိပါသည်။ နေမကောင်း လို့ လာအနားယူတဲ့မြို့က ကောင်မလေးအိမ်ထဲက အိမ်ပြင် လုံးဝမထွက် တာ ခုတော့ သူ့သူငယ်ချင်း ဆိုတဲ့ ကောင်လေးလာလို့ လမ်းတွေဘာတွေလျှောက်နေပြီ။ ကောင်လေးက သူ့ ရည်းစား များလား၊ ဘာများလဲဟု စဉ်းစားနေကြမည် ထင်ပါသည်။

          “ဒီလကုန်ရင် အလုပ်ပြီးပြီ၊ ပြန်တော့မှာ နင်ပြန်လိုက်ခဲ့တော့ကျွန်တော် အမိန့်ပေးသလို ပြောသည်ကို သူမ နွေးထွေးစွာ ခံစား ရဟန်တူသည်၊ နင်က ငါ့ကို အမိန့် ပေးရအောင် ဘာမို့လဲဟု အားရပါးရ ပြုံးလျက် မေးသည်”

          “ငါ နင့်သူငယ်ချင်းလေ၊ ဒီထက် ပိုခိုင်လုံတဲ့အချက် ဘာရှိသေးလဲ” ကျွန်တော် ရင်ကော့လျက် ကျွန်တော့်ကိုယ် ကျွန်တော် လက်မထောင်ပြ

“ဒီလကုန်ရင် အလုပ်ပြီးပြီ၊ ပြန်တော့မှာ နင်ပြန်လိုက်ခဲ့တော့

          ကျွန်တော် အမိန့်ပေးသလို ပြောသည်ကို သူမ နွေးထွေးစွာ ခံစား ရဟန်တူသည်၊ နင်က ငါ့ကို အမိန့် ပေးရအောင် ဘာမို့လဲဟု အားရပါးရ ပြုံးလျက် မေးသည်”

          “ငါ နင့်သူငယ်ချင်းလေ၊ ဒီထက် ပိုခိုင်လုံတဲ့အချက် ဘာရှိသေးလဲ” ကျွန်တော် ရင်ကော့လျက် ကျွန်တော့်ကိုယ် ကျွန်တော် လက်မထောင်ပြဖြေသည်တွင် “အခုမှ စကားပြောဖူးကြရတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ဘာ သူငယ်ချင်းလဲ” ဟု ကျီစယ်ပါသည်။ “နင် စကားလမ်းကြောင်း ပြောင်းမနေနဲ့၊ ပြန်လိုက်မလား၊ မလိုက်ဘူးလား၊ ဒါပဲပြော” ဟု ကျွန် တော် ငေါက်လိုက်သည်။ ။

          သူမ လယ်ကန်သင်းဘေး လမ်းလျှောက်နေရာမှ ထိုင်လိုက်ပြီး သက်ပြင်းမော တစ်ခုကို ချကာ     “ဘာပြန်လုပ်ရမှာလဲဟာ၊ ရင်မဆိုင် ချင်တော့လို့ စွန့်ခွာလာ ပြီးမှ' ဟု ပြိုကွဲနေသော အသံဖြင့်ပြောပါသည်။

          “ဘာကို ရင်မဆိုင်ချင်ရမှာလဲ၊ နင် ဟောဒီလယ်ကွက်လို ပပ်ကြား အက် ခြောက်သွေ့နေတာ ငါမကြည့်နိုင်ဘူး၊ ပြန်ပြီးစိုပြည် စိမ်းလန်း အောင် အားထုတ်ရမယ်”

          သူမသည် အရောင်မှိန်သော မျက်ဝန်းများဖြင့် ကြည့်ပြီး “နင် ကိုယ်တိုင်ကပါ ငါ့ကို ငါးကျည်းခြောက်နဲ့တူနေတယ်လို့ ပြောတာလား” ဟုမေး၏။

          ကျွန်တော် အဖြေရ ခက်သည်။ “နင် နည်းနည်း နွမ်းသွားတာပါ။ လောကဓံဆိုးကြောင့် ရုပ်ပိုင်းဆိုင်ရာပါ နွမ်းသွားတာပေါ့။ ငါ ပြောတာ သာ လုပ်စမ်းပါဟာ” ဟု ပြောရင်း ကျွန်တော်ပါ သူ့နံဘေး ထိုင်လိုက် ရသည်။ ရိုးပြတ်ရနံ့များ သင်းနေသော လေရူးအောက်တွင် ဖုန်မှုန့်များ ဝေ့ဝဲနေသည်ကို သူလိုက်ကြည့်ပြီး “ငါ ဘာလိုက်လုပ်ရမှာလဲဟာ၊ ငါ့ဘဝ က သေနေပါပြီ၊ ဟိုကသစ်ခြောက်ပင်ကြီးလို ဖြစ်နေပြီ” ဟု မလှမ်း မကမ်းမှ အပင်ခြောက် တစ်ပင်ကို ညွှန်ပြကာ ပြောသည်။

          “တော်စမ်းပါ” ဟု ကျွန်တော် တားသည်ကို သူမ ဂရုမပြု၊ “လူဆို တာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါဟာ၊ ငါလောကကို ရင်ဆိုင်ဖို့ စွမ်းအား မရှိတော့ဘူး၊ သစ်ခြောက်ပင်ဆိုရင်တောင် ထင်းခုတ်ရလို့ အသုံးဝင်ဦးမယ်” ဟုသာ ညည်းတွားနေသည်။

          ကျွန်တော် သူမကို တွန်းလှဲပြီး ထားပစ်ခဲ့ချင်စိတ် ပေါက်သွားသည်။

“နေမကောင်းဘူး ဆိုပြီး ခွေနေတယ်၊ မင်းသူငယ်ချင်း ကြည့်ပြောပါဦး၊ ထမင်းလည်း မစားချင်ဘူး ဆိုလို့ ဆန်ပြုတ်တိုက်လည်း မသောက်၊ ကော်ဖီ ဖျော်တော့လည်း ခေါင်းခါ”

          မိမိုး၏ အဒေါ်က ကျွန်တော့်အား အားကိုးတကြီး ပြောသည်။ နောက်တစ်နေ့ ကျွန်တော် အလုပ် စောစော သိမ်းပြီး သူတို့ အိမ်လာ၊ လမ်းလျှောက်ထွက်ရန် ခေါ်သည်တွင် မိမိုး ဗွေဖောက်သွားခြင်းပင် ဖြစ် သည်။ ကျွန်တော့်လက်ကို ဆွဲယူ၍ အိမ်ပေါ်တင်ပြီး အခန်းထဲကတောင် မထွက်ဘူးကွယ်။ မင်းဆွဲထုတ်ခေါ်စမ်းပါ၊ မင်းသူငယ်ချင်းကိုဟု အကူအညီ တောင်း၍ ကျွန်တော် အခန်းဝ ရောက်သွားသည်။

          ပုလင်းမည်းမည်း တစ်လုံးလို မှောင်နေသော အခန်းထဲတွင် မိမိုး စောင်ခေါင်းမြီးခြုံလျက် ခွေနေသည်။ မိုးမိုး နင့်သူငယ်ချင်း လာပြီ ထလေဟု အဒေါ်ကနှိုးရင်း ကျွန်တော်အား မိမိုးဘက် မေးငေါ့ပြသည်။ ကျွန်တော် နှစ်ကြိမ်လောက် ခေါ်သည်။ သူမ မထူး။

          “ ကျွန်တော်က အခန်းဝတွင် ထိုင်လျက်၊ မိမိုးက ခေါင်းမြီးခြုံလျက် အပြန်အလှန် ပြောကြသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)