မင်းကိုနိုင် - ဖိနပ်ဟောင်းရဖို့သေနတ်ပြောင်း၀သို့ပြန်မရောက်စေချင်နှင့်စာစုများ
ယုံကြည်မှု အကြောင်း
မိန်းမပျိုတစ်ဦးဟာ လူခြေရှင်းစ ညအချိန်မှာ တစ်ယောက်တည်း အငှားယာဉ် စီးလာပါတယ်။ မည်းမှောင်ပြီးလူပြတ်တဲ့ နေရာတွေ ရောက်တဲ့အခါ လွန်ခဲ့တဲ့ရက် တွေက မသမာသူ အငှားယာဉ်မောင်းသမားတွေနဲ့ လုပ်ရပ် အချို့ကို ကြားသိရပြီး မှားပြီလားလို့လည်း တွေးမိပါတယ်။ ကားသမားကို အကဲခတ်ကြည့်တော့လည်။ ဦးထုပ်ငှက်ငိုက်နဲ့ တစ်စုံတစ်ရာကို သဲသဲမဲမဲကြံစည်နေသလိုလို ။
မီးရောင်လင်းတဲ့ လမ်းကျယ်တွေဘက် မောင်းခိုင်းပေမယ့် မြန်မြန်ရောက်တဲ့ လမ်းက မောင်းပေးနေတာပါ ဆိုတဲ့ အကြောင်းပြချက်ကလည်း မသင်္ကာစရာ၊ ဒါနဲ့ လက်ကိုင်ဖုန်းကို ထုတ်ပြီး အိမ်ကလူတွေကို ဆက်သွယ်တော့လည်း တယ်လီဖုန်းလိုင်း တွေကမမိ၊ တစ်ခု ဖြစ်လာရင် ဘာလုပ်ရမလဲတွေးရင်းဇောချွေးလေးများ ပြန်လာပါတယ် ကံအားလျော်စွာ ဖုန်းလိုင်းမိပြီး အိမ်နဲ့ အဆက်အသွယ်ရပါတယ်။
“သမီး ဘယ်နေရာကို ရောက်နေပြီလို့ သတင်းပေးရင်း အိမ်နဲ့ အဆက်အသွယ် အပြတ်အောင် စကားကို ရှာကြံပြီးပြောနေရတယ်။ အိမ်နဲ့ အဆက်အသွယ် ရသွားတော့ အားရှိလာသလို ခံစားတာမှ မကြာသေးဘူး။ ဖုန်းက ဘက်ထရီကုန်သွားတော့ ရှိလာတဲ့ အားတွေအပြင် နဂိုကရှိတဲ့ စိတ်တွေပါ လျော့ပြီး ကုန်သွားပါတော့တယ်။ မလုံမလဲနဲ့ ကားသမားကိုအကဲခတ်တော့လည်း ဦးထုပ်ငိုက်ငိုက်အောက် မျက်နှာက လှောင်ပြီးပြီး နေသယောင်ယောင်း၊
တစ်ခုခု ဖြစ်လာရင် ဘာလုပ်ရမလဲလို့ အရေးပေါ် ဉာဏ်ထုတ်တော့လည်း အားငယ်စိတ်ကိုမကျော်နိုင်ရှာပါဘူးအားသွင်းဖို့ကြိုးရှိလားလို့ မေးတော့လည်း မရှိဘူး သို့ ဖြေတာကိုက စိုးရိမ်စိတ်ကို ပိုကြီးထွားစေတော့တာပါပဲ။ မှောင်ရိပ်ကြီးစိုးတဲ့နေရာတစ်ခုအရောက် ကားသမာရ် လက်ဟာ ဒက်ရ်ဘုတ် (Dis/ Board)ပေါ် ရောက်သွားပြီး တစ်စုံတစ်ရာကို ဆွဲယူလိုက်တာ အထိတ်တလန့်တွေ့လိုက် ရပါတယ် ကားသမားဟာ ထိုအရာကို လက်တစ်ဖက်နဲ့ ကိုင်ပြီး ဆွဲမလိုက်တာနဲ့ မိန်းမပျိုဟာ သတိအနေအထားနဲ့ တံခါးလက်ကိုင်ကိုလက်ရောက်သွားတော့တာပါပဲ။ပါးစပ်ကလည်း ဘယ်လို အော်ရမလဲဆိုတာ ဟန်ပြင် လိုက်တော့တာပေါ့။
“သမီး..ကျူရှင်က ပြန်ပြီလား အဖော်ရဲ့လား၊ အဖေ စိတ်ပူနေတယ်၊ အဖေလည်း ဒီမှာ ခရီးသည်တစ်ယောက်ကို ပြီးရင် ပြန်လာခဲ့တော့မယ်အမေ့ကိုလမ်းထိပ်ထွက်ကြို ခိုင်းဖို့မမှာထားဖူးလား” ကားသမားရဲ့ ဖုန်းဆက်သံကြားမှ မိန်းမပျိုဟာသက်ပြင်းလောကြီး ချနိုင်ပါတော့တယ်။
ကားသမားက ရှင်းပြပါတယ်။ ခရီးသည်ဟန်ဆောင်ပြီးကားကိုလုယက်မှုတွေ ရှိနေလို့ ညည့်နက်လူပြတ်တဲ့ လမ်းတွေကိုမလိုက်ရကြောင်း၊ လုယက်သူတွေဟာယောက်ျားတွေပဲ ဖြစ်လိမ့်မယ်လို့မှတ်ထားရင်တောင် မပြည့်စုံသေးကြောင်း၊ အမျိုးသမီးတစ်ဦး (တချို့ဆို ကလေးတစ်ယောက်တောင်ပါသေး)ငှားဘယ်တွက်လို့မရလူပြတ်ရာရောက်မှ ရပ်ခိုင်းပြီး သစ်ပင်အကွယ်က ထွက်လာတဲ့လက်နက်ကိုင် လုယက်သူတွေနဲ့ ချိန်းချက် ထားတဲ့ ကြံစည်မှုမျိုးတွေ ရှိဖူးကြောင်း ပြောပြပါတယ်။
“အဲဒါကြောင့် ကျွန်တော်တို့ ကားသမားတွေက ဘော်ဒါတစ်ယောက် ညဘက်ဆို အပိုခေါ်လာရတာ
“အာ..ဒါဆို ကျွန်မတို့ ခရီးသည်တွေက ပိုတောင် မသင်္ကာသေးတယ်” “အဲဒါ ပြောတာပေါ့ဗျာ၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည် မသင်္ကာတာနဲ့ပဲ ...... ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး သံသယတွေနဲ့ သတိကြီးကြီးဆက်ဆံနေရတာကြာပါပြီးသံသယဆိုတာမျိုးကလည်း အတိတ်ဖြစ်ရပ်တွေ အပေါ်အခြေခံကြသလိုပေါင်းစကားအကြားတွေနဲ့လည်း မယုံမကြည်ဖြစ်ကြတာပါပဲ အခြင်အတွယ်တွေကို မယုံတာ အမျိုး အစားကို မယုံတာ အရည်အသွေးကို မယုံတာ တွေထက် အဆိုးဆုံးကတော့လူကို မယုံတာပါပဲဆိုင်းဘုတ်တွေ အရောင်တွေကြည့်ပြီးတော့လည်း မသင်္ကာ စိတ်တွေ ဖြစ်သလို ကတိစကားတွေ ကြားပေမယ့် ကတိ ပျက်ကွက်တာများခဲ့ဖူးတာမို့ မယုံနိုင်ကြပါဘူး။ ပြိုင်ဘက်ကို မယုံရတာ ဆိုးရွားသလို၊ ဒိုင်လူကြီးကိုပါ မယုံရတဲ့ အခြေအနေက ပိုပြီးတော့ လက်ခံချင်စရာ မကောင်းတဲ့ အနေအထားပါ။ နားလည်ပေးလို့ရတဲ့ သာမန်လွဲချော်မှုတွေ လောက်နဲ့တော့မယုံသင်္ကာသက်သေပြနိုင်ဖို့ပါပဲ
စိတ်တွေ မကြီးထွားပါဘူး။ အစဉ်အလာဆိုးကြောင့် မသင်္ကာတိုးရတဲ့ သူတွေကို အပြစ် မမြင်သင့်ပါ။ ယုံကြည်စရာ ဘယ်လောက် ကောင်းသလဲ ဆိုတာ ယုံလောက်အောင်လူ့အဖွဲ့အစည်းတစ်ခုဟာပဟုတ်တာလုပ်တဲ့သူတွေကိုဒဏ်ခတ်နိုင်မှ လူတွေဟာ ယုံကြည်မှုရအောင် ကျင့်ကြံကြမှာပါး မဟုတ်တာလည်းလုပ်သေးတယ်ဒဏ်ခတ်မခံတဲ့ အပြင် လုပ်ပိုင်ခွင့် သို့မဟုတ် တစ်စုံတစ်ရာ အရှိန်အဝါကြီးနေဆဲပဲ ရှိသေးတယ် ဆိုရင်တော့ လူတွေက မယုံကြည်တဲ့အပြင် ရွံ့ရှာမုန်းတီးစိတ်ပါ ပေါင်းပြီး အခွင့် ပေါ်တာနဲ့ ဆန့်ကျင်ကြမှာပါပဲ။ ကားသမားနဲ့ ခရီးသည် မသင်္ကာတာထက် ဆိုတဲ့ ယုံကြည်မှု ပျောက်ဆုံးနေတာ ..ဘယ်သူနဲ့ ဘယ်သူတွေလဲ၊ ဘယ်နေရာမှာလဲ ဆိုတာ အားလုံး အသိပါသံသယကင်းတဲ့လူအဖွဲ့အစည်းမှာသက်ပြင်းချရတဲ့ ဘဝ လွန်မြောက်သည့်
၊ ပြည်သူ့အစာနယ်အတွဲ ၂ အမှတ် ၆၁ ၂၀၁၅)
ကလေးတွေအတွက်အတွေး
ခုတလောကလေးတွေနဲ့ ပတ်သက်တဲ့ စိတ်မချမ်းမြေ့စရာ သတင်းတွေ သတိထားမိကြ ပါလိမ့်မယ် စားပွဲထိုး၊ အိမ်ဖော်ဘဝကအစ ထမင်းတစ်လုတ် ရေတစ်ခွက်အတွက် အရွယ်နှင့်မမျှ ဒုက္ခဆင်းရဲခံရတဲ့ ကလေးတွေဝစ်ဘေးဒေသက အသက်လုပြေးနေရတဲ့ ကလေးတွေပြောရရင်တော့ အနာဂတ် ပျောက်နေတဲ့ ကလေးတွေ၊ အသက်ရှင်ဖို့ပဲ ရုန်းနေရတဲ့ကလေးတွေပေါ့။ ကိုယ့်ထက် စီးပွား ပိုကောင်းတဲ့ ထိုင်းနိုင်ငံမှာကျွန်တော်တို့ နိုင်ငံသားတွေ စာရင်း အတိအကျ မပြုစုနိုင်သေးပေမယ့် ၃ သန်း ဝန်းကျင်တော့ရှိပါ တယ်။ ဒီအထဲမှာ ကလေးတွေလည်းများစွာ အပါအဝင်ပါ။
အဲသလိုမိဘနဲ့ ကင်းကွာရုန်းကန်နေကြရတဲ့ ပြည်တွင်းနဲ့ ပြည်ပရောက်ကလေးတွေ အတွက် လူ့အဖွဲ့အစည်းဟာ လျစ်လျူရှုမထားခဲ့ပါဘူး။ နိုင်သမျှနည်းလမ်းတွေနဲ့ အဖြေရှာ ကုစားဖို့ ကြိုးစားကြပါတယ်။ " ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာဒေသတွင်း အလှ ကလေးသယ်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့အစည်းတွေ ၂၀၀ လောက် တည်ထောင် ကြိုးပမ်းခဲ့ကြတာပါ။ အဲဒီအဖွဲ့တွေဟာ ကလေးငယ်လေးသောင်းလောက်ထံသွားပြီးသင်တန်းပေးခဲ့သလို တစ်သိန်းခွဲလောက်သော ကလေးငယ်တွေ အတွက် ထိရောက်မှု ရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါတွေက မိဘကိုယ်တိုင် မတတ်နိုင်လို့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်နေတဲ့ကလေးတွေ ပေါ့လေး ဘယ်လောက် ကုသ ကယ်တင်နိုင်တယ် ဆိုတာတော့တစ်ပိုင်းပေါ့။ ဒီစာစုမှာ စစ်တမ်းထုတ်ဖို့ မဟုတ်ပါဘူး။
ကျွန်တော် တွေးမိတာက မိဘရင်ခွင်ထဲက ကလေးတွေပါ။ တနင်္သာရီတိုင်းမှာ ဖအေကဆိုင်ကယ်မောင်း အမေက နေက်ကထိုင်ထီးဆောင်းရင်း ကျန်လက်တစ်ဖက် က လသားအရွယ် ကလေးကိုပွေ့ပြီးလိုက်ပါတယ်။ လေကြမ်းကြမ်းတိုက်တဲ့အခါ ထီးဟာ လေဟုန်ပင့်သလို ဖြစ်ပြီး မိခင်ပြုတ်ကျ ကလေးအသက်ဆုံးရသလို ဖခင်လည်းထောင်ကျပါတယ် မန္တလေးဘက်မှာလည်း ကလေးကကားရှေ့ခန်းက ကိုယ်တစ်ပိုင်း | ထွက်ရပ်လို့ ကားမောင်းနေတဲ့ မိခင်က လှမ်းဆွဲရင်း စတီယာရင်ကွေ့မိ၊ လမ်းဘေး မုန့်ဟင်းခါး ဆိုင်ထဲ ဝင်တိုက်မိလို့ လူအများကြီး ဆေးရုံရောက်ရပါတယ်။
ဒီလို ဖြစ်စဉ်တွေ အများကြီးပါ။
ဒီဖြစ်စဉ်တွေမှာ ကျွန်တော်တို့ဆီက ဥပဒေဟာအန္တရာယ်ကြုံလာပြီးမှ အပြစ်ဒဏ် | ခတ်ဖို့ပဲ အားသာနေပြီး ကြိုတင် ကာကွယ်မှု မရှိသလောက် အားနည်းနေတာတွေ့ကြမှာပါး ကြိုတင် ကာကွယ်မှုကောင်းတဲ့တိုင်းပြည်တွေမှာ ဒါမျိုး စိတ်နဲ့တောင် ကြံစည်လို့ မရပါဘူး။ လုပ်ချင်လို့လည်း မရပါဘူး။
“ မှန်လုံကား စီးတယ်ဆိုရင်တောင် ကလေးအတွက် (ရင်ခွင်ပိုက်အရွယ်ဆိုရင် နောက်ခန်းမှာပဲကူရှင်ပေါ်မှာ Baby CarSarခေါ်တဲ့အရွယ်အလိုက် သတ်မှတ်ထားတဲ့ ထိုင်ခုံ အသေးတစ်လုံး တပ်ထားရတဲ့အပြင်)ခါးပတ်ကိုကြက်ခြေစလွယ်သိုင်းသေချာ ပတ်ပေးရပါတယ်။
စိတ်လုံခြုံမှု မရှိဘဲရပါတယ်ကွာလို့ခေါ်တင်သွားမယ်ဆိုရင် အိမ်ထဲကထွက်တာနဲ့ အိမ်နီးချင်းတွေ လမ်းပေါ်က လူတွေက ကန့်ကွက် တားမြစ်မှာပါ။ သူတို့ မတွေ့လည်း ရဲက တွေ့တာနဲ့ ဖမ်းဆီးအရေးယူမှာပါ။ ဒါကြောင့် ကလေးတွေ အတွက်ကရော်ကမည် စီစဉ်ဖို့ ဘယ်လူကြီး မိဘကမှ မကြံစည်ပါဘူး။ မနောကံမှာတင် ကိစ္စ ပြတ်နေတော့ ကာယကံမြောက် မဖြစ်တော့ဘူးပေါ့။ သူတို့ဆီမှာလူကြီးတွေက ခဏပဲဆိုပြီး ကလေးတွေ ချည်း အိမ်မှာ ထားခဲ့လို့ မဖြစ်သင့်တဲ့အန္တရာယ်တွေ ကြုံခဲ့တာ မရှိဘူးမဟုတ် ရှိတော့ ရှိပါတယ်၊ သိပ်ခဲယဉ်းတယ် ဆိုတာ ပြောတာပါ။
လူကြီးမရှိတဲ့ အိမ်မှာကလေးချင်း ထိန်းကျောင်းတာမျိုး သူတို့လူ့အဖွဲ့အစည်းက ဥပဒေ အရ ခွင့်မပြုပါဘူး။ လမ်းထွက်ရင်လည်း အသက်၈နှစ်အောက်ကလေးမှန်ရင် ဆိုင်ကယ်နဲ့ သယ်ဆောင်ခွင့် ဘယ်လိုနည်းနဲ့ ခွင့်မပြုပါဘူး။
ကလေးတွေကို တန်ဖိုးထားဂရုစိုက်တဲ့နိုင်ငံတွေမှာကလေးကို လက်နဲ့ယောင်ယမ်း ရိုက်ပုတ်မိရုံကလွဲရင် ရည်ရွယ်ပြီး ရိုက်နက်ဆုံးမခွင့်လည်း မရှိပါဘူး။
ဥပမာ ကလေးကို အကြောင်းတစ်ခုကြောင့် ဆေးစစ်ကြရင်း ဆရာဝန်က ကလေးကိုယ်မှာ အရှိုးရာလိုဒဏ်ရာလိုတွေ့တယ်ဆိုပါတော့ Department of Human Srvice ခေါ်တဲ့ D.H.S ကို အကြောင်းကြားရပါတယ်။ ကလေးရဲ့ ဒဏ်ရာကိုဖော်ထုတ် စိစစ် အရေးယူနိုင်ဖို့ပါ။ ဒီတာဝန်ကို ဆရာဝန် ပျက်ကွက်ခဲ့ရင် သူလည်း အမှုတွဲ ပါလိမ့်မယ်။
ကလေးတွေကို သူတို့အိမ်မှာ ဆက်မနေသင့်ဘူးလို့ ယုံကြည်ရတဲ့ အခြေအနေမျိုး ရှိပါတယ်။ အဲဒါတွေက အခုလိုပါ။
" အိပ်မှာ အုပ်ထိန်းသူက
(က) ကလေးကို မစောင့်ရှောက်နိုင်အောင် ရောဂါ၊ နာမကျန်း ဖြစ်နေရင်
(ခ) မူးယစ်ဆေးစွဲသူ ရှိနေပြီး ဂရုမစိုက်နိုင်ရင်
(ဂ) အိမ်တွင်း ရန်ပွဲကြောင့် အန္တရာယ် ရှိတယ်လို့ ယူဆရင်
စတဲ့ အခြေ အနေတွေမှာ ကလေးကို သူတို့အိမ်မှာ ထားခွင့်မပြုဘဲ D.H.S ခေါ်တဲ့ စောင့်ရှောက်ရေးဌာနတွေက ခေါ်ယု အကာအကွယ် ပေးထားကြပါတယ်။
ဒါတင်မကသေးပါဘူး။ တချို့ခြင်းချက် အခြေအနေတွေ အထိ ထည့်စဉ်းစားထား ပေးကြတာတွေ တွေ့ကြရပါဦးမယ် ။
ဥပမာ၊ မိဘတွေက အလုပ်ကအပြန် ပင်ပန်းလာလို့ ကလေးမထိန်းနိုင်ဘူး။ ကလေးထိန်းလည်း မငှားနိုင်အောင် ဝင်ငွေနည်းတယ် ဆိုပါတော့ ။
ကျောင်းကပြန်လာတဲ့ကလေးကို မိဘများလက်ခံနိုင်တဲ့အချိန်အထိ စောင့်ရှောက် ပေးဖို့ Childcareက အမျိုးသမီးဝန်ထမ်းတွေက အချိန်ပိုင်း ခေါ်ယူ ကူစောင့်ရှောက် ပေးပါလိမ့်မယ်။ အဲဒီ စရိတ်အတွက် မပူပါနဲ့၊ နိုင်ငံတော်က တာဝန်ယူပြီးသားပါ ။
အချက်အလက်အနေနဲ့ ပြောရရင်တော့ ဆုံးနိုင်ဖွယ် မရှိပါ။ ဒါတွေက ချမ်းသာတဲ့ နိုင်ငံတွေ လုပ်နိုင်မှာပေါ့ကွာ၊ တို့လိုဆင်းရဲတဲ့တိုင်းပြည်ဘယ်တတ်နိုင်မလဲလို့ ကိစ္စတုံး ဖြတ်မချစေချင်တာပါပဲ။ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ညှဉ်းပန်းခံကလေးကိစ္စမျိုးဆိုရင် ကလေးကို အဲဒီ အိမ်မှာ ဘယ်လိုနည်းနဲ့မှ ဆက်အထားမခံတော့ပါဘူး။ အိမ်ပြောင်းပြီး ရွှေ့ထား ဝှက်ထားတာမျိုးလည်း ခွင့်မပြုပါဘူး။ စိတ်ချလုံခြုံရတဲ့ ဌာနတစ်ခုခုက ကာကွယ် စောင့်ရှောက်ပေးတော့မှာပါ။ ကျွန်တော်တို့ဆီမှာနဲ့ ကွဲပြားခြားနားပုံရယ် စိတ် အခြေခံတွေသဘောထားတွေ မတူတာ ဘာကြောင့်လဲ ဘယ်ဟာတွေ နှိုင်းယှဉ် ပြင်ဆင်သင့်သလဲဆိုတာ ဝိုင်းတွေးပေးကြဖို့ မျှဝေခြင်းပါပဲ။ မြင်သိ ကြားမိသမှု ကလေးတွေ လေးနက်စရာတွေ ရေးချင်ပါသေးတယ်။ ။
မြက်ခင်းစိမ်း ဆင်ခြင်လျှာပေါ် ရောင်စုံဖဲကြိုးတွေ၊ ကာတွန်းတွေ လွင့်လို့ ကလေးတွေ ကိုယ်တိုင် ဖဲကြိုးပေါ် စာတွေရေး ကိုယ်တိုင် ချည်နေကြတယ်။ တက မိတ်ဖွဲ့စာပါ။ သူငယ်ချင်းကို အားမငယ်ဖို့ အမြန်ဆုံး အိမ်ပြန်ပြီးမိသားစု ပြန်ဆုံကြ စေကြောင်း ဆုတောင်းပေးတဲ့ စာမျိုးပါ။
တချို့ကလေးတွေကမြက်ခင်းပေါ်ပန်းချီရောင်စုံဆွဲနေကြတယ်။ကလေးပန်းဆိုတော့ ခက်တွေ၊ ခွေးကလေး ကြောင်ကလေးတွေးနေသောပုံပန်းပွင့်ပုံအိမ်ဂေဟာမှာ မိသားစု ဆံတဲ့ ပုံတွေပဲပေါ့။ ကလေးပန်းချီတွေရဲ့ နိမိဘ်ဟာ အန္တရာယ်လက္ခဏာမပါဘူး။ ပျော်ရွှင်ခြင်းနဲ့ ညီညွတ်ခြင်း သင်္ကေတတွေချည်းပဲ။ တိပ်တွေ ပြောတယ် လိပ်ပြာတွေ နေတယ် ခွေးလေးတွေ ပုံပါရင်တောင် ကိုက်မည့်ခွေးမျိုး မဟုတ်ပါဘူး။ အဖော်လုပ် ပေးမယ့် ခွေးပေါက်ကလေးတွေပဲ။
သူတို့မှာအတ္တမာနဟာ လူကြီးတွေထက် နည်းပါးတာကြောင့် သူတို့ ပန်းချီတွေဟာ မေတ္တာတရားနဲ့ စာနာမှုကို ပုံဖော်တာချည်းပဲ။
ဟိုဘက်မှာတော့ ကာတွန်းဆရာတွေက လာသမျှ ကလေးတွေကို ဒိုင်ခံပြီး ပုံတူ ဆွဲပေးနေကြတား သားသမီး အများကြီး မွေးထားတဲ့ မိခင်က ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် နံ့သာလိမ်းပေး ခေါင်းပြီး ပေးနေသလိုပါပဲအဲဒိပုံတူပန်းချီတွေမှာကာယကံရှင်ကလေးတွေကသူတို့အမည် ကျောင်းလိပ်စာတွေ ရေးပြီး အဝေးက သူငယ်ချင်းထံ ခွန်းဆက်စာ ရေးကြပါတယ်။ အဝမှာ အရုပ်တွေ ပွေ့ပိုက်ပြီးတဖွဲဖွဲ ဝင်လာကြတဲ့ ကလေးတွေ၊ သူတို့ ဆော့နေကြ ဖက်အိပ်နေကြ အရုပ်တွေကိုသံယောဇဉ်ဖြတ်ပြီးလက်ဆောင်ပေးဖို့ (တချို့လည်း အသစ် ဝယ်လာကြရဲ့ မမြင်ဖူးတဲ့ သူငယ်ချင်းဆီ ပို့မလို့တဲ့ ။ “ တစ်နေရာမှာတော့ကလေးများဟာ သူတို့ စားနေကျ မုန့်တွေကိုကတ်ပြားလှလှပေါ် သူတို့ရဲ့ မိတ်ဖွဲ့စာနဲ့ အတူ သူယ်ချင်းတွေဆီ ပို့ပေးဖို့ ထုပ်ပိုးနေကြပါတယ်။
နေရာက ရန်ကုန် ကန်တော်ကြီးစောင်းမှာပါ။ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ စစ်ဘေးခံ ကလေးတွေ အတွက်မြို့က ကလေးတွေရဲ့အားပေးနှစ်သိမ့်မှုနဲ့ငြိမ်းချမ်းရေး တောင်းဆိုကြတာပါပဲ "
မှတ်တမ်းမှန် ဗီဒီယိုကိုလည်း နောက်ခံ ရှင်းပြမှုနဲ့ Projector (ပရိုဂျက်တာ) ဖွင့်ပြထားသေးတော့ စစ်ဘေးဒဏ်ဘအမှန်ကို သူတို့ သိခွင့်ရပါတယ်။
မြက်ခင်း အဆုံး စင်မြင့်မှာတော့သေနတ်ရှည်ကြီးနှစ်လက်ကို ဒန်းလုပ် စီးနေတဲ့ ကလေးနှစ်ယောက် ကောင်းကင်ပြာလွင်အောက် ပျော်လွန်နေပုံ၊စင်ထက်မှာ ငြိမ်းချမ်းရေးကဏ္ဍတွေးသရပ်ဇော်တွေကို ကလေးတွေ ကိုယ်တိုင် သရုပ်ဆောင်နေကြပါတယ်။ ပန်းရဲ့ လမ်း အပါအဝင် သရုပ်ဆောင် အဆိုတော်တွေက ကလေးတွေကို ရံပေးကြအားဖြည့် ကူညီနေကြရုံပါပဲ။
အဝေးက ဘယ်တွေကိုကလေးတွေရဲ့ စကားတွေ နားထောင်ကြည့်ပြီး
“စိတ်မလျှော့ပါနဲ့ သူငယ်ချင်း ငါတို့ အရုပ်လေးတွေ ဖက်အိပ်ပြီး အိပ်မက်ထဲမှာ မိသားစုနဲ့ ပျော်ရွှင်ပါစေ အိမ်ကို အမြန်ဆုံးပြန်ကျောင်းတက်နိုင်ပါစေ”
ဆိုတာမျိုးတွေ၊
သတင်းထောက်တွေ အပါအဝင် လူကြီးတွေက ကလေးတွေကို ဘာတွေမြင် ဘာတွေပြောရင်လဲ မေးကြတဲ့ အခါ သူတို့အဖြေက
“သူငယ်ချင်းတွေကိုကိုယ်ချင်းစာတယ် အသက်မသေအောင် ပြေးနေရတာ သနားတယ် ဗုံးခိုကျင်းထဲမှာအားငယ်နေမှာစိုးလို့ ကာတွန်းစာအုပ် ပေးလိုက် တယ် ဖတ်ခိုင်းတယ်”
“အရုပ်တွေပဲ ပို့လိုက်တယ်။ သေနတ်ရုပ်တွေ မပို့ဘူး၊ စစ်တိုက်တမ်းတော့ မကစား ပါနဲ့လို့ မှာလိုက်တယ်”
“ဗိုက်ဆာနေမှာစိုးလို့ သားမုန့်ဝယ်ပေးလိုက်တယ်” စသဖြင့် ရိုးရှင်းတဲ့ ဝါကျတွေနဲ့ သူတို့ နားလည် ခံစားသလို ဖြေတာ သူတို့ရဲ့ ရိုးရှင်းတဲ့ ပန်းချီလက်ဆောင်တွေလိုပါပဲ။
“ကျောင်းရောက်ရင် သူငယ်ချင်းတွေကိုပြန်ပြောပြမယ်သားတို့လိုကျောင်းတောင် မနေနိုင်ဘဲ ထွက်ပြေးနေရတာ သနားစရာကောင်းတယ်”တဲ့။
မိခင်တစ်ယောက် ပြောပြတာက “သားလေးဟာ အရုပ်တွေကို အင်မတန်မှ တွယ်တယ်၊ ဘယ်သူမှ အကိုင် မခံဘူး၊ ဒါပေမဲ့ ဒီပွဲမှာကျတော့ ကြည်ကြည်ဖြူဖြူ လှူတော့တာပဲ သူ တစ်ခုခု နားလည်သွားတယ် ထင်တယ်”တဲ့။
ရေသန့်ဘူးဟောင်း ကောက်ရောင်းစားရတဲ့ ကလေးတွေကတော့ တဖျစ် တောက်တောက်နဲ့ သားတို့ အစောကြီးထဲကသိရင် ပိုက်ဆံတွေ ဒီထက်ပိုစုပေးနိုင်မှာ အခု ပန်းချီဆွဲတဲ့ ဆေးတစ်ဘူးပဲ ဝယ်ပေးလိုက်နိုင်တယ်”တဲ့။
သူကိုယ်တိုင်တော့ နေ့လယ်စာတောင် ဝယ်မစားနိုင်တာမို့ နီးစပ်ရာ လူကြီးတွေက ငယ်ပြီး အတင်း ကျွေးရပါတယ်။ ဒါတောင် သူ အဆာပြေပဲ စားပြီး မုန့်တစ်ဝက် လောက်ကို အလှူခံစားပွဲပေါ် သွားတင်လိုက်ပါတယ်။
သားရဲ့ နာမည်နဲ့ လိပ်စာ ပြောပါဆိုတော့
“သားမှာ အိမ်မှ မရှိတာတဲ့ ။
ကိုယ်ပိုင်ကားကောင်းနဲ့လာတဲ့ကလေးတစ်ဦးကတော့သူ့မိဘတွေကိုပူဆာတယ် သူတို့ကိုအိမ်မှာခေါ်ထားလို့မရဘူးလား၊ ကျောင်းထားပေးလို့မရဘူးလားတဲ့။ လူကြီးတွေက ပြုံးပဲ ပြုံးနေတာ့ ကလေးမလေးကသမီးနဲ့ရွယ်တူပဲ ခေါ်မယ်။သမီးလည်း အဖော်ရတာပေါ့ အိမ်မှာတစ်ယောက်တည်းပျင်းစရာကြီးတစ်ယောက် နှစ်ယောက်လောက် ခေါ်မယ်လေ။ သမီးအဝတ်တွေ မျှဝတ်မယ်လေနဲ့ တတွတ်တွတ် ချနေတာ တွေ့ခဲ့ရပါတယ်။
လှလှပပ ဝတ်စားထားတဲ့ ကလေးတစ်ယောက်ဟာ ပုံပြင်လက်ဆောင်များ ဆိုတဲ့ စာအုပ်တွေကို အလှူခံ စားပွဲပေါ် တင်လိုက်တယ်။ ပြီးတော့ အမွေးပွ အရုပ်ကို သူ့မောင်လေး ပွေ့ခိုင်းပြီး ဓာတ်ပုံရိုက်ယူနေတယ်။ နှုတ်ကလည်း “ဒါ မောင်လေးရဲ့ လက်ဆောင်နော်”လို့ ပြောနေသေး ဓာတ်ပုံတစ်ပုံရိုက်ပြီးမှ နေဦး နေဦးလို့ ဆိုကာ ခေါင်းက ပဲပြားကို ဖြတ်၊ အရုပ်လည်ပင်းမှာ ညှပ်ပြီး 'မမလက်ဆောင်လည်း ပါတယ်” ပြောကာ ဓာတ်ပုံ ထပ်ရိုက်လိုက်ပါတယ်
အဝတ်နွမ်းဆော်ထားပြီးဆီမလူးတဲ့ဆံပင်နီကြောင်ကြောင်နဲ့ ကလေးတစ်ယောက် ကတော့ ကျလာသမျှ အမှိုက်တွေ ကြွပ်ကြွပ်အိတ်ကြီးတစ်လုံးနဲ့ လိုက်ကောက်ပါတယ် ပင်ပန်းသွားတဲ့အခါမှတ်တမ်းဗီဒီယိုပြနေတဲ့ ပရိုဂျက်တာကိုလှမ်းကြည့်တယ်။ စစ်ဒဏ်ခံ စခန်းက ကလေးတွေရဲ့ မျက်နှာ အနွမ်းတွေ သူ မြင်ပြီးတဲ့အခါ မြက်ခင်းပေါ် အရုပ်ကြိုးပြတ် လှဲချလိုက်ပြီးကောင်းကင်ကြီးပေါ်တစ်ယောက်တည်းမော့ကြည့်နေ တော့တယ်။
ညဦးကောင်းကင်မှာ ကြယ်တွေ ထွက်နေပါပြီ။ တောက်ပတဲ့ကြယ်တွေ တောက်ပ ။
မှေးမှိန်တဲ့ကြယ်လေးတွေလည်းမှေးမှိန်းတချို့ကြယ်လေးတွေလည်း မှုန်ဝါးဝါးပါ။
ဒါပေမဲ့ ကြယ်တွေ အားလုံးအတွက် ယုံကြည်သော အနာဂတ် ရှိပါတယ်။
ပြည်သူ့အရေး၊အတွဲ ၂၊ အမှတ်၆၂-၆၃- ၂၀၁၅