Skip to product information
1 of 11

Other Websites

မင်းကိုနိုင် - နောက်ကြည့်မှန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

            တစ်နေ့ခင်းလုံးမျှော်သည့်တိုင် အလှူခံပုဂ္ဂိုလ်ကပေါ်တော်မမူ။ တွေ့နေကျမဟုတ်၍အမှတ်မဲ့ဖြတ်ကျော်သွားကြသည်လည်း ရှိမည်ဟု နားလည်ထားသည့်တိုင် နွေအပူတွင် ရေချမ်းစင်ကို မရှာဖွေရကောင်း လားဟု သူမ ငြိုငြင်မိသည်။ တစ်ယောက်တလေမြင်သွားပါလျက် ကိုယ့်လမ်းကိုယ်ဆက်သွားသည်ကို ညိုမြင်သော်မချိတင်ကဲကျန်ခဲ့၏။

          “လူတွေကကြီးကျယ်လို့၊ ငါဒီလောက်အပင်ပန်းခံလုပ်ပေးထားတာစေတနာကို အသိအမှတ်ပြုရကောင်းမှန်း မသိကြဘူး၊ ဒီတစ်နေ့ လုံးတစ်ယောက်မှ မသောက်လို့ကတော့ ငါကိုယ်တိုင်ရေအိုးကို လက်ဝါးစောင်းနဲ့ ရိုက်ခွဲလိုက်မယ်၊ ဟယ် ဖွဖွ ယောင်လို့၊ ဒါနကုသိုလ်ဆိုတာ အကုသိုလ်စိတ် မထားရဘူးတဲ့၊ အင်း အေးမြကြစေ သောက်သုံးသူတွေ”

         အလိုမကျခြင်းကို ချိုးနှိမ်၍ သူမ ဆုတောင်းရင်း ဗျာများနေ သည်ကို အဘမောင် ကြည့်၍ရယ်ကာ “အလှူရှင်ဒေါ်ကျွဲမဆိုတော့ လူတွေက အခတ်ခံရမှာ ကြောက်ကြတယ်၊ နာမည်ပြောင်းပေးလိုက်ရ မလား” ဟု မထိတထိ စရင်းမေးသည်။ သူမ ရေအေး အလွန်ကြိုက်၍ ရေချိုးလျှင် မပြီးနိုင်သောကြောင့် အမေစိတ်တိုတိုင်း ကျွဲမဟုခေါ်သည်ကို အဘမောင် သံယောင်လိုက်ခြင်းအတွက် သူမ ပို၍ အလိုမကျ ဖြစ်လာသည်။

          ညနေရောက်လာသော်လည်း အပူရှိန်က မလျော့သေး၊ အဝေးမှ ဦးထုပ်ပျော့ တစ်လုံး ငိုက်ငိုက် စောင်း၍ စိုက်စိုက်လာနေသူ တစ်ဦးရေအိုးစင် မြင်ပြီး အမြန်လျှောက်လာသည်ကို ညို တွေ့လိုက်ရ၍ ဝမ်းသာအားရ ခြံစည်းရိုးထောင့်သို့ ပြေးသွားကာ အကဲခတ်နေလိုက်၏။

          သူမနှင့် လေးလံခန့်အကွာရှိ ရေအိုးစင်၏ ရေမှုတ်ကို ထိုသူ ဆွဲကိုင်ပြီး အငမ်းမရ သောက်နေသည်ကို နောက်ကျောဘက်မှ မြင်ပြီး ညို၊ ပျော်ရွှင်နေသည်။

          “အား ကောင်းပါ့ဗျား၊ အလှူရှင်ဒေါ်ကျွဲမ ချမ်းသာသုခပြည့်ပါစေ သတည်း”

          ရေနှစ်မှုတ် ဆင့်သောက်ပြီး ကျေနပ်ဝမ်းသာဖြင့် ထိုသူ စာတန်းက ကမ္ပည်းကို ဖတ်ကာ ဆုတောင်းပေး၍ ထွက်သွားသည်တွင် ညိုမှာနှစ်သက်ခြင်းနှင့်အလိုမကျခြင်းနှစ်မျိုးရောလျက်ကျွဲမြီးတိုကျန်ရစ်ခဲ့၏။ ညအိပ်ရာဝင်သည့်တိုင်လူတစ်ယောက် ရွှင်ပျအားရသောက်သုံးခွင့်ရခဲ့သော သူမ၏ ဒါနအတွက် ညိုမှာကြည်နူးမဆုံး၊ဘုရားရှိခိုးပြီး ခေါင်းအုံး ပေါ် ခေါင်းချ အိပ်ပြီးသည့်တိုင် အမျှ အမျှဟူ၍ ပေး၍ မပြီးနိုင်သေး။

          ဒန်အိုးထဲမှရေကို သတ္တုစော်နံသည်ဟု ညည်းတွားရှုံ့မဲ့သောက်ခဲ့ ရသော ဒေါ်တင်တင်ကား သာဓုပါတော် သာဓုပါ အလှူအစ်မကြီးရဲ့ဟု ခပ်ရွဲ့ရွဲ့ ပြန်အော်နေ၏။ ညို ရယ်မောလျက် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ သည်။

          မနက်မလင်းမီပင် သူမ ချမ်းသာစွာ နိုးနေပြီ၊ တံမြက်စည်းကိုဆွဲ ၍ မြူတွေ ဆိုင်းနေသော ခြံအပြင် ထွက်ခဲ့သည်။ ကုက္ကိုပင် တစ် ဝိုက် တဂျွမ်းကျွမ်းမြည်အောင် သူမ တံမြက်စည်းလှည်းသံကြောင့် ငှက် ကလေးတို့ စောစောနိုးသွားပြီး ပကျစ်ပကျစ်နှင့် အော်ကြသည်။ ဘာလဲ တဲ့ စောစောထတာ မင်္ဂလာရှိတယ်၊ ကျန်းမာရေး ကောင်းစေတယ်၊ နင်တို့ ဘာသိလဲဟု ညို တစ်ယောက်တည်း ငှက်ကလေးတွေကို ပြန် ၍ ရန်လုပ်နေ၏။

           ဝေလီဝေလင်းအချိန်တွင် သံလမ်းပေါ်မှ ရထားဖြတ်မောင်းသည် ကို ကြည့်ရင်းသူမရေအိုးကိုလှယ်နေရာမှ ငါတော့ အတန်းတင်စာမေးပွဲ ပြီးလို့ယောင်နေတာ အခုမှအလုပ်ရတယ်ဟုတွေးကာ ကျေနပ်နေသည်။

          နေမြင့်လာသည်နှင့်အမျှ ဘူတာလေးတစ်ဝိုက် ရောက်လာသူတို့ ရေငတ်ပြေ သောက်ကြသည်ကိုလည်း သူမ သတိပြုရင်း ကျေနပ်မဆုံး၊ အထူးသဖြင့် သူမတို့၏ ကြားဘူတာလေးတွင် ဆိုက်သော အနှေးရထား ပေါ်မှ ဆင်းလာသည့်ခရီးသည်တွေ နေပူထဲ မဖြတ်ခင်တစ်ယောက်တစ်လှည့်စောင့်ဆိုင်း၍သောက်နေကြသည်ကိုပင်မြင်၍ ရေမှုတ်တစ်ခု တော့ ထပ်လုပ်ဦးမှပဲဟု တွေးမိပြန်သည်။

          အဘမောင်အား အုန်းပင်တက်ခိုင်းပြီး အလုံးသေးသေးရွေးခူးခိုင်း သည်။ “အုန်းသီး တစ်လုံးတည်းနဲ့ ကျုပ် အပင် တက်ရတာ မကာမိဘူး” ဟု ညည်းရင်း အခွံနွှာ အုန်းသီးခွဲစားကြပြီး အုန်းမှုတ်ခွက်ဖြင့် ရေမှုတ် အသစ် ထပ်လုပ်ရသည်နှင့်ပင် နေစောင်းပြီ။ မနေ့ကအချိန် မနေ့က ပုဂ္ဂိုလ်ထပ်ရောက်လာပြန်၏။ သူမ၏ ပထမဆုံး အလှူခံပုဂ္ဂိုလ်မို့ ညို မှတ်မိနေပြီး ဂရုတစိုက်အနားသို့ မယောင်မလည် ကပ်သွားမိသည်။

          ညိုထက် ငါးနှစ် ခြောက်နှစ်ခန့်ကြီးမည်ဟုထင်ရသော ထိုသူမှာ ဦးထုပ်စုတ်နှင့် အဝတ်နွမ်းများကြောင့် လူကြီးတစ်ယောက်လို သာမန်ကြည့်လျှင် တွေ့ရမည်ဖြစ်သည်။ သူကား လွယ်အိတ်စုတ်တစ်လုံးကို စလွယ်သိုင်းလျက် ရေတဝကြီးခပ်သောက်ကာ သာဓုပါ ဒေါ်ကျွဲမရယ်ဟု ခေါ်နေပြန်၏။

          ရက်အတန်ကြာသော် တစ်နေ့ ညို၊ သောက်ရေဖြည့်နေခိုက် သူ ရောက်လာသည်။ သောက်ရေစစ်တွင် အမှုန်များကပ်နေ၍ သူမ ဆေး ကြောသန့်စင်နေသည်ကို သူ စောင့်နေ၍ ညို အားနာကာ

          “ခဏလေးနော်၊ ဒီနေ့ အလုပ်တွေ ရှုပ်သွားလို့၊ ရေဖြည့်တာ နောက်ကျသွားတယ်” ဟု စကားစပြောမိသည်။

          သူက

          “ရပါတယ် ဖြည်းဖြည်းလုပ်၊ အခုမှ နေပူထဲက လာတော့ ချွေး သိပ်လိုက်ဦးမယ်” ဟု ပြောကာ ညိုအား ရပ်ကြည့်နေသည်။ အသားညို စိမ့်စိမ့်နှင့် နှစ်လိုဖွယ်မျက်နှာပိုင်ရှင်ကလေး၏ ကျက်သရေမှာ သူမ ရင်တွင်းက စေတနာဓာတ်ခံကြောင့် ပို၍ဆွဲဆောင်မှုရှိလေသလားဟု သူ တွေးနေ၏။ ကုက္ကိုရွက်များ လေအဝှေ့တွင် တဖွဲဖွဲကြွေလွင့်လာသည်။ အဖုံး မပါသော ရေပုံးထဲ ကျမည်စိုး၍ ညို အလုပ်ရှုပ် သွားသည်ကို သူ ဝင်ကူရင်း

          “ဒီမှာ ဒေါ်ကျွဲမဆိုတာ ဒီအနားမှာ နေတာလား” ဟု မေး၏။

          ညို၊ ရယ်ချင်စိတ်ကို မျိုသိပ်ရင်း “အင်းပေါ့” ဟုသာ ဖြေလိုက် သည်။

          ဘယ်အိမ်ကလဲဟု သူထပ်မေး၍ ညိုကသူမတို့အိမ်ကိုသာ ညွှန်ပြလိုက်သည်။ ခြံစည်းရိုးလေးသေသပ်စွာကာထားသည့် အုတ်ကြွပ် နီမိုး အိမ်ကလေးကို သူကြည့်ရင်း

          “ဪ ဒါ ရုံပိုင်ကြီးအိမ်ပဲ” ဟု ရေရွတ်နေသည်။

          “တောဘူတာဆိုတော့ ရုံပိုင်ကလေးလို့ပဲ ခေါ်သင့်တယ်” ဟု ညို က ဝေဖန်သည်။ 

          “ဘူတာကြီးကြီးသေးသေးဗျာ၊ ဒေါ်ကျွဲမကို အားနာတဲ့အနေနဲ့ ရုံပိုင်ကြီးလို့ပဲ ခေါ်မယ်” 

          ညိုသည် သူ သောက်ရေ ခပ်သောက်နေစဉ် ဤသို့ ပြောမိ၏။

          “အဲဒီ ဒေါ်ကျွဲမက သူ့ကို ဒေါ်ကျွဲမလို့ခေါ်ရင် မကြိုက်ဘူး၊ သိပ် စိတ်ဆိုးတယ်၊ သူ့အလှူကို သာဓုခေါ်တာ ဒါနမြောက်အောင် သုံး ဆောင်တာတော့ သူက ဝမ်းသာတယ်”

           “ဟာ အဲဒါက စိတ်ဆိုးတယ် မခေါ်ဘူး၊ ကျွဲမြီးတိုတယ်လို့ ခေါ် တယ်၊ ဒေါ်ကျွဲမဆိုတော့ ကျွဲမြီးတိုတယ်ဆို ပိုသဘာဝကျတယ်၊ ဟာ လူကြီးကို နောက်ပြောင်မိပြီ၊ ကန်တော့ ကန်တော့ဗျာ”

          ထိုသူသည် ညိုတို့အိမ်ဘက် မလုံမလဲလှမ်းကြည့်ပြီး ထိုသို့ ဖျာပျာသလဲ နောင်တရနေ၏။

          ညိုကား ရယ်လျက်

          “ရပါတယ် ဒေါ်ကျွဲမက သဘောကောင်းပါတယ်၊ ဒါပေမယ့် ကျွဲမြီးတိုတယ်ဆိုတာ သူ့မူရင်းပုံပြင်က ဘယ်လိုလဲ သိရင်ပြောပြပါ” ဟုတောင်းဆို၏။ သူက “အင်း” ဟု ဆိုကာ အိတ်ကပ်ထဲ လက်နှိုက်သည်။ လက်မလုံးခန့်ရှိပြီး တစ်ထွာမပြည့်သော သစ်သားတစ်လုံး ထွက်လာ၏။ သူ လှည့်၍ ချွတ်သော် အတွင်းမှ ဆေးလိပ်တစ်တို ထပ်ထွက်လာပြန် သည်။ အတော်ကပ်စေးနှဲတဲ့လူကြီးဟု ညို ကြိတ်၍ ဝေဖန်ရင်း ပြုံးမိ သည်။ သူက လွယ်အိတ်ထဲ လက်နှိုက်စမ်းပြန်၏။ အတန်ကြာမှ ဓာတ် ဆီသုံး ပုလင်းမီးခြစ်ကြီး လက်ထဲပါလာသည်။ ဂျိခနဲ ခြစ်ပြီး မီးညှိကာ ဒီလိုဟု စကားစသည်။

          အဘမောင်သည် ရထားလက်မှတ် ရောင်းသည့် ရုံအတွင်း ငိုက်မျဉ်းနေရာမှ ကုက္ကိုပင်အောက် လှမ်းကြည့်မိသည်။ သောက်ရေပုံး ကို လက်တစ်ဖက်ကဆွဲလျက် တစ်ဖက်က ရေစစ်ကို လှုပ်ယမ်းလျက် ညိုသည် သူမရှေ့က ဦးထုပ်ပျော့ ဆောင်းသော လူ၏ စကားဝယ် တရင်းတနှီး ရယ်ပွဲဖွဲ့နေသည်ကို မြင်ရ၏။

          “တစ်ခါက လယ်ကူလီတစ်ယောက်က ကျွဲနှစ်ကောင်နဲ့ လယ် ထွန်နေရတယ်”

          “လယ်က နွားနဲ့မထွန်ဘူးလား၊ ဘာလို့ ကျွဲနဲ့ ထွန်တာလဲ”

          “ကျွဲက ပိုပြီး နွားထက် ထွန်အား ကောင်းတယ်ဗျာ၊ နေစမ်းပါဦး၊ ကျပ်စကား ပျက်တယ်၊ အဲဒါ နေ့လယ် ထမင်းပို့ချိန် ကျော်တဲ့အထိ

 

         

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)