Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဘုန်းမြင့် - ယုံရခက်သောဇတ်လမ်းတစ်ခု

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

[]

          တစ်ဖက်အိမ်တွင် လူတစ်စု စကားဝိုင်းဖွဲ့ နေကြပေသည်။ ဘာတွေ ပြောနေကြသည်ကား မသိ။ လူဆိုတာ...လူဆိုတာ..ဟူသော စကားလုံးကို မကြာခဏကြားရသဖြင့် လူတွေအကြောင်း ဆွေးနွေးနေကြတာကိုးဟု သိလိုက်ရသည်။

          ရွှေလသာသောညမို့ အစစ အရာရာသည် လှပနေသည်။ တစ်ရံ တစ်ခါ တိုးဝင်လာသော လေပြည်ကလေးကလည်း အေးမြလှသည်။ ကျွန်တော်သည် ပက်လက်ကုလားထိုင်ပေါ်တွင် ဆေးတံခဲရင်းက ည၏ အလှအပဝယ် ယစ်မူးနေမိသည်။

          “ကိုယ်ကကောင်းမှ သူကကောင်းတယ် ဆိုတဲ့ စကားတော့ ကျွန်တော် လက်မခံဘူးဗျာ၊ ကိုယ်ကကောင်းပေမဲ့ သူက ကောင်းချင်မှကောင်းတာ၊ ကိုယ်ကမကောင်းပေမဲ့လည်း သူက ကောင်းချင်ကောင်းတတ် တယ်၊ လောကကြီးမှာ ပုံသေကားကျရယ်လို့ ဘယ်ဟာမှ မရှိပါဘူး”

          စကားဝိုင်းမှ အသံတစ်ခုသည် ကျွန်တော့်နားတွင်းသို့ တိုးဝင်လာ လေသည်။ ချက်ချင်းပင် ည၏ အလှထဲ၌ ကျရောက်နေသော ကျွန်တော့် အာရုံလည်း ပျောက်ကွယ်သွားလေသည်။ သည်စကားမျိုး ငါကြားဖူးပါ တယ်”ဟု ကျွန်တော် စဉ်းစားနေမိသည်။ ဘယ်မှာပါလိမ့်၊ ဘယ်တုန်းကပါ လိမ့်၊ ဘယ်သူပြောခဲ့တာပါလိမ့် ..... ။

          “ဟာ...သတိရပြီ၊ တင်မောင်..တင်မောင် ဒီကောင်ပြောခဲ့တာ၊ အဲလေ... ပြောခဲ့တာမဟုတ်ဘူး ရေးခဲ့တာ”

          ကျွန်တော်သည် နှစ်ပေါင်းအတန်ကြာက အဖြစ်အပျက်တစ်ရပ်ကို ပြန်လည် အမှတ်ရလာမိလေသည်။

[၂]

          ကျွန်တော်နှင့် အလွန်ခင်မင်ရင်းနှီးသော ငယ်သူငယ်ချင်းများတွင် တင်မောင်လည်း ပါဝင်ခဲ့သည်။ သူနှင့်ကျွန်တော်သည် ဆော့ဖက်၊ ထိုးဖက်၊ တေဖက်၊ ပေဖက်များ ဖြစ်ကြသည်။ သည်အကောင်သည် သတ္တိကောင်းချင် လျှင် အလွန်ကောင်းတတ်၍ ကြောက်မိလျှင်လည်း အီးအီးပင်ပါတတ် သည်။ အရွှတ်အပြောင်လည်း အလွန်ပြောတတ်သည်။ သို့ရာတွင် 'မနှင့် ပတ်သက်လျှင်တော့ အလွန်ညံ့သည်။ တစ်ခါက ဘယ်သူမှ မစရဲသော ကလေးမတစ်ဦးနောက် ဇွတ်လိုက်၍ စာပေးရာ ကလေးမက ဖိနပ်ကုန်းချွတ် သဖြင့် တစ်မျိုးတည်း လစ်ခဲ့ရဖူးလေသည်။ သည်ကတည်းက မိန်းမဆိုလျှင် သူကြောက်တတ်လာခဲ့သည်။

          ဆယ်တန်းအောင်ပြီးသည့်နောက်တွင် တင်မောင်နှင့်ကျွန်တော် ကွဲခဲ့ကြသည်။ ကျွန်တော်က ရန်ကုန်ပြောင်းလာ၍ သူက သူ့မိဘ ဆေးလိပ်ရုံ အတွက် ရှမ်းပြည်တက်ကာ သနပ်ဖက် အဝယ်တော်လုပ်ရသည်။ သူ့မိဘ များကလည်း သားသမီးငါးယောက်တွင် တစ်ဦးတည်းသော သားယောက်ျား လည်းဖြစ်၊ သားကြီးသြရသလည်းဖြစ်သဖြင့် အလွန်ချစ် အလွန်အားကိုးကြ သည်။ အားကိုးကြသည့်အတိုင်း သူကလည်း အသက် ၃၀ အထိ အိမ်ထောင် မပြုဘဲ စီးပွားရေးကိုသာ ကြိုးပမ်းခဲ့သည်။ သို့သော် တစ်နေ့တွင်တော့ သူ့သတင်းကို ဝမ်းနည်းစရာကြီး သိရလေသည်။

          “ဆိုစမ်းပါဦး...ဘယ်သူနဲ့လဲကွ”

          အလည်ရောက်လာသော သူငယ်ချင်းလှအောင်က မဲ့ပြုံးပြုံးလိုက် သည်။

          “ရုံးစာရေးကြီး ကိုသန်းမောင်မိန်းမနဲ့ကွ” “ဟာ...သူများမယားနဲ့ ဟုတ်လား”

          “ကိုသန်းမောင်က သေသွားပြီလေကွာ၊ မင်း မသိသေးဘူးလား၊ တစ်နှစ်ကျော်ကျော်လောက် ရှိသွားပြီ”

          ဘုန်းမြင့် “ဖြစ်မှဖြစ်ရလေ...လှအောင်ရာ၊ အပျိုရှားလို့တဲ့လား၊ တောက်.. ဒီကောင်ကို ငါတွေ့ လိုက်စမ်းချင်တယ်”ကရုဏာဒေါသဖြင့် ကျွန်တော်၏ ကိုယ်သည် တုန်၍ပင်လာ သည်။ တင်မောင်သာ အနားမှာရှိလျှင် ဆွဲထိုးမိမည် ထင်သည်။ လှအောင် ကမူ ကျွန်တော့်ကိုကြည့်၍ ပြုံးလေသည်။

          “မခင်ကြည်ကို မင်းမြင်ဖူးတယ် မဟုတ်လား” “မမှတ်မိတော့ဘူးကွ၊ မြင်တော့ မြင်ဖူးမှာပဲ”

“အသားညိုညို ကိုယ်လုံးကိုယ်ထည် တောင့်တောင့် စံပယ်တင်မှုနဲ့ လေကွာ၊ ရုပ်ကတော့ သိပ်မရှိပါဘူး၊ ဒါပေမဲ့ သိပ်ခေတ်ဆန်တယ်၊ ညှို့ဓာတ် ကလည်း သိပ်ကောင်းတယ်”

          “ ဒါကြောင့် ဒီကောင် စွဲသွားတယ် ဆိုပါတော့”

           “အေးပေါ့.....မင်းကောင်ကို ငါပြချင်တယ်၊ အရူး အမဲသားကျွေး ထားတဲ့ အတိုင်းပဲ၊ မိဘတွေ နှမတွေလည်း ရှက်ရှာလွန်းလို့ အိမ်တောင် အကပ်မခံတော့ဘူး၊ ဒီကောင်မကို စွန့်ရင်စွန့် မစွန့်ရင် အမွေပြတ်ပဲလို့ ပြောနေကြတယ်၊ ဒါလည်း သူက မမှုဘူးကွ”

          “ဪ...တင်မောင်တင်မောင် ဖြစ်မှဖြစ်ရပလေကွာ”

          ကျွန်တော်ပင်လျှင် တင်မောင့်အတွက် ရင်နာကာ ညည်းညူမိလိုက် သည်။ သည့်နောက်တော့ ကျွန်တော်သည် သူ့ကို မေ့ပစ်လိုက်လေသည်။

( ၃ )

          နှစ်နှစ်ခန့်ကြာသောအခါ တင်မောင် ကျွန်တော့်ထံ ပေါက်လာ လေသည်။

          သူ့ရုပ်သည် အတော်ကျချေပြီ။ ငယ်ငယ်တုန်းကလို ရှိုးတွေ ဘာ တွေလည်း မရှိတော့။ သို့သော် ပြုံးဖြဲဖြဲအကျင့်ကမူ မပျောက်သေးဘဲ ရှိနေသည်။

          “ဟဲ...ဟဲ...မင်း သူငယ်ချင်းတော်တော်ပီသတဲ့ကောင်ကွာ၊ မယား ယူတာ ငါ့ ကိုတောင် မဖိတ်ဘူး”

          “မင်းကလည်းကွာ ဖိတ်စာကမ်းပြီး ယူခဲ့ရတာ မဟုတ်ဘူးကွ၊ မင်းလူကိုမလေ့လာသောအခါ လည်း ကြားပြီးရောပေါ့”

          “ကဲ...ထားပါတော့လေ၊ အခု အခြေအနေက ဘယ်လိုလဲ၊ မင်း ဒူးမနာသမီးကလေးလည်း ကြီးလှရောပေါ့ ဟုတ်လား”

          ကျွန်တော်က ခနဲ့ပြန်သည်။ ထိသွားသောကြောင့်လား မပြော တတ်။ သူ့မျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ သည်တော့လည်း အလွန်ခင်သော သူငယ်ချင်းမို့ အသနားဖက်သွားမိပြန်သည်။

          “အေး...ဆိုပါတော့ကွာ၊ ဒါတွေ ထားပါဦး၊ ခု မင်းဆီလာတာက အကူအညီလိုချင်လို့ကွ”

          “ဘာလဲ မင်း ဖားသားကြီးကို ပြောပေးဖို့လား ဟုတ်လား”

          “အေးကွာ၊ အဖေတို့ အမေတို့က အဆက်ဖြတ်ထားတော့ ငါလည်း ဘိုင်တွန်နေပြီကွ၊ မိန်းမကလည်း ပူညံပူညံလုပ်လာပြီ”

          “မင်းကို အမွေတောင်းခိုင်းပြီ ဆိုပါတော့” “ဟာ...မင်း တယ်တော်တဲ့ကောင်ပါလား”

          “ဟဲ...ဟဲ ငါ့ဝမ်းထဲမှာက ပုဏ္ဏားကလေးရှိတယ်ကွ၊ မင်းအမွေ တောင်းရင်တောင်း မတောင်းရင်၊ တောင်းလို့လည်းမရရင် မင်းကို မပေါင်း နိုင်ဘူး၊ ကျောင်းတော့ ဒီလိုမဟုတ်လား”

          “လက်စသတ်တော့ မင်းက ကြားပြီးနေပြီကိုး”

          “မကြားပါဘူး တင်မောင်ရာ၊ ပညာရှိအတွေးနဲ့ ပြေးမကြည့်ဘဲ သိတာပါ၊ မခင်ကြည် ဘယ်လိုမိန်းမစားလည်းဆိုတာ မင်းကလွဲရင် အားလုံး သိနေကြတာ၊ မင်းကို လူပျိုကလေးရယ်လို့ မက်ပြီးယူတာ မဟုတ်ဘူး ငအရဲ့၊ အမွေကိုမက်ပြီး ယူတာ၊ ခုတော့ မင်းသိပြီ မဟုတ်လား၊ အေး...သုံးတုံး ကုန်မှ ချေးမှန်းသိတယ်ဆိုတာ မင်းပဲ...မင်းပဲ”

          “ပြောကွာ...ပြော...ပြော၊ မင်းပြောချင်သလိုပြော၊ ဒါပေမဲ့ ငါကတော့ သူမှ သူပဲကွ၊ အမွေမရချင် နေပေ့စေ၊ သူ့ကိုတော့ ငါမစွန့်နိုင်ဘူး၊ သူက စွန့်တာလည်း ငါမခံဘူး၊ သူ့ကိုလည်း ငါသတ်မယ်၊ ငါ့ကိုယ်လည်း ငါသတ်မယ်၊ ဒါပဲ”

          တင်မောင်သည် စောစောက တင်မောင် မဟုတ်တော့။ သူ့ရုပ်၊ သူ့အသံ၊ သူ့ဟန် အားလုံး ပြောင်းလဲသွားသည်။ သူ့အသားများသည်။

          ဘုန်းမြင့် နီတက်လာသည်။ သူ့လက်များသည် တဆတ်ဆတ် တုန်လာသည်။

          “ဪ...တင်မောင်...တင်မောင်”ဟုဆိုကာ ကျွန်တော်သည် သက် ပြင်းကြီးတစ်လုံး ချလိုက်မိလေသည်။

          “မင်းကွာ...ပညာတွေလည်း သင်ထားတဲ့ကောင်ပါ၊ မိန်းမ တစ်ယောက်ကို ဒီလောက်ပဲ ရူးရူးမူးမူး စွဲရသလားကွာ”

          “ဒါတွေ ပြောမနေပါနဲ့တော့ သူငယ်ချင်း၊ လူဆိုတာ ကိုယ့် အကြိုက်နဲ့ ကိုယ်ပါ၊ တမာခါးပေမဲ့ ကြိုက်တဲ့လူ ရှိတာပဲ၊ ငရုတ်သီး ဘယ်လောက်စပ်စပ် အတောင့်လိုက် ဝါးစားတဲ့သူလည်း ရှိတာပဲ၊ အဲ...ငါ မင်းဆီ လာတာက အကူအညီတောင်းဖို့ပဲ၊ မင်းက အဖေတို့ အမေတို့နဲ့ သိပ်ခင် တယ်မှုတ်လား၊ မင်းပြောရင် ရမယ်လို့ထင်တယ်၊ နောက်ဆုံးကွာ သောင်း လေးငါးထောင်လောက်ရရင် တော်ပါပြီ၊ နောက် ငါကြီးပွားရင်လည်း ပြန် ပေးမှာပါ၊ ငါငွေမမက်ပါဘူး၊ အခက်တွေ့နေလို့သာပါ”

          “မ” စိတ်သည် ဆိုးလှချေသည်။ သည်အဆိပ်မိလိုက်လျှင် ဘယ်သူမျှ ခံနိုင်စွမ်းမရှိ။ ကိုယ့်အကြိုက်နှင့်ကိုယ် ဆိုသောစကားကလည်း မှန်လိုက်ပါဘိခြင်း။ သည်တော့ကာ တင်မောင်ခများသည် ရယ်စရာ၊ လှောင် စရာသတ္တဝါ မဟုတ်တော့။ သနားစရာသာ ဖြစ်လာသည်။ ကျွန်တော်သည် သူ့ကို သနားလာသည်။ ထို့ကြောင့် “ငါ ကြိုးစားကြည့်မယ်ကွာ”ဟု ကတိ ပေးလိုက်မိလေသည်။

( ၄ )

          ကျွန်တော်သည် ခွင့်တစ်ရက်ယူ၍ ခရီးထွက်ခဲ့လေသည်။ ရှေးဦး စွာ တင်မောင်၏အိမ်သို့ ဝင်သည်။ မခင်ကြည်ကို လေ့လာအကဲခတ်သည်။

          တင်မောင်ထက် နှစ်နှစ်လောက် ကြီးသော်လည်း မခင်ကြည်သည် တင်မောင့်ထက်ပင် နုပျိုပေသည်။ စွဲမက်စရာလည်း ကောင်းလှသည်။ ကိုယ်လုံးကိုယ်ပေါက်၊ အဆင်အပြင်၊ အပြောအဆို၊ အလှုပ်အရှား အားလုံးကောင်းသည်။ တခြား ကောင်းတာတွေလည်း ရှိဦးမည်။ သူ့သမီးကလေး ကလည်း ချစ်စရာ။ တင်မောင်ခများကလည်း ချစ်ရှာပါဘိခြင်း။ မယားပါမို့ သာ တော်တော့သည်။ သူနှင့်သာ မွေးခဲ့ပါလျှင် ငုံထားမည်လား မပြောတတ်။

          “လူတွေကတော့ ကျွန်မ မြှောက်ပေးတယ် ပြောကြမှာပါပဲ၊ တကယ် ကတော့ လင်မယားဆိုတာ ချစ်နေကြရုံနဲ့ ပြီးတာမဟုတ်ဘူး၊ စားဖို့ ဝတ်ဖို့နဲ့ လူတန်းစေ့နေနိုင်ဖို့က အလွန်အရေးကြီးပါတယ်၊ ခုဆိုရင် နှစ်နှစ်ကျော်တော့ မယ်၊ သူ ဘာအလုပ်မှ မည်မည်ရရ မလုပ်ဘူး၊ ဟိုလိုလို ဒီလိုလိုနဲ့ ရှိတာ ကလေးတွေ ထိုင်စားလာကြတာ မပြောင်ရုံတမည်ပဲ ရှိတော့တယ်၊ အစိုးရ အလုပ်ဝင်လုပ်ပါဆိုတော့လည်း ဝင်ငွေနည်းလို့ မလုပ်ချင်ဘူးတဲ့၊ ကုန်သည်ပဲ လုပ်ချင်သတဲ့၊ ဒီတော့ ငွေရှိမှ ဖြစ်တာမဟုတ်လား၊ ဒါကြောင့် အမွေရယ်လို့ မရရင်လည်းနေပါစေ၊ အရင်းအနှီးကလေးလောက်ရရင် ကျွန်မ ကျေနပ်ပါ တယ်”ဟု မခင်ကြည်က ဆိုသည်။

          ဟုတ်သည်။ သူ့အကြောင်းပြချက်သည် မဆိုးလှ။ လမ်းကျပေ သည်။ သို့သော် တစ်ခုတော့ ကျွန်တော် သတိပြုမိသည်။ သူ့ကိုယ်တွင် လက်ဝတ်လက်စားတွေကတော့ အပြည့်အစုံရှိနေသည်။အချိန်သိပ်မရသဖြင့် ဆွေမျိုးသားချင်းများထံ ခေတ္တသာ ဝင်ရောက် နှုတ်ဆက်နိုင်သည်။ ကျွန်တော်သည် တင်မောင့်မိဘများအိမ်သို့ ခရီးသွား ဟန်လွှဲသဘော ဝင်ရောက်ခဲ့ရလေသည်။

" .....ဦးလေးတို့ သားအကြောင်း ဦးလေးတို့ အသိပဲမဟုတ်လား၊ ဒီကောင်က စိတ်ညစ်ရင် ထင်တာ စွတ်လုပ်မဲ့အကောင်၊ ကျွန်တော်တောင် စိတ်မကောင်းဘူး၊ နောက်ဆုံးကွာ ငါ့မိဘက ငါ့ကို ဒီလောက်ရက်စက်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်တဲ့၊ ဒီတော့ တင်းလွန်းရင် မကောင်းဘူးလို့ ထင်ပါတယ်၊ သူလည်း ဒီလောက်မိုက်တဲ့ကောင် မဟုတ်ပါဘူး၊ မိဘကို ခြေစုံကန်တာလည်း မဟုတ်ပါဘူး၊ ရသင့်ရထိုက်လို့ တောင်းတာလည်း မဟုတ်ပါဘူး၊ အရင်းအနှီးလောက်သာ လိုချင်တာပါလို့ ကျွန်တော့်ကိုပြောပါတယ်၊ ငွေ သောင်း လေးငါးထောင်လောက်တော့ ဦးလေးတို့အဖို့ အကြောင်းလည်း မဟုတ်ပါဘူး ဦးရယ်၊ နောက် ခရီးလွန်တော့မှ အမယ်လေး ဒီလိုဖြစ်မယ်မှန်း မသိလို့ပါ သားရယ်လို့ ဆိုပြီး မျက်ရည်ကျတာမျိုး မဖြစ်စေ ချင်ဘူး၊ ဒါကြောင့် ကြုံတုန်းကြုံခိုက် ကျွန်တော် ဝင်ပြီးအကြံပေးတာပါ။ ကဲ.....ကျွန်တော်သွားမယ်၊ ဝင်စရာတွေရှိသေးလို့ အချိန်က သိပ်မရဘူး”

      လုံးစေ့ပတ်စေ့ကား ကျွန်တော် မမှတ်မိတော့။ တတ်သလောက်