ဘဝင်း - သဲတစ်ပွင့်အုပ်တစ်ချပ်နှင့်လွပ်လပ်ရေးရပြီ
ဤရွာ၏အမည်မှာ “ရွှေသန်း” ဖြစ်သည်။ ဤအမည်ကို စာရေးသူက ကဗျာ ဆန်ဆန် ဘောဂဗေဒဆန်ဆန် ကင်ပွန်းတပ်လိုက်ခြင်း ဖြစ်သည်။ သူ၏ အမည်ရင်းမှာ “ကိုးသန်း” ဖြစ်သည် ဟူ၍လည်း ဆိုကြ၏။ သူတို့၏ အကြောင်းပြချက်ကား ဤသို့ တည်း။
လွန်ခဲ့သော နှစ်ပေါင်း ၉ဝဝ လောက်က ပုဂံပြည်တွင် အနော်ရထာမင်းကြီး ထီးနန်းအုပ်ချုပ်၍ မင်းလုပ်ခဲ့သည်။ ထိုအချိန်က ဤရွာ၏ မြောက်ဘက် လေးငါးမိုင်ခန့် ကွာဝေးသောနေရာတွင် အိန္ဒိယပြည်မှ ကုလားကုန်သည်တစ်ယောက်သည် ရောက်ရှိလာပြီး ရောင်းဝယ်ရေးစခန်းချဖူး၏။ ထိုကုလားကုန်သည်အား ထိုစဉ် မြန်မာလူမျိုးများက “ဘသူကြွယ်”ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုကုလားကုန်သည်မှာ မိမိ၏ ကုန်သွယ်ရေးစခန်း ကို အခိုင်အမာ ပြုလိုသဖြင့် အနော်ရထာဘုရင်ထံ တည်းခိုစခန်း နန်းဆောက်ရန် အမိန့် ကို တောင်းခံခဲ့သည်။
ထိုအခါ အနော်ရထာ ဘုရင်က ကုန်သွယ်ရေးစခန်း၏ နန်းတော်ကို တည်ဆောက် ရာ၌ နန်းတိုင်သည် ဒူးကွေးခန့်ပမာဏရှိ၍ စရွေးမှာ ခြေမလောက်သော ပမာဏရှိရမည်ဟု အမိန့်တော်မြတ် ချမှတ်ပေးလိုက်သည်။ ဤမျှ အတိုင်းအတာဖြင့်သာ ဆောက်လျှင် တဲပုတ်ငယ်ကလေးမျှသာ ရှိမည်။ ထိုကြောင့် ဘသူကြွယ်က အကြံထုတ်ရသည်။ နန်းတိုင် ဒူးကွေး ဟူသော စကားအရ ဒူးကွေး အရွယ်အစားမျှသာရှိသော နွားသားရေကလေးကို လှီးလိုက်၏။ စရွေးအတွက် ခြေမမျှ အရွယ်အစားရှိသော နွားသားရေကလေးကို လှီး လိုက်သည်။ ထိုသားရေကို တစ်ဖန်လှီး၍ မိမိလိုချင်သောပမာဏအထိ သားရေနန်းကို ဆွဲယူလိုက်သည်။ ထိုသားရေ နန်းကြိုးအတိုင်း နန်းတိုင်ကို ရှာဖွေစိုက်ထူ၍ စရွေးတိုင်များကိုလည်း ထိုနည်းအတိုင်း ပြုလုပ်လိုက်သည်။ နန်းတော်ကြီးမှာ ခမ်းနားလှပသော ဧရာမ နန်းတော်ကြီး ဖြစ်သွား၏။ ဤနည်းဖြင့် သူ့အား “ကုလားဉာဏ်ကျယ် ဘသူကြွယ် ဟု ထိုနယ်ရှိ မြန်မာတို့က ခေါ်စမှတ်ပြုခဲ့ကြ၏။
ဤသတင်းမှာ ပုဂံပြည်အထိ ဘုရင့် ရွှေနားတော်အရောက် ပေါက်ကြားသွားလေရာ အနော်ရထာဘုရင်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး တပ်တောင်တာ ဗိုလ်ထုဖြင့် လူစုကာ ဘသူကြွယ်ကို ဆုံးမရန် ချီတက်လာလေသည်။ စစ်သားဦးရေ ၉ သန်း ပါသော တပ်မတော်သည် ဤရွာနေရာတွင် စခန်းချသဖြင့် “ကိုးသန်း”ဟု အမည်တွင်ခြင်း ဖြစ်လေ သည်။ အနော်ရထာ စခန်းချသောတပ်တွင် စစ်သားဦးရေ ၉ သန်း ပါမပါတော့ စာရေးသူ မသိပေ။ သို့ရာတွင် ရွာ၏ အရှေ့နားတွင် ဗိုလ်များ စခန်းချခဲ့သဖြင့် ဗိုလ်ကုန်းဟု အမည်တွင် သည်။ အနောက်မြောက်နားတွင် အနော်ရထာဘုရင် စခန်းချသောနေရာဖြစ်သဖြင့် မင်းတဲ ဟု အမည်တွင်သော ရွာတစ်ရွာ ရှိလေသည်။ ဤသည်ကား “ကိုးသန်း” ဟူသော အမည်နှင့်ပတ်သက်၍ သုတေသနပြုချက် ဖြစ်သည်။ သည်
နောက်တစ်နည်းအားဖြင့် အရှေ့ဘက် တောင်ရိုးပေါ်မှ လှမ်းကြည့်လိုက်လျှင် အခိုးတွေ သမ်းနေသဖြင့် “ခိုးသမ်း” ဟူ၍ ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်ဟူ၍လည်း ယူဆနိုင် လေသည်။
ရေမြေ အနေအထား
နန်း အရှေ့ဘက် တောင်ရိုးတောင်တန်းကြီးသည် တဖြည်းဖြည်း တစ်စတစ်စအားဖြင့် အနောက်ဘက်သို့ နိမ့်ဆင်းလာသည်။ အချို့နေရာများတွင် မြေပြန့်လွင်ပြင်ကလေးများ အဖြစ် တည်ရှိသည်။ တစ်ဖန် နိမ့်ဆင်းလာပြန်ရာ မြေပြန့်လွင်ပြင်ကလေးတစ်ခု တည်ရှိလာ ပြန်သည်။ ထိုလွင်ပြင်ကလေးများတွင် ယာတောများလုပ်၍ အသီးအနှံများ စိုက်ပျိုးကြ သည်။ ရွှေသန်းရွာ တည်ရှိသောနေရာမှာ နောက်ဆုံး ကမူကလေး ဖြစ်သည်။ ထိုကမှ ကလေးမှ အနောက်ဘက်သို့ ဆင်းသက်သွားရာ ကုန်းမြေမြင့်ဟူ၍ မရှိတော့ပေ။ ထို လွင်ပြင်၏ အနောက်ဘက်ဖျားတွင် ပေါက်ချောင်းဟုခေါ်သော နက်စောက်၍ ရေစီးသန်သော ချောင်းငယ်တစ်ခု ရှိလေသည်။ ထိုချောင်းမှာ မြောက်ဘက် ရေဦးနယ်အတွင်းရှိ အုတ်ဖိုတောင်ရွာအနီးမှဖြတ်၍ ချင်းတွင်းမြစ်ထဲသို့ စီးဝင်သွားလေသည်။
ရွှေသန်းရွာ၏ မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် သာစည်တောင်ရိုးမှ စီးဆင်း လာသော ယမားချောင်းကြီးတစ်ခုလည်း ရှိလေသည်။ ထိုချောင်းကို သာစည်ချောင်းဟုခေါ်ကြလေသည်။ သာစည် အရှေ့ဘက်မှ စီးဆင်းလာသောကြောင့်တည်း။ သို့ရာတွင် ခိုးသမ်းချောင်းဟုခေါ်လျှင် ပို၍ ယထာဘူတကျပေမည်။ အဘယ်ကြောင့်ဆိုသော် ခိုးသမ်း ရွာ၏ အသက်သွေးကြော ဖြစ်သောကြောင့်တည်း။ ထိုချောင်းသည် အရှေ့ဘက်မှ မိုးညို ညိ ရှိလာပြီးနောက်မှ အတန်ကြာလျှင် သဲပြင်တွင် ဒလဟောစီးဆင်းလာ၍ ခိုးသမ်းရွာ၏ အနောက်မြောက်တွင်ကွေ့ပြီး တောင်ဘက်သို့စီးဆင်းကာ ဖြာထွက်၍ ချောင်း၏အဆုံးသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ မြောက်ပိုင်းတွင် နုန်းနုသဲနုများတင်၍ တောင်ဘက်၌ မြေနက်ထဲသို့ ပျံ့နှံ့စီးဆင်းသွားလေသည်။ နုန်းနုသဲနုများတင်သော မြောက်ပိုင်းကို မြေဇာ တောဟုခေါ်၍ ထိုမြေဇာတောတွင် ပြောင်းဖူးခင်းများ၊ ကုလားပဲခင်းများ၊ ပဲကြီး ပဲကြားခင်း များ၊ ဆေးလိပ်လိပ်ရာတွင် အသုံးပြုသော ဆေးခင်းများကို စိမ်းလန်းဝေဆာစွာ စိုက်ပျိုး၍တောင်ပိုင်း ဟင်းငွေရင်းဟုခေါ်သော မြေနက်တောတွင် ဂျုံခင်းများ၊ ကုလားပဲခင်းများ၊ ကြက်သွန်ခင်းများ စိုက်ပျိုးကြလေသည်။ ဤတောတစ်ဝိုက်မှနေ၍ အရှေ့ဘက်သို့ ရှုမျှော် ကြည့်လိုက်လျှင် တောင်ကမူထက်တွင် တည်ရှိသော ခိုးသမ်းရွာ၏ ရွာဦးကျောင်းတွင် တည်ထားကိုးကွယ်သည့် ကြည်ညိုဖွယ်ရာ သပ္ပာယ်လှသော အုတ်ပြာသာဒ်ကြီးကို ဖူးမြော် ရလေသည်။ ထုပိကာမှန်ကင်းမှ မှန်ရောင်များ တဝင်းဝင်းဖြင့် ပြုံးရွှင်စွာ စံပယ်တော် မူလေသည်။ ဤရွာသူရွာသားတို့၏ဘဝမှာ ဤရေ၊ ဤမြေ စိုပြည်သော ဤအနေအထား
ကြောင့် ဆင်းရဲခြင်းမရှိနိုင်ဟု ဗျာဒိတ်ပေးဟန် ရှိလေသည်။
- - ----
ညီညွတ်သော ရွာကြီး
ဤရွာကြီးမှာ လွန်စွာပင် စည်းလုံးညီညွတ်သော ရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ဤရွာကြီး၏ ညီညွတ်မှုကို ရွာနီးချင်းရွာများကပင် ထိတ်လန့်ကြောက်ရွံ့ကြသည်။ ရွာသား များမှာ သတ္တိရှိရာတွင်သာ ညီညွတ်ရုံမကသေးပေ၊ အကြောင်းကိစ္စရှိ၍ ရုံးနှင့်ဂါတ်နှင့် ရင်ဆိုင်ရသော အချိန်တွင်လည်း ညီညွတ်စွာ ငွေကြေးများကို သူ့ထက်ငါ အသာမခံဘဲ ရက်ရက်ရောရော ထည့်ဝင်ကြလေသည်။
တစ်ခါက မုံရွာမြို့မှ လယ်တီဆရာတော်ဘုရားသည် ဤရွာသို့ ကြွရောက်တော် မူလာသည်။ ဆရာတော်၏ တပည့်ရင်းဖြစ်သူ ဦးဝိစိတ္တကျောင်းတိုက်တွင် သီတင်းသုံးတော် မူသည်။ ဤရွာ၏ အရှေ့ဘက်တွင် တည်ရှိသော ကန်ပြားရွာမှ ဒါယကာ၊ ဒါယိကာမများ က သူတို့ရွာသို့ ကြွရောက်၍ တရားချီးမြှင့်ပါရန် ပင့်ဖိတ်လေသည်။ ပင့်ဖိတ်သည့်အတိုင်း လယ်တီဆရာတော်ဘုရားသည် ထိုရွာသို့ကြွ၍ တရားဒေသနာများကို ဟောကြားတော်မူ သည်။
ဆရာတော် ဤရွာကြီးမှ ပြန်အကြွတွင် တရားနာရသဖြင့် လွန်စွာကြည်ညိုကြသော ရွာသူရွာသားများက ဆရာတော်ကြီးကို ပြန်ပို့ရန် အထူးအစီအစဉ်တစ်ရပ်ကို ပြုလုပ်ကြ သည်။ ပြုလုပ်ပုံကား- ဤသို့-နွားလှည်းနှစ်စီးကို ဘီးများချွတ်၍ ဝင်ရိုးလေးခုတပ်ထားသော ယာဉ်တွင် ဘီးများကို တပ်ဆင်လိုက်၏။ လှည်းကို ရှေ့မှ ဖျင်အုပ်များ ပိတ်အုပ်များကို ဖြန့်၍ ကြိုးအဖြစ် တပ်ဆင်လိုက်သည်။ ထိုကြိုးများကို ကြည်ညိုသူ ဒါယကာများက ဆွဲယူကြသည်။ ဤနည်းအားဖြင့် ဆရာတော်လည်း လူများဆွဲသော ယာဉ်ပေါ်တွင် တငြိမ့် ငြိမ့် ပါလာ၏။
ကျောက်ပြုတ်ကန်နှင့် ဗိုလ်ကုန်းကန် နှစ်ကန်အကြားတွင် ခိုးသမ်းသားများက မိမိတို့၏နယ်အတွင်းတွင် ရောက်ပြီဖြစ်၍ လှည်းကိုအပ်ရန် တောင်းဆိုကြ၏။ ဆွဲလာသော ကန်ပြားရွာသားများကလည်း လှည်းကိုမပေးနိုင်၊ မိမိတို့အနေနှင့် ကျောင်းရောက်အောင် ဆွဲပို့မည်ဟု ငြင်းဆန်ကြ၏။ ဤနည်းအားဖြင့် လှည်းလုရင်း ရိုက်ကြပုတ်ကြရာ ကန်ပြား ရွာသားတွေ ဒဏ်ရာအနာတရရပြီး ထွက်ပြေးကြလေသည်။ ထိုကိစ္စအတွက် အမှုဆိုင်ရန် ခိုးသမ်းရွာသားများက ငွေစုကြသည်။ ငွေကြေး အမြောက်အမြားရသဖြင့် ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့သော ထိုခေတ်တွင် အမှုမှာ ပပျောက်သွားလေသည်။ ဤကိစ္စနှင့် ပတ်သက်၍ မောင်းထောင်ရွာမှ သံချိုဆရာကြီး ဦးကျော်လှသည် သံချိုတစ်ပုဒ်ရေး၍ ခိုးသမ်းရွာကို ပြစ်တင်ရှုတ်ချခဲ့သည်။ သူ၏သံချိုကို အောက်ပါအတိုင်း အဆုံးသတ်ထား၏။
“လယ်တီဆရာ ဘယ်ဆီမှာ ပုန်းရှာလိမ့်၊ ဗိုလ်ကုန်းဆိုတဲ့ ကျောက်မှာလ၊ ဟို အနောက်ရွာ ကြောက်စရာငနဲတွေက မောဂ္ဂလာန်အသွင်၊ နောက်ဆံနားထင်က ခွဲမလိုပါ့၊ ခဲတုတ်နှင့်ဝိုင်း”
ရှင်မောဂ္ဂလာန်ကို ခိုးသားငါးရာက ရိုက်နှက်သလို ခိုးသမ်းရွာသားများက ကန်ပြား ရွာသားများကို ခဲတုတ်နှင့် ဝိုင်းထုသည်၊ ဝိုင်းရိုက်သည်ဟု သူက ဆိုလိုပေသည်။
ရိုးရာသူကြီးမှ မဲခွဲသူကြီးသို့
ဤရွာတွင် ရွာ၏ အကြီးအကဲလုပ်၍ အုပ်ချုပ်သူများအနေနှင့် ရိုးရာအစဉ်အလာ ဖြစ်ခဲ့သည်မှာ သူကြီး ဦးကျောက်လုံးတိုင်အောင် ဖြစ်၏။ နောက်ဆုံး ရိုးရာသူကြီး ဦးကျောက်လုံးမှာ လွန်စွာ သဘောထား တည်ကြည်သည်၊ ခန့်ညားသည်၊ အဂတိတရား လေးပါးကို မလိုက်စားသဖြင့် ရွာသူရွာသားများက ကြည်ညိုလေးစားကြသည်။ ရပ်ရွာမှ တောင်သူကြီးများ ရက်ကန်းထောင်များကဲ့သို့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝခြင်း မရှိခဲ့ပေ။
သာမန် ရွာသားတစ်ဦးကဲ့သို့ပင် ရိုးရိုးကုပ်ကုပ်သာ နေထိုင်ခဲ့ရှာသည်။ ဦးရွှေရှန်နှင့် ဦးနီကြီးတို့က ရပ်ရွာတွင် အမှုကိစ္စများပေါ်လာသောအခါ သူတို့က ခုံသမာဓိလူကြီးများ လုပ်၍ တရားမျှတစွာ စစ်ဆေးပြီး ဖျန်ဖြေပေးခဲ့လေသည်။ ဒါကိုလည်း သူကြီး ဦးကျောက်လုံး က သူလုပ်မယ့်အလုပ်ကို ဝင်ရှုပ်ရမလားဟု ဗွေယူခြင်း မရှိခဲ့ပေ။ ဗွေမယူရုံမက မိမိ၏ အလုပ်ကိုပင် ကူညီလုပ်ကိုင်ပေးသည်ဟု ကျေးဇူးပင်တင်လိုက်သေး၏။ ဤမျှအထိပင် ဤရွာမှာ ညီညွတ်စည်းလုံးမှု ရှိခဲ့ပေသည်။ ရိုးရာဆိုသည်မှာ ဖခင်သူကြီး ကွယ်လွန်လျှင် သားက ဆက်ခံရစမြဲ ဖြစ်သည်။ သမက်ကလည်း ဆက်ခံရတတ်၏။ ထိုကြောင့် သူကြီးနှင့် ရွာသားအဆင်မပြေမှုမှာ မရှိသလောက်ပင် ရှားပါးခဲ့၏။
ရိုးရာသူကြီး ဦးကျောက်လုံး ကွယ်လွန်ချိန်တွင် သူ့မြေးဖြစ်သူ ကိုဒေါင်းစိန်က ဆက်ခံရမည်ဖြစ်သော်လည်း ဗြိတိသျှကိုလိုနီအစိုးရက ထိုစနစ်ကို လက်ခံခြင်း မပြုတော့ ပေ။ မဲဆန္ဒဖြင့် သူကြီး ရွေးကောက်တင်မြှောက်ရမည်ဟု အမိန့်ကျလာသည်။
ဤသို့အားဖြင့် ထိုရွာတွင် သူကြီးလောင်းလေးဦး ပေါ်ထွက်လာသည်။ ၎င်းတို့တွင် ရိုးရာအရဆိုလျှင် ဆက်ခံရမည်ဖြစ်သော (၁) ကိုဒေါင်းစိန်၊ (၂) ကိုပေါ၊ (၃) ကိုဘမောင်၊ (၄) ကိုဘဖေတို့ ဖြစ်ကြသည်။
သူကြီးလောင်းများက ကျေးရွာတွင် မဲဆွယ်ကြ၏။ မဲဆန္ဒရှင်များကလည်း ဘယ်သူ က ကောင်း၊ ဘယ်သူက မကောင်းဟု ဝေဖန်လာကြသည်။ အရွေးခံမည့်သူများသာမက မဲဆန္ဒရှင်တို့၏အတွင်းမှာပါ ပဋိပက္ခ ဖြစ်လာသည်။ ရာစုနှစ်များနှင့်ချီ၍ ခိုင်မာလာသော ညီညွတ်မှုမှာ ပျက်ပြားလာသည်။ ဝါးအစည်းပြေသကဲ့သို့ ပြေးလာသည်။
ရွေးကောက်ပွဲတွင် မုံရွာမြို့မှ အင်္ဂလိပ်လူမျိုး မြို့အုပ်တစ်ဦးသည် နောက်ပါ စာရေး သုံးလေးယောက်နှင့် ခိုးသမ်းရွာသို့ ရောက်ရှိလာသည်။ ပထမသူကြီးလောင်း သုံးဦးက အင်္ဂလိပ်ကျောင်းထွက်များနှင့် မြေတိုင်းစာရေးလူထွက်များ ဖြစ်ကြ၏။ သို့ဖြင့် သူတို့သည် တောသားလူလည်များ ဖြစ်ကြသည်။ စတုတ္ထလူမှာ ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ သူ ကိုးကွယ်သော ကျောင်းက ဒါယကာ၊ ဒါယိကာမများ၏ ဝိုင်းဝန်းအားပေးမှုကြောင့် ၎င်းစတုတ္ထလူသည် သူကြီးအဖြစ်သို့ ရှောက်ရှိသွားလေသည်။ ရိုးရာစနစ်အရဆိုလျှင် သူသာလျှင် ဆက်ဆံရမည်ဖြစ်သော ဝက်စလီယန်ကျောင်းထွက် ကိုဒေါင်းစိန်မှာ သူကြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် လူထဲသူထဲ မထွက်ရဲတော့ပေ။ အရှက်ရနေ၏။ ရှေး ခေတ် ခုနစ်တန်းအောင်သည်အထိ ပညာသင်ခဲ့သော တတိယ ကိုဘမောင်သည်လည်း ထိုနည်းနှင်နှင်ပင် အရှက်ရနေ၏။ သူ့အား မဲဆန္ဒပေးသူများနှင့် မပေးသူများကို ချင့်ချိန်၍ စဉ်းစားနေမိ၏။
ဤရွာသည် သူတို့အတွက် မသာယာတော့ပေ။ ကိုဒေါင်းစိန်သည် လည်းကောင်း၊ ကိုဘမောင်သည်လည်းကောင်း သားပစ် မယားပစ်၍ အရပ်တစ်ပါးသို့ လွင့်ပါးသွားကြလေ၏။ တရားခံလက်သည်မှာ ဗြိတိသျှကိုလိုနီစနစ် ဖြစ်လေသည်။ ရွာ၏ ညီညွတ်မှုကို ၎င်းကပင် ဖျက်ဆီးပစ်လိုက်၏။ ကိုပေါနှင့် သူကြီးဖြစ်သွားသော ကိုဘဖေတို့နှစ်ယောက် သာလျှင် ကျေးရွာ၌ ကျန်ရှိတော့၏။ ပဒေသရာဇ် လူနေမှုစနစ်ရှိနေသော ကျေးရွာတွင် ဗြိတိသျှကိုလိုနီဝါဒီများက မဲစနစ်ဖြင့် အုပ်ချုပ်လိုက်ခြင်းသည် စတုဂံကွက်ထဲ၌ တြိဂံကို ချလိုက်သလို ဖြစ်သွားသည်။ ဤနည်းအားဖြင့် ကျေးရွာ၏ တန်ဖိုးရှိလှသော ညီညွတ်ရေး သည် ပျက်ပြားသွားရလေသည်။ ပြေးသူကပြေး၍ မှိုင်ကျန်ရစ်သူက ကျန်ရစ်ခဲ့ပြီးလျှင် အာဏာရသူက မာနတံခွန် လွှင့်ထူလာခဲ့လေသည်။ သူ့အား မဲမပေးသူများကို ပထမ ရန်လိုလာ၍ သူ့အား မဲပေးသူများကိုလည်း ဂရုမစိုက်တော့ပေ။ သူ့ကို ခန့်စာပေးလိုက်သော အင်္ဂလိပ်လူမျိုး မြို့အုပ်မင်းသည်သာလျှင် အရှင်သခင်ဟူ၍ ယူဆလာလေသည်။ သူ့အား မဲပေးခြင်းမပြုသော ဘုန်းကြီးကျောင်းက ဘုရားပွဲတွင် ပွဲမိန့်အတွက် ငွေငါးကျပ်ပေးရသလို သူ့အား မဲပေးသော ဘုန်းကြီးကျောင်းမှ ဘုရားပွဲတွင်လည်း ပွဲမိန့်အတွက်ပင် ထပ်တူထပ်မျှ ငွေငါးကျပ် ပေးရလေသည်။
နောက်ပြီး အထည်ရက်လုပ်သော ရက်ကန်းထောင်ကြီးအဖြစ် စီးပွားရှာလာပြန် သည်။ တိုက်တည်လာရ၏။ ကစားဝိုင်းထောင်သူများထံမှလည်း ပိုက်ဆံရရှိ၏။ အရက် ချက်သူများထံမှလည်း ထိုနည်းလည်းကောင်း၊ နွားသား အမဲသားရောင်းသူများ ရွာထဲ ဝင်လာလျှင် သူကြီးကတော်က အမဲသားကို အကောက်အဖြစ် တောင်းယူ၏။ ကပ်စေး လည်း အလွန်နည်းလှ၏။ ဘုရားပွဲဖြစ်လျှင် ပိုက်ဆံချမ်းသာသူများက အသီးသီး တစ်ဦးစီ တစ်ဦးစီ တာဝန်ယူ၍ သံဃာတစ်ရာလောက်ကို ဆွမ်းကျွေးရ၏ ။ သူက တစ်ခါမျှ ဆွမ်း မကျွေးဖူးသဖြင့် သူ့ဖခင်၏ အပြစ်တင်ခြင်းကိုပင် ခံရ၏။ “မင်းက အဟောင်းစား နေတာ ပါကွာ” ဟူသတည်း။ အသစ်ဒါနပြုခြင်းမရှိ၊ အတိတ်က ဒါနကံကို အမှီပြု၍ ချမ်းသာ နေခြင်းဟု ဆိုလိုရင်းဖြစ်ပေသည်။
သားပစ် မယားပစ် ထွက်ခွာမသွားသော သူကြီးအဖြစ် အရွေးမခံရသူ ကျန်တစ်ဦး ကိုပေါမှာလည်း ရွာတွင် အလှူပွဲတစ်ခုမှ ညပွဲကနေစဉ် အိမ်ဝင်းထဲ၌ အိပ်ပျော်နေ၏။ သူသည်လည်း အိပ်ပျော်နေစဉ် အရိုက်ခံရသဖြင့် ဆေးရုံတက်၍ ကုသလေရာ ဒဏ်ရာပျောက်သော်လည်း ထိုဒဏ်ရာမှာ မျက်လုံးနားတွင်ဖြစ်သဖြင့် မျက်စိနှစ်ဖက်ကို ထိခိုက်၍ စုံလုံးကန်းလေ၏။ ဤဒုက္ခများအတွက် မည်သူမျှ တရားခံ မဟုတ်ပေ။ တရားခံအစစ်မှာ