ဘဘသက် - မသေဆေးနှင့်နိုင်ငံရပ်ခြားပုံပြင်များ
ကာနာယာနဲ့ ဇနီးဖြစ်သူ ကီဂျူတို့မောင်နှံဟာ ဂျပန်နိုင်ငံမှာရှိတဲ့ ရွာလေးတစ်ရွာမှာ နေထိုင်ကြပါတယ်။ သူတို့မှာ လှပတဲ့ ပစ္စည်းတွေ အများကြီးရှိပေမဲ့ နှစ်ဦးစလုံးရဲ့ ရင်ထဲမှာ ပျော်ရွှင်ချမ်းမြေ့မှုတော့ မရှိရှာ ဘူးတဲ့ ကလေးတို့ရေ။
ဘာဖြစ်လို့ မပျော်ရွှင်ရတာတုံးဆိုတော့ သူတို့မောင်နှံမှာ ရင်သွေး မရှိလို့ပါ။ ကလေးချစ်တတ်တဲ့ သူတို့မောင်နှံမှာ ကိုယ်ပိုင်ရင်သွေးတစ်ယောက်မှမရှိတော့ ရင်ထဲမကောင်းဘဲ ဖြစ်နေတာပေါ့ကွယ်။ ကလေး လိုချင်တာမှ သူတို့နှစ်ယောက် ဖျတ်ဖျတ်လူး။
ညဘက်ရောက်ပြီဆိုရင် ဇနီးဖြစ်တဲ့ ကီဂျူဟာ ပြတင်းပေါက်နား သွားပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ သူတို့ရဲ့ နတ်ဘုရား ဂျီဇိုထံ ဆုတောင်းရတာကလည်း အမော။
“ရင်သွေးရတနာ ချီးမြှင့်တော်မူပါ အရှင်နတ်ဘုရား။ တပည့်တော်မတို့ အသက်အရွယ်လည်း ထောက်လာပြီဖြစ်တာကြောင့် သား ယောက်ျားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် ချီးမြှင့်တော်မူပါဘုရား” လို့
ကောင်းကင်ကြီးကိုကြည့်ကာ ညတိုင်း ဆုတောင်းရှာသတဲ့ကွယ်။ အသက်အရွယ်ထောက်လာရင် ကလေးမရဘဲနေမှာကို စိတ်ပူတာပေါ့ ကွယ်။ ဒါ့ကြောင့် သူ့ခမျာ ဂျီဇိုနတ်ဘုရားထံ ညတိုင်း ဆုတောင်း ရှာတာပေါ့။ သနားစရာကောင်းတဲ့ မောင်နှံနှစ်ယောက်ပါပဲ ကလေးတို့ရေ။
ကီဂျူ ဘယ်လိုဆုတောင်းပေမဲ့ သူတို့မောင်နှံမှာ ကလေးမရဘဲ ဖြစ်နေသတဲ့ကွယ်။ နတ်ဘုရား ဂျီဇိုက သူ့ဆုတောင်းသံကို မကြားဘဲ နေလေရော့သလား။
တစ်နေ့မှာတော့ ကီဂျူတစ်ယောက် ဈေးဆိုင်တန်းတွေဘက်ကို ထွက်သွားသတဲ့ကွယ်။ အဲဒီညနေဘက်မှာ ကီဂျူဟာ ပျော်ရွှင်မြူးထူးစွာ နဲ့ အိမ်ကိုပြန်လာခဲ့ပါသတဲ့။ ဈေးဆိုင်တန်းတွေဆီကနေ အိမ်ကို ပျော် ရွှင်မြူးထူးစွာနဲ့ ပြန်လာတဲ့ ဇနီးဖြစ်သူကို တွေ့လိုက်ရတော့ ခင်ပွန်းသည် ကာနာယာက စိတ်ထဲ ဆန်းသလိုဖြစ်သွားပြီး အခုလိုမေးလိုက်ပါသတဲ့။
“ဟဲ့ ရှင်မ... ဘာအကြောင်းတွေကြောင့် အခုလို ပျော်နေရတာ တုံး” လို့ မေးလိုက်တော့ ကီဂျူက..
“ကဲ.. ဟောဒီမှာကြည့် ယောက်ျားရေ...” ဆိုပြီး လက်ထဲပိုက် လာတဲ့ သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်သတဲ့။ အဲဒီသေတ္တာထဲကို ကာနာ ယာ ကဲကြည့်လိုက်တော့ တွေ့လိုက်ရတာက... တကယ့်ကို လှပတဲ့ အရုပ်လေးတစ်ရုပ်ပဲတဲ့ကွယ်။
အဲဒီအရုပ်ကို သူ့ယောက်ျား တွေ့လိုက်ရတဲ့အချိန်မှာပဲ... ။
“အဲဒါ တိုကူတာရိုပေါ့ ယောက်ျားရဲ့” လို့ ကီက ပြောလိုက် ပါသတဲ့။ အရုပ်ကလေးက လှလိုက်တာတဲ့ ကလေးတို့ရေ။ ယောက်ျားဖြစ်တဲ့ ကာနာယာလည်း အရုပ်ကလေးကို ကြည့်ရင်းနဲ့
“မင်းအရုပ်ကလေးက တကယ့်ကလေးလေးလိုပဲကွာ။ အရုပ်နဲ့ တောင် မတူဘူး” လို့ ပြန်ပြောလိုက်သတဲ့။
“တကယ်ရော အသက်ဝင်နေတာလားကွာ။ မင်း ဘယ်က ဒါကို ရလာတာတုံး။ ကိုယ့်ကို ပြောစမ်းပါဦး” လို့လည်း မေးလိုက်ပြန်သတဲ့ ကလေးတို့ရေ။ ဟုတ်တယ်လေ... အရုပ်ကလေးကလည်း တကယ့်ကို အသက်ဝင်ပြီး ကလေးလေးတစ်ယောက်လို့တောင် ထင်မှတ်မှားရတာ ကိုး။
သူ့ယောက်ျား သိပ်အံ့သြနေမှန်းသိတော့ ကီဂျူက.. “ကဲပါ မောင်ကြီးရယ်... ရှင်မ ရှင်းပြပါ့မယ်၊ နားထောင်” ဆိုပြီး တော့.
အခန်း(၂)
“ပြီးခဲ့တဲ့အပတ်ထဲတုန်းက ကျွန်မ ဆိုင်လေးတစ်ဆိုင်ကို ရောက် သွားခဲ့တယ်။ အဲဒီဆိုင်ထဲမှာ အရုပ်လေးတစ်ရုပ်ကို တွေ့ လိုက်ရတယ် မောင်ကြီးရဲ့။ မြင်မြင်ချင်းပဲ အဲဒီအရုပ်လေးကို ကျွန်မ ချစ်မိသွားတယ်။ ကြည့်လို့ကို မဝနိုင်ဘူး။ ဒါနဲ့ ကျွန်မ အိမ်ပြန်ခဲ့တယ်။
အိမ်ပြန်ရောက်တော့လည်း မောင်ကြီးရယ်... ဒီချစ်စရာကောင်း တဲ့ အရုပ်ကလေးရဲ့ ပုံရိပ်ဟာ ကျွန်မ ခေါင်းထဲကကို မထွက်ဘူး။ သူ့ မျက်လုံးလေးတွေနဲ့ ကျွန်မကို ပြန်စိုက်ကြည့်နေတာများ တကယ့်ကို အသက်ရှိ ကလေးလေးလိုပါပဲရှင်။ ဒါနဲ့ နေ့တိုင်း အဲဒီဆိုင်ကို သွား တယ်။ အဲဒီအရုပ်ကလေးကိုကြည့်တယ်။ အဲဒီအရုပ်လေးကလည်း ကျွန်မကို ပြန်စိုက်ကြည့်နဲ့၊ အဲဒါ နေ့တိုင်းပဲ မောင်ကြီးရဲ့ ။
အဲဒီလိုနေလာရင်းနဲ့ လေးရက်မြောက်မှာပဲ ကျွန်မ မနေနိုင်တော့ ဘူး။ ဆိုင်ရှင်ကို ကျွန်မမေးလိုက်မိတယ်။
“ဒီအရုပ်လေးက ဘယ်လောက်ပါလဲရှင့်”
“ဒီအရုပ်က ရို* ၂၀ ပါခင်ဗျ”
ဒါနဲ့ ကျွန်မလည်း ဆိုင်ရှင်ကို ဘာမျှဆက်မပြောဘဲ ပြန်လှည့် ထွက်လာခဲ့ရတယ်။ ဟုတ်တယ်လေ ယောက်ျားရဲ့ ၊ ကျွန်မတို့ ဆင်းရဲ သားတွေ ရို ၂၀ ဘယ်တတ်နိုင်ပါ့မလဲ။ စိတ်ထဲမှာ ဝမ်းနည်းလိုက်တာ လေ။
အပိုင်လည်း မဝယ်နိုင်၊ အရုပ်ကလေးကိုလည်း မတွေ့ရမနေနိုင် လေတော့ နေ့တိုင်းပဲ အဲဒီဆိုင်လေးကို သွား၊ အရုပ်ကလေးကိုကြည့်၊ ပြီးတော့ အိမ်ပြန် လုပ်ရတာပေါ့ကွယ်။
ဒီနေ့ကျတော့ ဆိုင်ရှင်က ကျွန်မကို အရုပ်လေးနဲ့ ပတ်သက်ပြီး ထူးဆန်းနေတာကို ပြောပြပါတယ်။
" ဒီအရုပ်ကလေးအကြောင်း အစ်မကြီးကို ပြောပြရဦးမယ်။ တော် တော့်ကို ထူးဆန်းတဲ့ အရုပ်ကလေးပါ။ ဒီတစ်ပတ်လုံး ဒီအရုပ်ကလေးကို ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံပဲ။ မျက်လုံးမှာလည်း မျက်ရည်စလေးတွေ နဲ့ စိုစွတ်လို့ ၊ အရုပ်နဲ့တောင် မတူတော့ဘူး အစ်မကြီးရယ်။
“အဲ.. မနေ့ညမှာတော့ ကျွန်တော် အိပ်မပျော် အိပ်မက်ထဲမှာ ဂျီဇိုနတ်ဘုရားမက ကျွန်တော့်ကို အိပ်မက်ပေးပါတယ်။ ဂျီဇိုက အိပ်မက် ထဲမှာ ဘာမိန့်သလဲဆိုတော့ မင်း ဒီအရုပ်ကလေးကို ကီဂျူဆိုတဲ့ အမျိုး သမီးကို ပေးလိုက်လို့ မိန့်ပါတယ်။ ဒီအရုပ်ကို သူ,ရကိုရရမှာလို့လည်း အရှင်မက ထပ်ပြောပါသေးတယ်”
အဲဒီလို ဆိုင်ရှင်က ကျွန်မကို ရှင်းပြပြီးတော့ မောင်ကြီးရယ်...
“ကဲ.. ဟောဒီမှာအရုပ်၊ အစ်မကြီး ယူသွားပေတော့။ သူ့ရဲ့ နာမည် က တိုကူတာရု” ဆိုပြီး ကျွန်မကို ပေးလိုက်ပါလေရောရှင်။
ဒါနဲ့ ကျွန်မလည်း အရုပ်ကိုမယူခင် ဆိုင်ရှင်ကို...
“ဟောဒီမှာ ကျွန်မ တတ်နိုင်တာက ငါးရိုပါပဲရှင်။ အဲဒီပိုက်ဆံ လေးတော့ လက်ခံပေးပါဆိုပြီး ဆိုင်ရှင်လက်ထဲ ပိုက်ဆံထည့်၊ အရုပ် ကိုယူလာခဲ့တော့တာပဲ မောင်ကြီးရေ”
ဇနီးဖြစ်သူက ရှင်းပြအပြီးမှာ ကာနာယာက အရုပ်ကို နောက် တစ်ခါ ကြည့်တဲ့ပြီး... ။
“လှလိုက်တဲ့ အရုပ်ကလေးကွာ” လို့ ပြောလိုက်ပါသတဲ့။ အရုပ် ကလေးက တကယ်လည်း အသက်ဝင် ချစ်စရာကောင်းနေတာကိုး။
ကီဂျူကလည်း “ဟုတ်ပါ့ ယောက်ျားရယ်၊ မောင်ကြီးရော ဒီအရုပ် ကို ချစ်တယ်မဟုတ်လား။ ကျွန်မတော့ ဒီအရုပ်ကလေးရလိုက်တာ အရမ်း အရမ်းကို ဝမ်းသာတာပါပဲရှင်” လို့ ပြန်ပြောလိုက်ပါသတဲ့ ကလေးတို့ရေ။
သူတို့ဇနီးမောင်နှံ ဒီအရုပ်ကလေးကို ရလိုက်လို့ ပျော်တပြုံးပြုံး ဖြစ်နေတာပေါ့ကွယ်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်လည်း ဒီအရုပ်ကလေးကို ချစ် လိုက်တာ။ ဒီအရုပ်ကလေးယူလာတဲ့အတွက်လည်း ရှင်မကို ကျေးဇူး တင်ပါတယ်ကွယ်။ ဒီအချိန်ကစလို့ တို့လင်မယား ဒီအရုပ်ကလေး အပေါ်မှာပဲ ပုံပြီး ချစ်ကြတာပေါ့ကွယ်။ အသက်ရှိတာ မရှိတာ အပထား” လို့လည်း ခင်ပွန်းဖြစ်သူက ပြောလိုက်ပါသတဲ့။
ခင်ပွန်းရဲ့ အဲဒီစကားကို ကြားလိုက်ရတော့ ကီက အသက် မရှိဘူးလို့တော့ မပြောလိုက်နဲ့ ယောက်ျားရဲ့ ။ ရှင့်ကို ရှင်းပြရဦးမယ်။
မနေ့ကလေ အမျိုးသမီးတစ်ယောက်က ကျွန်မကို ပြောတယ်ရှင့်...” ဆိုပြီး အခုလို ရှင်းပြပါသတဲ့ကွယ်။ ။
“အဲဒီအမျိုးသမီးက ဘာပြောသလဲဆိုတော့ တစ်ချိန်တုန်းက အခု ကျွန်မတို့ ဖြစ်နေသလိုပဲ ဇနီးမောင်နှံနှစ်ယောက် အရုပ်ကလေးတစ်ရုပ် ကို အရမ်းချစ်ကြတာ။ တစ်နေ့ကျတော့ အဲဒီအရုပ် တကယ့်ကို အသက် ဝင်လာပါရောတဲ့ရှင်။ ကျွန်မတို့အရုပ်ကလေးရော အဲဒီလိုဖြစ်လာနိုင် တယ်လို့ မောင်ကြီး မထင်ဘူးလား” ဆိုပြီးတော့လည်း ကီဂျူက သူ့ ခင်ပွန်းကို မေးလိုက်ပါသတဲ့။
အခန်း(၃)
နောက်တစ်နေ့မနက်လည်းကျရော ကာနာယာက ဇနီးဖြစ်သူကို အခုလိုပြောလိုက်သတဲ့။
“ကဲ.. ရှင်မရေ... မောင်ကြီးတော့ တို့ကလေး တိုကူတာရိုအတွက် ထိုင်ခုံလေးတစ်လုံး လုပ်လိုက်ဦးမကွဲ” လို့ ပြောလိုက်တော့ ကီဂျူ ကလည်း..
“ကျုပ်လည်း ကလေးအတွက် အဝတ်တွေ ချုပ်ရဦးမှာတော်” လို့ အားကျမခံ တုံ့ပြန်လိုက်သတဲ့ကွယ်။
ရင်သွေးမရလို့ ကလေးရူးရူးနေတဲ့ ဇနီးမောင်နှံနှစ်ယောက် အဖြစ် သည်းနေကြတာပေါ့ ကလေးတို့ရယ်။
ဒါနဲ့ပဲ ကလေးရူးရူးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ တိုကူတာ ရို အရုပ်ကလေးကို ရေချိုးပေးကြသတဲ့။
တကယ့်သက်ရှိကလေးကို ရေချိုးပေးသလို အရုပ်ကလေးကို သူတို့မောင်နှံ ကျကျနန ရေချိုးပေးနေကြတာပေါ့ကွယ်။