Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဘနှင်း - အောင်မြင်ရေးလျှို့၀ှက်ချက်အင်အားပြည့်စာများ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

လျှို့ဝှက်စွန့်စား အလောင်းအစား

          ကျွန်တော် ကလေးဘဝကဆိုလျှင် မက်ဆာချူးဆက်ပြည်နယ် အတွင်းရှိ ကျွန်တော်နေထိုင်သော တံငါရွာကလေးသည် စွန့်စွန့်စားစား စီးပွားရှာလိုသူများအတွက် ကြီးပွားတိုးတက်ဖို့ အခွင့်အလမ်းကောင်းများ အပြည့်စုံဆုံးသော နေရာဖြစ်သည်ဟု ထင်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော် သည် အိမ်ခေါင်မိုးတစ်ခုပေါ်မှ အခြားတစ်ခုပေါ်သို့ ခုန်ကူးတတ်သောကြောင့် မကြာခဏ အိမ်ခေါင်မိုးများ ပျက်စီးကြရသည်။ ကျွန်တော်သည် သစ်ပင်ပေါ်တက်ပြီး အိမ်အမိုးပေါ် ခုန်ချခြင်း၊ အိမ်အပေါ်ထပ်မှအောက်ထပ်သို့ ခုန်ချခြင်း၊ ရေမြောင်းထဲသို့ ခုန်ချခြင်းတို့ကို ဝါသနာ ပါလှသည်။ တစ်ခါတစ်ရံတွင် ဆိပ်ကမ်းတံတားပေါ်မှနေ၍ ခုန်ချတတ် ပါသေးသည်။ ပန်းခင်းမြက်ခင်းပြင်များပေါ်သို့ ခုန်ချခြင်း၊ တစ်ခါတစ်ရံ တွင် မြင်းချေးပုံအသစ်ပေါ်သို့ပင် ခုန်ချသည်။ ပစ္စည်းပျက်စီးမှုသာ မရှိပါ က ကျွန်တော်သည် ထိုအလုပ်ကို ယခုအချိန်တိုင်အောင် လုပ်နေလိမ့် မည် ဖြစ်သည်။

          ကျွန်တော် ကလေးဘဝကရသော မုန့်ဖိုးငွေများမှာ အပျက်အစီး များကို ပြန်ပြင်ဆင်ပေးရာတွင် သုံးစွဲခဲ့ရသည်။ တစ်ခါက ကျွန်တော်သည် မီးခိုးခေါင်းတိုင်နှင့် ရောပြီး လိမ့်ကျခဲ့ရာ ဆွေးနေသော အိမ်အမိုး တစ်ခုပေါ်မှ မီးခိုးခေါင်းတိုင်အတွင်းကို လက်ဖြင့် ဆုပ်ကိုင်ဖြစ်ခဲ့သည်။

          ရုတ်တရက် ခေါင်းတိုင်ကျိုးသွားသဖြင့် အုတ်ခဲများနှင့် ရောပြီး တစ်ဖက်အိမ်ဝင်းထဲသို့ ကျွန်တော် လိမ့်ကျသွားပါသည်။ ထို ကိစ္စတွင် ကျွန်တော် ခြောက်ဒေါ်လာ အလျော်ပေးရပါသည်။ စားသောက်ဆိုင် တစ်ဆိုင်တွင် ပန်းကန်များဆေးပြီး ထိုငွေကို ကျွန်တော် ရှာရတော့သည်။ ဤသည်မှာ သတ္တိနည်းခြင်းဟု မဆိုနိုင်ပါချေ။

          တစ်ခါတွင်တော့ ကျွန်တော်သည် ငွေ အလွယ်တကူ ရှာဖွေရရှိ မည့် အချိန်ကို ကြုံခဲ့ရဖူးသည်။ ထို့ကြောင့် အလွန်ပျော်ရွှင်ခဲ့သည်။ ကျွန်တော်တို့မြို့အနီးမှ ထင်ရှားသော အားကစားသမားနှစ်ယောက် သည် ကျွန်တော်နှင့်အတူ စီးပွားရေးလုပ်ရန် လာရောက်ဆက်သွယ် သည်။ ကျွန်တော်က သင်္ဘောဆိပ်ကမ်းတံတားပေါ်မှ ရေထဲသို့ ခုန်ချပြ ရမည် ဖြစ်သည်။ ။

          ထိုအတွက် ဝင်ငွေ၏ လေးပုံတစ်ပုံကို ကျွန်တော်ရခဲ့သည်။ ကိစ္စပြီးလျှင် ကျွန်တော် ရေစိုအဝတ်အစားဖြင့် အိမ်သို့ပြန်လာခဲ့သည်။ ကျွန်တော့်အနေဖြင့် အဝတ်အစားသစ်များဝယ်ရန် ငွေလိုအပ်ပါသည်။ မိဘများက စိတ်ပူသဖြင့် ထိုအလုပ်ကို မလုပ်စေဘဲ ပန်းကန်ဆေးသည့် အလုပ်ကိုသာ လုပ်ခိုင်းပါသည်။

          ကျွန်တော်သည် စွန့်စားရသော အလုပ်ကိုသာ ဝါသနာပါသူ ဖြစ်သည်။ ဒဏ်ရာရသည်ကို ဘယ်တော့မှ ဂရုမစိုက်ပါ။ တစ်ကြိမ် တွင် အရှိန်ဖြင့်မောင်းနေသော လော်ရီကားနောက်ပိုင်းမှ ခုန်ချသဖြင့် ဒဏ်ရာရခဲ့သေးသည်။ ကျွန်တော်နေသောမြို့တွင် ခုန်ချရမည့် အိမ် ခေါင်မိုးများစွာနှင့် ကုန်းမြင့်များ၊ ချိုင့်ဝှမ်း များစွာရှိကြသည်။ ကျောက် လမ်းမရှိဘဲ မြက်ခင်းနှင့် သဲများရှိ၍သာ တော်တော့သည်။

          ကျွန်တော့်အနေဖြင့် ထိခိုက်ဒဏ်ရာမရအောင် လိမ့်ကျရမည့် နည်းလမ်းကို သိပါသည်။ တစ်ခါတွင် ကျွန်တော့်သူငယ်ချင်းတစ်ယောက် သစ်ပင်ပေါ်မှ လိမ့်ကျသဖြင့် လက်မောင်းသုံးပိုင်း ကျိုးသွားရှာသည်။ တကယ်လိမ့်ကျချိန်တွင် ဘာဖြစ်မည်ကို တွေးနေဖို့ အချိန်မရတတ်ပါ။

          ကျွန်တော်သည် ရေအောက်တွင် ရေကူးရသည်ကိုလည်း နှစ်သက်ပါသည်။ ရေအောက်တွင် ကြာကြာနေနိုင်ရန် တံငါသည်များ ပိုက်ချရာတွင်သုံးသော အလေးများကို အသုံးပြုရပါသည်။ ကျွဲကောသီး နှစ်ဆခန့်အရွယ်ရှိသော ကျောက်တုံး၏ဘေးတစ်ဖက်စီတွင် သံကွင်းများ တပ်ဆင်ထားပါသည်။ ကျွန်တော့်လက်နှစ်ဖက်ကို ထိုသံကွင်းများတွင် လျှိုသွင်းပြီး ရေထဲသို့ ခုန်ဆင်းလိုက်ပါသည်။ သို့သော် ကျွန်တော် ရေပေါ်ပြန်တက်လိုသည့်အချိန်တွင်မူ လက်များကို ပြန်ထုတ်၍ မရတော့ ပါ။ ရေအောက်မှ ကမ်းဘက်သို့ လျှောက်သွားရန် စိတ်ကူးလိုက်မိပါ သည်။ သို့သော် အချိန်မရှိတော့ပါ။ ကျောက်တုံးကို အောက်သို့ချပြီးကြောက်လန့်စွာဖြင့် လက်ကို သံကွင်းအတွင်းမှ ဆွဲထုတ်လိုက်ပါသည်။ လက်ကောက်ဝတ်မှ အရေခွံစုတ်ပြဲသွားပြီးမှ လက်ထွက်လာပါသည်။ နောက်ဆုံးတော့ ကျွန်တော်သည် ဒူးထောင်ပြီး ရေပေါ်သို့ ပေါ်လာပါတော့ သည်။

          မှောင်မိုက်သော ညတစ်ညတွင် ပေနှစ်ဆယ်နက်သော မြေကျင်း တစ်ခုအတွင်းသို့ ခုန်ဆင်းခဲ့ပါသည်။ ကိုယ်တစ်ပတ်လည်ပြီး အောင်ခြေ မြေသားပေါ်သို့ ပေါ့ပါးစွာ ကျသွားသည်။ “ဘာကြောင့် ဤကဲ့သို့ လုပ်ပါသလဲ”ဟု မေးပါက ကျွန်တော်မဖြေတတ်ပါ။ အချို့သောလူများ တွင် ထူးခြားသော စိတ်ဝင်စားမှုများရှိကြောင်း မကြာမီကမှ ကျွန်တော် သိလာပါသည်။ ကျွန်တော် မြေကျင်းထဲသို့ ခုန်ဆင်းသည်မှာ ပျော်ရွှင်မှု အတွက်သာ ဖြစ်ပါသည်။ မကြာခဏဆိုသလို လေထဲတွင် ပျံဝဲနေရသည်ဟု ကျွန်တော် အိပ်မက်မက်တတ်ပါသည်။ မှောင်ထဲတွင် ကျွန်တော်ခုန်ဆင်းခြင်းမှာ ဘာမှမမြင်ရသည်ကို သဘောကျသောကြောင့် ဖြစ်ပါသည်။ လေထဲတွင် တစ်ပတ်ကျွမ်းထိုးခြင်းမှာလည်း ကျွန်တော့်ကိုယ်ကျွန်တော် စတန့်ရုပ်ရှင်မင်းသားကြီး ဒေါက်ကာ ကလပ် ဖဲယားဗင့်ဟု ထင်သောကြောင့် ဖြစ်ပါသည်။

          အချို့နေရာတွင် လူငယ်များသည် လူကြီးများထက်သာ တတ်ကြ သည်။ တစ်နေ့တွင် ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက်သည် ဘာသာ ရေးအထိမ်းအမှတ် အဆောက်အအုံတစ်ခုအပေါ်သို့ တက်ခဲ့ကြပါသည်။

          ပေနှစ်ရာမြင့်သော ကျောက်တိုင်ဖြစ်ပြီး ထိပ်ဖျားတွင် မုခ်ဝလေးဝရှိ သည်။ ထိုမုခ်ဝများအပေါ်တွင် ညီညာသောအမိုး ရှိကြသည်။ အမိုး ပေါ်တွင် သူရဲခိုတစ်ခု ရှိသည်။ ကျွန်တော်တို့နှင့်အတူ ဂေါက်ရိုက်သည့်ဘောလုံးတစ်ဒါဇင်ကိုပါ ယူခဲ့ကြသည်။ ဘောလုံးများ မည်မျှမြင့်အောင် ခုန်နိုင်သည်ကို စမ်းသပ်ရန် ဖြစ်ပါသည်။ ကျွန်တော်တို့သည် တစ်ကြိမ် တွင် ဘောလုံးတစ်လုံး ပစ်ချခဲ့ပါသည်။ ဘောလုံးတစ်လုံးမှာ အောက်ကျ သွားပြီးမှ အပေါ်ကို ပြန်တက်လာပါသည်။ ဘောလုံးသည် တဖြည်း ဖြည်းကြီးလာပြီးနောက် ဆက်မကျဘဲ ရပ်နေလေသည်။

          ထို့နောက် အောက်သို့ တဖြည်းဖြည်းနိမ့်သွားပြီး ပြန်သေးသွား ပြန်သည်။ ထို့နောက် အောက်သို့ နိမ့်ဆင်းပျောက်ကွယ်သွားတော့ သည်။

          ထိုဘောလုံးမျိုးကို ကျွန်တော်တို့ ယခင်က မမြင်ဖူးပါ။

          အမိုးပေါ်၌ ကျောက်တိုင်ရှစ်တိုင်ရှိသည်။ ကျောက်တိုင်များမှာ အလွန်နီးကပ်ကြသည့်အပြင် နိမ့်သဖြင့် တစ်ခုအပေါ်မှ အခြားတစ်ခု အပေါ်သို့ အလွယ်တကူ ခုန်ကူးနိုင်လေသည်။ သို့သော် အကျယ်အဝန်းမှာ ခြေတစ်ဖက်ချသာရုံသာ ရှိပါသည်။ ကျွန်တော်တို့သည် ထိုကျောက်တိုင်များကို ခုန်ကူးကြသည်ကို လူကြီးတစ်ယောက်က ကျွန်တော်တို့အား မနှစ်မြို့စွာ ကြည့်နေလေသည်။ ထိုလူသည် လက်ရန်းမှ အောက်သို့ ငုံ့ကြည့်ပြီး ကမ္ဘာကြီး၏အစွန်းတွင် ရပ်နေသည်ဟု ထင်နေပုံရသဖြင့် လက်ရန်းမှ ချက်ချင်းခွာပြီး အမိုးအလယ် တည့်တည့်တွင် ထိုင်နေသည်။ ကျွန်တော်ကမူ ကမ္ဘာ၏ အစွန်းကို ရောက်နေသည့် တိုင်အောင် အောက်ကို မကြည့်ဘဲ အပေါ်ကိုသာ ကြည့်ပါမည်။

          လိမ့်ကျမည်ကို ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါ။

          လိမ့်ကျသည်ကို မမြင်ခဲ့ဖူးသည့်အပြင် ကျွန်တော်ကိုယ်တိုင်က သေခြင်းတရားကို ဂရုမစိုက်သောကြောင့်ပင် ဖြစ်ပါသည်။ လိမ့်ကျပါ ကလည်း သေသွားမည်ကို ကျွန်တော် မတွေးခဲ့ပါ။ တစ်ခါက ကျွန်တော် သည် ဆောက်လုပ်နေဆဲ ဘုရားရှိခိုးကျောင်း၏ ခေါင်လျောက်တန်းပေါ် မှ လိမ့်ကျခဲ့ဖူးပါသည်။ မြင့်မားသော အမိုးအတိုင်း လျှောကျပြီးနောက် ရေတံလျှောက်ကိုကျော်ပြီး ခြောက်ပေမြင့် ငြမ်းပေါ်သို့ ကျသွားသည်။

          မည်သည့်ဒဏ်ရာမျှ မရခဲ့သော်လည်း ရဲတပ်ဖွဲ့ က ကျွန်တော့်အား ထိုအလုပ်မျိုးဖြင့် အသက်မွေးဝမ်းကျောင်းမပြုရန် တားခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ထိုအလုပ်ကို ခေတ္တ စွန့်ထားခဲ့ရပါသည်။ ကျွန်တော်တို့မိသားစု အိုဟိုင်းယိုးပြည်နယ် ကလိဗ်မြို့ဆီသို့ ပြောင်းလာမှ ပြန်လုပ်ပါသည်။

          တစ်နေ့တွင် ကျွန်တော်သည် ကူရာဟိုဂါမြစ်ပေါ်တွင်ရှိသော ဆွဲတံတားပေါ်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုအခိုက် မီးသွေးကင် သင်္ဘောတစ်စီး ဖြတ်မောင်းလာနေသည်။ တံတားစောင့်သူက အသံ ပေးတော့မှ ကျွန်တော် ကမ်းဘက်သို့ ပြန်လျှောက်လာခဲ့ပါသည်။

          ထို့နောက် ကျွန်တော်သည် မီးရထားများကို စိတ်ဝင်စားလာ ပြန်သည်။ ထိုအချိန်မတိုင်ခင်က ကျွန်တော်သည် လူငယ်တရားရုံးသို့မကြာခဏ ရောက်ခဲ့ပါသည်။ ကျွန်တော်သည် လူငယ်သင်တန်းကျောင်း များကို သဘောမကျလှပါ။

          နောင်အခါတွင်မူ ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့် ထိုအကြောင်းကို ဆွေးနွေးဖြစ်ကြသည်။ ကျွန်တော်တို့ ဤသို့ ဒုက္ခ ရောက်ရသည်မှာ ကံဆိုးသောကြောင့် ဟူသောအချက်ကို လက်ခံကြပါ သည်။ ကျွန်တော်တို့အား ရဲက ဖမ်းမိပါကလည်း လူငယ်တရားရုံးကို ပို့လိမ့်မည်မဟုတ်ပါ။ ရဲသည် ကျွန်တော်တို့၏မိဘများ ဘာလုပ်ကိုင် စားသောက်သည်ကို မေးမြန်းပြီးနောက် စိတ်မကောင်းဖြစ် သွားကြပေ လိမ့်မည်။

          ကျွန်တော့်ဖခင်မှာ ကဗျာဆရာတစ်ယောက်ဖြစ်ပြီး ကျွန်တော့် သူငယ်ချင်း၏ဖခင်မှာ လျှပ်စစ်လုပ်ငန်းပိုင်ရှင်တစ်ဦး ဖြစ်လေသည်။