Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဘနှင်း - နိုဘယ်ဆုရအမေရိကန်စာရေးဆရာကြီး၅ဦး၏ကမ္ဘာ့ဂန္ထဝင်ဝထ္ထုတိုများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type
ဆင်ကလဲယား လူးဝစ္စ
Sinclair Lewis (၁၈၈၅-၁၉၅၁)

          ဆင်ကလဲယားလူးဝစ္စသည် ဆရာဝန်၏သားဖြစ်ပြီး သူ(၅) နှစ် သားအရွယ်မှစပြီး မိထွေးနှင့်နေခဲ့ရသည်။ ထိုအခါမှစ၍ သူ့ဘဝမှာ မေတ္တာခန်းခြောက်သွားရသည်။ ကျောင်းတွင် အနှိမ်ခံဖြစ်ခဲ့ရသလို

ယေးတက္ကသိုလ်တက်ရောက် ပညာသင်ရချိန်တွင်လည်း အထီးကျန် ဖြစ်ခဲ့သည်။ ကဗျာသည်သာ သူ့အဖော်ဖြစ်ခဲ့သည်။ ၁၉ဝ၄ ခုနှစ်ထုတ်ယေးတက္ကသိုလ်မဂ္ဂဇင်းတွင် သူ့ကဗျာ ဖော်ပြခံရသည်။ ထိုစဉ်က သူ သည် ပထမနှစ် တက္ကသိုလ်ကျောင်းသား ဖြစ်သည်။ တတိယနှစ် ရောက်သောအခါ ယင်းမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာသည်။

          ကျောင်းမှ ထွက်သည့်အခါ ဖခင်၏ အထောက်အပံ့မရသဖြင့် ဝတ္ထုများရေးပြီး တစ်ပုဒ်လျှင် ၅ ဒေါ်လာဖြင့် ရောင်းစား၍ သက်မွေး ဝမ်းကျောင်းပြုသည်။ ၁၉၁၄ ခုနှစ်တွင် Our Mr.Wernn ဝတ္ထု ထုတ်သည်။ ပညာရှင်တို့ ချီးကျူးခံရသော်လည်း ရောင်းမစွံခဲ့။ ၁၉၁၅ ခုနှစ်တွင် The Trail of the Hawk ထုတ်သည်။ မဝံ့။ ထိုအခိုက် သူ့ဝတ္ထုတိုတစ်ပုဒ်ကို စနေ ညနေသတင်းစာမှ ပုံနှိပ်ဖော်ပြသည်။ ထို့နောက်တွင်တော့ ဝတ္ထုတိုတစ်ပုဒ်လျှင် ဒေါ်လာ တစ်ထောင်ဖြင့် ၃ပုဒ် ဝယ်ခံရသည်။ ဤတွင် အားတက်လာပြီး လုံးချင်းစာအုပ် အမှတ် ၅ အထိ ထုတ်သည်။ မဝံ့ကြပါ။

          ၁၉၂၀ ပြည့်နှစ်တွင် Main Streetထုတ်တော့မှ နေ့ချင်း ညချင်း ကျော်ကြားလာသည်။ ယင်းသည် တောရွာမကောင်းသဖြင့် အထင် တကြီး မြို့သို့ ပြောင်းလာသူသည် နောက်ဆုံး တောသို့ပြန်ရောက်ခဲ့သော လူလတ်တန်းစား သရုပ်ဖော်ဝတ္ထုဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် ထုတ်ဝေသော Babbit မှာလည်း လူလတ်တန်းစား သရုပ်ဖော်ဖြစ် သည်။ မြေပွဲစားတစ်ဦး၏ တစ်နေ့တာဇာတ်လမ်းဖြစ်သည်။ လူမှုရေး သရော်ဝတ္ထုဖြစ်ပြီး အထူးအောင်မြင်သည်။ ၁၉၂၅ ခုနှစ်တွင် Arrow smith (မြန်မာပြန်ပြီး) မှာ အမှန်တရားရှာဖွေသူ သိပ္ပံဆရာတစ်ဦး ၏ အချစ်နှင့် အိမ်ထောင်ရေးသရုပ်ဖော်ဖြစ်သည်။ တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် အောင်မြင်ပြီး ပူလစ်ဇာဆု ရရှိခဲ့သည်။ သို့သော် လူးဝစ္စက ထိုဆုကို လက်မခံခဲ့ပါ။ ငြင်းခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ထွက်လာသော Elmer Grantry ဝတ္ထုမှာ ဘာသာရေးတရားဟော ဆရာတစ်ဦး၏ လိင်ဖောက်ပြန်မှုဝတ္ထုဖြစ်သဖြင့် အငြင်းပွားရဆုံးသော စာအုပ်ဖြစ်သည်။

          ၁၉၃၀ ပြည့်နှစ်တွင် သူ့အား စာပေနိုဘယ်ဆု ချီးမြှင့်သည်။ အမေရိကန်စာရေးဆရာများထဲမှ ပထမဆုံး ချီးမြှင့်ခံရခြင်းဖြစ်သည်။ ဆုပေးပွဲတွင် အမေရိကန်တို့၏ ပျက်စီးယိုယွင်းနေသော ရိုးရာအစဉ် အလာများနှင့် ဝေဖန်ရေးတန်ဖိုးကျဆင်းနေမှုကို တိုက်ခိုက်ဟောပြော ခဲ့သည်။

          ၁၉၃၅ ခုနှစ်တွင် ItCon't Happen Here စာအုပ်မှာ နိုင်ငံရေး နှင့် လူမှုရေးတို့၏ ထုံးစံဓလေ့တို့မှ ဆန့်ကျင်လွှဲပြောင်းမှု မှားနေကြပုံ ကို သရုပ်ဖော်သည်။ ၁၉၄၀ ခုနှစ်တွင် ထွက်လာသော The God Seeker မှာ အမေရိကန်အလုပ်သမားဘဝ သရုပ်ဖော်ဖြစ်သော်လည်း ထုတ်ဝေသူ စိတ်ဓာတ်ကျရသောစာအုပ် ဖြစ်သည်။

          စာရေးခြင်းဖြင့် သောက်သောက်လဲ ငွေကြေးချမ်းသာလာသော လူးဝစ္စသည် ငွေစာရင်းအင်းကို ဂရုမထား၊ ကိုယ်လုပ်ချင်သမျှ လုပ်ခွင့် ရသူပီပီ ထင်ရာစိုင်းတော့၏။ အရက်အလွန်အကျွံသောက်သည်။ ဥရောပတစ်ခွင် ပြဲပြဲစင်အောင် လည်ပစ်သည်။ စာရေးခြင်း လျှော့လာ သည်။ ဝတ္ထုတိုအမြောက်အမြားတော့ ရေးဖြစ်ခဲ့သည်။ ဤသို့ဖြင့် ၁၉၅၁ ခုနှစ် ရောက်သောအခါ ရောမမြို့ အရောက်တွင် သူ ကွယ်လွန် သည်။ သူ့အရိုးပြာများကို ဇာတိမြေ အမေရိကန်သို့ ပြန်သယ်ဆောင် ခဲ့ရသည်။ ထိုအခါမှ သူ၏ နောက်ဆုံးဝတ္ထုဖြစ်သော World so Wide ထွက်လာသည်။

          သူ့ကို သတင်းစာအရေးအသားဖြင့် ဝတ္ထုရေးသူဟု သိထားကြ သဖြင့် ရသစာပေသမားတို့က ဘဝင်မကျလှချေ။ သို့သော် လူ့ဘောင် စနစ် ယိုယွင်းနေသောအကြားတွင် တဝဲလည်လည်နှင့် အမှန်တရားကို လိုက်လံ ရှာဖွေနေကြသည့် အလုပ်ကြီး အကိုင်ကြီးသမားများ၏ အချည်းအနှီးသော သဘာဝတို့ကို ဖွဲ့ဆိုခြင်းဖြစ်ပြီး အများအားဖြင့် အထက်တန်းကျသော သရော်စာ ́များ ဖြစ်ကြသည်။ သင် ဖြစ် သူ၏ စာများကို စစ်စစ်ဖာဖာတိုင်းတာလျှင် စာချွန်စာမွန် စာရေးဆရာကြီးဟု မဆိုစလောက်သော်လည်း သူ့စာများမပါဘဲနှင့် ခေတ်သစ်အမေရိကန်၏ လူ့ဘောင်ကို အကဲစမ်း၍ မရပါဟု ပညာရှင် များက ဆိုကြသည်။

ယခုဖေါ်ပြသော The Post-Morten Murder မှာ ပျောက်သောသူ ရှာလျှင်တွေ့” ဟူသော စကားနှင့်ဆန့်ကျင်စွာ “ပုန်းရှောင်သူ ရှာမတွေ့” ဟု ပြောရမည့်အဖြစ် ဖြစ်သည်။ သို့သော် အမှန်တရားမှာ နောက်ဆုံး၌ ပေါ်ရသည်ဟူသော စကားအတိုင်း စက်ဆုပ်သောလူ့ဘောင်ပတ်ဝန်းကျင်ကို ဖယ်ရှောင်ပြီး ဇာတ်မြှုပ်နေသူ၏ မနေနိုင် သော လူသားသဘာဝကို မကျော်လွန်နိုင်ပုံအကြောင်းဟု ဆိုကြသည်။

          ဆင်းကလဲယားလူးဝစ္စ၏ ဤဝတ္ထုကို ဖလော်ရီဒါ စာကြည့် တိုက်များ တက္ကသိုလ်မှ မကြာခင်ကမှ ဖွဲ့စည်းခဲ့သည့် အယ်ဒီတာနှင့် ဝေဖန်ရေးဆရာကြီး ၆၅ ဦးပါဝင်သည့် အဖွဲ့ အစည်းက သူ့အား Stormy Petrell မုန်တိုင်းစီးငှက်အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် နှစ်ဆယ်ရာစုနှစ်၏ ပထမရာစုနှစ်ဝက်များအတွင်း အမေရိကန် စာပေလောကကို များစွာ တိုးတက်စေခဲ့သူဟု သတ်မှတ်ကြသည်။

          သူ့အနေဖြင့် တိုင်းရင်းဘာသာစကားနှင့် ပုံပြင်များကို သူ့ဝတ္ထု များတွင် ထည့်သွင်းရေးသားခြင်းဖြင့် အမေရိကန်စာပေလောက ဝေါ ဟာရကို ပိုမိုကြွယ်ဝစေခဲ့၏။ Main Streetဝတ္ထု ပုံနှိပ်အပြီး တစ်နှစ် အတွင်း ၁၉၂၁ ခုနှစ်အတွင်း စင်ကျူရီမဂ္ဂဇင်း၌ ဖော်ပြခဲ့သော ဤ The Post-Mortem Murder ဝထ္ထုသည် အမေရီကန်လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုကို သရော်လိုသဖြင့် ရေးသားခြင်းဖြစ်သည်။ ဤဝတ္ထု တွင် ဇာတ်ကြောင်းပြောသူသည် အမေရိကန်စာပေအတွက် အမှန် တရားကို ကြိုးစားထုတ်ဖော်သူဖြစ်ခဲ့သည်။ ထို့အတူ လူသတ်မှုမျိုး ဟူသည်ထက် စာပေနှင့်ပတ်သက်လျှင် ပျောက်ဆုံးတိမ်မြှုပ်မှုကို ရှာဖွေ ဖော်ထုတ်ခြင်းသည်သာ ပညာရှင်၏ တာဝန်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်ဟု ယူသော် ရမည်ထင်ပါသည်။