ဗျုး - ဝေနေအောင်ပွင့်တဲ့ညတွေ
သတို့သမီး သတို့သား မျက်နှာလေးတွေက မိုးဆမ်းပန်းနှယ် ပြုံးပျော်ကြည်နူးနေသလို ဆွေမျိုးအသိုက်အဝန်းတို့သည်လည်း ဂုဏ် ကျက်သရေ တင့်တယ်နေခဲ့၏။
“ကြီးရင်မှီ ငယ်ရင်ချီတဲ့ သတို့သားက သတို့သမီးထက် ဆယ် နှစ်လောက် ကြီးလို့လည်း ဒီလောက် ပြည့်စုံခမ်းနားအောင် လုပ်ပေးပြီး အချစ်ပိုနေတာပေါ့”
“ချစ်မယ် အလိုလိုက်မယ်ဆိုလည်း ပိုးဥဖြူလေးက ငုံထားချင် စရာပါအေ၊ တို့မြို့မှာ သူ့လောက်ချောတဲ့လှတဲ့ မိန်းကလေး ဘယ်မှာ ရှိလို့လဲ၊ အမိအဘ မရှိပေမယ့် ဦးလေးတွေ အဒေါ်တွေရဲ့ အုပ်ထိန်းမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိ ဣန္ဒြေကြီးရှာပါတယ်၊ ရွာနားမြက် ရွာနွားမစားဘူးဆိုတဲ့အတိုင်း အနီးအနားက ပိုးကြပန်းကြ တင်တောင်း ကြတဲ့ သူတွေကိုတော့ စိတ်မဝင်စားခဲ့ဘဲနဲ့ ယူမယ့်ယူတော့ မြို့ကြီးပြကြီး ရန်ကုန်သားတဲ့၊ ချမ်းသာလိုက်တာလည်း ကျိကျိတက်ဆိုပဲ”
“ဟဲ့ ဒီအသက် ဒီအရွယ်နဲ့ အိမ်ထောင်ပျက် တစ်ခုလပ် မုဆိုးဖို ဖြစ်ချင်ဖြစ်နေမှာနော်"
- “ဪ လူပျို လူလွတ်ဆိုပြီး ပိုးဥဖြူ အဒေါ်နဲ့ဦးလေးက ပေးစား လိုက်တာပဲတဲ့၊ သူတို့ချင်းလည်း ချစ်ကြတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သင့်တော်ပါတယ်၊ ပြီးတော့ သတို့သားက တို့မြို့က လူကုံထံတွေနဲ့