Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဗိုလ်တာရာ(ရဲဘော်သုံးချိပ်) - ပါရမီစခန်းပညာလမ်း

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

အုတ်တွင်းဓာတ်ရင်း

          ဝသန်ကုန်ပျောက် ဆောင်းဘက်ရောက်စပြုသည့် သာယာသော နေ့တစ်နေ့ ဖြစ်ပါသည်။

          လေပြေ ဆော်သွေးလိုက်တိုင်း အုတ်တွင်းမြို့ မိုးကောင်းဘုရား၏ တနင်္ဂနွေထောင့် ၌ ရှိနေသည့် မင်္ဂလာကန်တော်အတွင်းမှ ကြည်လင်ငြိမ်သက်နေသော ရေပြင်သည် လှုပ်ရှားပုတ်ခတ်ကာ ကြာပွင့်များကို ယိမ်းနွဲ့ စေသည်။

          ကျေးဇူးရှင်အဖေနွဲ့ သည် သုဓမ္မာဇရပ်၏မြောက်ဘက် ပြတင်းပေါက်အနီး တင်ပျဉ်ခွေကာထိုင်ရင်း လက်ဖက်ရည်ကြမ်း သောက်လျက် ဖူးတွေ့ရပါသည်။

          အသက်အရွယ်အားဖြင့် ငါးဆယ်ကျော်ပိုင်းဖြစ်၍ မြန်မာပီသသော သျှောင်ကြီးကို ထုံးလျက် ကော်လာမပါသော အဖြူရောင် ရှပ်လက်ရှည်ကို ဝတ်ထားပြီး ချည်ချောလုံ ချည် အဖြူရောင်တွင် အဝါကွက်ကလေးများဖြင့် ရက်လုပ်ထားသော လုံချည် အဟောင်း တစ်ထည်ကိုဝတ်ကာ ထက်မြက်တည်ကြည်လှသော မျက်နှာဖြင့် ကျွန်တော်တို့ သား သမီးများကို ဆုံးမသြဝါဒ ပေးနေပါသည်။ ။

          ရုတ်တရက်အားဖြင့် ဤကဲ့သို့ အသားဖြူဖြူ မြန်မာချောချောသူ အဖေနွဲ့ ကို သာမန် အားဖြင့် ကြည့်မိပါလျှင် ရိုသေခံ့ညားစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာကြပေမည်။ သို့ရာတွင် ဆရာကြီး၏ ပြောပုံ၊ ဆိုဆုံးမပုံများကို နာယူရင်း တစ်နေ့ခန့် အကဲခတ်ဝေဖန် လာခဲ့ပါမူ ထိုအကဲခတ်စုံစမ်းသူပင်လျှင် ဆရာကြီး၏ ခြေရင်းကမခွာလိုသော သဒ္ဓါစိတ် ဆန္ဒများဖြင့် အဖေနွဲ့ ကို ကြည်ညိုမြတ်နိုးလာကြပေမည်။ ထို့ကြောင့်လည်း ဓမ္မဝိဇ္ဇာ ပရိသတ်များသည် တစ်နေ့တခြား တိုးပွားရင့်ကျက်လာသလို ဓာတ်ဘုရားခြောက်ဆူ လည်း ဖူးတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

အဖေနွဲ့ ကို သုံးဆယ့်တစ်ဘုံ ဆရာကြီးဟူ၍ လည်းကောင်း၊ အုတ်တွင်းဆရာကြီး ဟူ၍တစ်ဖုံ ထိုအချိန်အခါက လူသိများခဲ့သည်။

          ဆလိန်ရရစ် ဆာနှင့်ဆရာသည် ရေးပုံရေးနည်း သတ်ပုံသတ်ညွှန်း ကွဲပြားခြား နားခဲ့သလို အနက်အဓိပ္ပာယ်ကလည်း အဖြူ အမည်း ကွဲလှပေ၏။ ဆရာဟူသော ဆရရစ် ဆာသည် ဆာယာဟူသော အရိပ်အာဝါသနှင့် ပြည့်စုံသော သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်ဒြပ်များနှင့် ပြည့်စုံသူ၊ နေပူဒဏ်မှ ကင်းလွတ်သူ၊ အရိပ်အာဝါသကို ထီးကြီး သဖွယ်၊ အအေးဓာတ်တရား အဆီအနှစ် ငြိမ်းချမ်းမှုကိုပေးနိုင်သော ပုဂ္ဂိုလ်များကို ဆရာဟူ၍ ခေါ်ကြောင်းကို အဖေနွဲ့ ကိုယ်တိုင်က အဓိပ္ပာယ်ဖွင့် ဩဝါဒပေးခဲ့သည်။

          “ဆရာ” ဟူသော ဒုတိယ ပုဂ္ဂိုလ်တို့သည် ကျောင်းသားသူငယ်များကို ပညာသင် ကြားပေးသော ကျောင်းဆရာများလို မည်သည့်စာပိုဒ်တွင် ထည့်မည်နည်းဟု မေးလာခဲ့ လျှင် ထိုပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်၊ သီလ၊ သမာဓိ၊ ပညာနှင့် စွမ်းဆောင်မှုတို့ကို ဆုံးဖြတ် ၍ 'ဆရာ' 'ဆရာ' နှစ်ခုသောအပိုဒ်များ ကိုက်ညီသလို ခေါ်စေ၍ မှတ်သားဆုံးဖြတ်ဖို့ပင် ဖြစ်ပါသည်။ ကျွန်တော်သည် အဖေနွဲ့ ၏ ဦးခေါင်း မျက်နှာပြင်မှစ၍ ပခုံးနှစ်ဖက်၊ ခါး၊ ခြေဆုံးအထိ မမှိတ်မသုန် ဖူးမြော်နေသည်။ ကျွန်တော့်ဆန္ဒမှာ ဘုရားပုထိုးမှစ၍ ဆင်းတုတော်များကို ပုတီးစိပ် အာရုံယူသောအခါ၌ ပရိကံနိမိတ်တော်များအဖြစ် အလွတ်ရနေအောင် လေ့ကျင့်ခြင်းလည်း ဖြစ်ပါသည်။ ထိုနောက်လည်း ကျွန်တော်၏ကျေးဇူးရှင် အဖေနွဲ့ ၏မျက်နှာတော်ကိုလည်း ပရိကံနိမိတ်ဖြင့် အချိန်အခါမရွေး အလွတ်ဖူးတွေ့စေရန် လေ့ကျင့်ဖူးမြော်နေခြင်းသာ ဖြစ်ပါသည်။

          ခပ်လှမ်းလှမ်းမှ ပကတိတည်ငြိမ်ရင့်ကျက်သော မျက်နှာဖြင့် အဖေနွဲ့ ကလည်း ကျွန်တော့်အတွင်းစိတ်ဓာတ်နှင့် ဆန္ဒတို့ကို အကြွင်းမဲ့သိရှိနေသော အသိသည် အရှင် သခင် ဖြစ်သူ ပုဂ္ဂိုလ်မြတ် ပီပီနှင့် တည်ငြိမ်စွာ ဆုံးမဩဝါဒပေးနေကြောင်းကိုလည်း ကျွန်တော် သဘောပေါက်ထားပါသည်။

          “ကျုပ်တပည့်တွေ၊ သားသမီးတွေဟာ ရတနာသုံးပါးကို ဘယ်သောအခါမှ မမေ့ မလျော့ကြလေနဲ့။ ဘုရားကို ယုံမှ၊ တရားတော်ကိုယုံမှ၊ သံဃာစစ် သံဃာမှန်များကို ယုံမှားသံသယတွေ မရှိလေကြနဲ့။ မိဘဆရာသမားတွေကိုလည်း ရိုသေကိုင်းညွှတ်ကြ ရမယ်”

          ဆက်လက်၍ ဆရာကြီးက သြဝါဒပေးနေပါသည်။ ။ “အထူးသဖြင့် ဆရာအတင်မမှားကြနဲ့ ။ ကျုပ်ကစပြီး ကျုပ်တပည့်သားသမီးတွေ အားလုံး စစ်ဆေးဝေဖန် စမ်းသပ်ပြီးမှ ဆည်းကပ်ကြ၊ နာယူကြ၊ ကန်တော့ကြ။ ဆရာအတင်မှားရင် ဘဝဆုံးတယ်။ သံသရာတစ်လျှောက် မလွတ်တမ်းခံရတယ် မှတ်ပြီးထား။ သိပ်မကြည့်နဲ့ အဇာတသတ်ဟာ သူ့ဟာသူ မင်းစည်းစိမ်ကိုခံစားနေရင် ဒီလောက် ဘဝဆိုးရမှာ မဟုတ်ဘူး။ ရုပ်ပြကောင်းတဲ့ ဒေဝဒတ်ကို ဆရာအတင်မှားတာနဲ့ ခုအထိ ငရဲက မလွတ်သေးဘူး” ဆုံးမ ညွှန်ကြားနေပါသည်။

          ကျွန်တော်သည် သတ္တိရှိရှိနှင့် ဝန်ခံရလျှင် အဖေနွဲ့ ကို တွေ့စက ယခုခေတ်ရေပန်း စားနေသော သိပ္ပံနည်းကျကျနှင့် လေ့လာစုံစမ်းခဲ့ဖူးပါသည်။ တစ်ကြိမ်မက အကြိမ်ပေါင်း မရေတွက်နိုင်အောင် စိတ်ကြိုက် စိတ်တိုင်းကျ စုံစမ်းခဲ့မိသည်။ ကျွန်တော့်စိတ်ထဲမှ ကြိုတင်၍ ကြံသမျှ အကြံအစည်မှန်သမျှကို ဆုတ်မဆိုင်း မိနစ်မဆိုင်းတမ်း အဖေနွဲ့ က သိရှိရုံမက ရှေ့အဖို့ ပစ္စုပ္ပန်ကာလ၌ ကျွန်တော်ကြံမည့် အကြံအစည်နှင့်တကွ ရလာဒ်များ၊ ကြုံတွေ့ရမည့် ကိန်းများကို ခပ်ပြုံးပြုံး မျက်နှာဖြင့် ကြိုတင် ဟောပြောခဲ့လေသည်။ ဆရာကြီး ကြိုတင်၍ပြောခဲ့သလို ပစ္စုပ္ပန်ဖြစ်ရပ်များမှာ မလွဲမသွေ ကိုက်ညီစွာ တွေ့ကြုံ ရပေ၏။

          တစ်ကြိမ်က အဖေနွဲ့ နှင့် နေစဉ်တွင် အဖေနွဲ့ သည် နွေခေါင်ခေါင် ချစ်ချစ်တောက် ပူလောင်နေသော နေ့ခင်း တစ်နာရီကာလတွင် ဆရာကြီးက ကျွန်တော်တို့၏ ပူပြင်း သည့် ဒုက္ခကို မကြည့်ရက်သလို မင်္ဂလာကန်တော်အတွင်း၌ ရေခန်းခြောက်၍ ဆွေဆွေ ခုန် ဒုက္ခရောက်နေသော ရေသတ္တဝါငါးများကို လေးလေးနက်နက် ကြည့်လိုက်ပြီး...

          “မိုးရွာရင် မကောင်းဘူးလားဟေ့ အောင်တင်”

          ကျွန်တော်တို့ လူစုထဲတွင် စကားပြောနေသော အဖေနွဲ့ ၏သား ရောင်းရင်းကို အောင်တင်ကို လှမ်း၍မေးလိုက်ရာ အဖေနွဲ့ ၏ သီလ သမာဓိကို ကောင်းစွာသိရှိခဲ့သူ ကိုအောင်တင်က “ကောင်းတာပေါ့ ဆရာကြီး၊ သတ္တဝါတွေ အားကြီးဒုက္ခရောက်လှပြီ” ပြောကြားလိုက်ရာ ဆရာကြီးသည် ကျွန်တော်စဉ်းစားရာဘက်သို့ လှည့်၍...

          “ဟေ့ ကလေး၊ ရေထမ်းရခပ်ရ သက်သာရအောင် မင်းကြိုက်သလောက် ရေပုံး တွေ၊ ရေအိုးတွေ တံစက်မြိတ်အောက်မှာ ချထားလိုက်” အမိန့်ပေးလိုက်သည်တွင် မိုး ရိပ်မိုးကဲ တစ်ချက်မှ မတွေ့ရဘဲ နွေခေါင်ခေါင်တွင် မိုးကြီး ရွာမည်ဟု ပြောနေသော ဆရာကြီး၏ စကားကို မပယ်ရှားဝံ့သဖြင့် ခပ်လေးလေး ခြေလှမ်းချပြီး ထလိုက်ရာ...

          “ဘာလဲကွ။ နွေခေါင်ခေါင်မှာ မိုးရွာမယ်ဆိုတာ သံသယဖြစ်နေပြီလား။ လောက ဓာတ်ကို ပိုင်ရင်နိုင်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ လုပ်စရာရှိတာတွေသာ လုပ်ပါ။ မင်း ရေချိုးချင်ရင်လည်း မျက်နှာသုတ်ပဝါနဲ့ ဆပ်ပြာခွက် အဆင်သင့်လုပ်ပေတော့”

          ထပ်မံ၍ တိုက်တွန်းသောကြောင့် ခပ်သွက်သွက်ပင် ရေပုံးများ၊ ရေအိုးများကိုတန်းစီ၍ ချထားလိုက်ပြီး ဆက်ပြာခွက်နှင့် မျက်နှာသုတ်ပဝါကို ဆွဲယူလိုက်ပါသည်။

          အဖေနွဲ့ ကိုယ်တိုင် ရေလဲလုံချည်နှင့် မျက်နှာသုတ်ပဝါကို လွှမ်းကာ ဆပ်ပြာခွက် ကို ကိုင်ပြီး သုဓမ္မာဇရပ်အပြင်ဘက်သို့ ထွက်ကာ ပူပြင်းလှသော ကောင်းကင်ဆီသို့ မော်၍ ကြည့်လိုက်ပါတော့သည်။

          စက္ကန့်ပိုင်းအတွင်း၌ လေရော မိုးပါ အသံတွေစုဝေးထွက်လာပြီး တဝေါဝေါနှင့် မိုးရွာချပါသည်။ မိုးပေါက်များကား သေးသေးဖွဲဖွဲ မဟုတ်ပါ။ မိုးကြီးလေကြီးကျသလို တအားသွန်၍ ရွာချသော မိုးပေါက်မျိုးဖြစ်၍ ကိုးရပ်လုံးပင် တအားပင် ရွာချပါသည်။

          အဖေနွဲ့ သည် တံစက်ကြောင်းတွင်ရပ်၍ မိုးရေများကိုချိုးလျက် စိမ်ပြေနပြေ ဆပ်ပြာတိုက်ကာ “ငါ့သား ချိုးလေကွာ၊ ဘာလို့ ကြည့်နေရတာလဲ” သတိပေးလိုက် မှ ကျွန်တော်သည် အဖြေမထွက်သော စုံစမ်းလေ့လာမှုကို ချက်ချင်းရပ်ကာ အဖေနွဲ့ အနီး၌ ရေချိုးလိုက်ရပေ၏။

          “အလွမ်းသင့်တဲ့အခါမှာ သတ္တဝါတွေကို ကယ်ရမယ် သားရဲ့။ နို့ဓမ္မဝိဇ္ဇာပါရမီ စခန်းဟာ သတ္တဝါ ကယ်တင်ရတဲ့ လုပ်ငန်းကွယ့် မှတ်ထား”

          သတိပေး ပြောကြားလိုက်ပြီး ရေချိုး၍ အားရသည့် နောက်တွင် မျက်နှာသုတ် ပဝါကိုလွှမ်းကာ မိုးလုံရာ သုဓမ္မာဇရပ် လှေကားပိုင်းတွင် ရပ်နေပါသည်။

          နာရီဝက်ကျော်ကျော် သဲသဲမဲမဲ ရွာချသည့် မိုးကြောင့် ရေပုံးများ၊ ရေအိုးများသာမ က စည်ပိုင်းကြီးများ၌ ရေပြည့်သွားသောအခါ အဖေနွဲ့ သည် “တော်လောက်ပါပြီကွာ၊ မိုးတိတ်လိုက်ရအောင်” ပါးစပ်မှ ပြောပြောဆိုဆိုနှင့် သူခြုံထားသော မျက်နှာသုတ်ပဝါ ကို ကိုယ်မှ ခွာလိုက်ပြီး မိုးရေထဲသို့ ထွက်ကာ သုံးကြိမ်တိတိ ယမ်းခါလိုက်ရာ တစ်မဟုတ် ချင်း မိုးသည် ယတိပြတ်တိတ်သွားလေ၏။

          ကျွန်တော်က အရေးတကြီးခေါင်းပြူ၍ ကောင်းကင်ဆီသို့ မော့ကြည့်လိုက်ရာ၌ ကောင်းကင်၌ မိုးသားတစ်စက်မှ မတွေ့ရတော့ဘဲ ကြည်လင်နေသလို ရာသီဥတုလည်း အအေးဓာတ်ပိုင်းသို့ ညွှန်းနေတော့သည်။ .

          အုတ်တွင်းမဲကုန်းရပ်မှ တပည့်များသည် တစ်စုတစ်ဝေးကြီး အဖေနဲ့ ဆီသို့ ပြေး ဝင်လာပြီး ဝမ်းမြောက်ဝမ်းသာ ကန်တော့လိုက်ကြသည်။ သူတို့အားလုံးသည် အဖေနွဲ့ ၏ သီလသမာဓိဂုဏ်ကို ကောင်းကောင်း သိရှိသူများဖြစ်၍ ယခုလည်း ထိုအချိန်အခါ မဟုတ်ဘဲ မိုးရွာခြင်း၏ အကြောင်းရင်းကို သိရှိခဲ့သဖြင့် အဖေနွဲ့ ၏ ကျေးဇူးကို ဦးထိပ် တင်ကာ အပြေးအလွှား ရောက်လာကြောင်း ဖြစ်သည်။

          “ဟဲ့.. ကိုယ့်တရား ကိုယ်ခင်တွယ်ကြ၊ တရားအားထုတ်နိုင်မှ လုပ်နိုင်မှ တော်ရုံ ကျမယ်” မှာကြားလိုက်ရာ ဦးကျော်ရင်သည်

          “ဝမ်းသာလိုက်တာ ဆရာကြီးရယ် မခံမရပ်နိုင်အောင် ပူနေတုန်း၊ မိုးရွာချခိုင်းပေး တာ” အရေးတကြီးလျှောက်ထားလိုက်ရာ။

          “မှတ်ထားကြတဲ့ ပူတာလဲမမြဲဘူး၊ အေးတာလဲ မမြဲဘူး၊ ဆင်းရဲတာလည်း မမြဲဘူး၊ ချမ်းသာတာလဲ မမြဲဘူးဆိုတာ အားလုံး သင်္ခါရချည်းပဲ” တရားပြလိုက်ပြန်ပါသည်။

          “တို့ဓမ္မဝိဇ္ဇာတွေဟာ သင်္ခါရတရားကို အမြဲတမ်း လက်ကိုင်ထားရမယ်၊ သီလ စောင့်စည်းရမယ်၊ မေတ္တာကို ရှေ့တန်းတင်နိုင်ကြရမယ်။ တို့တစ်တွေဟာ လူ့ကျင့်ဝတ်၊ သူတော်ကောင်း ကျင့်ဝတ်တရားရှိမှ ကမ္ဘာလောကကြီးမှာလည်း တရားရှိလိမ့်မယ်၊ ခေါင်က မိုးမလုံဘဲ ကျီးယက်တွေ မိုးရွှဲပြီး ကြမ်းပြင်တွေ စိုကုန်မှာပေါ့” ဆုံးမသြဝါဒ ပေးတော့သည်။

          ကျွန်တော်သည် အဝတ်လဲပြီး၍ လက်ဖက်ရည်ကြမ်း တစ်ပန်းကန်ကို ငဲ့၍ ဆရာ ကြီးအား ပေးလိုက်ရင်း။

          “အဘ ဓမ္မဝိဇ္ဇာဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိသလဲ၊ တစ်ဆိတ်ရှင်းပြပါ” တောင်းပန် လိုက်ရာ။

          “ဟဲ့ ဓမ္မဝိဇ္ဇာဆိုတာ လောကုတ္တရာတရားကို ပေါက်မြောက်အောင် ကျင့်ကြံအား ထုတ်တဲ့ ပါရမီရှင်တွေကို ခေါ်တာဘွဲ့ ။ ဓမ္မဝိဇ္ဇာဆိုတာ အရိယဝိဇ္ဇာပဲ၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ ရဟန္တာတွေဟာ ဓမ္မဝိဇ္ဇာအကြီးဆုံး ပုဂ္ဂိုလ်တွေပဲ၊ အရိယစခန်း အရိယ တရား ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်မှန်သမျှဟာ ဓမ္မဝိဇ္ဇာဖြစ်တယ်”

          ပြောပြလိုက်ရာ ကျွန်တော်သည် ဗဟုသုတ အလို့ငှာ “ဓမ္မဝိဇ္ဇာလုပ်ငန်းကို ဘယ် ခေတ်ကစပြီး မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့သလဲ အဘရယ်” ဟု မေးသည်။

          “အေး မေးတာလည်းကောင်းတယ်၊ နောင်တစ်ခေတ်မှာ ငါ့သားကိုယ်တိုင် ဓမ္မဝိဇ္ဇာ လုပ်ငန်းကို ဦးဆောင်ပြီး ရှင်းလင်းပြောပြရဖို့ တာဝန်တွေလို့ ငါ သိခဲ့တယ်”

          “မှတ်ထားကြ အားလုံးပရိသတ်တွေ ဓမ္မဝိဇ္ဇာလုပ်ငန်းသည် ဟိုသထုံပြည် မနု ဟာမင်း လက်ထက်မှာ သီဟိုဠ်ပြည်က သာသနာပြုကြွလာတဲ့ သီဟိုဠ်ဘုရင်ကြီး၏ သားတော် ရှင်မဟိန္နရဟန္တာကြီး စခန်းချမှတ်၊ ပန္နက်ရိုက်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်” အစချီ၍ မိန့်ကြားလိုက်ပြီ။

          “ဓမ္မဝိဇ္ဇာလမ်းစဉ်ဟာ ပါရမီလုပ်ငန်းလို့လည်း ခေါ်တယ်။ ထိုဓမ္မဝိဇ္ဇာထဲမှာသာ လုပ်ဆောင်နေကြတဲ့ လူတွေဟာ များသောအားဖြင့် ဆုကြီးပန်တွေပဲ။ ဘုရားကြီးဆု၊ ပစ္စေကဗုဒ္ဓဘုရားငယ်ဆု၊ နားလည်အောင်ပြောရရင်ဆုပေး ဘုရားဆု၊ အဂ္ဂသာဝက၊ မဟာသာဝက ဆုပန်တွေများတယ်၊ ဓမ္မဝိဇ္ဇာ လုပ်ငန်းများဟာ ဆုကြီးပန်တွေ စုဝေးရာ ဌာနကြီးဖြစ်သလို အဖျင်းဆုံးပုဂ္ဂိုလ်ဟာ ပကတိသာဝက ဆုပန်ကြတယ်။

          “ဘ၀ထိုထို တစ်လျှောက်မှာ တောင်းထားပြီးတဲ့ ဆုကြီးတွေကို ပြန်၍ ပါရမီဆယ် ပါး အပြားသုံးဆယ် ပြည့်နေကြခြင်းဖြစ်တယ်၊ ဘဝအနမတဂ္ဂသံသရာတစ်လျှောက်က တရားလွန်ခဲ့တဲ့ဝဋ်တွေကို ချွေရင်းခံရင်းနဲ့ လောကုတ္တရာတရား အားထုတ်ကြိုးပမ်း နေကြရတယ်။ ထိုဓမ္မပါရမီရှင်တွေဟာ မကြာခင် ပွင့်တော်မူမည့် အရှင်မေတ္တေယျ ဘုရား ရှေ့မှောက်မှာ ခရီးရှည်သွားကြရမယ့် ဘုရားအလောင်းတွေက ဗျာဒိတ်ပန်း ဆင်မြန်း ကြရတယ်။ အရှင်မေတ္တေယျ ပရိသတ်တွေကတော့ ကိုယ်တော်မြတ်ကြီးရှေ့မှောက်မှာ တရားနာကြရင်း သစ္စာလေးပါးကိုသိမြင်သွားကြသည်။ အဂ္ဂသာဝက၊ မဟာသာဝ ကကြီးတွေ အသီးသီး ကိုယ့်ဆုတောင်းအတိုင်း ကျွတ်တမ်းဝင်သွားကြတယ်” စိတ်ရှည် လက်ရှည်ပင် ဟောပြောသွန်သင်နေပါသည်။

          အဖေနွဲ့ သည် တစ်စုံတစ်ရာ သတိရပုံဖြင့် “မင်းတို့ ငါတို့ဟာ ဘဝသံသရာတွေ အများကြီးလည်ခဲ့ကြတယ်။ လူဘုံ၊ နတ်ဘုံတွေမှာ နောက်ဆုံးဘိတ် ရောက်ခဲ့ကြတယ်။ မြန်မာပြည်မှာလည်း တကောင်းအဘိရာဇာကစပြီး ကုန်းဘောင်ဆက်အဆုံးအထိ ရာဇဝင်တွေမှာပါသလို မပါခဲ့တဲ့ အပိုင်းကဏ္ဍတွေမှာလည်း သုံးဆယ့်တစ်ဘုံ စင်တော် ကြီးမှာတက်ပြီး ကကြရတယ်။ ဖြစ်လိုက်ပျက်လိုက်နဲ့ သင်္ခါရသဘောတရားအတိုင်း သံသရာလည်ရင်း ပါရမီတွေကို ဆည်းပူးဖြည့်တင်းခဲ့ကြတယ်။ မြန်မာဖြစ်လိုက်၊ မွန် ဖြစ်လိုက်၊ ရှမ်းဖြစ်လိုက်နဲ့ ဘဝအမျိုးမျိုးကျင်လည်ခဲ့ရတယ်။ အေးလေ အဓိက ရည်ရွယ်ချက်က ခုလိုဘဝတွေမှာ အဖျင်းဆုံး သောတပန်ဘဝကို ရောက်ဖို့ ကြိုးစားကြ”

          ဟောကြားလိုက်ပြီး။

          “လူ့ဘဝ မနုဿတဒုလ္လဘဆိုတာ ခဲယဉ်းတယ်။ အခါကြီးပေး ပေးတာရှိတယ်။ လူဖြစ်ဖို့ ခဲယဉ်းသလို လူဖြစ်ခဲ့ရင်လည်း သာသနာတော်တွင်း ကြုံကြိုက်ဖို့ ခဲယဉ်း တယ်။ သာသနာတော်တွင်း ကြုံကြိုက်ပါလျက်နဲ့ တရားအားထုတ်နိုင်ဖို့ ခဲယဉ်းပြန် တယ်။ တရားအားထုတ်ခဲ့ပါလျက်နဲ့လည်း မြဲမြဲစွဲစွဲ ပေါက်ပေါက်ရောက်ရောက် အား ထုတ်နိုင်ဖို့လိုတယ်။ ခဲယဉ်းတယ်။

          “နောင်ကျလေ၊ လူသေလူဖြစ်ဖို့ရာ သိပ်ခဲယဉ်းလှတယ်။ လူ့ပြည်ဟာ အင်မတန် မွန်မြတ်တယ်။ သုံးဆယ့်တစ်ဘုံမှာ အတုမရှိ ကျေးဇူးတော်အနန္တနဲ့ ပြည့်စုံတဲ့ ဘုရား ကိုယ်တော်မြတ်ဟာ နတ်ပြည်က တွင်လားမဟုတ်ဘူး။ လူ့ပြည်စုတေပြီး လူဖြစ်မှ