Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဗိုလ်တာရာ(ရဲဘော်သုံးချိပ်) - ဂူနန်းရှင်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အရှေ့နှင့်အနောက်

          စိတ်တန်ခိုးသတ္တိသည် အင်မတန် ဆန်းကြယ်သလောက် အံ့သြဖွယ် ရာ အချက်အလက် အကြောင်းအရာများဖြင့် ရောပြွမ်းပြည့်နှက်လျက် ရှိပေ သည်။ စိတ်တန်ခိုး သတ္တိအကြောင်းအရာကို တွေးကြ၊ ရေးကြသူများစွာ ရှိခဲ့ပေ၏။ ကိုယ်သန်ရာ၊ ကိုယ်မြင်ရာ၊ ထင်ရာရေးချက်တွေလည်း ရှိခဲ့သလို အမှားအမှန် ကိစ္စများ၊ တွေးခေါ်ချက်များနှင့်တကွ အလွန်ထက်မြက်သော ထူးဆန်းလှစေသည့် ဖြစ်ရပ်အကြောင်းအရာ အတ္ထုပ္ပတ္တိတွေလည်း ရှိခဲ့ကြ သည်ကို မည်သူမျှ ငြင်းဆိုနေကြလိမ့်မည် မဟုတ်ချေ။ မြန်မာဗုဒ္ဓ ဘာသာဝင်တို့သည် နာမ်ဝါဒ သို့မဟုတ် စိတ်ဝါဒကို အကြွင်းမဲ့ယုံကြည် လိုက်စားကျင့်သုံးနေကြပေ၏။ သို့သော် ဥရောပတိုက်သားတို့အဖို့ ရုပ်ဝါဒ ကို တစ်ယူသန် လိုက်စားကြသည်။ ကိုယ်သန်ရာ၊ ကိုယ့်အယူအဆ၊ ကိုယ့် ဝါဒနှင့်ကိုယ် သင့်သလို၊ ယုံကြည်သလို၊ တတ်ကျွမ်းသလို စခန်းသွားကြ ခြင်းသာ ဖြစ်ပေ၏။

           သုံးဆယ့်တစ်ဘုံ၌ အတုမရှိသော တန်ခိုးတော်ရှင်၊ ဉာဏ်တော်ရှင် ဗုဒ္ဓကိုယ်တော်မြတ်ကြီးကလည်း စိတ်၏ အဓိကအပိုင်းနှင့် အရေးကြီးခဲ့ပုံတို့ ကို အင်မတန် ကျယ်ဝန်းစွာ ဟောပြောမိန့်ကြားခဲ့ပေ၏။ ဗုဒ္ဓဘုရားရှင်၏ ရွှေဉာဏ်တော် ကွန်ရက်အောက်ဝယ် စာရေးသူအပါအဝင် ပုဂ္ဂိုလ်တိုင်းက

လည်း တတ်နိုင်သမျှ အချိန်ရခိုက် လေ့လာဆည်းပူးကာ ကိုယ်ကျင့်တရားကို အကြောင်းပြု၍ စိတ်ပညာ၏ ထူးဆန်းအံ့ဖွယ်ရာများကို ချဉ်းကပ်လေ့လာခွင့် ကြုံကြိုက်ခဲ့ပေ၏။

          စာရေးသူကိုယ်တိုင် လေ့လာသိရှိရသလောက်မှာ ပြောမယုံ ကြုံမှသိ ဆိုသည့်စကားအတိုင်း စာရေးသူ၏ ပင်ကိုအဆင့်အတန်းနှင့် လျော်ညီစွာ အတော်အံ့သြဖွယ်ရာ အဖြစ်အပျက်များ၊ အတွေ့အကြုံများကို လေ့လာတွေ့ ကြုံခွင့် အကျိုးထူးအနေနှင့် ရရှိခဲ့ပေ၏။ ထို့ကြောင့်လည်း စာရေးသူသည်

ရောင်းရင်းဖော် ဗိုလ်ကြီးအောင်မင်းကျော်၏ ဖြစ်ရပ်အတ္ထုပ္ပတ္တိများကို မှတ်တမ်းတင်ရာ၌ “တောင်တန်းဧကရီဝတ္ထုကြီး”အနေနှင့် စာရေးသူ၏ နာမ်ဝါဒ ယုံကြည်ချက် တစ်ပိုင်းတစ်စကို အုတ်မြစ်ခံကာ စာပေတရားခွင်သို့ ပို့ဆောင်တင်ဆက်ခဲ့ပေ၏။

          အမှန်အတိုင်းဝန်ခံရလျှင် ဗိုလ်ကြီးအောင်မင်းကျော်၏ နောက်ဆက် တွဲကိစ္စများကိုလည်း လက်ရှိအခြေအနေများအရ ဆက်လက်မဖော်ပြနိုင် သဖြင့် ချန်လှပ်ခဲ့ရပေ၏။ ရှေ့ကာလအဖို့ အကျိုးအကြောင်း ကိုက်ညီသင့် လျော်မှ အခွင့်အလမ်း ကြုံကြိုက်သည့် ကာလများတွင် ဗိုလ်ကြီးအောင်မင်း ကျော်တို့၏ နောက်ဆက်တွဲကိစ္စများကို ဆက်လက်ရေးသားဖော်ပြရန် ကြိုးစားရပေလိမ့်မည်တကား။

          ယခုဝတ္ထုအနေနှင့် ဖော်ပြရမည့်ဖြစ်ရပ်များ၊ ဖုံးကွယ်၍ မရနိုင်စတမ်း လူသိအလွန် များပြားလှသော ဖြစ်ရပ်မှန် အမြောက်အမြားရှိပေ၏။ ဖြစ်ရပ်မှန် များတွင် ပါဝင်ခဲ့သော၊ ခံစားခဲ့ကြရသော ကာယကံရှင်များ၏ ဆွေမျိုးသား ချင်း၊ အဆက်အနွယ်များပင်လျှင် ခုတော်လှန်ရေးခေတ်တိုင် ရှိနေကြခြင်းကြောင့်သာ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေးကိုငဲ့ကွက်ကာ နေရပ်မှန်၊ ပုဂ္ဂိုလ်နာမည် များကို တိတိကျကျ အမှန်အတိုင်းရေးသား ဖော်ပြခြင်းကိုရှောင်ရှားကာ နာမည်တစ်မျိုး၊ သို့မဟုတ် တွဲဖက်နာမည် နေရပ်များကိုတပ်ကာ နောက် ကွယ်မှာ တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်များကို စာပေတရားခွင်သို့ တင်ပို့အစီရင်ခံရပေလိမ့်မည်။

          ဖော်ပြပါ ဖြစ်ရပ်မှန်များနှင့် ပတ်သက်၍စာရေးသူသည် ထိုအချိန် အခါက လူမှန်း၊ သူမှန်းသိတတ်စ ခြောက်တန်းကျောင်းသား တစ်ဦးအနေနှင့် ဖြစ်ရပ်မှန်တွင် ပါဝင်တွေ့ကြုံခဲ့ကြသည့် စာရေးသူ၏အစ်ကို ပုလိပ်အရာ ရှိနှင့် သူ၏အမှုထမ်းဖက် ပုလိပ်အမှုထမ်း၊ မိတ်ဆွေအချင်းချင်း အရေးတကြီး တိုင်ပင်ပြောဆိုနေကြရာတွင် ဖော်ပြပါသတင်းဂယက်ကြောင့် ထိုခေတ် ထိုအခါက လူထုကြီးတစ်ရပ်လုံး၏ ပါးစပ်ဖျားဝယ် အချိန်အခါမရွေးတမ်း သတင်းဂယက် တိုက်ခိုက်မှုအရှိန်အဟုန် ရလဒ်များ၏ အကြောင်းအရာများ ကို စုပေါင်းမှတ်မိသရွေ့ကို မူတည်ကာ စာရေးသူကိုယ်တိုင် အတတ်နိုင်ဆုံး အချက်အလက်မှန်များ၊ အကြောင်းအရာမှန်များကို နှစ်ရှည်လများ စုဆောင်းကာ ဖော်ပြပါ ဒေသမှရွာသူရွာသား တော်တော်များ၏ သတင်းပို့အစီရင်ခံ ချက်များကိုပါ ရရှိအောင် တပင်တပန်း အချိန်ယူ၍ ဖြစ်ရပ်မှန်များကို စာပေ ပရိသတ်သို့ တစ်ဆင့်ပို့ဆောင်ကာ အစီရင်ခံခဲ့ခြင်းပင် ဖြစ်ပါသည်။

          ထိုခေတ်ထိုအခါက ဗြိတိသျှနယ်ချဲ့ အစိုးရ၏ ဘုန်းမီးနေလ ထွန်းပ ခိုက်အချိန်အခါ ဖြစ်ပေ၏။ ဗြိတိသျှအစိုးရ၏ အလိုဆန္ဒကို ဆန့်ကျင်ဘက် ပြုဝံ့သူမှာ ရှာမှရှားသော အချိန်အခါလည်း ဖြစ်ပေ၏။ တိုင်းပြည်၏ အညွန့် အဖူးများ၊ တိုင်းပြည်၏ ခေါင်းပိုင်းနှင့်တူသည့် နိုင်ငံရေးသမားများနှင့် ဦးနှောက်ပိုင်းနှင့်တူသည့် ပညာတတ် လူတန်းစားအားလုံးလိုလိုပင် ဗြိတိသျှ အစိုးရ၏ စိတ်ကြိုက်ကို ကပ်ပါးရပ်ပါးလုပ်ကာ မိမိရာထူး ဥစ္စာဓန တည်မြဲ ရေးအတွက် အလုအယက် ကြိုးစားကြသည့် အချိန်အခါလည်း ဖြစ်ကြောင်း ကို မှတ်မိခဲ့၏။ သို့ရာတွင် ဖော်ပြပါ အဖြစ်ပျက်ကိစ္စများတွင် ဗြိတိသျှ အစိုးရ၏ဝါဒနှင့် ဆန့်ကျင်၍ လက်ပါးစေ အမှုထမ်းအရေးပိုင်နှင့် ရာဇဝတ် ဝန်ကြီးတို့၏ အမိန့်အာဏာကို ဖီဆန်ကာ အင်မတန်ခေါင်းမာလှသော ကျေးရွာသူ၊ ကျေးရွာသားများ ဆန္ဒပြခြင်း၊ ဥပဒေအမိန့်ကို ဖောက်ဖျက်ခြင်း အပြုအမူများစွာ ပေါ်ပေါက်ခဲ့သည်ကိုလည်း စာရေးသူမှတ်တမ်းတွင် တွေ့ နိုင်ပေ၏ ။ ဘာသာရေးနှင့် သာသနာရေးကို အကြောင်းပြု၍ တစ်နယ်လုံး လှုပ်လှုပ်ရွရွဖြစ်ခဲ့သည့် နောက်ပိုင်းတွင် ဗြိတိသျှနယ်ချဲ့ အစိုးရသည် သူတို့၏ ပြုမူဆောင်ရွက်ပုံ လမ်းမမှန်မှန်း ရိပ်မိလာခြင်း၊ သူတို့အရေးယူ ဖမ်းဆီးထား သည့် တရားခံကိုယ်တိုင်၌ အပြစ်မရှိ၊ သာသနာရေးသက်သက် လုပ်ကိုင်နေ မှန်းကို ကောင်းစွာသိရှိသွားသည့် နောက်ပိုင်း၌ ပရိယာယ် အလိမ္မာသုံးကာ သူတို့၏ မဟာအမှားကြီးအဖြစ် ကျန်ရစ်စေခဲ့သည့် ပြုမူချက်ကို ဆင်သေကိုဆိတ်သားရေနှင့်ဖုံး သည့် နိဂုံးချုပ်ကားချပ်ကို အတင်းချကာ ဖော်ပြပါ အမှုကို အတင်းပိတ်ပစ်လိုက်ရပေ၏။

          သို့ရာတွင် သူတို့၏လက်ပါးစေ ပုလိပ်များ၏လက်ရာနှင့်၊ ရဲဌာန၏ မှတ်တမ်း အမှုတွဲစာရင်း(GD) ခေါ် နေ့စဉ်မှတ်တမ်းကြီးကိုမူကား ရုတ်တရက်ဖျောက်ဖျက်ချိန်မရလိုက်ဘဲ ယခုကဲ့သို့ စာပေတရားခွင်သို့ ရောက်အောင် ပို့ဆောင်ရေးအတွက် ခိုင်လုံသောအထောက်အကူကို ရရှိစေမည့် တရားဝင် စာချုပ်စာတန်း၊ စာရွက်များအနေဖြင့် စာရေးသူလက်ဝယ် ရောက်ရှိခဲ့ခြင်း ပင်ဖြစ်ပေ၏။

          ထို့ကြောင့်လည်း စာရေးသူသည် တရားဝင်စာရွက်စာတန်း၊ အမှုဖွင့် တိုင်ချက်များအရလည်းကောင်း၊ သက်ဆိုင်ရာနီးစပ်ရာ ပုလိပ်အမှုထမ်းများ ၏ပြောဆိုနေကြသည့်စကားများကိုလေ့လာ၍လည်းကောင်း၊သက်ဆိုင်ရာကျေးရွာလူထုနှင့် မျက်မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်များကို စာရေးသူကိုယ်တိုင် စစ်မေးရရှိခဲ့ခြင်းများအကြောင်းပြု၍ လည်းကောင်း၊ ခိုင်လုံသေချာသော ဖြစ်ရပ်မှန် တရားဝင်အကြောင်းအရာများအနေနှင့် ဤဂူနန်းရှင် အတ္ထုပ္ပတ္တိကို စာပေတရားခွင်သို့ တင်ဆက်အစီရင်ခံနိုင်ခြင်းပင်ဖြစ်သည်။

          ထိုအချိန်အခါက စာရေးသူကိုယ်တိုင် ကြားသိတွေ့မြင်နေရသော ဖြစ်ရပ် အတိတ်တွေကို ပြန်လည်တွေးတောလိုက်သောအခါတွင်မူကား... စာရေးသူ၏ ရှေ့မှောက်ဝယ် ဖြစ်ရပ်များသည် ရုပ်ရှင်ကားအသွင် တရိပ်ရိပ် ပေါ်ထွက် ထင်မြင်လာမိတော့၏။

***

          ပျဉ်းမနားမြို့၏ ညနေခင်းသည် ကြည်နူးဖွယ်ရာ သာယာတင့်တယ် နေပါသည်။ နေသည် အနောက်ဘက်သို့ စောင်း၍ဆင်းသွားခိုက်တွင် တိမ် လွှာတွေသည် သဏ္ဌာန်အမျိုးစုံဖြင့် ကောင်းကင်ယံတွင် ကွန့်မြူးရာ ခြယ် လှယ်နေခိုက်ပင် ဆောင်း၏အလယ်ပိုင်းကာလဖြစ်၍ မြောက်အရပ်ဆီက တသွင်သွင် ဆော်သွေးနေသည့်လေပြည်ဝယ် အချမ်းဓာတ်က ခိုစီးကာ လိုက် ပါလာတော့သည်။

          ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်ဖြစ်၍ မိမိတို့နေအိမ်ဆီသို့ တစုတဝေး ကြီး ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ၊ ရုံးစာရေး၊ စာချီ အမှုထမ်း များတို့၏ သဏ္ဌာန်စုံကိုလည်း တွေ့နိုင်ပေ၏။

          ကျွန်တော်၏ အစ်ကိုတစ်ယောက်ဖြစ်သူ ရာဇဝတ်အုပ်အမှုထမ်းသည် ပျဉ်းမနားရဲဌာနမှ တာဝန်ထမ်းဆောင်ပြီး အိမ်သို့ ပြန်ရောက်ရှိကာ နေ့စဉ် သတင်းစာတစ်ဆောင်ကို ဟန်ကျပန်ကျနှင့် ပက်လက်ကုလားထိုင် တစ်လုံး ပေါ်တွင် ဇိမ်နှင့် ဖတ်ရှုအပန်းဖြေနေခိုက် ဖြစ်ပါသည်။

          “ဟေ့ တရုတ် ဘယ့်နှယ်လဲဟေ့၊ သိပ်ပင်ပန်းနေပြီလားကွ”

          ခပ်ကျယ်ကျယ်အသံနှင့်အတူ ကျွန်တော်တို့မိသားစု နေထိုင်ရာ တိုက်ခန်းအတွင်းသို့ ခပ်ပုပု၊ ဝဝဖိုင့်ဖိုင့်နှင့် ရဲအရာရှိဝတ်စုံနှင့် လူတစ်ယောက် ဟောဟောဒိုင်းဒိုင်း ဝင်ရောက်လာတော့၏။

          “ဟေ့... စံဝင်းကြီးလားကွ၊ မင်းကတော့ သိပ်ဟန်တာပေါ့ကွာ ဟိုမြို့ သွားအမှုလိုက်၊ ဒီမြို့သွားအမှုလိုက်နဲ့ နေ့တွက်စီလို့၊ တို့ဖြင့် ဂါတ်မှာတာဝန် ကျနေတာ သိပ်ဖားတာပဲ...”

          ကျွန်တော်၏အစ်ကိုက သူနှင့်ငယ်ပေါင်းကြီးဖော် ကျောင်းနေဖက် ဖြစ်သူ ရာဇဝတ်အုပ်ဦးစံဝင်းကို ဆီးကြိုကာ ပက်လက်ကုလားထိုင်တစ်လုံး ထိုးပေးလိုက်သည်။

          ဦးစံဝင်းသည် သူ၏ရာဇဝတ်အုပ်တံဆိပ် တပ်ဆင်ထားသည့် ကာကီ ရှပ်အင်္ကျီကိုချွတ်ကာ အောက်ခံစွပ်ကျယ်လက်စကနှင့် ပက်လက်ကုလားထိုင် ပေါ်တွင် ဝင်ရောက်ထိုင်လိုက်ရင်း..... ။

          “ပျော်ဘွယ် ရဲဌာနတော့ပျော့ ပွက်လောရိုက်နေပြီလားကွာ၊ အရှေ့ ဘက်တစ်လွှားက လူစုလူဝေးနဲ့ ဌာနကို ဝိုင်းသလိုဖြစ်နေတယ် သူငယ်ချင်း၊ ဌာနအုပ် နားပေါက်ကြီးကို ဒီအက်စ်ပီက ကိုယ်တိုင်လာပြီး ကြိမ်းသွားလေရဲ့၊ အမှုကတော့ သိပ်ဆန်းတယ်ဟေ့...”

          သူ၏ ကိုယ်တွေ့ကြုံခဲ့သော ပျော်ဘွယ်ရဲဌာန၏ ဖြစ်ပျက်ခဲ့သည့် သတင်းကို ပြန်လည်၍ ဖောက်သည်ချလိုက်ရာ..

          “ဘယ်လိုလဲကွ ဖိုးဝရုပ်ကြီး၊ လုပ်စမ်းပါဦး၊ နားပေါက်ကြီးက မူးပြီး ရမ်းပြန်ပြီထင်တယ်။ ဒီအဘိုးကြီးကတော့ကွာ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ၊ မူးလိုက်တာလည်း မိုးမလင်းတော့ဘူး..”

          ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်) ထိုခေတ်က အင်မတန်နာမည်ကြီးလှသော ဗျူရိုကရက် ပုလိပ်ဆိုး များ၏ခေတ် ထွန်းကားရာ အချိန်အခါ ဖြစ်၍ အရာရှိများလုပ်သမျှ တင့်တယ် ချိန်လည်း ဖြစ်ခဲ့သည့်အတိုင်း ဘယ်အရာရှိ အပြင်လောကတွင် ဘယ်လောက်ရမ်းရမ်း၊ ဘာတွေအမှားလုပ်လုပ် အထက်မျက်နှာဖြူအရာရှိ ကြီးငယ်တို့ကို ကပ်၍ရှိခိုးနိုင်လေလေ၊ ဖားနိုင်လေလေ သူ၏ပြစ်ဒဏ်တွေ သည် အလိုလို ပပျောက်စေခဲ့သည့်“ပျောက်စေ” ခေတ်အခါဆိုး ဖြစ်ခဲ့ပေ၏။

          ကျွန်တော်၏ အစ်ကိုနှင့် ဦးစံဝင်းတို့ ပြောဆိုနေသည့်စကားထဲမှာ “နားပေါက်ကြီး”ဟု ဆိုသောစကားသည် အဓိပ္ပာယ်ရှိလှပေ၏။ ပုလိပ်အမှု ထမ်းအိုကြီးများ၊ အဟောင်းကြီးများကို ခေတ်ပုလိပ်ဆပ်ကျောင်းဆင်း၊ ရာဇဝတ်အုပ်တွေက တင်စားနာမည်ပေး၊ ခေါ်ဝေါ်ထားသော နာမ်စား “နားပေါက်” ခေါ်ယူရခြင်းပင်ဖြစ်၏။

          ထိုခေတ် ထိုအချိန်အခါက မြန်မာပုလိပ်ကြီးများ ယခုခေတ်အခေါ် ရဲကြီးများသည် အများအားဖြင့် အမှုထမ်းသက်တမ်းရင့်ကြသော လူအိုလူဟောင်းကြီးများသာ ဖြစ်ကြသည်။ ထို့ကြောင့်လည်း သူတို့၌ ထိုးကွင်း မင်ကြောင်များ၊ နားတွင် နားပေါက်ကြီးများ ရှိခဲ့သလို အထက်လူကြီးမှန်သမျှ ကို အင်မတန် ရိုသေကိုင်းရှိုင်းကြသူများလည်း ဖြစ်ဗ်၏။

          ဗြိတိသျှအစိုးရ အထက်ပိုင်းမှ ဤကဲ့သို့ ပုလိပ်ဟောင်းကြီးများကို သူတို့စိတ်ကြိုက်ကျ၊ သဘောတော်ကျသည့်အတိုင်း ရာထူးတက်ပေး ဘွဲ့ထူး၊ ဂုဏ်ထူးများကို အာဏာပွဲများတွင် ပေးအပ်ကာ သူတို့ဗြိတိသျှ အုပ်ချုပ်ရေး ကို တိုးမြှင့်ခိုင်မြဲစေပြီး မြန်မာပြည်ကို ကျွန်သက်ရှည်အောင် လုပ်ကိုင်အသုံး ချခဲ့ပေ၏။ အကြောင်းသင့်၍ ထိုခေတ်ထိုအခါက အင်မတန်ခေတ်စား၊ ရေပန်းစားခဲ့သော လာဘ်ထိုးနည်းစနစ်ဟောင်း တစ်ခုကို တင်ပြရပေမည်။

          အထက်လူကြီး မျက်နှာဖြူ ရာဇဝတ်ဝန်ကြီး၊ ဝန်ကလေးမှစ၍ အင်စပက်တော်အထိ အခွင့်အာဏာရှိသူများကို ရာထူးတစ်ဆင့်စီ တစ်ဆင့်စီ ငယ်သူများက အရေးအကြောင်း အမှုအခင်း၊ ရာထူးအတိုးအဆုတ် ရှိလာ သည့်ကာလတွင် အင်မတန်ထိရောက်လှသော လာဘ်ထိုးနည်းမှာ မိမိခယ်မ၊ တူမမှစ၍ နောက်ဆုံးသမီးအရင်းနှင့် မိန်းမကိုပင် အထက်လူကြီးများဆီသို့ တိတ်တဆိတ်လွှတ်၍၊ သွားရောက်၍ သူတို့လိုလားချက်ကိစ္စကို အရေးဆို ခိုင်းလိုက်၏။ အင်မတန်သိတတ်သော မျက်နှာဖြူ အရာရှိကြီးငယ်တို့သည် တမန်တော်များကို “လေးလေးစားစား” ဆက်ဆံလက်ခံကာ တမန်တော် မချောများ ပြောသမျှကိစ္စ၊ တောင်းသမျှအခွင့်အရေးတွေကို လေးလေးစားစား ပေးကြ၏။ ကိစ္စပြီးလျှင် တန်း၍လက်မှတ်ထိုးကာ ပေးလေ့ရှိကြ၏- စသည့် နယ်ချဲ့စနစ်၏ ရွံရှာဖွယ်ရာ လာဘ်ထိုးမှုကြီးပင် ဖြစ်ပေ၏။

          ကျွန်တော်၏အစ်ကိုနှင့် ဦးစံဝင်းတို့ ပြောဆိုနေကြသည့် “နားပေါက်ကြီး” အမည်ခံဌာနအုပ် ဦးထွန်းဆိုင်သည်လည်း ဖော်ပြပါ လာဘ်ထိုးနည်းတွင် ထိပ်ဆုံးက စာရင်းပေါက်သူဖြစ်ပေ၏။ သူ့၌ ခယ်မနှစ်ဦးနှင့် သမီးသုံးယောက်၊ သားနှစ်ယောက်- စသည့်အိမ်ထောင်ကြီးကို ဦးစီးနေရသူဖြစ်ပြီး ကိုယ့်နာမည် ကိုယ် မနည်းကြိုးစား၍ ထိန်းနိုင်မှ ရာထူးတိုးတက်နိုင်မည်ဖြစ်သည်။ သူ သည် ပညာအခြေခံ နည်းပါးသည့် ပုလိပ်ဟောင်းကြီးဖြစ်သဖြင့် သူ့အဖို့ အထက်လူကြီးများ၏ သဘောကျ လုပ်ကိုင်နိုင်ရေးမှာ ဖော်ပြပါ လာဘ်ထိုး နည်းမျိုးစုံနှင့် အထက်မျက်နှာဖြူ သခင်ကြီးများ၏ အလိုတော်ကျသစ္စာကို ဦးထိပ်ပန်ဆင်ကာ အထက်အမိန့်ကို တစ်သဝေမတိမ်း လုပ်ဆောင်ရန်သာ ရှိနေခြင်းပင်ဖြစ်ပါသည်။

ဦးထွန်းဆိုင်သည် ပညာအရည်အချင်း မရှိပါဘဲလျက် ပျော်ဘွယ်မြို့ ရဲဌာနအုပ်ဖြစ်ရခြင်းကို မနာလိုကြသူ ဆပ်ကျောင်းဆင်း အရာရှိများ ရှိနေခဲ့သော်လည်း ဦးထွန်းဆိုင်၏ စက်ကွင်းနှင့် အာဏာပရိယာယ်များကို ကြောက် ရွံ့နေရ၍ အသာ ဘေးကကြည့်ကာ ရေငုံနေရသူများလည်း ရှိခဲ့သည်။ ဦးထွန်းဆိုင်သည် ဗျူရိုကရက် လက်ဟောင်းကြီးများ၏ ဝါဒလမ်းစဉ် အတိုင်း အထက်ကိုပင့် အောက်ကိုနင်း ဝါဒကို ကျကျနန အသုံးပြုတတ် သူဖြစ်ပြီး အရက်ကိုမူ ရေသောက်သလို မနားမနေ သောက်လေ့ရှိသူ ဖြစ်ပေ ၏။ သူကိုယ်တိုင်ကလည်း အထက်လူကြီးများကို လာဘ်ပေးလာဘ်ယူနည်း အရ ရာထူးတက်ခဲ့သလို ဦးထွန်းဆိုင်အနေနဲ့လည်း လက်အောက်အမှုထမ်း များ၊ သူကြီးများ၊ အမှုသည်များဆီက ငွေကြေး၊ လက်ဆောင်ပဏ္ဏာ၊ ဆီပုံး၊ အဝတ်အထည်ကစ၍ တံစိုးလက်ဆောင် ယူရေး၌လည်း အင်မတန်ညင်သာ လက်မြောက်သူ၊ ကျွမ်းကျင်သူ ပုလိပ်အရာရှိတစ်ဦး ဖြစ်ပေ၏။

“ပြောစမ်းပါဦး..စံဝင်းရေ၊ ဘယ်လိုကိစ္စတွေ ဆူနေတာလဲ၊ ဒီအက်စ်ပီ