Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဗိုလ်တာရာ(ရဲဘော်သုံးချိပ်) - ကတိသစ္စာ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
ပဉ္စ - ၇ဏံ - နိစ္စ - အဟံ ဝန္ဒာမိ သဗ္ဗဒါ
ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
ကတိသစ္စာ
အဓိဋ္ဌာန်ခရီးစဉ်

          ခရီးထွက်မည့် အစီအစဉ်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ လူးလဲလှိမ့်ကာဖြင့် ကုန်ခဲ့၊ ပြီးမြောက်ခဲ့သော ညကာလကို စောင့်ကြို ကာ စဉ်းစားခန်း အမျိုးမျိုးထုတ်ခဲ့သည်။ ရန်ကုန်မှ ကျွန်တော်နှင့်အတူ အဓိဋ္ဌာန်ခရီးထွက်ကြမည့် ပါရမီရှင်မိတ်ဆွေများ၊ တပည့်များ အတွက် စိတ်စောနေမိသည်။ ကောင်းသော လုပ်ငန်းစဉ်မှန်သမျှသည် အဖျက်အဆီး တစ်ခုခု ရှိစမြဲ ဖြစ်ပါသည်။ ယခု လုပ်ငန်းစဉ် ခရီးထွက်ရခြင်းမှာ ဘာသာရေးခရီးစဉ်၊ သာသနာရေးကိစ္စကို ဦးတည်၍ ခရီးထွက်ရမည်ဖြစ်၍ အဖျက်အဆီးတစ်ခုခုတော့ တွေ့ရ လိမ့်မည် ထင်သည်။ အကြောင်းကား ယခင့် ယခင်ကာလများက ဖော်ပြပါ သာသနာရေး အဓိဋ္ဌာန်ခရီးထွက်ရန် ပြင်ဆင်ထားသည့် ကာလ၌ မမျှော်လင့်သော အဖျက်အဆီးတစ်ခုခုက ရုတ်တရက်ပေါ်လာပြီး လက်တွေ့ဖြစ်သောကြောင့်တည်း။ ။

          ဥပုသ်စောင့်ရန်နှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဝယ်ရခြမ်းရ အလုပ်သည်လည်းကောင်း၊ လိုက်ပါလာကြမည့် ပါရမီရှင် သူတော်စင်များအဖို့ ဆေးဝါးမှ စ၍ သွားလာမှုအဆင်ပြေစေရန် ဆေးဝါးပစ္စည်းများ၊ လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲရှာဖွေ ရသော လုပ်ငန်းများကြောင့်လည်းကောင်း၊ လိုက်ပါကြမည့် တစ်ကြိမ်တစ်ခါမှ မခေါ်ဖူး ကြသည့် ရန်ကုန်နယ်နိမိတ်အတွင်းမှ မိတ်ဆွေများအား အချိန်မီ ရန်ကုန်ဘူတာကြီးသို့ စောင့်ကြရန် နှိုးဆော်ရသည့် တာဝန်များကြောင့် အတော်ကလေး စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ကြောင့်ကြမှု အရင်းခံသောစိတ်ကြောင့် ကျွန်တော်ပင် အိပ်မပျော်ခဲ့သည့်အကြောင်းတစ်ခုလည်း ပါဝင်နေပါသည်။

          ကျွန်တော်က အဆင်သင့်ပင် ပတ်ထားသော လက်ပတ်နာရီကို မီးရောင်၌မ၍ ကြည့် လိုက်ရာ နံနက်သုံးနာရီ မိနစ်နှစ်ဆယ်ကို တွေ့လိုက်ရပေ၏။ အိပ်ရာမှထ၍ ကိုယ်လက် သန့်ရှင်းရန်အချိန် ရောက်နေသည်ကို သတိရ၍ ကျင်သောင်းက အိပ်ရာမှ အသာထထိုင်ရာ တွင် ကျွန်တော့်ဇနီးဖြစ်သူ စောဧကရီသည် ကျွန်တော့်အား လေသံဖြင့်.........

          “သမီးကြီး ကိုယ်ပူနေတယ်”

          ပြောကြားလိုက်ပြီး..

          “ကိစ္စမရှိပါဘူး၊ သွားရမယ့် ခရီးကိုသာ ဖြောင့်ဖြောင့်သွားပါ”

          တိုက်တွန်းလိုက်သည်။ စောဧကရီသည် ကျွန်တော်တို့ လုပ်ကိုင်နေသော လုပ်ငန်း စဉ်ကို တစိုးတစေ့ ရိပ်မိခဲ့သူဖြစ်သည်။ ဘုရားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းစဉ် စိတ် သဘောကို အတွင်းနည်းပရိယာယ်အရ ́ စမ်းသပ်သော ကိစ္စတစ်ခု ပေါ်ပေါက် တွေ့ရှိရမြဲ ကိစ္စကိုလည်း သူမက လက်ဦးမဆွကပင် သိရှိခဲ့ပုံရပါသည်။

          ကျွန်တော်သည် မျက်နှာသစ်ပြီးနောက် အဝတ်အစားလဲလှယ်ကာ ဘုရားခန်းဆီသို့ ထွက်၍ ငါးပါးသီလ ခံယူလိုက်ရပေ၏။ ထိုနေရာမှထ၍ အဓိဋ္ဌာန်ခရီးစဉ်ဖြစ်သော 'တောင် တော်ပေါ်သို့ တက်ပြီးနောက် ပြန်ဆင်းသည့်နေ့အထိ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ကျင့်ဆောင်ပါမည်ဟူသော အဓိဋ္ဌာန်သီလခံယူခြင်းပင် ဖြစ်ပါသည်။

          ကျွန်တော့်အနေနှင့် ငါးပါးသီလကို ရက်ပိုင်း၊ လပိုင်း၊ အချိန်ပိုင်း၍ ခံယူမြဲ ဖြစ်ခဲ့ပါ သည်။ စာရေးသူအဖို့၌ အမှန်အတိုင်း ဝန်ခံရလိမ့်မည်။ သူများအသက်ကို သတ်ဖြတ်ခြင်း ကဲ့သို့ အချိန်ပိုင်းအရသာ ဆောက်တည်ခွင့် ဆုံးခဲ့ခြင်းကိုလည်း ဝန်ခံရပေမည်။ က နံနက်လင်း၍ လေပြည်သည် တသွင်သွင်ရိုက်ခတ် မြူးတူးနေသလို အရှေ့ပြင်ဆီသို့ ဖျော့တော့တော့ ရောင်ခြည်ဖြူများက ယှက်သန်းစပြုနေပါပြီ။ ကျွန်တော်သည် ကိုယ် အနည်းငယ်ပူနေသော သမီးကြီးရှိရာသို့ ကိုယ်တိုင်သွားရောက် စမ်းသပ်ကြည့်ရှုခဲ့သည်။

          ပြောစရာဖြစ်အောင်လည်း သမီးကြီး နီနီဦးမှာ ကိုယ်ပူနေသည်ကို တွေ့ ရပေ၏။ သမီးငယ် နိုင်နိုင်ဦးမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတော့သည်။ သားထွေး မောင်မြဟန် မှာလည်း သူ၏အစ်မများအစွန်တွင် အိပ်မောကျနေပါသည်။ သားသမီးသုံးဦး၏ မျက်နှာ လေးတွေကိုကြည့်ရင်း ကျွန်တော်သည် အတွေးနယ်ချဲ့ကာ စဉ်းစားခန်းတွေ ဖွင့်နေခဲ့ပါ သည်။

          သမီးကြီးကား နေမကောင်းချေ။ ကျွန်တော်၏ အိမ်တွင် ထိုအချိန်က ကျွန်တော့်ကတိသစ္စာ ဇနီးနှင့် နှမတစ်ဦးသာ ရှိနေပြီး အခြား ကျွန်တော်၏ ရဲဘော်များမှာ အလုပ်ကိစ္စကြောင့် လည်းကောင်း၊ အခါကြီးရက်ကြီး နီးကပ်လာမှုကြောင့် အလည်အပတ်ထွက်နေချိန် ဖြစ်ပါ သည်။

          တကယ့်အရေးကိစ္စရှိလျှင် ခိုင်းစေရန် ယောက်ျားအဖော်တစ်ဦးမှ မရှိခြင်းလည်း ကျွန်တော်သွားမည့် ခရီးစဉ်ကို နောက်ဆံတင်းနေစေသော ပြဿနာတစ်ရပ် ဖြစ်စေ၏။ ဆယ်ရက်ကျော် ခရီးကာလကို ကျွန်တော်၏ သားသမီးများနှင့်ခွဲ၍ နှုတ်မဆက်ဘဲ ထွက်သွား ရမည့် အခြေအနေမှာလည်း ကျွန်တော်၏ရင်ထဲ၌ ဝမ်းနည်းကြေကွဲသလိုလို စိတ်ဝေဒနာ တစ်ရပ်ကို မသိမသာ ခံစားနေမိတော့သည်။ သို့ရာတွင် ကျွန်တော့်အဖို့ ထိုနေ့တစ်နေ့တွင် “သာဝတ္ထိသို့ ရောက်အောင်လာပါမည်ဟူသော ကျွန်တော်၏ ဆရာတော် အဖေလူသို့ ပေးအပ်ခဲ့သည့် ကတိစကားကို စောင့်သိရိုသေရပေမည်တကား။

          မသွား၍မဖြစ်။ မင်းမှာကတိ-လူမှာသစ္စာဆိုသည့်အတိုင်း ကျွန်တော်သည် လက်ရှိ ကြုံတွေ့နေရသော ပြဿနာရပ်များ အရံအတားများကို ကျော်လွှားကာ မုချမသွေ သွားရောက်ရပေတော့မည်။ ပေးပြီးသော ကတိသစ္စာတစ်လုံးကို အသက်နှင့်လဲ၍ စောင့်သိ ရိုသေရပေလိမ့်မည်။ ကျွန်တော်သည် ကျွန်တော်၏ ရင်ဆိုင်တွေ့ရှိရသည့် သံယောဇဉ် ပြဿနာမှတစ်ဆင့် ဘုရားရှင်ကိုယ်တော်၏ မျက်နှာတော်ကို တစ်ချက်လှမ်း၍ ဖူးမြော်မိ ပါသည်။

          ကိုယ်တော်မြတ်ကား သုံးဆယ့်တစ်ဘုံ သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ အတု မရှိသော ကြီးမာတော်မူသည့် မဟာကရုဏာဝတ်ကြောင့် တစ်ကိုယ်တည်း ဆေးဆက်ကာ နိဗ္ဗာန်သို့ ကူးနိုင်သည့် ပကတိသာဝကဆုကို စွန့်ပယ်၍ ဒီပင်္ကရာ ဘုရားရှင်ရှေ့တော် မှောက်ဝယ် သုမေဓါရှင်ရသေ့အဖြစ်မှ သမ္မာသမ္ဗောဓိ”ဘုရားဆုကြီးကို ရဲဝံ့ပြတ်သားသော အဓိဋ္ဌာန်ဖြင့် လျှောက်ထားဆုချတော်မူခဲ့ပေ၏။ ထိုဘဝနောက်မှစ၍ လေးသင်္ချေ ကမ္ဘာ တစ်သိန်း။ ရှစ်သင်္ချေ၊ ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေ၊ ကမ္ဘာတစ်သိန်း အတု မရှိသော ပါရမီတော်များကို ဖြည့်စွက်ကာ ဘုရားဆုပန်လိုသည့် ဆန္ဒမွန်ဖြင့် ပါရမီဖြည့် ခဲ့ရပေ၏။

          ဂေါတမအလောင်းတော် သခင်ကြီးသည် ဘဝအမျိုးမျိုး ကျင်လည်ရပေ၏။ လူ့ဘဝ၊ နတ်ဘဝသာမက တိရစ္ဆာန်ဘဝမျိုးစုံဖြစ်ကာ သမ္မာသမ္ဗောဓိဆုကြီးကို အကြောင်းပြုကာ ပါရမီဆယ်ပါးကို မနားမနေ ဖြည့်စွက်ဆောက်တည်နေရပေ၏။ “ယုတ်စွတဆုံး ” ဆိုသည့် စကားအရ အလောင်းတော်သည် ငုံးငှက်ငယ်ဘဝတွင် လေးကြိမ်တိတိ ဖြည့်ရပေ၏။ ခြေလေးချောင်းသတ္တဝါဘဝ အငယ်ဆုံး ဖားဘဝတွင် တစ်ကြိမ်ဆင်း၍ ပါရမီတော်ကို ဖြည့် စွက်ခဲ့ရပေ၏။

          ဂေါတမအလောင်းတော်ကြီးသည် ပါရမီခန်းတွင် လူ့ဘဝ ၃၅၇ ဘဝ၊ နတ်ဇာတ် နတ်ဘဝတွင် ဘဝ၊ တိရစ္ဆာန်ဘဝတွင် ကုန်းသတ္တဝါ ၆ဝ၊ ရေသတ္တဝါနှင့် ကောင်းကင်တွင် ပျံသန်းသွားလာတတ်သည့် သတ္တဝါဘဝ ၁၂၅-ဘဝတို့ကို အဓိဋ္ဌာန်ခိုင်ခိုင် သစ္စာမြိုင်မြိုင်၊ သဒ္ဓါလှိုင်လှိုင်၊ သီလကြိုင်ကြိုင်ဖြင့် ဖြည့်စွက်တည်ဆောက်ခဲ့ရပေ၏။

          ဝေဿန္တရာ ဇာတ်တော်ကြီးဝယ် သည်းပွတ်နှင့် တူတော်မူသည့် သားတော် သမီးတော် ဂဏှာနှင့် ဇာလီတို့ကို အမျိုးယုတ်မာသော စူဇကာပုဏ္ဏားကြီးက အလှူခံယူပြီး ဝေသန္တရာ မင်းကြီးရှေ့တွင်ပင် သွေးစိမ်းရှင်ရှင်ထွက်အောင် ရိုက်နှက်ညှဉ်းပန်းပြုခြင်းဖြင့် ဂေါတမ အလောင်းတော်ကြီး၏ သဒ္ဓါ၊ သီလ၊ ခန္တီ အစရှိသည့် ပါရမီဆယ်ပါးကို တစ်ချက်တည်း ဖြည့်တော်မူခဲ့ပေ၏။

          ကျွန်တော်၏ စဉ်းစားခန်းများသည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ပါရမီတော်ခန်း များဝယ် ပူဇော်ကန်တော့ရင်း ဘုရားရှင်၏ ဂုဏ်တော်အနန္တ၊ ကျေးဇူးတော်အနန္တတို့ကို ချီးကျူးပီတိဖြစ်နေမိပါသည်။

          သဗ္ဗညုတ ဘုရားစင်စစ်ဖြစ်တော်မူသည့် သိဒ္ဓတ္ထမင်းသားဘဝဝယ် ရွှေရည်သွန်း လျော်၊ ယသော်ဒေဝီသခင်မနှင့် စုံဖက်ကာ အသက်တမျှ ချစ်ကြည်နူးသည့် သားဦးကလေး ရာဟုလာသခင်ကို ဖွားမြင်ခဲ့ပေ၏။ သို့ရာတွင် ထိုအချိန်ကာလဝယ် သိဒ္ဓတ္ထသခင်သည် နတ်များ၏ ပါရမီဖြည့်ကာ ပြသသည့် နိမိတ်ကြီးလေးပါး အစရှိသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတို့ကို မြင်တွေ့ရပြီး ကြီးစွာသောသံဝေဂကို ရရှိခဲ့ပြီးသည့်အတွက် လူ့ဘောင် ကို စွန့်ပယ်ပြီး ခင်တွယ်သောသံယောဇဉ်တို့ကိုဖြတ်ကာ တောရပ်သို့ ကြွချီတော်မူမည့် အဓိဋ္ဌာန်ပါရမီတော်အတိုင်း သန်းခေါင်ယံကာလဝယ် တိတ်တဆိတ် တစ်ကိုယ်တည်း သလွန်စက်ခန်းမှ ထတော်မူပြီး နောက်ဆုံးဘိတ်၊ သံယောဇဉ်ငြိနေသော ကိုယ်တော်ဘဝ အနေဖြင့် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးမယုယခဲ့ရသည့် သားတော်ရာဟုလာကို နောက်ဆုံး ကြည့်ခြင်းဖြင့် ကြာခြည်ကို အသာမ၍ ရာဟုလာသားတော်ကို အမြိုက်အဆုံး ရှုစားတော် မူပေ၏။

          ဂေါတမအလောင်းတော်သခင် ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားသည် ဘဝဘဝက ဆည်းပူးခဲ့သည့် ပါရမီတော်အစုံတို့ကို အောက်မေ့ဆင်ခြင် သတိရတော်မူနေပါသည်။ ကိုယ်တော်မြတ်သည် ဆယ့်ခြောက်သင်္ချေ ကမ္ဘာတစ်သိန်း အစရှိသော ပါရမီတော်ခန်းများကို အဖန်တလည်လည် သတိရအောက်မေ့တော်မူ၏။ ဆယ်ပါးသော ပါရမီတော် များအတွက် ကိုယ်တော်၏ ဦးခေါင်းတော်သည် မြင့်မိုရ်တောင်မက အကြိမ်ကြိမ် အဖန်ဖန် ဖြတ်၍ ကူးခဲ့ရပေပြီ။ သဗ္ဗညုတဉာဏ်အလို့ငှာ ကိုယ်တော်သခင်ကြီး၏ အသားတော်သည် ကမ္ဘာနှင့်အမျှစုပုံ၍ စွန့်လှူခဲ့ရလေပြီ၊ သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးတော်မူသော မဟာကရုဏာတော်ကြီးအတွက် ကိုယ်တော်မြတ်၏ အသွေးတော်များကို မဟာသမုဒ္ဒရာကြီး ငါးစင်းလျှံတက်အောင် စွန့်လှူပေးကမ်းတော် မူခဲ့ပေပြီတကား။

          ကိုယ်တော်မြတ်၏ ပါရမီဖြည့်ဖက်များနှင့် ဝေနေယျတို့အဖို့ငှာ အလောင်းတော်ကြီး သည် ဒါနပါရမီကို လက်ရှိပစ္စည်းဥစ္စာမက ဆံပင်၊ လက်ညှိုး၊ မျက်လုံး အစရှိသည့် အင်္ဂါအစိတ်ပိုင်းတို့ကို မနှမြော မခင်တွယ်သည့် အလောင်းတော်၏ စိတ်ဓာတ်အရ အသက် စွန့်လှူပေးအပ်ခဲ့ရုံမက ချစ်စွာသော သားနှင့်မယား၊ သမီးတို့ကို စွန့်လှူခဲ့ရသောဘဝများကို ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်များကို ကျွန်တော်သည် စဉ်းစားရာမှအောက်မေ့သတိရကာ အတုမရှိသောမဟာကရုဏာတော်ရှင် ဘုရားမြတ်သခင်အား သဒ္ဓါ မြတ်နိုး ငါးမာန်လျှိုးကာ ရှိခိုးကန်တော့မိပါတော့သတည်း။

          ထို့နောက် ကျွန်တော်၏ ဇနီးစောကိုယ်တိုင် အသင့်ပြင်ဆင်ဖျော်ထားသည့် ကော်ဖီ တစ်ခွက်တွင် မုန့်တစ်ချပ်နှင့် စားသောက်ရင်း ကလေးများ၏ ကျန်းမာရေးအတွက် မှာကြား စရာတို့ကို မှာကြားခဲ့ရပေ၏။

          “သိပ်အရေးကြီးတယ်ထင်ရင် ဒေါက်တာကျော်ငြိမ်းကို အကြောင်းကြားပါ။ သူ တာဝန် ယူပါလိမ့်မယ်” ။

          ကျွန်တော်က မှာကြားခဲ့ပေ၏။ ဒေါက်တာကျော်ငြိမ်းကား ကျွန်တော်တို့၏ (BIAB.D.A)နှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တပ်မတော်တာဝန်ကို တွဲဖက်ထမ်းဆောင်ခဲ့ သည့် ရဲဘော်ဟောင်း ဗိုလ်ကြီးကျော်ငြိမ်းပင် ဖြစ်ပါသည်။ ယခုအခါ ဒေါက်တာကျော်ငြိမ်း သည် ရဲဘော်ရဲဘက်များ ဆေးဝါးကူညီကုပေးရင်း ကျွန်တော်၏ ရဲဘော်တစ်ဦးဖြစ်သော အက်ဒီ၊ သို့မဟုတ် ဆရာတင်အေးငြိမ်းနှင့် ပညာတတ်သမီးနှစ်ဦး၏ အကူအညီကိုရယူကာ စိတ်ချမ်းသာစွာဖြင့် နေထိုင်လျက် ရှိသည်။ ကျွန်တော်တို့ ရဲဘော်ဟောင်းများ၏ အားကိုး ယုံကြည်ရသည့် ဆရာဝန်ကြီးတစ်ဦး ဖြစ်ပါသည်။ တစ်

ကော်ဖီကို သောက်နေစဉ်တွင် တိုက်အောက်မှ ကားတစ်စီးထိုးရပ်သံနှင့်အတူ ကျွန်တော် တို့ထံသို့ ဖိနပ်သံ တဖျပ်ဖျပ်ပေးကာ တက်လာကြသည့် ခြေသံများကို ကြားလိုက်ရပေ၏။ ကျွန်တော်က လက်ပတ်နာရီကို ကြည့်လိုက်သည်တွင် နံနက်လေးနာရီ ထိုးနေသည်ကိုတွေ့ရသောကြောင့် “မာတလိဦးပါစိန်တို့ ခြေသံများဟူ၍ အတပ်သိပြီး တံခါးကို ဖွင့်ပေး လိုက်၏။

          ရှေ့ဆုံးမှ ပြီးဖြည်းဖြည်း မျက်နှာကြီးတွင် ဦးပါစိန်နောက်မှ ကိုကျင်သောင်း၊ ကိုမြတ်စော၊ ကိုကျော်ထင်၊ ကိုကြည်၊ ကိုမောင်ကို၊ ဦးကြွယ်၊ ကိုဖေအောင်၊ ကိုခင်မောင်ကြီး၊ ကိုသောင်း စိန်၊ မောင်မြင့်ဝေ အစရှိသည့် ပါရမီရှင်များကို တွေ့မြင်လိုက်ရပေ၏။

          ကျွန်တော်၏ဇနီးက အသင့်ဖျော်ထားသော ကော်ဖီချိုင့်ကြီးထဲမှ ကော်ဖီများကို လက်ဖက်ရည်ပန်းကန်များတွင်လည်းကောင်း၊ ထောပတ်သုတ်ပေါင်မုန့်များကို ပန်းကန်ပြား ကြီး တစ်ချပ်တွင်း၌ ထည့်၍ ကျွေးမွေးဧည့်ခံလိုက်ပါသည်။ “အိပ်လို့မရတာနဲ့ ခပ်စောစောလာခဲ့တယ် ဗိုလ်မှူး”

ကိုမြတ်စောက ကျွန်တော့်ကို လှမ်း၍ ပြောလိုက်သည်တွင် ကိုကြွယ်သည် ရယ်မော ရင်း..... ။

          “ဘယ်အိပ်လို့ရမလဲ၊ တစ်ညလုံး ပုတီးစိပ်တဲ့အကြောင်း၊ ပညာစခန်းတွေ အကြောင်း ပြောနေကြတာ အချိန်ကုန်လို့ကုန်မှန်းတောင် မသိတော့ဘူး” ဝင်ရောက်၍ ပြောလိုက်သည်။ တင်ပါ

          “သုံးနာရီထိုးတာနဲ့ တစ်ခါတည်း တန်းခိုးတယ်၊ ရေချိုးပြီး ကျွန်တော့်အိမ်က အမျိုးသမီးကို ပြင်ဆင်ဖို့မှာခဲ့ပြီး ကိုကျင်သောင်းဆီ တစ်ခါတည်း တန်းထွက်ခဲ့တယ်။ စောချင်စောပါစေ မီးရထားနေရာရဖို့ အရေးကြီးတယ် မဟုတ်လား ဗိုလ်မှူး”

          ကျွန်တော်တို့ လူစုက ရန်ကုန်မာတလိ အမည်ပေးထားသည့် အင်မတန် စေတနာ ထက်သန်ရှာသည့် ရန်ကုန်သိမ်ဖြူလမ်းမှ ပါရမီရှင်ဦးပါစိန်က မုန့်ကိုစားရင်း ပြောလိုက်သည်။ ဦးပါစိန်၊ ဒေါ်ရီဇနီးမောင်နှံတို့သည် သာသနာရေး လုပ်ငန်းစဉ်တွင် အင်မတန် သဒ္ဓါ ထက်သော ပုဂ္ဂိုလ်များဖြစ်ပါသည်။

          စမတောင်တော်တွင် တည်ဆောက်နေသည့် သာသနာဝိသုဒ္ဓိသိမ်တော်ကြီးတွင် အလှူ ငွေများကိုလည်းကောင်း၊ လိုအပ်သမျှ သာသနာကိစ္စများအဖို့ အလှူငွေကို မလစ်ဟင်းကြ စတမ်း လှူဒါန်းကြသည့် ပါရမီရှင်များ ဖြစ်ကြပါသည်။

          ဦးပါစိန်သည် ၎င်း၏ ဘောက်စ်ဝက်ဂွန်းကားကို ကျွန်တော်တို့ လုပ်ငန်းများတွင် အချိန်မရွေး ကိုယ်တိုင်မောင်းနှင် ပို့ဆောင်လေ့ရှိသည်။ တောင်တော်မှ ပုဂ္ဂိုလ်များ၊ သာသနာ ကိစ္စနှင့်လွှတ်လိုက်သည့် ပုဂ္ဂိုလ်များကိုလည်း ရန်ကုန်မြေ နင်းမိခဲ့လျှင် ဦးပါစိန်က အချိန်မရွေး သူ၏ကားဖြင့် သွားလိုရာသို့ ရောက်အောင် ပို့ပေးရုံမက ထမင်းဟင်းကျွေးမွေး လှူဒါန်းလေ့ရှိသည်။ ဦးပါစိန်သည် သူတို့လင်မယားသာမက သူ၏အစ်မကြီး ဒေါ်တင်ပုကိုလည်း ဟောပြော၍ သာသနာ့သိမ်တော်ကြီးတွင် အလှူငွေများစွာ ပါဝင်လှူဒါန်းကြောင်း၊ ကျွန်တော်နှင့် ရန်ကုန်ရှိ ပါရမီရှင်များက ဦးစိန်ပါအား ရန်ကုန်မာတလိဟူသော ဘွဲ့ထူး ပေးခဲ့လေသည်။

          သူတို့အားလုံးသည် တောင်တော်အဖို့ လှူဘွယ်ပစ္စည်းများ၊ စတုဒီသာ ကျွေးမွေးဖို့ သာကူနှင့်သကြားလုံးများ၊ ဖယောင်းတိုင်သေတ္တာတို့ကို သယ်ယူကြသည်။ ကား၏ နောက်ပိုင်း၌ကား အိပ်ရာလိပ်၊ ဆွဲအိတ်ငယ်များဖြင့် ပြည့်လျက်ရှိပေ၏။

          ကျွန်တော်သည် ကားနောက်ပိုင်းပေါ်သို့တက်ရန် ခြေလှမ်းပြင်လိုက်ရာ ဦးစိန်က အတင်းဆွဲထားပြီး ကားရှေ့ခန်းဆီသို့ နေရာယူရန် တောင်းပန်သည်ကြောင့် သူနှင့်အတူ ကားရှေ့ခန်းတွင် နေရာယူလိုက်ရပေ၏။ မကြာမီ ကျွန်တော်တို့ပါရမီရှင်များနှင့် ပစ္စည်း အထုပ်အပိုး သေတ္တာများကို တင်ဆောင်လာသည့်ကားကြီးသည် ရန်ကုန်မြို့အတွင်းသို့ ပြန်လည်မောင်းနှင်ခဲ့သည်။ ဦးပါစိန်၏အိမ်ရှေ့တွင် ခေတ္တရပ်လိုက်ပြီး ဦးပါစိန်က သူ၏ ဇနီးဒေါ်ရီနှင့်အတူ အိပ်ရာလိပ်များကို သယ်ယူလာတော့သည်။ သူ၏သားကြီးသည် ကား နောက်ပိုင်းတွင် နေရာယူလိုက်ပြီး ထရပ်ကားကို အိမ်ကိုပြန်မောင်းရန်အတွက် လိုက်ပါလာ သည်။

          သိမ်ဖြူလမ်းမှ ရန်ကုန်ဘူတာကြီးသို့ မိနစ်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး ကျွန်တော်တို့ လူစုသည် အလုပ်သမားများ၏အကူအညီဖြင့် ရန်ကုန်ဘူတာကြီး တတိယစကြံသို့ တံတား ပေါ်မှ ကျော်ဆင်းခဲ့ကြပြီး ပျဉ်းမနားအိပ် လော်ကယ်ဘူတာတွင် နေရာယူလိုက်ကြသည်။ ဘူတာတွင် ကျွန်တော်တို့ကို အသင့်စောင့်ကြိုနေကြသည့် တာမွေနတ်ချောင်းမှ ကိုမြအေး နှင့် ကိုအုန်းရွှေတို့ကို အထုပ်အပိုးကိုယ်စီနှင့် တွေ့လိုက်ရသလို ကိုမြင့်လှိုင်၊ ကိုတင်ထွန်းနှင့် ဦးစံလှတို့ သုံးဦးလည်း ပစ္စည်းပစ္စယများနှင့် တွေ့ရပါသည်။ ။

          တောင်ပေါ်တွင် တစ်နှစ်လျှင် ပွဲတော်သုံးကြိမ် ရှိပါသည်။ ပွဲတော်ဆိုလျှင် အကအခုန် အတီးအမှုတ်များဖြင့် ပျော်ပွဲရွှင်ပွဲများ ဖြစ်ပြီးကော ပွဲတော်မျိုး မဟုတ်ပါ။ တစ်နှစ်တွင် အချိန်သုံးကြိမ် ကျင်းပသည်။ အထူးလုပ်ငန်းတွင်သုံးရသည့် နေရာဌာန ဖြစ်ပါသည်။ ဝါဆို လပြည့်တွင် ဆွမ်းငါးထောင်လှူပွဲ၊ တန်ဆောင်မုန်းတွင် ဆီမီးငါးထောင်လှူပွဲ၊ တန်ခူးလတွင် နှစ်ကူးပွဲဖြစ်ပါသည်။ တောင်တော်တွင် ကြေးစည်သံ၊ ခေါင်းလောင်းသံ၊ မေတ္တာပို့သံများမှ လွဲ၍ အခြားအတီးအမှုတ်မရှိရပါ။ တစ်ခါတစ်ရံ တောင်တော်ပတ်ဝန်းကျင်တွင် သဘာဝ အားဖြင့် ကျက်စားမြူးတူးသည့် ကျေးငှက်များ၊ တောကြက်များ ဘေးအန္တရာယ် ကင်းရှင်း