Skip to product information
1 of 2

Other Websites

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်) - ရေခဲပြင်ကျောမှသေမင်းကောင်ကြီး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

သေဖို့ ကောင်းသော ခရီးစဉ်ကြမ်း

'

         တစ်ခါတစ်ခါတွင် အတိတ်ကဖြစ်ရပ်ကို ပြန်လည်မြင်ထင်မိ တိုင်း ဇောချွေးပြန်လာသည်အထိ တုန်လှုပ်ချောက်ချားနေမိသည်။ ပြန်၍ အိပ်ခဲ့သော်လည်း သတ္တဝါကြီးတစ်ကောင်၏ ကြီးမားတုတ်ခိုင်သော လက်မောင်းကြီးတစ်ဖက်နှင့် အမွေးဖွားဖွား မျက်နှာပြင်ကြီးတစ်ဝိုက်ကို မြင်တွေ့ခဲ့ရသည့် အတိတ်၏မြင်ကွင်းများကြောင့် ရုတ်တရက် အိပ်၍ မပျော်နိုင်ခဲ့ကြချေ။ တစ်ဆက်တည်းပင် သတ္တဝါကြီး၏ပြူးကြောင်ကြောင် . မျက်လုံးကြီးများ၊ နှာရောင်တိုကြီးများနှင့် နှာခေါင်းပွပွကြီးအောက်မှ ပြဲထွက်နေသော ပါးစပ်ကြီးအတွင်းမှ ဖြူဖွေးနေသော သွားကြီးများကို အိပ်ရာပေါ်မှလှမ်း၍တွေ့မြင်ခဲ့ရသည်။ ရှေ့ဖြစ်ဟောင်းများကို ပြန်လည် ကာ တရိပ်ရိပ်-တရေးရေး ပြန်လည်မြင်ထင်လာပြန်တော့သည်။ ဖြူး နေသော ရေခဲပြင်ကြောပေါ်မှ လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်း သတ္တဝါ ကြီး၏ ရက်စက်ကြမ်းကြုတ်မှုမှာလည်း မှတ်တမ်းတင်ထိုက်ပါပေ၏။

          သူ၏ နယ်မြေအတွင်းသို့ ပေါက်ပေါက်ရောက်ရောက် ကျူးကျော် ဝင်ရောက်ခဲ့သည့် ကျွန်တော်တို့ စုံစမ်းရှာဖွေရေးအဖွဲ့ဝင်တို့အနေနှင့် လည်း ဤမျှလောက် အပြောကြီးခဲ့သော နှင်းလူသတ္တဝါကြီးများ၏ အံ့သြစရာကောင်းလောက်သော လျင်မြန်မှုနှင့် ကြီးမားပြည့်စုံသည့် . ခွန်အားတို့အကြောင်းကို “ပြောမယုံ ကြုံမှသိ” ဆိုသည့်စကားကဲ့သို့ ကိုယ်တွေ့ မျက်မြင် ကြုံတွေ့မှသာ ယခင်-ကာလကနယ်စပ်ဒေသမှ လီစူးတွေ၏ ထိုနှင်းလူသတ္တဝါကြီးတွေကို မျက်နှာချင်း မရင်ဆိုင်ပုံအောင် တုန်လှုပ်စွာ စိတ်ဓါတ်ပျက်ပြားခဲ့ရပုံများကို အပြစ်တင်ဝေဖန် ခြင်းမှ ခွင့်လွှတ်နိုင်ခဲ့ပေ၏။ .

.           “အမျိုးနှင့်တိုင်းပြည်အတွက်” ဆိုသော လက်သုံးစကားကို `ရှေ့ဆုံးမှတင်၍ လုပ်စရာရှိလျှင် ဆောင်ရွက်စရာရှိလျှင် နောက်မဆုတ် တမ်း လုပ်ဆောင်လေ့ရှိကြသည်။ ဂျပန်လူမျိုးတို့၏ တယူသန်မျိုးချစ် ဝါဒကြောင့် ဤကဲ့သို့ အမနုဿတောဝါ အန္တရာယ်များ တည်နေရာ နယ်စပ်ဒေသရှိ တောင်တန်းပေါ်သို့ ကျွန်တော်နှင့် တပ်မတော်မှ ရဲဘော်ရဲဘက်များနှင့် ဂျပန်သုတေသနဆိုင်ရာပါရဂူနှစ်ဦးနှင့် အစောင့် အရှောက်တာဝန်ခံတို့သည် တိုတောင်းလှသော စစ်အတွင်းကာလတွင် ဗြုန်းဗြုန်း-ဒိုင်းဒိုင်းနှင့် ဆိုက်ရောက်ခဲ့ပေ၏။ ဘေးကနေရှ် နယ်စပ်ဒေသ မှ လီစူးနှင့် 'တိဘက်အနွယ်ဝင်တို့၏ အရေးတကြီး တားမြစ်သတိပေး ချက်ကို လုံးဝဂရုမစိုက်တမ်း ဤရေခဲပြင်ဒေသသို့ နောက်မဆုတ်တမ်း၊ တက်ရောက်ခဲ့ရခြင်းကြောင့် ကျွန်တော်တို့အဖွဲ့ အတွင်းမှ အရေးပါ အရာရောက်သောပုဂ္ဂိုလ်များနှင့် အပြစ်မဲ့သော နယ်စပ်ဒေသမှ ရွာသူ ရွာသားများ သေကျေပျက်စီးခဲ့ရပေ၏။

 

          စူးစမ်းရှာဖွေသော ဂျပန်စစ်ဘက်မှ အဓိကရည်ရွယ်ချက် အကြောင်းအရာများနှင့် ပတ်သက်၍ မနုဿလူသွေးနှင့် ချိန်စက် လဲလှယ်၍ ရရှိခဲ့သည့် အဖြေလွှာအတွက် နှိုင်းယှဉ်ကြည့်လိုက်သော အခါတွင်မူကား သိရှိရခဲ့သည့် အမြတ်အစွန်းအဖြေလွှာကား မပြောပ,လောက်ခဲ့ချေ။ ဂျပန်စစ်ဘက်မှ လိုအပ်ခဲ့သည့် အချက်အလက်များ " အတိအကျကား ပြည့်စုံသည့်အခြေအနေအထိ မရခဲ့ချေ။

          ကံကြမ္မာ အကြောင်းတရားအကြောင်းကို စာရေးသူသည် ၊ ထိုနှင်းခဲတောင်ဒေသ၏ အတွေ့အကြုံမှ အတော်လေးစားသက်ဝင်လာ စေရန် တစ်မျိုးတစ်ဖုံ ဖန်တီးလာစေတော့သည်။ ကျွန်တော်တို့ စုံစမ်း ရှာဖွေရေး အဖွဲ့ဝင်များအားလုံးအဖို့ ထိုခရီးစဉ်၏ စွန့်စွန့်စားစား အသက်နှင့်ရင်းနှီးကာ သွားရောက်ခဲ့သည့် လုပ်ဆောင်မှုဖြင့် အသက် နှင့်ကိုယ် ပူးတွဲကာ နေရပ်ဌာနသို့ ပြန်ရောက်စရာ မျှော်လင့်ချက် မရှိနိုင်ခဲ့ချေ။ တစ်ဖက်ကလည်း လူသတ္တဝါတစ်ဦးတစ်ယောက်၏ ကံကြမ္မာလမ်းကြောင်းကသာ သေခွင့်မကြုံသေးသည်ကြောင့် အသက် ရှင်လျက်နှင့်ပင် ထိုရေခဲတောင်ဒေသခရီးစဉ်ကို စာဖတ်ပရိသတ်ကြီး ဆီသို့ ပြန်လည်တင်ပြခွင့် ရှိခဲ့သည်ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် အမှန်တရားအတိုင်း ထုတ်ဖော်ဝန်ခံရပေလိမ့်မည်။ တစ်ဖက်တစ်လမ်း အနေနှင့်လည်း ကျွန်တော်တို့၏ တောတွင်းအတွေ့အကြုံ ဇွဲသတ္တိနှင့် စစ်သားတို့၏ ဘဝလေ့ကျင့်မှု ကြိုတင်ပြင်ဆင်မှု တစ်ဖက်ရန်သူကို လှည့်စားဖြားယောင်းနိုင်သော ပညာရပ်၊ အသက်ဘေးနှင့် ကြုံးသည် အခါတွင် ရုတ်တရက်ပေါ်ပေါက်လာသည့် ဇဝနဉာဏ်တို့ကြောင့်သာ ကျွန်တော့်အနေနှင့် မပြီးဆုံးသေးသော မြန်မာ့တပ်မတော်ကြီးတို့၏တာဝန်ဝတ္တရားများကို ဆုံးခန်းတိုင်အထိ ကျေပွန်စွာ ထမ်းဆောင်နိုင်မှု အတွက် အထူးကျေနပ်မိပြန်ပါသည်။ ။ . ဒီဂရီသုညအောက်သို့ တန်းဆင်းနေသည့် ရေခဲပြင်ဒေသ၏ အရိုးတွေကွဲခမှန်း မခံမရပ်နိုင်သည့် အအေးဒဏ်ကို ကြိတ်မှိတ်ကာ ခံစားရင်းတစ်မျိုး၊ အစာရိက္ခာအနေနှင့် ဖြစ်ကတတ်ဆန်း မုန့်ခြောက်နှင့် အသားခြောက်များကို မကျက်တကျက် ချက်ပြုတ်စားသောက်ကာ အသက်ရှင်ရေးအတွက် သမုဒ္ဒရာဝမ်းတစ်ထွာ၏ ထိုးစစ်ကို အချိန်မီ တားဆီးကာ ပေးအပ်သည့် အထူးတာဝန်တစ်ရပ်ကို ကျေပွန်စွာဖြင့် ထမ်းဆောင်လျက် အထူးအရေးကြီးလှသော စူးစမ်းရှာဖွေရေးအဖွဲ့ဝင် တစ်စု၏ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သူတို့၏ ရည်ရွယ် ချက် တစ်စိတ်တစ်ဒေသတို့ကို ပြည့်စုံအောင်မြင်စွာ ထမ်းဆောင် ဖြည့်စွမ်းခဲ့ရသည်။ ကျွန်တော်နှင့် တပ်မတော်မှ တပ်ကြပ်ကြီးသန်းထွန်း တို့ ရဲဘော်တစ်စု၏ နောက်ဆုံးအခြေအနေမှာ ယိုင်လဲလုလုဘဝနှင့် ဆေးဝါး၊ ရိက္ခာအာဟာရ ပြည့်စုံမှုကင်းခဲ့သည်ကြောင့် အရိုးပေါ် အရေတင် ဘဝအခြေအနေမှပင် တင်ရှိခဲ့ပါသည်။ )

          ခြေတစ်လှမ်းချော်ခဲ့လျှင် ပြန်လမ်းမရှိစတမ်း အဆီးအတားမဲ့ . သည့် ချောက်ကမ်းပါးကြီးများဆီသို့ တစ်ချိုးထဲကျရောက်ကာ အရိုးရော အသားပါ ရှာမရနိုင်အောင် သေကျေပျက်စီးစေမည့် ရေခဲတောင် '၊ ဒေသ၏ ခရီးသွားစဉ် အန္တရာယ်တစ်မျိုးကလည်း ကျွန်တော်တို့ ရဲဘော် . တစ်စုသည် အတွေ့အကြုံများအရ အောင်မြင်စွာ ကျော်လွှားလျက် , , တောင်တက်လုပ်ငန်းစဉ် လက်တွေ့ခန်းများကို လက်တွေ့သုတေသနရှာဖွေပြုစုသည့် အဖွဲ့ဝင်များအနေနှင့်လည်း နှင်းလူကြီးများကို တကယ့် ( ကြောက်စရာကောင်းသော နှင်းလူ့ဘီလူးကြီးများအဖြစ်နှင့် အပြန်ပြန်အလှန်လှန် မှတ်တမ်းတင် ကိုးစားခေါ်ဝေါ်ကြပေလိမ့်မည်။ ဤကား . သူတို့ နှင်းလူများနှင့် မြေပြန့်ရှိ ယဉ်ကျေးအပ်ပါသည်-ဟူ၍ ခေါ်ဝေါ် နေကြသည့် ကျွန်တော်တို့ သာမန်လူသားတို့၏ ဘဝသံသရာ အတုံ့ အလှည့်သာလျှင် ဖြစ်ပါတော့သည်။

          သူတို့နှင်းလူနှင့် ကျွန်တော်တို့မနုဿလူ (ဝါ) မြေပြင်ရှိ လူယဉ်ကျေးတို့၏ ဘဝများအကြားဝယ် အသိပညာ၊ ယဉ်ကျေးမှု၊ နားလည်မှု စသည်တို့က ကတ္တားခြားသလို ခြားနေခဲ့ခြင်းသာ ဖြစ်ပါ သည်။ သူတို့နှင်းလူ (သို့မဟုတ်) လူဘီလူးကြီးများသည် ဟိမဝန္တာတောင်ထွတ်တောင်တန်းများတစ်လျှောက်၌ ရေကြည်ရာ မြက်နုရာ ဆိုသလို ရာသီဥတုနှင့် သူတို့မှီခိုအားထားရာ အစားအသောက်၊ သစ်ဥ၊ သစ်ဖုများကို အခြေအနေအရ လှည့်လည်စားသောက် နေထိုင်ကြကြောင်းကို ယခု မျက်မြင်ကိုယ်တွေ့ခန်းကျမှ ကျွန်တော်က ထောက်ခံ "ယုံကြည်မိပါသည်။ ယခင်ကာလက စာပေများ၊ မဂ္ဂဇင်းများတွင် ဖတ်ဖူး ခဲ့သော်လည်း ကျွန်တော်၏ ဝါဒအရင်းခံဉာဉ်အရ မျက်မြင်ကိုယ်တွေ့ မဟုတ်ခဲ့ပါလျှင် မယုံကြည်တတ်သောကြောင့် နှင်းလူ (ဝါ) တောင်ပေါ် သား လူရိုင်းကြီးများရှိကြောင်းကို လက်မခံခဲ့ချေ။

          ကမ္ဘာအရပ်ရပ်၌ ယဉ်ကျေးပါသည်-ဟူ၍ ပြောဆိုနေကြ သော ကျွန်တော်တို့မြေပြန့်သား ခေတ်လူများ၊ မသိရှိနားမလည်သေး သော အင်မတန် ဆန်းကြယ်လျှို့ဝှက်သည့် အကြောင်းအရာမှန်များ ရှိနေကြောင်းကို မည်သူမျှပင် ငြင်းကွယ်ရန် လိုမည်မဟုတ်ချေ။ သို့ရာတွင် ထိုသို့လျှို့ဝှက်ဆန်းကြယ်မှုများ၊ အကြောင်းအရာများ အကြောင်းကို လူယဉ်ကျေးတွေ ကောင်းကောင်းမသိကြချေ။ သိခြင်း အကြောင်းကလည်း သူတို့သည် ထိုသို့ထူးဆန်းလှသော အကြောင်းအရာများအကြောင်း ဖြစ်ပွားရာ၊ တည်ရှိရာ ဒေသနယ်မြေများသို့ စွန့်စွန့်စားစား ပေါက်ပေါက်ရောက်ရောက် မသွားရောက်ကြခြင်း၊ မလေ့လာကြခြင်း၊ ကိုယ့်လုပ်ငန်းစဉ်နှင့် စီးပွားရေးကိစ္စများတွင် နစ်မြုပ် နေကြသောကြောင့်တည်း။ . ရှေ့လူဟောင်းများ (သို့မဟုတ်) ကျွန်တော်တို့ မသိကျွမ်းရ သော တစ်နယ်တကျေးမှလူများသည် ယခု-ဒုံးပျံခေတ် အဏုမြူ ခေတ်အထိတိုင်အောင် ကျွန်တော်တို့နှင့် သူတို့ နယ်မြေခြားနားကာ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် မသိကျွမ်းကြစတမ်း မတွေ့မမြင်ကြရစတမ်း ခြားနားကွာဝေးနေကြောင်းကို ကမ္ဘာအရပ်ရပ်ရှိ . `တကယ့်အဖြစ်အပျက်များ၊ အတွေ့အကြုံများနှင့် ခိုင်မာလှသော

          သက်သေသာဓကများကို လေ့လာဖတ်ရှုကြခြင်းဖြင့် ရှေးလူဟောင်းများ (သို့မဟုတ်) ကျွန်တော်တို့ ယဉ်ကျေးလှသည်-ဟူ၍ ပြောဆိုနေကြသည့် ကျွန်တော်တို့ခေတ်လူများနှင့် လုံးဝ အဆက်ဖြတ်ထားကြသည်။

          တောတွင်းလူဟောင်းကြီးများ ရှိနေကြောင်းကိုမူ ဖုံးကွယ်ခြင်းငှာ မတတ် နိုင်တော့ချေ။ တစ်စတစ်စ တည်ဆောက်ပြသခဲ့ခြင်းဖြင့် အနိုင်ယူခဲ့ ပေပြီ။

          “တဟူးဟူး’ တိုက်ခတ်နေသော ရေခဲပြင်ပေါ်မှ ဖြတ်သန်း တိုက်ခိုက်ခဲ့သည်ကြောင့် အေးစက်နေသောလေပြင်းကို မျက်နှာချင်း ဆိုင်ကာ ဝန်တင်အလေးချိန် ပေါင်ခြောက်ဆယ်ထက် မအောက်သောသေနတ် လက်နက်ကိရိယာတို့ကို လွယ်ပိုးကာ တနဲ့နဲ့ခြေလှမ်းများဖြင့် သဲန္ဒံသည် ခြေလှမ်းမျိုးဖြင့် ရေခဲပြင်နှင့် နှင်းလွှာများကြားမှ တရွရွ တက်ခဲ့ရသည်။ ကျွန်တော်တို့ အကာအကွယ်လွတ်ကင်းရာ မျက်နှာပြင် များမှ အအေးဒဏ်ချက်ကြောင့် နဂိုဖြူဖြူဖွေးဖွေးအသားအရေမှ ညိုပုပ်နေသော အသားအရေအခြေအနေကို ခရီးစဉ်အပြီးတွင် အမှတ်တရ လက်ဆောင်အဖြစ်နှင့် တွေ့ရှိကာ မှတ်တမ်းတင်လိုက်ရပါပေ၏။ မှတ်မှတ်ရရ ကျွန်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို ပြန်လည်၍ တိုင်းထွာကြည့်ရှုရာ၌ ဤရေခဲပြင်ဒေသဆီသို့ မတက်ရောက်ခဲ့မီက ' ကျွန်တော်၏ ခြေသလုံးမှာ ဆယ့်ခြောက်လက်မ လေးပိုင်းတစ်ပိုင်း တုတ်ခိုင်သည့် အတိုင်းအထွာရှိခဲ့သော်လည်း ထိုတောင်ပေါ်ဒေသမှ အပြန်တွင် တစ်ဖန် ပြန်လည်တိုင်းထွာကြည့်ခဲ့ရာ ခြေသလုံးကြွက်သား များမှာ အဆမတန် တောင်ဆင်း၊ တောင်တက်ရသည့် ခရီးပန်းမှုကြောင့် လေ့ကျင့်ခန်း အပြင်းအထန် ဆင်းခဲ့သလိုဖြစ်ပြီး၊ ဆယ့်ခုနှစ်လက်မ တင်းတင်း တက်နေကြောင်း မှတ်သားတွေ့ရှိရပေသည်။ သို့ရာတွင် အပေါ်ပိုင်း လက်မောင်းအိုးနှင့်'လက်ပြင်များတွင်မူကား တစ်လေးပိုင်း တစ်ပိုင်းစီ လျော့ကာ လျှောဆင်းနေကြောင်းကို တွေ့ရပြန်ပါသည်။ ဤအဖြေကား ပင်ပန်းလေးလံသော အလေးဒဏ်ကို ထမ်းရင်း :အောက်ပိုင်းကပိုမို၍ အလုပ်လုပ်ကိုင်ခဲ့ခြင်း၏ သက်သေခံလက်မှတ် များသာလျှင် ဖြစ်ပါတော့သည်။

          ကျွန်တော်တို့အတွက် ရယူခဲ့သော အမြတ်အစွန်းများမှာ တောင်ပေါ်ဒေသရှိ သားကောင်များ၏အကြောင်းအရာ အလေ့အကျင့် နှင့် ထူးခြားဆုံးသော ဧရာမဝက်ဝံကြီးများအကြောင်း ဖြစ်ပေ၏။ ထိုထက် ပိုမိုထူးခြားသည်များ အောက်ကျဉ်းမြေပြန့်ရှိ တောတောင် ရှိ ဒေသများတွင် တွေ့နေကြရားကြီးများထက် အမွေးရှည်ပြီး၊ အအေး' ဒဏ် ပိုမိုခံနိုင်သော ရေခဲပြင်ဒေသမှ ကျားကြီးများအကြောင်းနှင့် ဆွတ် ဆွတ်ဖြူးသော-အမွေးရှိသည့် တောဆိတ်များ၊ သိုးများနှင့် အင်မတန် တွေ့ရခဲလွန်းသော လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်းနှင့် လူအမည်ခံတောင်ပေါ်ဒေသရှိ အင်မတန်နည်းပါးသော ရိုင်းစိုင်းသော ရှေးလူကြီး များ၏ အလေ့အထနှင့် စားသောက်နေထိုင်မှု အကြောင်းအရာများပင် ဖြစ်ပါသည်။ တောင်ပေါ်ဒေသမှ တစ်ဖဝါးမခွာတမ်း နေနိုင်ကြသည့် ဧကိုယ်လုံးကြီးများဖြင့် အဝတ်အစား-ဟူ၍ တစ်ထည်မှမကပ်တမ်း ရိုင်းစိုင်းစွာ နေထိုင်ကြသော ဤမင်းလူ (ခေါ်) တောင်ပေါ်လူကြီးများက - ကျွန်တော်တို့အား မီးပေါက်လက်နက်တွေ အကြမ်းသုံး၊ အရမ်းသုံးကာ သူတို့နယ်ပယ်ဒေသဆီသို့ ကျူးကျော်လာကြသူများအပြင် (ဝါ) လူဆိုး ရိုင်းများအဖြစ် အသိအမှတ်ပြုခြင်းဖြင့် လှစ်လျှင်လစ်သလို လိုက်လံ တိုက်ခိုက်ခဲ့ကြသလို ကျွန်တော်တို့နှင့် ရှေးလူဟောင်းများအကြောင်း သည် ကမ္ဘာအရပ်ရပ်တွင်း ဘူးပေါ်သလို ပေါ်ပေါက်လာပါတော့သည်။

          ဥပမာ ဘွဲ့ပေးရလျှင် မြောက်အမေရိကတိုက်ရှိ ဗြိတိသျှကိုလံ ဘီယာနယ်မြေတစ်လွှား တောတောင်ထူထပ်ရာဒေသမှ တောင်လူများ (MounTain Men se TimBer Men' cosopć:09RE:G:op:) အကြောင်းအရာနှင့် ဟိမဝန္တာတောင်တရိုးမှ (Snow Men) နှင်းလူများ အကြောင်းအရာများ တတိယသာဓကမှာ မာလာယုနယ်မြေမှ (JunGel Men တောတွင်းလူရိုင်းကြီးများ) အကြောင်းအရာမှာ ငြင်းကွယ် . ဖုံးအုပ်၍မရနိုင်သော ရှေးလူကြီးများအကြောင်း (သို့မဟုတ်) ကျွန်တော်တို့နှင့် အဆက်ပြတ်နေသော ဝေးလံသောဒေသရပ်များတွင် ထီးထီး မားမားကျန်ရစ်သော လူတစ်မျိုးများ အကြောင်းအရာများကို သက်သေ ခံနေခြင်းသာ ဖြစ်ပေ၏။ .

          အထူးခြားဆုံးမှာ ဟိမဝန္တာတောင်ကျောပေါ်ရှိ နှင်းလူများ ရှိနေကြောင်းကို နာမည်ကျော် ဗြိတိသျှတောင်တက်သမားများ ဆာဟီ ကာရီအဖွဲ့က နှင်းလူများ၏ခြေရာများကို ခိုင်လုံသော ဓါတ်ပုံ အကိုး