Skip to product information
1 of 3

Other Websites

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်) - နဂါးပွက်တောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဗိုလ်ဖေအောင်၏ရဲဘော်ရဲဘက်များ

          ပုလဲဖြူရောင် နှင်းရည်လူးထားသည့် ကမ္ဘောဇလေပြည်သည် စိမ်းရင့်ရောင်ထင်းရှူးတောပြင်ကို ဖောက်ထွင်းကာ တရှဲရှဲအသံများ ပြည်ထွက်ပဲ့တင်ထပ်စေပြီး၊ နက်မှောင်နေသော ကတ္တရာစေးခင်းထား သည့် ကားလမ်းမကြီးတစ်လျှောက်ဝယ် အသင့်နေရာယူလျက်ရှိတော့ သည်။

          တောင်ကုန်းထိပ်ရှိ ပင်စည်ပင်ကိုင်းထက်ဆီက ́ အောင်လောင် ငှက်ကြီးနှစ်ကောင်၏ အချီအချ အော်မြည်သံများက ထင်းရှူးတောပြင် ကို လှုပ်ရှားမှုအသံများအဖြစ် တဝေါဝေါပေါ်ထွက်စေတော့သည်။

          တောင်စောင်းတစ်လျှောက်မှ ဝါးပလွေကြီးတစီစီမှုတ်ကြကာ ဘာသာဘာဝ တောင်သူတို့ရိုးရာ ယာခင်းစောင့်ရင်း၊ နွားကျောင်းရင်း သာယာနာပျော်ဖွယ်ကောင်းလှသော ရှမ်းသီချင်းသံက ချစ်သီချင်းသံ များဖြင့် တောင်ယာထဲတစ်လျှောက်ဆီက သီဆိုတီးမှုတ်သံများကလည်း တကယ့်ကမ္ဘောဇနယ်မြေ၏ သာယာအေးချမ်းမှုကို ပေါ်လွင်ဂုဏ်ပြုနေပါသည်။

          လျှိုထိပ်ဆီမှ တချီတချီ တောက်ခေါက်ပဲ့တင်သံများ ရိုက်ခတ် သည့် ဂျီတစ်ကောင်၏ ဟောက်သံများကလည်း တော်၏ရှုခင်း သာယာမှုကို ဖြည့်စွက်သော ဂီတသံများအဖြစ်နှင့် ညီညံစီစီ ပေါ်ထွက် နေပါတော့သည်။

          ရှေ့ဆုံးမှ လင်းရိုဗာကားနှစ်စီးနောက်မှ ထရပ်ကားကြီးနှစ်စီး ဖြင့် တပျော်တပါး ခရီးထွက်ရာမှ နေရပ်ဌာနေသို့ ပြန်လာကြသည့် ယောက်ျားတစ်စုကို ကတ္တရာစေးလမ်းအပေါ်တွင် တစ်နာရီ မိုင် လေးဆယ်နှုန်းဖြင့် တရိပ်ရိပ်ပြေးနေသော ကားလေးစီးပေါ်တွင် တွေ့မြင် လိုက်ကြပေလိမ့်မည်။ ရှေ့ဆုံး လင်းရိုဗာကားပေါ်တွင် အသက်အရွယ် အားဖြင့် သုံးဆယ်ကျော်ခန့်ထင်ရသော ရုပ်ဆင်းနုပျိုလျက် အင်မတန် ကျန်းမာရေးနှင့်ပြည့်စုံပုံရသည့် သက္ကလတ်အနွေးထည် အစိမ်းရင့် ရောင်၊ တောလိုက်ဝတ်စုံများ ဝတ်ဆင်လာကြသော ခေါင်းဆောင်နှင့် တူသည့်လူရွယ်နှစ်ဦး ကားနောက်ခန်းတွင် သီချင်းတကျော်ကျော် ဆိုသူ က ဆို၊ ရယ်မောရင်း စကားပြောသူက ပြောနှင့် ပြည့်စုံလုံလောက်သော သက္ကလတ်အနွေးထည်ကိုယ်စီ ဝတ်ဆင်ထားသည့် အလုပ်ကြမ်းသမား များနှင့်တူစေသည့် ပြည်ထောင်စုသားပေါင်းစုံ လူရွယ်လူငယ်တစ်စု၏ အခြေအနေမှာလည်း သူတို့၏ဘဝကို ကျေနပ်ပျော်ရွှင်မှုများဖြင့် နှစ်သိမ့် ရင်ဆိုင်နေရပုံ တွေ့ရပါလျက်၊ လင်းရိုဗာကား၏ စတီရာရင်ကို ဣန္ဒြေရရ မှင်သေသေ ကိုင်တွယ်မောင်းနှင်နေသော ခေါင်းဆောင်၏မျက်နှာမှာ အင်မတန်တည်ကြည်လှသလို ယောက်ျားပီသလှပေသည်။

          ကျယ်ဝန်းသော မဟာနဖူးပြင် ခပ်ပေါ်ပေါ်၊ မျက်လုံး၊ နှုတ်ခမ်း . တောက်ပသလောက် စူးရှထက်မြက်သော မျက်လုံးကြီးနှစ်လုံးနှင့်ဖြောင့်စင်းပေါ်လွင်သော နှာတံ၊ စေ့စပ်ပြီးအချိုးကျလှသည့် ပါးစပ်၊ လေးထောင့်ဆန်ဆန်မျက်နှာနှင့် ဖြူစင်သောအသားအရေတို့မှာ ရုတ်တရက် မြင်တွေ့လိုက်ရသော အမျိုးသမီးများအဖို့ နောက်တစ်ကြိမ်ငိုင်၍ ယောက်ျားပီသသည့် ချောမောလှပသော အနှံမျက်နှာပိုင်ရှင် ယောက်ျားကို မုချ တစ်ချက် ထပ်မံ၍ထူးကဲသော ဆွဲဆောင်ချက် ကြောင့် ကြည့်ရှုမှောနှစ်သက်ရပေမည်သာတည်း။ ။

          ထိုယောက်ျားပီသလှသော မျက်နှာပိုင်ရှင်၏ကိုယ်အင်္ဂါအချိုး အဆက်များကို ထိုသူ၏သက္ကလတ်အင်္ကျီအထူအောက်မှပင် ယောက်ျား ပီသမှု၊ ကိုယ်အင်္ဂါထွားကျိုင်းသန်မာမှုကို ပိုင်နိုင်စွာ သရုပ်ပေါ်စေလေ သည်။ အလေးမခြင်း၊ ဗန်တိုဗန်ရှည် `ပညာကောင်းများ လိုက်စားမှုကြောင့် သက်သေခံအဖြစ်နှင့် အကြောပြိုင်းပြိုင်းထကာ တုတ်ခိုင်သော လက်မောင်းဝန်းနှစ်ဘက်နှင့်တစ်ဆက်တည်း ကြွက်သားအမြောင်းတွေ ဖြစ်ပြီးကာ လက်မောင်းနှစ်ဘက် ဘေးကြွက်သား ဖုထွက်၍နေသည်။ အထက်လက်မောင်းရင်းနှစ်ဘက်နှင့် မို့မောက်နေသော ပခုံးစွန်းနှစ်စွန်း စသည်တို့ဖြင့် တုတ်ခိုင်နေသော လည်တိုင်အောက်ဝယ် တကယ့်ကျန်းမာ ရေးနှင့် ပြည့်စုံလှသော ကာယဗလသမားတစ်ဦး၏ မူလပကတိရုပ်သွင် ကို ပေါ်လွင်နေဟန်ရှိတော့သည်။

          ထိုသူ၏ဘယ်ဘက်ဘေးတွင် ဇိမ်နှင့်ထိုင်ရင်း စီးကရက်တစ် လိပ်ကို ပါးစပ်တွင်ခဲရင်း သာယာလှသော ရှုမျှော်ခင်းတွေကိုကြည့်တိုင်း သူ၏ရောင်းရင်းကို လှည့်၍စကားပြောလိုက်နှင့် လိုက်ပါလာသော အနည်းငယ် ၀သယောင်ယောင်ဖြစ်ပြီး၊ ယောက်ျားပီသလှသော ကိုယ် ခန္ဓာအရပ်အမောင်းနှင့်ပုဂ္ဂိုလ်မှာလည်း တစ်နည်းအားဖြင့် ကြည့်၍ တင့်တယ်စေပါသည်။

          ထိုပုဂ္ဂိုလ်သည် သူ၏ရောင်းရင်းအား စကားပြောရာမှ ကား နောက်ပိုင်းအတွင်းသို့ တစ်ချက်ခေါင်းငဲ့ကာ ကချင်ဘာသာနှင့် ခပ် ကျယ်ကျယ် လေးငါးခွန်းလှမ်း၍ပင် ပြောပြန်သေးသည်။ ထိုသူ၏ခပ်ပျော်ပျော်နေထိုင်တတ်ပုံနှင့် လက်အောက်ငယ်သားတို့နှင့် လက်ရေ တစ်ပြင်တည်း ရင်းရင်းနှီးနှီးနေထိုင်တတ်ပုံကို အကွင်းသားသရုပ်ဖော် လျက်ရှိခြင်းသာ ဖြစ်ပါသည်။

          မိမိတို့၏အကြီးအကဲနှစ်ဦးအနက် တစ်ဦးဆီမှ ထိမိလှသော ပျက်ရယ်မောစရာစကားများကြောင့် နောက်ပိုင်းမှ ရဲဘော်တစ်သိုက်မှာ ဝါးခနဲ ဟားခနဲ ခွက်ထိုးခွက်လန်ရယ်မော့လိုက်ကြလေသည်။

          “ဟုတ်တယ်၊ ဒူးဝါးကြီးအိမ်က မိန်းမတွေတောင် အတိတ် နိမိတ်တွေ တစ်ခုခုပြနေလောက်ပြီဗျ ... ဒီကောင်က မနေ့ညကမှ အိမ်က ကလေးတွေလွမ်းလို့ မအိပ်နိုင်ဘူးတဲ့ ဒူးဝါးကြီး ...”

          ကချင်မောင်တစ်ဦးက ကချင်ဘာသာနှင့် စတင်၍ပြောလိုက် ရာ ဓာတ်သိအချင်းချင်း ရဲဘော်များသည် တဟားဟားနှင့် ဒုတိယ အကြိမ် ပွဲကျသွားပြန်တော့သည်။

          ကားမောင်းသည့်ပုဂ္ဂိုလ်က ရှေ့သို့ တန်းတန်းကြည့်လိုက်ပြီး

          “ ငါတို့ရဲဘော်တစ်တွေ ဒီတစ်ချီ အိမ်ကို အစောဆုံးပြန်ရတဲ့ အခါပါပဲကွာ .. အရက်ဆယ့်ရှစ်ရက်တည်းပဲ ကြာတဲ့ကိစ္စပါ၊ မင်းတို့ အားလုံး အိမ်ရောက်ရင် ဝမ်းနှုတ်ပစ်ရမယ်၊ ချွေးလဲထွက်အောင် ကျန်းမာ ရေး ကစားကြရမယ်၊ ရာသီဥတုဒေသနယ်မြေအပြောင်းအလွဲမှာ ခံနိုင်မှု ရှိအောင် လေ့ကျင့်ခန်းနဲ့ ပင်ကိုယ်ဓာတ်ကောင်းအောင် စီစဉ်ကြရမယ် ဟေ့ ...”

          - နေထိုင်မှုကိစ္စအတွက် သတိပေးလိုက်ရာ လက်အောက်ငယ် သား ရဲဘော်များသည် တညီတညွတ်တည်း ... ။

          “ ဟုတ်ကဲ့ ... ဗိုလ်ကြီးဒူးဝါး၊ ကျွန်တော်တို့ နားလည်ပါပြီ"

          ကချင်ဘာသာ၊ ရှမ်းဘာသာ၊ တရုတ်ဘာသာများဖြင့် ကိုယ့် အမျိုးအနွယ်အလိုက် ဝန်ခံအသိအမှတ်ပြုလိုက်ကြပါသည်။

          “မင်းတို့ကို အိမ်ပြန်ရောက်ရင် သိုင်းပညာ ဗန်တိုပညာ၊ ခရာ ဂျခဲစူး ဂျပန်သိုင်းတွေကို ဆက်လက်သင်ပေးရလိမ့်မယ်၊ သေနတ်ပစ်ခတ် နည်းတွေ၊ လှံစွပ်ထိုးနည်းတွေကတော့ မင်းတို့တတ်ခဲ့ကြပြီ” လို့ ဗိုလ်ကြီး ဒူးဝါးဆိုသူကပင် ထပ်မံ၍ သူ၏ရှေ့လုပ်ငန်းအစီအစဉ်များကို ပြောကြား လိုက်ပြီး၊ သူ၏ဘေး၌ထိုင်နေသော ချောင်းရင်းအား ... ။

          “တို့တစ်တွေ ခုတစ်ချီ သေနတ်ကောင်းကောင်း အားရအောင် မပစ်ခဲ့ရဘူး ဇော်လ၊ ပင်ဒါနှစ်ကောင်ရဖို့အရေးမှာ လုံလုံခြုံခြုံအသံမပြု ရဘဲ ကြိုးစားပြီးစောင့်ခဲ့ရလို့ သိပ်ပြီးပင်ပန်းခဲ့တယ်”

          သူတို့ပြန်ခဲ့သည့်ခရီးကို ပြောပြလိုက်ပြီး ...

          “အလွန်ရှားပါးတဲ့ ပင်ဒါနှစ်ကောင်ကို တို့တော်လှန်ရေးအစိုးရ အနေနဲ့ လက်ခံရရှိရင် ဘယ်လောက်ဝမ်းမြောက်ဝမ်းသာကြမလဲကွာ၊ သိပ်ရှားပါးပြီး တန်ဖိုးရှိတဲ့ ဝက်ဝံကြားနှစ်မျိုးတွေပဲ ဇော်လ”

          သူတို့၏ကြိုးပမ်းအောင်မြင်မှုကို ပို၍ သတိရမိပုံဖြင့် ပြောကြား လိုက်ရာ ဒူးဝါးဇော်လသည် စီးကရက်ကို ဖွာထုတ်လိုက်ပြီး ...

          “ပင်ဒါဝက်ဝံကြားတစ်ကောင်ကို အင်္ဂလိပ်စတာလင်ပေါင်နဲ့ ငါးထောင်တစ်သောင်းအထိပေးပြီး ဝယ်ယူရတယ်၊ တကယ်တော့လဲ ကမ္ဘာပေါ်မှာ သိပ်အရှားပါးဆုံးသတ္တဝါမျိုးဆက်ဖြစ်ပြီး၊ တရုတ်ပြည်နဲ့ ဟိမဝန္တာတောင်တန်း သိပ်မမြင့်တဲ့ တောင်ခေါင်းတစ်လျှောက်နဲ့ ထူထပ်တဲ့ ဝါးတောထဲမှာသာ တွေ့ရှိရတဲ့ ပင်ဒါကောင်တွေ ကိုဖေအောင်၊ တစ်ခုတော့ ငါဝမ်းအသာဆုံးဖြစ်မိတယ်၊ ရန်ကုန်ဘိရစ္ဆာန်ရုံမှာ သွားကြည့် ခဲ့ရတဲ့အခါ ဒီလိုအင်မတန်ရှားပါးတဲ့သတ္တဝါမျိုးကို တို့အစိုးရအနေနဲ့ နိုင်ငံခြားတိရစ္ဆာန်ရုံတွေက အလိုက်ပေးပြီး ကိရစ္ဆာန်ချင်း လဲလှယ်ရယူ ဖို့သာ တွေ့ရတယ်၊ တကယ့်ငွေကြေး တန်ရာတန်ဖိုးကလဲ မပေးနိုင် အရေးပါ အရာရောက်တဲ့ ရှားပါးလှတဲ့ သားကောင်တွေကို အိမ်နီးနားချင်းနိုင်ငံ နယ်မြေမှာရှိတယ်ဆိုတာ သတင်းသာကြားရပြီး အကောင်အထည် မမြင်ခဲ့ရဘူးကွာ ... ခုလိုရှားပါးတဲ့ဝက်ဝံကျား အထီးအမနှစ်ကောင် ကို ရန်ကုန်ဘိရစ္ဆာန်ရုံကို ပို့နိုင်ဖို့ မင်းတို့ငါတို့လူစုရဲ့ မအိပ်မနေ ကြိုးပမ်းမှုတွေကို ကျေနပ်ဖို့ကောင်းပါပြီ ဖေအောင်၊ ပြီးတော့ ငါ့အနေနဲ့ ရန်ကုန်တိရစ္ဆာန်ရုံမှာ နောက်ထပ်ပြီး သားကောင်တွေစုံအောင် ရှာဖွေ ပို့ချင်သေးတယ်၊ “တကယ့်ခေတ်ကြီးနဲ့အမီလိုက်နိုင်တဲ့ တိရစ္ဆာန်ရုံကြီး တစ်ရုံ မြင်တွေ့ရဖို့ တို့တစ်တွေ ကြိုးစားပေးဖို့လိုတယ်” ။

          သူ၏ရည်ရွယ်ချက်နှင့်ဆန္ဒကို ပြောပြလိုက်သည်။

          “ဟုတ်တယ် ဇော်လ၊ ရန်ကုန်တိရစ္ဆာန်ရုံကို သွားကြည့်တိုင်း မြန်မာပြည်က ရိုးရိုးကျားတွေသာ တွေ့ရတယ်၊ ကမ္ဘာမှာ ထင်ရှားတဲ့ မြန်မာပြည်အနောက်ဘက်စောင်းက ဘင်္ဂလားကျားကြီးမျိုးတွေ တစ်ကောင်မှမတွေ့ရသေးဘူး၊ ပြီးတော့ ကြံ့ကြီးကြီးမားမားတွေကိုလဲ မတွေ့ ရသေးဘူး၊ အဲဒီနယ်မြေကို အကြောင်းသင့်ခဲ့ရင် တစ်ခေါက်လောက်တော့ မင်းတို့ငါတို့ရဲဘော်တစ်စု သပ်သပ်သွားပြီး ဒီအကောင်တွေကို စုံစမ်းလေ့လာပြီး အရှင်ဖမ်းနိုင်ဖို့ စီစဉ်လုပ်ဆောင်ချင်သေးတယ်ကွာ”

          သမီးယောက်ဖနှစ်ဦး သူတို့၏စိတ်ဓာတ်ညီမျှမှုကို ပေါ်လွင်စွာ ဖြင့် တိုင်ပင်နှီးနှောလိုက်ကြပါသည်။ ဒူးဝါးဇော်လနှင့် ဗိုလ်ဖေအောင် သည် ကျောင်းနေစဉ်ကပင် စိတ်တူသဘောတူ ခင်မင်ရင်းနှီးခဲ့သည့် အလျောက် ခေါင်းပြတ်တောင်သိုက်ကြီး၏ဘဏ္ဍာရွှေငွေများ ရှာဖွေ ခဲ့သည့်အခါတွင် ဒူးဝါးဇော်လ၏နှမရင်း ဒေါက်တာနန်းရင်နှင့် ချစ်ကျွမ်း သက်ဝင် သဒ္ဒါယှဉ်ခဲ့ကြကာ ခေါင်းပြတ်တောင်သိုက်ခရီးအဆုံး၌ ဖူးစာ ရှင်တို့နှစ်ဦးအဖို့ တရားလမ်းဝင် အကြင်လင်မယားအဖြစ်ကို တင်သင့် တက်ခဲ့ကြသလို၊ “ဒူးဝါးဖေအောင်” နှင့် “ဒူးဝါးဇော်လ” ဟူသော သမီး ယောက်ဖတစ်တွဲ၏ ပြည်ထောင်စုနိုင်ငံသားတို့အဖို့ အရေးကိစ္စကြုံခဲ့သော်လည်း ရှေ့ဆုံးမှ အားကိုးအားထားပြုရမည့် ပုဂ္ဂိုလ်နှစ်ဦးအဖြစ်ကို လုပ်ငန်းစဉ်အားဖြင့် ပြည်ထောင်စုသားများ၏အရေးအကြောင်းနှင့် လက်မနှေးတမ်း သွေးမအေးတမ်း လုပ်ဆောင်စွန့်စားမှု၊ လုပ်ဆောင် ပြသခြင်းဖြင့် ပြည်ထောင်စုတိုင်းရင်းသားတို့၏ အချစ်တော်ပုဂ္ဂိုလ်များ အဖြစ် ခံယူရရှိအပ်ကြပေ၏။ ။

          ကားတန်းကြီးသည် ကတ္တရာစေးလမ်းမပေါ်ဝယ် သွက်လက်စွာ မောင်းနှင်ခဲ့ကြပြီး ကွတ်ခိုင်ကားလမ်းဆင်းများအတိုင်း ရစ်ကာပတ်ကာ ဆင်းခဲ့ကြရ၏။ ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားနေသော တောမြို့ ကလေးတစ်မြို့အတွင်းသို့ လှည့်ကာဝင်ရောက်ခဲ့ကြသည်။ မြို့ကလေး အတွင်းမှ မြို့ခံပုဂ္ဂိုလ်များနှင့် ဈေးသည်များအားလုံးအဖို့ ရှေ့ဆုံးမှ လင်းရိုဗာကားအတွင်းမှ ပုဂ္ဂိုလ်နှစ်ဦးအား ဝမ်းမြောက်ဝမ်းသာများဖြင့် ခေါင်းပေါင်းများ၊ ဦးထုပ်များ၊ ထီးများ မြှောက်ကာဝှေ့ယမ်း၍ လေးစား ရိုသေခြင်း၊ ချစ်မြတ်နိုးခြင်းအကြောင်းပြုလျက် ကြွေးကြော်နှုတ်ဆက် လိုက်ကြသည်။

          “နမ်းဟူး ဒူးဝါးကြီးဇော်လ... ဗိုလ်ကြီးဒူးဝါး ...”

          စသည်ဖြင့် ပြည်ထောင်စု၏အချစ်တော်နှစ်ဦး၏ ဂုဏ်ပုဒ် ဝိသေသများကိုဖော်ထုတ်ကာ နှုတ်ဆက်အလေးပြုလိုက်ကြသည်။ ကား တန်းကြီးသည် နမ်းဟူးမြို့ကလေး၏အတွင်းပိုင်းကို ဖြတ်ကျော်ကာ မြို့၏အစွန် တောင်ကုန်းမြင့်မြင့်ဒေသဆီသို့ မောင်းနှင်ခဲ့ကြပြီး၊ သာယာ စိုပြည်သော သစ်ပင်ပန်းမန်၊ ဝါးပင်များဖြင့် လှပအကွက်ချကာ စိုက်ပျိုး ထားသည့် ခြံကြီးနှစ်ခြံရှိရာသို့ တစ်ရှိန်ထိုးမောင်းနှင်ကာ ကားဟွန်းသံ ' ရှည်ရှည် သုံးချက်ပေးလိုက်သည်။ တစ်ခဏ၌ ကားများအတွင်းမှ ရဲဘော်များ၏ ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်နှုတ်ဆက်သံများ ညီညာ ပြိုင်ဆိုင်စွာ ထွက်ပေါ် လာသကဲ့သို့ ခြံကြီးနှစ်ခြံအတွင်းမှ လှုပ်လှုပ်ရွှရွှအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများနှင့် အိမ်ထောင်ရှင်တို့ ဆံ့ ဝမ်းမြောက်ဝမ်းသာသော လှုပ်ရှားမှုများ၊ နှုတ်ဆက်သံများနှင့် ဆူညံလှုပ်ရှားသွားပါတော့သည်။ ခြံကြီးနှစ်ခြံကား ဘေးချင်းစည်းရိုးချင်း ကပ်လျက်တည်ရှိနေကြသလို၊ လက်ျာဘက်ခြံ၏ထိပ်ရှိ “နန်းဟေဝန်” ဟူသော ကမ္ပည်းကို ရုတ်တရက် ခပ်ဝေးဝေးမှပင် တွေ့ရှိနိုင်ပေ၏။ အစိမ်းရင့်ရောင် အောက်ခံဆေးသားပေါ်ဝယ် အဝါရောင်စာလုံးများဖြင့် အထက်က မြန်မာအက္ခရာ၊ အောက်က အင်္ဂလိပ်အက္ခရာများဖြင့် ခန့်ညားစွာရေးမှတ်ထားသည့် ခြံကြီး၏အမည်သည်ပင် ပြည်ထောင်စု သားများ၏ သွေးစည်းရေးအတွက် အင်မတန် ထူးခြားပြောင်မြောက်လှ သော နာမည်အက္ခရာများပင် ဖြစ်စေတော့သည်။

          ကားတန်းကြီးသည် နန်းဟေဝန်ခြံထဲသို့ အရှိန်မှန်မှန်နှင့် မောင်းနှင်ဝင်ရောက်ခဲ့ပြီး နှစ်ထပ်တိုက်ဖြူရှေ့ ဆင်ဝင်အောက်ဝယ် ရှေ့ဆုံးမှ လင်းရိုဗာကားက စက်ကိုအရှိန်သတ်ကာ ထိုးရပ်လိုက်သည်။အောက်၌လှပကြော့ရှင်းသလောက် ခေတ်ဆန်ဆန်ဝတ်ဆင်ထားသော မိန်းမငယ်နှစ်ဦးနှင့် ကလေးငယ်များကို လက်ဆွဲလျက် ဆင်ဝင်တံခါးဝ တစ်လျှောက်မှ ဖြုန်းဖြုန်းဒိုင်းဒိုင်း ထွက်ပေါ်လာကြပါသည်။

          ဝဝတုတ်တုတ် ချစ်စရာမျက်နှာကလေးဖြင့် အသက်ခြောက်နှစ် ခန့် ယောက်ျားကလေးတစ်ဦးက ကားရှေ့ပိုင်းမှ တံခါးဖွင့်ကာ ဆင်း လာ၏။ ဒူးဝါးဖေအောင်၏လည်ပင်းကို လွှားခနဲခုန်၍ဖက်လိုက်ရာ ဗိုလ်အောင်သည် ရွေ့ခနဲ လမ်းခုလတ်က ဆီးကြို၍ဖမ်းပွေ့လိုက်ရင်း သူ၏ရင်ခွင်တွင်းသို့ ပွေ့ချီထားလိုက်ရင်း ... , ,

          “လူကလေး ကျော်မင်းအောင်၊ နေကောင်းရဲ့လား”

          ပါးချင်းကပ်ကာ သားဦး ကျော်မင်းအောင်ကို ပေးလိုက်ရာ ဗိုလ်ဖေအောင်၏သားဦး ကျော်မင်းအောင်သည် ...

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)