Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဗမိုး - အခွင့်အလမ်းစွမ်းဆောင်ရည်နှင့်အောင်မြင်မှု

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
အပိုင်း (၁)
အခွင့်အလမ်း

*           သတိထားကြည့်ပါ

စီးပွားရေးလောကမှာ ကြီးပွားချမ်းသာနေခြင်းသည် ကံ တရားသက်သက်မဟုတ်ပါ။ အမှတ်မထင် အောင်မြင်သွား ခြင်းလည်း မဟုတ်ပါ။

ထိပ်ဆုံးသို့ ရောက်သွားသူသည် တစ်ဆင့်ပြီး တစ်ဆင့် မရပ်မနား လှမ်းတက်သွားခဲ့ရ၏။

အောင်မြင်ခြင်းရဲ့ လျှို့ဝှက်သော အကြောင်းတရားမှာ ရုန်း ကန်ကြိုးစားအားထုတ်ခြင်းပါ။ မတော်တဆမဟုတ်ပါ။ The secret of success was effort not chance.

*            သင့် ကိုယ်တွင်းမှာပါ

 လူငယ်မောင်မယ်တွေ မြို့တက်ပြီး အလုပ်ရှာကြသည်။ မိမိဇာတိ ရပ်ရွာမှာ ရှာဖွေရ မလွယ်သော အလုပ်အကိုင်တွေ မြို့ကြီးမှာ ရှာရလွယ်ကူမည်ဟု ထင်မှတ်ထားတတ်ကြသည်။

အမှန်က သင့်အတွက် ဝမ်းစာအလုပ်ဟာ သင့်ကိုယ်တွင်း မှာပါ။

 မိမိဘာလဲ... ဘာလုပ်တတ်သလဲ..

ဘာလုပ်ချင်သလဲဆိုတာတွေကို တွေးခေါ်ကြည့်ပါ။

 မိမိသည် ကိုယ့်ရပ်ရွာမှာမှ အသုံးမတည့်လျှင် မြို့ကြီး ပြကြီး ရောက်သည့်အခါမှာလည်း အသေးအဖွဲအလုပ်တွေ နှင့်သာ ဇာတ်သိမ်းရတတ်သည်။

Your career is inside you.

What you are,

What you know and

What you can do.

*            ဝေးဝေးကရှောင်ပါ

လုပ်ခသက်သက်မျှသာရမည့်အလုပ်ဆိုလျှင် ဝေးဝေးက ရှောင်ပါ။ အလုပ်တစ်ခုမှာ ပညာတိုးရမည်။ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်မှု အခွင့်အလမ်းတွေ ရှိရမည်။ ဤမျှော်လင့်ချက် မပါသော အလုပ်ဆိုလျှင် ဝေးဝေးကရှောင်ပါ။ အရာရာမှာ ငါတတ် ငါသိ မရှိပါ။ အရာရာမှာ ငါတတ် ငါသိ စိတ်ဓာတ်မျိုးနှင့် တစ်ဖက်လူကို အထင်မသေးမိစေနှင့်။ မထီမဲ့မြင် မပြုမိစေနှင့်။ အတတ် ပညာခေတ်ကြီးတွင် မိမိတတ်သလောက် တစ်ဖက်လူလည်း တတ်မြောက်ပြီးသားပါ။

*            ဦးနှောက်သုံးပါ

အလုပ်တစ်ခုလုပ်ကိုင်နေရသည်ကို တင်းတိမ်ကာ ဦးနှောက် ကို အလကားထားသူတွေရှိသည်။ မိမိဦးနှောက်ရဲ့ ဆယ် ရာခိုင်နှုန်းလောက်ကိုသာ သုံးမိနေတတ်သည်။ ကိုယ်ကာယထက် ဦးနှောက်က ပိုပြီး စွမ်းအားထက်ကာ အကျိုးများစွာရတတ်သည်။ Put your brain to work. What a man earns by body work is not much.

*            ကျွမ်းကျင်မှ လိမ္မာမည်

အလုပ်တစ်ခုကို ကျွမ်းကျင်သည်အထိ လုပ်ဖြစ်ဖို့လိုသည်။ ဒါမှ ထိုအလုပ်သည် မိမိအတွက် ခက်ခဲတော့မည်မဟုတ်ပေ။ မိမိလုပ်ရသော အလုပ်ထက်ပိုပြီး ကြီးထွားမြင့်မားနေမှ တန်ကာကျမည်။

Every man should become a little larger than his job.

*            လိုချင်ပြီး လုပ်နိုင်မှ ရမည်

ငွေကြေးချမ်းသာချင်ရင် လိုအင်ဆန္ဒ အပြည့်အဝ ရှိရမည်။ အလုပ်လုပ်ရမည်။ လိုအပ်သော အတိုင်းအတာအထိ အလုပ် လုပ်ဖြစ်သွားပြီးမှသာ ကြွယ်ဝလာသည်။ အဓိက အရေးကြီး တာတစ်ခုရှိသေးသည်။ ငွေအရင်းအနှီး စုဆောင်းရမည်။

The first thing to do is SAVE.

*          တောင်ထိပ်ဖျားကို ခြေတစ်လှမ်းနှင့် မရောက်ပါ

လူတစ်ယောက် အောင်မြင်လာပြီဆိုလျှင် ထိုအောင်မြင် မှုကိုသာ လူတွေမြင်တတ်ပြီး နှစ်ရှည်လများ ကြိုးစားအား ထုတ်ခဲ့ရသည်ကို မမြင်တတ်ကြပေ။ ကြီးမားသော အောင်မြင်မှုတွေရနိုင်ဖို့ အသေးအဖွဲလေး များစွာ စတင်လုပ်ကြရသည်။ တောင်ထိပ်ဖျားကို ခြေတစ်လှမ်းတည်းခုန်ပြီး ရောက်မသွားပါ။

Nobody reaches the top of the hill at one jump.

*            ပညာဆို လိုချင်မှ

ပညာကို လိုလို ချင်ချင် သင်ယူလေ့လာထားသူသည် မည်သည့်အလုပ်မှာမဆို ထိပ်ဆုံးသို့ ရောက်သွားတတ်သည်။ လုပ်ငန်း ခွင်တိုင်းမှာ တွင်ကျယ်တတ်သည်။

*           ကြီးပွားသူတိုင်းရဲ့ တစ်ခုတည်းသော အရည်အချင်း

ကျွန်ုပ်လေ့လာတွေ့ရှိရသမျှဆိုလျှင်အောင်မြင်ကျော်ြကားကြီးပွားသူတွေနှင့် တခြားလူတွေ ခြားနားချက်မှာ တစ်ခုသာ ရှိသည်။

ကြီးပွားသူများမှာ ကြီးပွားရမည်ဆိုသော အလုပ်ကို တကယ် လုပ်ပြီး မည်သည့်အကြောင်း၊ မည်သည့်အခက်အခဲနှင့် ရင်ဆိုင် ရသည်ဖြစ်စေ နောက်မဆုတ်ဘဲ ရုန်းကန်လှုပ်ရှားသွားကြ သည်။

ကံကြမ္မာဆိုးကို အရှုံးမပေး၊ အခက်အခဲကို အရေးမစိုက် သူများဖြစ်၏။

*            ခေါင်းဆောင်ရဲ့ အရည်အချင်း

သူသည်..

လေ့လာမှတ်သား၏။

စာပေလေ့လာ၏။

နားစိုက်ထောင်၏။

နှိုင်းယှဉ်ကြည့်၏။

စိတ်အစဉ်မှာ ထာဝရ နိုးကြားနေတတ်၏။

He observes.

He reads.

He listens.

He compares.

His mind is alert.

သူအသုံးတည့်မည့် ဗဟုသုတကို အမြဲတမ်းရှာဖွေလျက် ရှိ၏။

 He is always on the look-out for knowledge he can use.

သူသည် မှတ်ဉာဏ်ကိုသာ အားကိုးကာ စက်ရုပ်လူသားလို လှုပ်ရှားသူမဟုတ်။

 စိတ်ကူးသစ်၊ နည်းသစ်များကို အသုံးချ သူဖြစ်သည်။ He makes use of new ideas and methods.