Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဗမိုး - သင့်အောင်မြင်မှုအတွက်သင်ကိုယ်တိုင်စွမ်းဆောင်ပါ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

အခန်း(၁)

လွတ်လပ်လှုပ်ရှားနေသော စွမ်းအားများ

တစ်ဦးချင်းမှသည် တစ်မျိုးသားလုံး

    “တစ်နိုင်ငံရဲ့ ရေရှည်တန်ဖိုးသည်

နိုင်ငံတော်ကို ဖွဲ့စည်းထားသော

တစ်ဦးချင်းလူသားများဖြစ်၏”

ဂျွန်စတူးဝပ်မီလ်

 

“ကျွန်ုပ်တို့သည် နည်းစနစ်တွေကိုသာ

ကြည့်မိနေတာများသည်၊

လူကိုကြည့်မိတာ နည်းလွန်းသည်”

ဒစ္စရေလီ

 

          မိမိကိုယ်မိမိကူညီသူများကို ကောင်းကင်ဘုံက ကူညီသည်။

          လက်တွေ့ ကောင်းစွာ ကျင့်သုံးပြီး စံချိန်တင်ထားရသော ဆောင် ပုဒ်ဖြစ်သည်။

          ဆောင်ပုဒ်က ငယ်ငယ်လေးပါ။ ဒါပေမဲ့ ဒီဆောင်ပုဒ်ငယ်ငယ်လေးထဲမှာ လူသားများရဲ့ အတွေ့ အကြုံတွေ တစ်လှေ ကြီးပါ။

          ကိုယ့်အစွမ်းနှင့်ကိုယ်တိုင် လှုပ်ရှားအားထုတ်ခြင်းသည် လူတစ် ဦးချင်း၏ စစ်မှန်သော ကြီးပွားတိုးတက်မှု အားလုံးရဲ့ ရေသောက် မြစ်ဖြစ်သည်။

          ဤကဲ့သို့ တစ်ဦးချင်း ကြီးပွားတိုးတက်ခြင်းများ စုပေါင်းထား မှ တစ်မျိုးသားလုံး၏ခွန်အား၊ စွမ်းအားများ အမှန်တကယ် ဖြစ်မည်။

          ပြင်ပ အကူအညီဆိုသည်က မိမိတို့စွမ်းအားကို ချည့်နဲ့စေတတ် သည်။

          မိမိတို့ ကိုယ်တွင်းဖြစ် ခွန်အားသာလျှင် တွန်းအားအကောင်းဆုံး ဖြစ်သည်။

          တစ်ပါးသူက တစ်ခုခု ကူညီလာပြီဆိုရင် အကူအညီယူသူ၊ ခံရ သူမှာ မိမိဘာသာ လှုပ်ရှားရမည့် တွန်းအား၊ မလုပ်မနေလုပ်ရမည့် အနေအထား လျော့ပါးသွားပါပြီ။ လမ်းညွှန်တာတွေများလွန်းသွား ပြီး အုပ်ချုပ်တာတွေများလွန်းလာရင် လူမှာ စွမ်းအားမဲ့၊ အားကိုး ရာမဲ့ ဖြစ်သွားသည်။

          အကောင်းဆုံး နေရာမှပေးသော အကူအညီဆိုသည်မှာပင် အသက်မပါလှပေ။ လှုပ်ရှားအားကောင်းလှတာ မဟုတ်ပေ။ အမှန် က လူကို သူ့ အတိုင်းလွတ်လွတ်လပ်လပ်နှင့် သူ့ တစ်ဦးချင်း ပိုကောင်းအောင် လွှတ်ထားရမည်။ သို့ သော် ခေတ်အဆက်ဆက် ပင် လူတို့သည် မိမိတို့ စိတ်ချမ်းသာကိုယ်ချမ်းသာဖို့ကို မိမိတို့ ဘာသာ လှုပ်ရှားအားထုတ်ရယူခြင်းထက် ဌာန” များက လုပ်ပေး မှာဆိုတာကို ယုံကြည်မြဲခဲ့ကြသည်။ သို့ဖြင့် ပြင်ပဌာနများကိုလိုအပ်တာထက် ပိုပြီး ယုံကြည်ကိုးစားခဲ့ကြသည်။

          အမှန်က လူပျင်းကို အားထုတ်လှုပ်ရှား ဝီရိယအားကောင်းလာ အောင်၊ စေးနည်းသူကို ပေးကမ်းမှု ပြုဖြစ်လာအောင်၊ အရက်သေစာ မူးယစ်သူကို အမူးပြေကာ စိတ်မှန်လာအောင် ပြုစွမ်းသူမှာ ကိုယ် တိုင်သာဖြစ်သည်။ လွတ်လွတ်လပ်လပ် လှုပ်ရှားမှုများဖြစ်သော မိမိကိုယ်မိမိ တွန်းအားများ ခြိုးခြံချွေတာခြင်းများဖြစ်သည်။

          အမှန်က နိုင်ငံတော်၏ စွမ်းအားသည် ၎င်း၏ ဖွဲ့စည်းမှု ပုံသဏ္ဍာန်ပေါ်မှာ မဟုတ်ဘဲ ပါဝင်သော တစ်ဦးစီ၏ စရိုက်ပေါ်မှာ တည်သည်။

          တစ်မျိုးသားလုံးဆိုတာက တစ်ဦးချင်းကို စုပေါင်းဖွဲ့စည်းထား တာမဟုတ်လား။

          လူ့ယဉ်ကျေးမှု ဆိုတာကလည်း လူတစ်ဦးချင်းတိုးတက်မှုတွေ စုပေါင်းဖြစ်တည်နေခြင်း မဟုတ်လား။

          တစ်မျိုးသားလုံး၏ တိုးတက်မှုသည် တစ်ဦးချင်းရဲ့ ဝီရိယ၊ ခွန်အားနှင့် ဖြောင့်မတ်မှုများ၊ ပေါင်းစည်းထားသလို တစ်ဦးချင်းရဲ့ ပျင်းရိမှုများ၊ တစ်ကိုယ်ကောင်းဆန်မှုများ၊ ဒုစရိုက်များ ဖွဲ့စည်းထား ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် လူ့အသိုင်းအဝိုင်း အနေအထား ကို ပိုပြီးကောင်းအောင်၊ စရိုက်တွေ ပိုပြီးကောင်းအောင် အောက်ခြေ မှစပြီး လှန်လှောကာ လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ဤတွင် မျိုးချစ်စိတ်နှင့် ဒါနစိတ်ဆိုသည်များမှာ ဥပဒေတွေပြောင်းလဲ၊ ဌာန တွေပြောင်းလဲသည်ထက် လူတစ်ဦးချင်းကို အကူအညီပေး၊ တွန်း အားပေးတာက လူသားအားလုံးရဲ့ တိုးတက်မှုတွေကို မြှင့်တင်ပေး နိုင်မည်ဖြစ်သည်။ သူတို့ဘာသာ လှုပ်ရှားအားထုတ်မှုတွေမှာ ပိုပြီးလွတ်လပ်မှုပေးဖို့ဖြစ်သည်။

          ကျွန်စိတ်ပျောက်ဖို့လိုသည်

          လူတစ်ဦးချင်း အကြီးဆုံး ကျွန်ဖြစ်သွားသည်မှာ အုပ်ချုပ်သူ ထက် မိမိ၏အသိဉာဏ်အားနည်းမှု၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် ဒုစရိုက်မှုများကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိနှလုံးသားထဲမှာ ကျွန်စိတ်ရှိနေရင် ကျွန်အဖြစ်က ကျွတ်လွတ်သွားအောင် ဆရာပြောင်းလဲရုံ၊ ဌာနပြောင်းလဲရုံနှင့် ရမည်မဟုတ်ပေ။(လူမှာရှိနေသော အသိမိုက်မဲ အားနည်းမှု အဝိဇ္ဇာနှင့် အသိမှားယွင်းမှု မောဟကို မိမိသာလျှင် ဖျောက်ဖျက်ပြုပြင်သွားရမည်ဖြစ်သည်) ။

          လွတ်လပ်ခြင်းအတွက် ခိုင်မာကျစ်လျစ်သော အခြေခံပန္နက်ကို လူတစ်ဦးချင်းစရိုက်ပေါ်မှာ မူတည်ရသည်။The solid foundation of liberty must rest upon individual character.

          သို့မှသာလျှင် တစ်မျိုးသားလုံး လုံခြုံမှုရကာ တစ်မျိုးသားလုံး တိုးတက်မည် ဖြစ်သည်။ အင်္ဂလိပ်တို့၏ လွတ်လပ်မှု အချုပ်အခြာ သည် ဤကဲ့သို့သော ခွန်အားအစစ်အမှန်ကို အနှစ်သာရပြုထား၏။ In this consists the real strength of English liberty. လူတစ်ဦး အားထားရာ ရင်းမြစ်သည် ပြင်ပမှာမဟုတ်။ မိမိတို့ ကိုယ်တွင်း (within himself) ဟု သူတို့ ခံစားသည်။ လွတ်လပ် စွာပြောဆိုခွင့် (freedom of speech) ထက် မိမိတို့ဘဝ နေထိုင် မှု တော်တည့်ဖြောင့်မတ်ခြင်းနှင့် အားစိုက်ခွန်စိုက် လှုပ်ရှားမှုများကြောင့်ဖြစ်သည်ဟု ခံစားသည်။

          ဤသို့ဖြင့် စွမ်းအားခွန်အား အနည်းဆုံးလူသည်ပင် နိုင်ငံနှင့် လူမျိုး တည်ဆောက်မှု ခေတ်အဆက်ဆက်မှာ ပါဝင်နိုင်ခဲ့သည်။ တွေးခေါ်ရှင်များ၊ လှုပ်ရှားသူများထဲတွင် လယ်ယာလုပ်သူများ၊ သတ္တုတွင်းလုပ်သားများ၊ တီထွင်သူများ၊ ရှာဖွေသူများ၊ အရောင်း အဝယ်သမားများ၊ စက်ပြင်လုပ်သားများ၊ လက်လုပ်လက်စား ကာယလုပ်သားများ၊ ကဗျာစာဆိုများ၊ နိုင်ငံရေးသမား စသည်များ အားလုံး ပေါင်းစုံပါဝင်လှုပ်ရှားခဲ့သည်။ သို့ဖြင့် မျိုးဆက်တစ်ဆက် ၏ လုပ်အားကို နောက်မျိုးဆက်က ဆက်လက်၍ ရှေ့သို့သယ်ဆောင်ခဲ့ကြသည်။ နိုင်ငံတော်နှင့် လူမျိုးစရိုက်ကို တည်ဆောက်ခဲ့ ကြသည်။ စီးပွားတက်လမ်း၊ ကြီးပွားရေးလမ်းများ ဖောက်ခဲ့ကြ သည်။ ကျစ်လျစ်ခိုင်မာသော အခြေခံများပေါ် တည်ဆောက်ခဲ့ကြ ခြင်းဖြစ်၏။

          ဤမြင့်မြတ်သော လုပ်အားရှင် မျိုးဆက်များ၊ လူ့ယဉ်ကျေးမှု တည်ဆောက်သူများသည် ပရမ်းပတာတွေထဲ ညီညွတ်ချောပြေမှု များ ဖန်တီးယူခဲ့ကြသည်။ စက်ရုံအလုပ်ရုံ၊ သိပ္ပံပညာနှင့် အနုပညာ ရပ်များ ဖန်တီးအားကောင်းခဲ့ကြသည်။ ဤဘိုးဘွားမိဘများ၏အမွေ အနှစ်များကို ကျွန်ုပ်တို့ ရရှိခံယူကြပြီးဖြစ်သည်။ သို့ဖြင့် ဤအမွေ အနှစ်များ မပျက်ယွင်းစေရုံသာမဟုတ် ပိုပြီးကောင်းအောင်လုပ်ကာ ဆက်လက်၍ လက်ဆင့်ကမ်းခဲ့ကြရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ် သည်။

          So is it our duty to hand it down not only unimpaired, but improved, to our successors.

          ဤ ကိုယ့်အားကိုယ်ကို စိတ်ဓာတ်သည်အင်္ဂလိပ်တို့၏ထူးခြား