Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဗမိုး - ကြီးပွားချမ်းသာ‌ရေးစိတ်တန်ခိုး

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
လူတိုင်းမှာရှိသည်
          စိတ်နှင့် တန်ခိုးကို ဆစ်ပိုင်းသောအခါ အဓိပ္ပာယ် နှစ်မျိုး ရသည်။

 

          စိတ်သည်..ဆန္ဒ။

          တန်ခိုးသည် အရည်အချင်း၊ စွမ်းအား။

          စိတ်နှင့် တန်ခိုး အချိုးကျ ပေါင်းစပ်နေမှ လိုရာဆန္ဒ ပြည့်ဝ မည်။ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ ဖြစ်လိမ့်မည်။

          စိတ်တန်ခိုးနှင့် နေ့စဉ် ကိစ္စလေးတွေ ယှက်နွှယ်နေသည်မှာ စိတ်ဝင်စားဖို့ ကောင်းသည်။

          စီးကရက်၊ ဆေးပေါ့လိပ် တံဆိပ်ပြောင်းသောက်ဖို့မှာ အခက် အခဲ မရှိလှ။ သို့သော်...

ဆေးလိပ်၊ စီးကရက်ဖြတ်ဖို့ကျတော့ ရုတ်တရက်မှာ မလွယ် ပါ။ ဖြည်းဖြည်းချင်း ဖြတ်ယူရပြီး နောက်ဆုံး တွန်းတွန်းထိုးထိုး စိတ် တန်ခိုးသုံးပြီး ဖြတ်ရတော့၏။

          ထို့အတူပင် အိပ်ရာစောစောဝင်ရသည်က မခက်လှပါ။ စောစောထဖို့ဆိုလျှင်တော့ ရုတ်တရက် ချက်ချင်း မလုပ်နိုင်တော့ပါ။

 

          မထ,မဖြစ် အခြေအနေဆိုက်နေရင်တော့ အံကြိတ်ပြီး မဖြစ်ဖြစ်အောင် နှိုးစက်အားကိုးနှင့် နိုးထရသည်။ သည်မှာလည်း စိတ်တန်ခိုးကို အားကိုး ရသည်။

          သည်ကနေ့မှာ ယခင်ကာလတွေနှင့်မတူ...

          လူတိုင်း ပထမဆုံးအဆင့်အဖြစ် သူငါနည်းတူ မရှိ မရှား အဖြစ်ကို မရောက်ရောက်အောင် လှုပ်ရှားရသည်။ သည်ကြားထဲ လက်လုပ်လက်စားနှင့် လခစားအလုပ်လုပ်သည့် မိသားစုများတွင် အဖေ ရော၊ အမေပါ၊ သားကြီး၊ သမီးကြီးများနှင့်အပြိုင် အလုပ်လုပ်နေရသည်။

          ခေတ်က ကွန်ပျူတာခေတ် မဟုတ်လား။ အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတပိုင်းကိုလည်း ယခင်ကလို အမှုမဲ့ အမှတ်မဲ့ ထမင်း စားရေသောက်အဆင့်နှင့် တင်းတိမ်နေ၍ မရတော့ပါ။

          ကွန်ပျူတာကို ကိုင်တွယ်တတ်ရမည်။ ဘာသာခြားစာ စကား တတ်ကျွမ်းဖို့ဆိုရင် အင်္ဂလိပ်စာတစ်ခုတည်းနှင့် မဖြစ်တော့ပါ။ တရုတ်၊ ဂျပန်မှအစ အာရှဘာသာစကားတစ်ခုခုကို တတ်ကျွမ်းနေရမည်။ ဂျပန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူသွားသူများ ကိုယ်တွေ့ပါ။ အာရှနိုင်ငံ များစွာက မြန်မာနိုင်ငံမှာ လာရောက်ပြီး စီးပွားလုပ်ကိုင်နေကြပြီဖြစ်ရာ သူတို့ရဲ့ ဘာသာစကား တတ်ကျွမ်းသူများကိုသာ ဦးစားပေး အလုပ် ခန့်ပေလိမ့်မည်။

           အခွင့်လမ်းသစ်တွေ တိုးပွားလာသည်နှင့်အမျှ ယင်းတို့ကို ဖမ်းယူနိုင်အောင် အရည်အချင်းသစ်တွေ မိမိတို့မှာ တိုးပွားနေရမည်။ သို့သော် ပူပန်စရာမရှိပါ။

          ကြီးပွားချင်သူ၊ ချမ်းသာချင်သူတိုင်း လှုပ်ရှားရမယ့် အနေ အထားနဲ့ လိုအပ်ချက်တွေပါ။ ဒီစာစုကို စာဖတ်သူအပါအဝင် မိမိတို့

          ကြီးပွားရေး ....

          လိုအင်ဆန္ဒ ပြည့်ဝရေး...

          ချမ်းသာရေး..စတာတွေအတွက် အနည်းဆုံး စိတ်ကူးလာရပြီ မဟုတ်ပါလား။

          စာတွေ့လက်တွေ့ လေ့ကျင့်နေရပြီ မဟုတ်ပါလား။ သည်အနေအထားမှာ စိတ်တန်ခိုး လိုအပ်လာပါပြီ။

          စိတ်တန်ခိုးဆို၍ ရှည်ရှည်ဝေးဝေး မတွေးပါနှင့်။ လူတိုင်း ကိုယ်စီရှိကြပါသည်။ သူ့အထွာနှင့်သူ ရှိနေတတ်ကြသည်။

အမေရိကန် စိတ်တန်ခိုး တိုးပွားရေး ပါရဂူ

          သူမရဲ့ အမည်က ဂျိုအန်ချစ်ပါ။

          တက္ကသိုလ်မှာ (ဆိုက်ကို) စိတ်ပညာမေဂျာယူခဲ့ပြီး ပညာရှင် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။

          လူမှာ ကိုယ်ကာယစွမ်းအားအပြင် အမည်တပ်၍ မရသော စွမ်းအားတစ်ခုခု ရှိလိမ့်မည်။ ကိုယ်ကာယလှုပ်ရှားမှုတွေမှာ စိတ်တွန်း အား၊ စိတ်၏ ထိန်းကျောင်းမှုတွေကို တွေ့လာရသည်။ ဂျိုအန်ချေ။

          (Mind over matter) စိတ်က ရုပ်ကိုနိုင်သည်ကို သိပ္ပံ နည်းကျ ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်လေးများမှအစ လူသတ္တဝါတို့အား လက်တွေ့ စမ်းသပ်၍ သိခဲ့ရသည်။

          စမ်းသပ်မှု၊ လေ့လာမှုများ၏အဆုံးမှာ လက်တွေ့ကောက်ချက် တစ်ခု ရရှိလာခဲ့တော့၏။

          လူတိုင်းမှာ စိတ်တန်ခိုးရှိသည်ဟူသော အချက်ပင် ဖြစ်သည်။

          ဤတန်ခိုးသည် လူ၏ လှုပ်ရှားမှုအားလုံး၏ အနှစ်သာရ ဖြစ်ပြီး အဓိက တွန်းအားပေးနေသည်မှာ ဤစိတ်တန်ခိုးပင်ဖြစ်ကြောင်း တွေ့ လာရ၏။

          သို့ဖြင့် စိတ်ပညာပါရဂူ ဒေါက်တာ ဂျိုအန်ချေသည် စိတ် ပညာကျွမ်းကျင်ပါရဂူအဖြစ် အသက်မွေးဝမ်းကျောင်းခြင်းကို ရွေးချယ် ပြီး ကြီးပွားတိုးတက်ရေး အတိုင်ပင်ခံ ပါရဂူအဖြစ် ဆိုင်းဘုတ်ချိတ် လိုက်တော့၏။

          သူမ၏ အမာခံ ယုံကြည်ချက်ကို ခုလို ပြောပါသည်။

          သင် ဘယ်သူဖြစ်ဖြစ်၊ ဘယ်အနေအထားမှာရှိနေသူဖြစ်ဖြစ် သင့်ကိုယ်တွင်းမှာ စိတ်တန်ခိုး ရှိပါသည်။

          သင်၏ စိတ်တန်ခိုးကို အသုံးချတတ်အောင် လေ့လာ လေ့ကျင့် ပါ။

          နှစ်ခြိုက်ပျော်ပိုက်စရာ ကောင်းလွန်းသော ဘဝသစ်ကို ရရှိ လာပါလိမ့်မည်။

 

          စိတ်တန်ခိုးသည်

          စိတ်တန်ခိုးသည် စိတ်၏ ပရိယာယ်ပါ။

          ကိုယ်ကာယစွမ်းအားနှင့် သတ်သတ်စီပါ။ ခြားနားပါသည်။ သို့သော်..စိတ်နှင့်ကာယ ကမ္ဘာမခြားပါ။ တစ်ဦးနှင့်တစ်ဦး ယှက်နွယ် မှီတွယ်လျက် ရှိပါသည်။

          စိတ်ဆောင်သည်ဆိုသော အပိုင်းရှိမည်။ စိတ်သွားရာကို တာစူ လှုပ်ရှားရာတွင်မူ ကိုယ်ခန္ဓာသည် အားကောင်းမောင်းသန် လှုပ်ရှား ရပါပြီ။

          လူတိုင်းအတွက် ကြီးပွားချမ်းသာရေး စိတ်တန်ခိုး

          စိတ်တန်ခိုးသည် သာမန် ဖြစ်ပါသည်။ သာမန်ထက် လွန်ကဲ သော စူပါမဟုတ်ပါ။

          ထို့ကြောင့် သူသူငါငါ လူသာမန်တိုင်းမှာ စိတ်တန်ခိုးရှိသည် ဟု ဆိုရခြင်း ဖြစ်ပါသည်။

 

ငုပ်လျှိုနေတတ်သည်

          ဤစိတ်တန်ခိုးသည် လူ၏ အတွင်းသိစိတ်မှာ ငုပ်လျှိုးနေတတ် သည်။ ဒါကို ဖွင့်တတ်ဖို့လိုသည်။ ပထမအနေဖြင့် သိမှတ်၊ ရှုမြင်တတ်ဖို့ လိုသည်။

          အဆင့်ဆင့် တွေ့ လာခဲ့ပါသည်။

၁။ ယုံကြည်ပါ။ (Believe)

၂။ သက်သောင့်သက်သာ ရှိပါစေ။ (Relax)

၃။ ရေဒီယို၊ ရုပ်မြင်သံကြားတိုင် ဖမ်းသလို ချိန်သားကိုက် ဖမ်းယူထားပါ။ (Time - in)

၄။ လက်ခံပါ။ (Accept)

၅။ သိပါ။ (Know)

၆။ လှုပ်ရှားပါ။ (Act)

၇။ လေ့ကျင့်ပါ။ (Practice)

၈။ ဖွံဖြိုးတိုးတက်နေပါစေ ။(Develop)

၁၀။ တိုးချဲ့ပါ (Expand)