Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ဝထ္ထုတိုပေါင်းချုပ်(၁)

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
Type
မမလေးပန်စရာ

          မြောက်လေက သုတ်လှသည်။

ပဲခူးမြို့ လူကုံထံပိုင်း လိပ်ပြာကန်ဘက်တွင် ဖြစ်လေသည်။ ကန်ဘက် သို့ မျက်နှာမူ၍ ဆောက်ထားသော ဆင်ဝင်နှင့် တိုက်ခံအိမ်ကြီး၏ ဧည့်ခန်း ဆောင်ဦး မျက်နှာစာ ပြတင်းပေါက်ဝယ် အသက် ၂ဝ သာသာခန့် ဖြူဖြူချော ချော မိန်းမပျိုတစ်ယောက်သည် မြောက်လေပြန်ဦးဝယ် လှုပ်ကစားနေသော ခြံစည်းရိုး ပုဏ္ဏရိပ်ပင်ကလေးများကို လှမ်း၍ကြည့်နေလေသည်။

          ကဗျာဆရာ ကိုသန်းဆွေက မိန်းမပျို၏နောက်ပိုင်းကို တစ်ချက်မျှ လှမ်း ၍ မော်ကြည့်လိုက်သည်။

          “နွဲ့” သူက ခပ်အေးအေး ခေါ်လိုက်ပေသည်။

          နွဲ့က ပုဏ္ဏရိပ်ပင်ကလေးများကို ကြည့်နေရာမှ ချာခနဲလှည့်ကာ သူ့ကို ကြည့်လေသည်။

          “ဘာပြောမလို့လဲ ဟင် ကိုသန်းဆွေ” နွဲ့က သူ့ကို မခို့တရို့ပင် ပြုံးလိုက် ရင်းက မေးနေသည်။

          “ကိုယ်တို့ ဒီလိုပဲ နေသွားရတော့မှာလား နွဲ့ ရယ်” သူက ကဗျာဆရာပီပီ ပင်ဘဲနှစ်လုံးဆင့်ကာ ကဗျာဆန်ဆန် အဖြည့်ခံပေးလိုက်ပေသည်။

          နွဲ့ က အသံကလေးများထွက်အောင်ပင် တခစ်ခစ် ရယ်ပစ်လိုက်ပေ သည်။

          နွဲ့ ရှေ့မှာ မျက်နှာကလေးနှင့် တွေ့ နေရာမှ ကဗျာဆရာကိုသန်းဆွေ က နွဲ့ ကို အလန့်တကြားပင် မော်၍ကြည့်လိုက်သည်။ ဖွဲ့ ရယ်လိုက်ပုံကို သူက အံ့သြသွားပါသည်။ နို့က သူ့ကို ခနိုးခနဲ့ ရယ်လိုက်တာများလား။

          “ဪ” သူ့ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။ ။

          နွဲ့ က မျက်နှာပိုး သတ်လိုက်သည်။

          “မဟုတ်သေးဘူး ကိုသန်းဆွေ၊ ရှင့်ဟာက ဟုတ်ကို မဟုတ်သေးဘူး”

           `နွဲ့ က ညည်းညည်းညူညူနှင့် ပြောလိုက်သည်။ ။

          “ဘယ်လိုများ မဟုတ်ရတာလဲ နွဲ့ ရယ်၊

          " ကိုသန်းဆွေနဲ့ နွဲ့တို့ တစ်ယောက်နဲ့ တစ်ယောက် ခုလို သမီးရည်းစားဘဝနဲ့ နေလာကြတာ ဘယ် လောက် ကြာပြီလဲကွယ်”

          သူကတော့ သူ့အမြင်ကို သူ့စကားလုံးကလေးတွေနှင့်သာပဲ ပြောနေ လေသည်။

          “ခက်တော့တာပဲ ကိုသန်းဆွေ တစ်ယောက်တော့”

          နွဲ့ က ကိုသန်းဆွေကို ပြောရမှာ အားနာသကဲ့သို့ ပြောလက်စ စကား ကို ဆုံးအောင်မပြောနိုင်ရှာဘဲ တစ်ပိုင်းတစ်စနှင့် ရပ်ထားလိုက်ကာ သူမရဲ့ ချစ်သူကို သနားမိသော အမူအရာဖြင့် ကြည့်နေမိပေသည်။

          “ဘာများ ခက်ရပြန်တာတုန်း နွဲ့ ရယ်”

          ကဗျာဆရာကတော့ ကဗျာသာပဲ ဆန်နေလေသည်။

          “နွဲ့ ဘာပြောရဦးမှာလဲ ကိုသန်းဆွေ”

           နွဲ့ က စိတ်ပျက်စွာ ပြောလိုက် လေသည်။

          “ကိုယ်တို့ လက်ထပ်ဖို့ ကိစ္စပေါ့ ” . ။

          “ ဒါကြောင့် ရှင့်ကို ခက်တယ်လို့ ပြောရတာပဲ ကိုသန်းဆွေ”

          “လာပြန်တုန်းပဲလား ဒီခက်တယ်ဆိုတာ နွဲ့”

          “မဟုတ်သေးဘူး ကိုသန်းဆွေ ရှင်ဟာလေ လူ့လောကအပြင်ဘက်မှာ တစ်ယောက်တည်း ရောက်နေပြီး ရှင့်ဘာသာရှင် စိတ်ကူးယဉ်နေတဲ့ လူ တစ်ယောက်ပဲ”

          မပြောရက်သော်လည်း မလွှဲသာသဖြင့် နွဲ့ က သူ့မျက်နှာကို သနား သလို၊ အားနာသလိုကြည့်ရင်း တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလိုက်ရရှာ ပေပြီ။

          သူက မည်သို့မျှတော့ ပြန်မပြော၊ ဟုတ်များပဲ ဟုတ်နေလို့လား ကဗျာ ဆရာရယ်။

          နွဲ့ ပြောတာကိုပဲ သူက အသား နားထောင်၍ နေရှာသည်။ သူ့ကို လူ့လောက အပြင်ဘက်မှာ ရောက်နေတဲ့ လူတစ်ယောက်ပါတဲ့။ နွဲ့ က သည်ဟာ နှင့်ပင် မပြီးလိုက်သေးတော့ တစ်ယောက်တည်း သူ့ဘာသာသူ စိတ်ကူးများ ပင် ယဉ်နေလိုက်သေးသော လူတစ်ယောက်ပါတဲ့လေ..။

          သူက နွဲ့ ပြောတာကို အငေးသား နားထောင်ရင်း စဉ်းစားနေသလား...။

          “ရှင်လည်း ပညာတတ်တစ်ယောက်ပဲ ကိုသန်းဆွေ၊ ရှင် တတ်ထားတဲ့ ပညာတွေနဲ့ ရှင့်ဘာသာရှင်ပဲ စဉ်းစားကြည့်စမ်းပါဦးတော့”

          သူက ပါးစပ်အဟောင်းသားနှင့် ငြိမ်နေသဖြင့် နွဲ့က ဆက်လက်၍ သြဝါဒများ ပေးနေပါသည်။

          သူက မည်သို့မျှတော့ ပြန်မပြော၊ မျက်လုံးဝိုင်းကြီးများဖြင့် ဖွဲ့ ပြောနေ တာကိုပဲ အသားကြည့်ရင်းက ငြိမ်သက်စွာပင် နားထောင်နေသည်။

          “ဗမာပြည်ထောင်စုတစ်ခုလုံး မီးဟုန်းဟုန်းတောက်ပြီး လူမှန်သမျှ ကယ်ပါယူပါ တစာစာဖြစ်နေတဲ့ ခုလိုအချိန်ဆိုး အခါဆိုးကြီးမျိုးမှာ ရှင့်ဘာသာ ရှင့်တစ်ယောက်တည်း “အေးရိပ်သာတဲ့ ပြည်ညောင်ညိုရဲ့ ဒိုးယိုစီးနေတဲ့ နဒီ တွင်းမှာ နွေရဲ့ နောက်ဆုံးသော နှင်းဆီတစ်ပွင့် မောင့်အိပ်မက်ရဲ့ ဧကရီ”တဲ့ စိတ်ကူးယဉ် ကဗျာကလေးတွေကို သီကုံးပြီးနေနိုင်တာများ ဘွင်းဘွင်းပြော ရင်တော့ ကိုသန်းဆွေကို နွဲ့ဖြင့် အံ့ပဲအံ့လို့ မဆုံးနိုင်ပါဘူး”

          နွဲ့က သူ့ကို မကြည့်တော့ဘဲ ပြတင်းပေါက်မှ အပြင်ဘက်ဆီသို့ လှမ်း မျှော်၍ကြည့်ရင်း ပြောနေပေသည်။

          နွဲ့ စကား ဆုံးသွားသောအခါ ကဗျာဆရာက ပြုံးလိုက်လေသည်။

          “ဗမာပြည်ထောင်စုကြီး မီးဟုန်းဟုန်းတောက်တာနဲ့ ကဗျာမစပ်ရတော့ ဘူးလား နွဲ့” သူက မေးခွန်းသစ်ဖြင့် အဘိဓမ္မာဆရာဆန်ဆန် မေးလိုက်သည်။

          အပြင်ဘက်သို့ ငေးကြည့်နေရာမှ နွဲ့ ချာခနဲလှည့်ကာ သူ့ကိုကြည့်လေ သည်။

          “ရှင့်မေးခွန်းကို ကောင်းကောင်း မသဲကွဲလိုက်လို့ ကိုသန်းဆွေ နောက် တစ်ခေါက်ပြန်ပြီးတော့ မေးလိုက်စမ်းပါဦး”

          `နွဲ့ က ကျားမလေးသဖွယ် သူ့ကိုကြည့်ရင်း မေးလိုက်လေသည်။

          “ဗမာပြည်ထောင်စုကြီး မီးဟုန်းဟုန်းတောက်နေတာနဲ့ပဲ ကဗျာဆရာ တစ်ယောက်ဟာ သူ့ကဗျာသူ မစပ်ရတော့ဘူးလားလို့ မေးလိုက်တာပါ”

          သူက ပြုံး၍ ခပ်အေးအေးပင် ပြောလေသည်။ “သြ ... ကဗျာဆရာဟာ သူ့ကဗျာသူ မစပ်ရတော့ဘူးတဲ့လား.....” ကဗျာဆရာက ခေါင်းညိတ်လိုက်သည်။

          “ကထုပ်မှာ ကရင်တွေနဲ့ တိုက်ပွဲကြီးဖြစ်တဲ့နေ့က ရှင်က ဟင်္သာကုန်းမှာ တစ်ယောက်တည်းသွားပြီး ရေးလာခဲ့တဲ့ “မောင့်အိပ်မက်ရဲ့ ဧကရီ”ဆိုတဲ့ ကဗျာ ကို နွဲ့ က သိမ်းထားတယ် ထင်လို့လား”

          “ဟင် ... နွဲ့ မသိမ်းထားဘူလား၊ ဒီကတော့ နွဲ့ အတွက် အမြတ်တနိုး ရေးလာခဲ့ရတာ”

          “နွဲ့ ဆုတ်ပြီးတော့ မီးရှို့ပစ်လိုက်တယ် ကိုသန်းဆွေ၊ ဒီဟာကို မပြော ဘူးလို့တော့ နေတာပဲ”

          “ဆုတ်ပစ်တယ် ... မီးရှို့ပစ်လိုက်တယ် ... ဟုတ်လား နွဲ့ရယ်”

          နွဲ့ က သူ့ကိုမကြည့်တော့ ပြန်၍လည်း စကားမပြောတော့ဘဲ အပြင် ဘက်ကို ကြည့်နေလိုက်သည်။

          သူက ဝမ်းနည်းပက်လက်နှင့် ခေါင်းကို ခါနေလိုက်သည်။ သနားစရာ ကဗျာဆရာ ...။

          တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင်ပင် စကားမပြောနိုင်ကြ တော့ဘဲ တိတ်ဆိတ်နေလေသည်။

          နွဲ့ ကတော့ ခြံစည်းရိုးတွင် လှပစွာစီတန်းစိုက်ပျိုးထားသော ပုဏ္ဏရိပ်ပင် ကလေးများကို အသားကြည့်နေစဉ် သူက ခေါင်းငုံ့ စဉ်းစားနေလေသည်။

          စစ်ကားများ သနပ်ပင်ဘက်သို့ ဝေါခနဲ၊ ဝေါခနဲ ဖြတ်သွားသံသည် မကြာခဏ ကြားရပေသည်။

          အတန်ကြာပင် စကားမပြောနိုင်ကြဘဲ တိတ်ဆိတ်၍ နေရာမှ ..

          “နွဲ့” ဟု ကဗျာဆရာက ညှစ်ထုတ်၍ရလာသော အသံကလေးဖြင့် တိုးတိုးခေါ်လိုက်လေသည်။

          နွဲ့က သူ့ကို လှည့်၍ကြည့်သည်။

           နွဲ့ က သူ့ကို ပကတိ ဣန္ဒြေရရပင် ကြည့်နေပေသည်။

          နွဲ့ ရဲ့ ပကတိဣန္ဒြေရရမျက်နှာကို သူက အားယူ၍ကြည့်ရင်း .... ။

          “ကရင်တွေနဲ့ ကထုပ်မှ တိုက်ပွဲဖြစ်တာနဲ့ ကိုသန်းဆွေ ကဗျာရေး နေမိတာ ဘယ်လိုများ အပြစ်ရှိလို့လဲ နွဲ့ ရယ်”

          သူက ကဗျာဆရာပီသစွာပင် မေးလိုက်လေသည်။ နွဲ့က သူ့ကို ကြည့်နေရင်း မျက်နှာမှာ ညှိုးသွားသည်။

          “ပဲခူးတစ်မြို့လုံး သေမှာလား၊ ရှင်မှာလားဆိုပြီး တထိတ်ထိတ် တလန့် လန့် ဖြစ်နေရတဲ့ အချိန်အခါ ကြီးမျိုးမှာတောင်မှပဲ ရှင်သာ ရှင့်ဘာသာတစ်ယောက်တည်း ကဗျာရေးနိုင်ရက်တယ်၊ နွဲ့ မပြောပါရစေနဲ့တော့ ကိုသန်း ဆွေ၊ နွဲ့ ရှေ့ဆက်ပြီး မပြောပါရစေနဲ့တော့ နွဲ့..” အသံမှာ တိုး၍လာရာမှ တိမ်၍ဝင်သွားသည်။

          နွဲ့ က ကရုဏာဒေါသော ဖြစ်နေပုံပင် ထင်ရပေသည်။ ပြီးတော့ ရည်းစား ဖြစ်သူ ကဗျာဆရာအား အားမလိုအားမရ ဖြစ်နေသည်။

          ကိုသန်းဆွေက နွဲ့ ဖြစ်နေပုံကို တစ်ချက်မှ မော်ကြည့်ရင်း အဘိဓမ္မာ ဆန်ဆန် ပြုံးရုံမျှပြုံးလိုက်လေသည်။ နွဲ့ က ကရုဏာဒေါသောနှင့် သူ့ကို အား မလို အားမရ ပြောလိုက်ပုံကလေးကိုပင် သဘောကျနေသကဲ့သို့ တစ်ယောက် တည်း ခေါင်းကို ညိတ်နေမိသည်။ ။

          “ပဲခူးမြို့ကို ကာကွယ်ဖို့ဟာက အစိုးရလုပ်တဲ့ လူစုရဲ့ တာဝန် နွဲ့ ရဲ့၊ အစိုးရကလည်း ပဲခူးမြို့ကို ကရင်မဝင်နိုင်အောင် ကာကွယ်ဖို့ စစ်တပ်တွေ အသင့်ချထားသားပဲ မဟုတ်လား၊ ပြီးတော့ ရဲဘော်တွေလည်း ရှိသေးသားပဲ”

          သူက အေးချမ်းစွာနဲ့ပဲ နွဲ့ကို ပြောပြနေလိုက်ပေသည်။ နွဲ့ က ပြတင်းပေါက်ဘက်သို့ ချာခနဲလှည့်သွားလိုက်သည်။

          “နွဲ့” သူက အေးအေးချမ်းချမ်းပင် ခေါ်နေလိုက်သည်။ နွဲ့က သူ့ကို ပြန်၍ပင် လှည့်မကြည့်ပါတကား။

          “နွဲ့” သူက အသာအယာပြုံးရင်း ထပ်၍ခေါ်နေလိုက်ပြန်ပေသည်။ နွဲ့ က တော့ ပြတင်းပေါက်ဘက်တွင် နှုတ်ခမ်းစူထားလိုက်သည်။ သူသည် ထိုင်ရာမှ အသာအယာ ထလိုက်ပြီးနောက် နဲ့ အနီးသို့ လျှောက်သွား၍ ရပ်လိုက်သည်။

          နွဲ့ က သူ့ကို လှည့်၍မကြည့်ပါ။ - ထိုအခိုက် ဂျစ်ကားလေးတစ်စီးသည် နွဲ့ တို့အိမ်ရှေ့မှာ ရပ်လာပြီးနောက် စစ်ဝတ်စစ်စားနှင့် အသက် အစိတ်သာသာခန့် စစ်အရာရှိကလေးနှစ်ဦးသည် ကားပေါ်မှ ဆင်းလာသည်။

          “ဟော ကိုလေးတို့ ဒိုက်ဦးက ပြန်လာကြတယ်ထင်ပါရဲ့” နွဲ့ တစ်ယောက်တည်း အားရဝမ်းသာ ပြောနေရာမှ “ကိုလေးရေ ... ကိုလေး”

          စစ်ဝတ်စစ်စားနှင့် လူရွယ်နှစ်ယောက်အနက် ပခုံးကြယ်နှစ်ပွင့်နှင့် စစ် အရာရှိကို ကြည့်ရင်း လှမ်း၍ခေါ်လိုက်လေသည်။

          ပခုံးမှာ ကြယ်နှစ်ပွင့်နှင့် စစ်အရာရှိက နွဲ့ ကို မော်၍ကြည့်လေသည်။

          “ဦးလေးတို့ ရှိရဲ့လား ဟေ့ နွဲ့”

          “ဖေဖေ ရန်ကုန်သွားနေတယ် ကိုလေး၊ မေမေလည်း ဝိပဿနာကို ဥပုသ်စောင့်သွားနေတယ်”

          နွဲ့ က ချာခနဲလှည့်ကာ သူမနောက်နားမှ ရပ်နေသော ကဗျာဆရာကို ရှောင်၍ တံခါးဝဆီသို့ ခပ်သွက်သွက်ကလေး လျှောက်သွားလေသည်။

          နွဲ့ ရဲ့ ကိုလေးနှင့် သူ့ဘေးမှ အဖော်တို့ ဧည့်ခန်းဆောင်ဦးသို့ ဝင်လာကြ သည်။

          “ဒါက နွဲ့... ကျွန်တော့်နှမ တစ်ဝမ်းကွဲလေ ကပ္ပတိန်အောင်ကြီး၊ ဒါ ကပ္ပတိန်အောင်ကြီးလေ နွဲ့ ... ကိုလေးတို့နဲ့ တစ်တပ်တည်းကပဲ၊ ကတုပ်မှာ ကရင်တွေကို ခံချခဲ့တဲ့ စစ်သားကြီးပေါ့ နွဲ့ ရဲ့”

          ကိုလေးက သူ့နှမဝမ်းကွဲ နွဲ့ ကို သူနှင့်အတူ အဖော်ပါလာသော ကပ္ပတိန်အောင်ကြီးနှင့် ခေတ်မီစွာပင် မိတ်ဆက်ပေးလေသည်။

          ကပ္ပတိန်အောင်ကြီးက ပဲခူးမြို့ကို ကာကွယ်ခဲ့သော စစ်သားကြီး၏ ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ နွဲ့ ကလည်း ခေတ်ပညာတတ် တစ်ယောက်ပီပီ သူမရဲ့ လက်ကလေးကို ကမ်းပေးလိုက်သည်။