ဗန်းမော်တင်အောင် - ဝထ္ထုတိုငါးပုဒ်
မေမြို့မှာနွေဦး
ချစ်စဖွယ် နွေဦးကလေး ဆန်းသစ်ထားတော့မှဖြင့် ညောင်း ရွက်ခမျာများ ကြွေရရှာလေသည်။ ဒီလို ပြောင်းရွက်တွေ ကြွေမှပဲ ရွက်သစ်တို့ ဝေနိုင်ကြရှာပေမည်။
ညောင်းရွက်လည်း ကြွေလေပြီ။
လောင်းရွက်လည်း စီချေပြီ။
“ဥသြ.. ဥဩ.. ဥသြ” -
ချစ်စဖွယ် ရွှေဥဩလည်း နွေဦးကို ကြိုနေပါပြီ။
ထိုင်းမှိုင်းလိုက်တဲ့ ပတ်ဝန်းကျင်။ ကိုခင်မောင်သည် သူ၏ ပတ်ဝန်းကျင်ကို အပြစ်တင်လိုက်သည်။ အိမ်ကြီးတစ်ခုလုံးမှာ သူ တစ်ယောက်တည်းရယ်၊ သူ့မယား မမြမှုတော့ရယ် နယ်ပိုင်ဝန်
ထောက် ကိုသက်တင် မင်းကတော် မခင်စီတို့နှင့် ကျွန်းတော်ဘုရားပွဲ ကို လိုက်သွားလေသည်။
အသွင်မတူသော မယား အမှန်ပါပဲ။ ကိုခင်မောင်နှင့် မမြမူတို့ မှာ နှစ်ဦးနှစ်ဖက် လူကြီးချင်း စေ့စပ်ပေးစား၍ ညားခဲ့သော လင်မယားများပဲ ဖြစ်ကြသည်။ ကိုခင်မောင်သည် အနုပညာလောကမှ ဂီတနှင့် စာပေသမား ဖြစ်သည်။ မမြမှုကတော့ အပျော်အပါးနှင့် ကြွားချင် ဝါချင်သော မိန်းကလေး ဖြစ်သည်။ ဒါကြောင့် အသွင်မတူ သော လင်မယား။
ထိုင်းမှိုင်းသော ပတ်ဝန်းကျင်အောက်မှ တကယ်ပဲ ပျင်းစရာ ကောင်းနေသည်။ အိုမင်းရင့်ရော်ခဲ့ပြီဖြစ်သော အတိတ်မှာတော့...။
တစ်ခုတော့ ရှိသည်။ ထိုင်းမှိုင်းသော ပစ္စုပ္ပန်၏ ငြီးငွေ့ဖွယ်ရာ ပတ်ဝန်းကျင်အောက်မှာ တစ်ယောက်တည်းပဲ အသီးသီး ပျင်းရိနေရ သည်ထက်တော့ အိုမင်းရင့်ရော်ခဲ့ပြီဖြစ်သော အတိတ်၌ ရေးရေးသာ ထင်တော့သော ချစ်စရာအချိန်ကလေးများနှင့် ပတ်ဝန်းကျင်ကလေး များကို ပြန်လည် စိတ်ကူးယဉ်ကြည့်ရသော အရသာမှာ...။
" မနှစ်ကပေါ့ မေမြို့မှာ၊ နွေဦးကလေးရယ်...”
နွေဦးသည် မေမြို့မှာတော့ အင်မတန်ပဲ ချစ်စရာကောင်းလှ သည်။ ရာသီဥတုကလည်းပဲ အေးမြပါဘိသည်။ ချမ်းမြေ့လတ်ဆတ်သော လေနုအေးသည်လည်း ထင်းရှူးပင်နှင့် သစ်တော်ပင်များ အကြားမှာ အစဉ်ပဲ ကစားနေတတ်သည်။ နွေဦးဝယ် မေမြို့သည် အင်မတန်ပဲ နေထိုင်၍ကောင်းသော တောင်စခန်းမြို့ကလေး ဖြစ်လေ သည်။ နေ့လယ်နေ့ခင်း အပူရှိန် ပြင်းလာသောအခါ ရေခဲသေတ္တာ ထဲမှာ နို့အေးစစ်စစ်နှင့် ရှမ်းမလှလှကလေးတွေ လာရောင်းသော ချစ်စရာ စတော်ဘယ်ရီသီးကို ဖျော်၍စားရသောအရသာမှာ မည် သည့်အရသာနှင့်မျှလည်း မတူပါ။
နေ့ခင်း အိပ်ရာမှ တစ်ရေးနိုး ကိုခင်မောင်သည် နို့အေးနှင့် ဖျော်၍ထားသော စတော်ဘယ်ရီသီးကို တစိမ့်စိမ့်စားရင်း မေမြို့၏ချစ်စရာ နွေဦးကလေးကို စဉ်းစားနေလေသည်။ သဘာဝ၏ သူ့နဂို ပကတိအလှအပကလေးများကို သူသည် နှိုက်နှိုက်ချွတ်ချွတ် ကြည့်ရှု တတ်သော အနုပညာသမား တစ်ယောက်ဖြစ်သည်။ အနုပညာ သမားများသည် သူတို့၏ အနုပညာပတ်ဝန်းကျင်မှာ ယစ်မူးရတော့ မည်ဆိုရင်တော့ တစ်လောကလုံးကို မေ့လျော့နေတတ်သော လူစား မျိုး ဖြစ်လေသည်။
“ချစ်စရာကောင်းသော ဆရာမကလေး မေ”
မေသည် ပြုံး၍ ကိုခင်မောင်ဆီသို့ လာသည်။ ကိုခင်မောင်က တော့ သူ့စိတ်ကူးနှင့်သူ ယစ်မူးလို့ “ဘာတွေများ စိတ်ကူးနေသလဲ ကိုခင်မောင်... ကိုခင်မောင်”နှင့် မလှမ်းမကမ်း ကုလားထိုင်တစ်လုံး ပေါ်မှာ ထိုင်ရင်း မေးလိုက်သည်။
“ဪ..ဆူရာမ” သူ အမူးပြေသွားပြီ။ သူ လန့်သွားသည်။ သူ အံ့သြသွားသည်။ ဒါကြောင့်ပဲ သူသည် မေကို ကဗျာမဆန်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ ဝန်ထောက်မင်း ” မေသည် ရှုတည်တည်နှင့် ပြောချ လိုက်သည်။ အမှန်မှာ ကိုခင်မောင်က သူမအား “ဆရာမ” ခေါ်သည် ကို မေသည် နည်းနည်းမျှ မခံချင်။ ဒါကြောင့်ပဲ ကိုခင်မောင်အား ဝန်ထောက်မင်းဟု သူ၏ အလုပ်အကိုင်ကို ဂုဏ်ဖော်၍ သရော်လိုက် ခြင်း ဖြစ်သည်။ '
“ဪ...မေ” ကိုခင်မောင်ကတော့ ပြုံးလေသည်။
မေကတော့ နှုတ်ခမ်းစူနေသည်။ သူတို့နှစ်ယောက်စလုံး လူပျိုနှင့် အပျိုဖြစ်ကြသည်။ ကိုခင် မောင်မှာ ကသာအရှေ့ သစ်တောမှ သစ်တောဝန်ထောက်ဖြစ်၍ မေကတော့ မန္တလေးမှ ကျောင်းဆရာမကလေး ဖြစ်လေသည်။ သူတို့ နှစ်ယောက်စလုံးပဲ ကသာနှင့် မန္တလေးတို့၏ နွေရာသီဦး အပူရှိန်ကို မခံနိုင်ကြ၍ အလုပ်မှခွင့်ယူကာ မေမြို့သို့ လေညင်းခံရန် လာရောက် ကြသူများ ဖြစ်ကြလေသည်။
မေမြို့မှာ သူတို့နှစ်ယောက်လာ၍ ဆုံကြသည်။ သူတို့ဆုံကြ သောအိမ်မှာ ဒေါက်တာဖေကျင်နှင့် မခင်ကြီးတို့၏ ပိုင်းဗီလာ ခေါ် ထင်းရှူးရိပ်သာအိမ်မှာ ဖြစ်သည်။ မန္တလေး လားရှိုးလမ်း ကျောက်
တောင်ဘက်မှာ ဖြစ်သည်။ ထင်းရှူးရိပ်သာဆိုရသော်လည်း စပယ်ရုံ ကြီးများလည်း လှပစွာ စိုက်ပျိုးထားလေသည်။
ဒေါက်တာဖေကျင်မှာ ကိုခင်မောင်နှင့် အင်မတန်ခင်မင်သော သူငယ်ချင်းဖြစ်၍ မခင်ကြီးမှာ မေနှင့်ကျောင်းနေဖက်ဖြစ်သည်။ သူ တို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပြီးနောက် မကြာမီ ပင် ရင်းနှီးသွားကြသည်။ ကိုခင်မောင်မှာ (B.Sc. Forestry)သာ သင် လာခဲ့ရသော်လည်း(Art)ခေါ်သော အနုပညာသမားတစ်ယောက် ဖြစ် သည်။ ဂီတနှင့် စာပေကို သူ အင်မတန်ဝါသနာပါသည်။ သူ ရသော လခမှာ စာအုပ်ဖိုး ဂီတတူရိယာဖိုးနှင့်သာပဲ ကုန်လေသည်။ သူ့ စာကြည့်ခန်းမှာ သုံးထောင်ဖိုးခန့် စာအုပ်များဖြင့် ပြည့်လေသည်။ သူ၏ အိပ်ရာစက်ခန်းမှာလည်း ဂျာမန်လုပ် ပီယာနိုမှ ပါးစပ်မှုတ် ဘာဂျာအထိ တူရိယာမျိုးစုံလှသည်။
မေသည် အင်မတန်ပဲ ပီယာနို အတီးကောင်းလှသည်။ ခံ့ညား သော ရှေးသီချင်းကြီး သီချင်းခွံများကိုလည်း စည်းဝါးကျနစွာ သီဆို နိုင်လေသည်။ နောက်တစ်ခု မေ့မှာ ရှိသေးသည်။ စာပေအင်္ဂလိပ်ရော ဗမာရော... ဒီစာပေနှစ်ခုစလုံး မေ အင်မတန် ဝါသနာပါသည်။
ဂီတနှင့် စာပေအနုပညာတံတားသည် သူတို့နှစ်ဦး၏ ဖက်စပ်မှု မရှိသော ရေပြင်ကွေ့ကို ဖက်စပ်ခဲ့လေသည်။ သူတို့နှစ်ယောက် ထင်းရှူးရိပ်သာသို့ ရောက်၍ ၁၅ ရက်ခန့်ကြာသောအခါ ကိုဖေကျင် ၏မိခင် မော်လမြိုင်မှာ အတော်ပဲ မကျန်းမမာဖြစ်ကြောင်း သံကြိုး ရရှိသဖြင့် သူတို့နှစ်ယောက်အား အိမ်စောင့်ထားကာ မော်လမြိုင်သို့ လိုက်သွားကြလေသည်။ ထင်းရှူးရိပ်သာမှာ သူတို့နှစ်ယောက်ထဲ ရယ်။ အစေခံနှစ်ယောက်နေသော တန်းလျားမှာ အိမ်ကြီးနှင့် တော် တော်ကလေးပဲ လှမ်းလေသည်။
“စိတ်ဆိုးသလား ကိုခင်မောင့်ကို... ဟင်.. မေ” ကိုခင်မောင် က ပြုံး၍ မေးနေသည်။ မေလည်းပဲ ပြီးပါပြီ”
“ကိုခင်မောင်ဟာ လူတစ်မျိုးပဲ” မေသည် နွဲ့ သံနှင့် ညည်းညူ လိုက်သည်။
“တောထဲ တောင်ထဲမှာ အလုပ်လုပ်ရတဲ့လူမို့ တောသားပေါ့ မေရယ်”
“ကြွားမနေပါနဲ့တော့ ကိုခင်မောင်၊ ရှင် တောသားမှန်း သိပါတယ်”
ကိုခင်မောင်သည် သဘောကျစွာ ရယ်လိုက်လေသည်။
“ဪ.. ဒါထက်... မေ မနေ့ညက ပီယာနိုနဲ့ ဆိုတီးတဲ့ တနောက် ယိုးဒယားရဲ့ ရေးရွှေရုပ်ကယ်ဆိုတဲ့ နောက်ပိုင်းကို ကိုခင် မောင် ကောင်းကောင်းမရလို့ ကနေ့ညဦးတော့နော်”
မေသည် ခေါင်းညိတ်၍ ကတိပေးလိုက်သည်။
မေ ခေါင်းညိတ်ပြလိုက်ပုံမှာ ချစ်စရာပဲ ကောင်းသေးသည်။ ဒီဟာကိုတော့ ကိုခင်မောင်သည် သေသေချာချာ ဂရုစိုက်အသား ပဲ ကြည့်နေမိသည်။ အသားကြည့်ရင်းပဲ သူ စိတ်ကူးယဉ်သွား
သည်။