Skip to product information
1 of 3

Other Websites

ဗဂျီအောင်စိုး - ရိုးရာမှသည်ခေတ်သစ်သို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ကို့အတွက် အနုပညာစာတစောင်
မြေချစ်သူ
(မော်ဒန်တရားကို ခံစားသုံးသပ်ခြင်း)

အကို

           နူးညံ့စိုအေးတဲ့ မိုးညရဲ့ ကိုယ်နံ့ ကလေးဟာ ပင့် သက် ကလေးတွေချနေဘို့ပဲ ကောင်းလှပါတယ်။ ဒီလိုချစ်ခင်နှစ်သက် ဖွယ် လွမ်းမောတသဖွယ် မိုးညတိုင်းမှာ ကျွန်တော်တို့ အကိုနဲ့ ဆွေးနွေးခဲ့ရတဲ့ အတိတ်မိုးညဟောင်းလေးတွေကို ပြန်ပြောင်း သတိရနေစမြဲပါအကို ဒီညလဲမိုးသက်လေကလေး ခပ်မှုန်မှုန်ရဲ့ ခုံမင်စရာ ခံစားမှုရင်ခွင်မှာ အနုပညာအကြောင်းတွေ ကျွန်တော် တို့ ဆွေးနွေးဖြစ်ကြပြန်တယ်။ စုံတကာစေ့အောင် ကျွန် တော်တို့ ပြောနေတဲ့အထဲမှာ မော်ဒန်ပန်းချီအကြောင်း၊ အထူး သဖြင့် မော်ဒန်ပန်းချီမှာ သဘာဝ အခန်းကဏ္ဍအကြောင်းတွေပါတယ်အကို ကျွန်တော်တို့ ပြောဖြစ်ကြတာကို ကျွန်တော်ပြန် ပြောပါ့မယ်အကို။ ။

           ကျွန်တော်တို့ ပြောကြတာက (Nature) ခေါ်တဲ့ ပကတိ သဘာဝရဲ့ အမှန်တရားနဲ့ အတ်ခေါ်တဲ့ အနုပညာရဲ့ အမှန် တရားတို့ဟာ တစ်ခုနှင့်တစ်ခု သဟာဇာတကျအောင် ပြုမူကြရင်း တစ်ခုရဲ့ တန်ဘိုးကိုလဲ တစ်ခုက ထိန်းကွပ်ဖြည့်စွက်ပေးတတ်တဲ့ သဘောပါပဲအကို တစ်နည်းပြောရင် သဘာဝရဲ့ သဘာဝနဲ့ အနု ပညာရဲ့ သဘာဝဟာ အချင်းချင်း အပြန်အလှန် ဆောက်တည် ပေးကြပုံကိုပါအကို။ အင်ပရက်ရှင်းနစ်တွေရဲ့ စောစောပိုင်း ကာလတုန်းကတော့ ဒီကိစ္စဟာ အတော် တွေးနေခဲ့ပါတယ်။ အနုပညာရဲ့ အနှစ်သာရနဲ့ မြင်မှုဆိုင်ရာ သဘာဝရဲ့ အနှစ်သာရ ဒီနှစ်ခုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်အချင်းချင်းဟာလဲ တူယောင်ယောင်၊ မတူယောင်ယောင် ဖြစ်နေခဲ့ပါတယ်။ အလင်းဗေဒ (Optic) ဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ စည်းခြားရင်ဖြင့် ဖြစ်နိုင်ကောင်းရဲ့ လို့ လဲ ကြီးကြီးကျယ်ကျယ် တွေးခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ သဘာဝတရားရဲ့ သဘာဝကဖြင့် မဝေ ဝါးဘူး။ အနုပညာရဲ့ သဘာဝကသာ ထွေပြားတာဆိုပြီး အနု ပညာရဲ့ သဘာဝဘက်ကို တစ်ဖက်သတ်ဖိလိုက်ကြပြန်ရော ဒီထက် ဒီနောက်ပိုင်းကျမှသာ အနုပညာရဲ့ ဆောက်တည်မှုကိုရော သဘာဝတရားရဲ့ ဆောက်တည်မှုကိုပါ ဆတူ တန်းဘိုးထားပြီး လေ့လာ လိုက်စားခဲ့ကြပြန်တာ မဟုတ်လားအကို။ | အင်ပရက်ရှင်းနစ်တွေနဲ့ အလင်းဗေဒအပေါ်မှာ အားပြုမှု တွေ အနောက်တိုင်း ရုပ်စုံအနုပညာရဲ့ အစဉ်အလာအုတ်မြစ်ဟာ ရုပ်လုံးပန်းပု (Sculptural) သဘောမှာ ဇာတ်မြုပ်တယ်လို့ ခံယူထားတာတွေ၊ ဒါတွေကို ပထမဆုံးအရေးမစိုက်ပဲ ဖီလာပြု လိုက်တာကတော့ ကျူးဘစ်ဇင်း (Cubism) ပဲလို့ အကို ခဏခဏပြောဘူးတယ်။ ဒါကိုဘဲ ကျွန်တော်တို့ ညက ထပ်ပြောနေမိကြ ပြန်တယ် ကိုရော့။

           ကျူးဘစ်ဇင်းဟာ အသွင်သဏ္ဍာန်တွေရဲ့ နှစ်ဖက်မြင်အလှကို သုံးဘက်မြင်ဘဝ ရအောင် လုပ်ခဲ့သူပါပဲ၊ အဲသလိုဘဝထုကလေး တခု မွေးပေးရာမှ ကျူးဘစ်ဇင်းဟာ အင်ပရက်ရှင်းနစ်တွေ ကိုင်တွယ်ခဲ့တဲ့ အလင်း (Light) ဆိုတာနဲ့ အလင်းဆိုင်ရာသဘော ဆိုတာတွေကို ဘာမှ သိပ်ပြောမနေဘဲနဲ့ မွေးလိုက်တာပါအကို အဲသလို ဘာမှမပြောပေမဲ့ ကျူးဘစ်ဇင်းဟာ ရုပ်ထုရုပ်ကြွ ဘက်ကကြည့်ရင်လဲ ကုံလုံပြည့်ဝပြီးသား ဖြစ်နေခဲ့ပါတယ်။ ဒီထက်အရေးပါတာက ကျူးဘစ်ဇင်းဟာ အမြင်အာရုံနဲ့ ဖမ်း ယူလို့မရနိုင်တာ မှန်သမျှကိုလည်း ဘာကမှ မရေးခြယ်ခဲ့ခြင်း ပါပဲ၊ အကိုပြောခဲ့သလိုပဲ ကျူးဘစ်ဇင်းဟာ ကမ္ဘာ့ရုပ်ဝတ္ထု ပစ္စည်းတွေအားလုံးရဲ့ မျက်နှာပြင်တွေ အသားလွှာတွေကို တစစီ ခွာချလိုက်ပြီး အဲဒီအသားလွှာ (Skin) တွေကို ပန်းချီကား ပြင်ညီရဲ့ အပြန့်အပေါ်မှာ တသားတည်း ပြောလိုက် တင်ပြလိုက် တာပါဘဲ။ ဒီလိုနဲ့ ရုပ်စုံအနုပညာဟာ အမြင်အာရုံ သက် ရောက်နိုင်စွမ်း ရှိသမျှ နယ်ပယ်အတွင်းမှာ ခိုင်မာကျစ်လစ် လာခဲ့ရုံမက ထိတွေ့ စမ်းသပ်နိုင်မှု (Tactile) ဆိုတာနဲ့ ပတ်သက်လာရင် နှစ်ပေါင်း ငါးရာနီးပါး ကျီးလန့်စာစားမော် မော်ကြည့်နေခဲ့ရတဲ့ ရုပ်လုံးပန်းပုတွေရဲ့ ဩဇာရိပ်ကြီးကိုလဲအနောက်ပန်းချီ အနုပညာသာ မေ့နိုင်စွမ်း ရှိလာတာမဟုတ် လားအကို၊ လူရဲ့ မြင်လွှာ (Retina) မှာ အရိပ်မထင်နိုင်တဲ့ အရုပ်မဲ့ ဟင်းလင်းပြင်က အားပျော့ချိနဲ့တဲ့ စိတ်ကူးရုပ်ပုံမှန် သမျှကိုလဲ ကျူးဘစ်ဇင်းဟာ စွန့်ခွာခဲ့တယ်တဲ့ အကို။မိုးညရဲ့ လွတ်လပ်မှုဟာ ပိုပြီးကျယ်ပြောလာတာနဲ့ အမျှ ကျွန်တော်တို့ ရဲ့ ဆွေးနွေးဝိုင်းကလေးဟာလဲ ပိုလို့ စည်ပင်လာခဲ့ ပါတယ်။ ပတ်ဝန်းကျင်မှာ မိုးစက်ကလေးတွေ ကြွေနေတဲ့ အသံကိုတောင် ကျွန်တော်တို့ အမှုမထားနိုင်အားပါဘူး။

           စိတ္တဇပန်းချီလို့ ခေါ်နေကြတဲ့ (Abstract Art)ဘဝကို ခုလို အတည့်အလင်း ဖြစ်ဖြစ်မြောက်မြောက်ရောက်လာတာနဲ့ အမျှ “ရုပ်ပုံတွေရဲ့ ဟာတိနေရာ၊ ပကတိခနဆိုတာ မရှိတော့ ဘူး။ စုံရုပ်လုံးပုံ (Model) အနေနဲ့လဲ ဘယ်ဟာကိုမှ မပြနိုင်တော့ဘူး။ အခြေ ပြောင်းပြကြားစံနှုန်းတွေသာ ရှိတော့တယ်” ဆိုပြီး သဘာဝတရားဘက်ကလိုလိုနဲ့ ပြောတဲ့လူတွေ ပေါ်လာ ပါတယ်။ ဒါဟာ သဘာဝရဲ့ အနုပဋိသောမင်္ဂတာဂကို မကျေ ညက်လို့ ပြောတာလား၊ မမြင်ရဲလို့ ပြောတာလားတော့ မသိ ဘူး။ အကိုပြောသလိုပါဘဲ၊ အဲဒီပန်းချီတရားကတော့ သဘာဝ ကျကျဘဲ ဆက်စီးနေခဲ့ပါတယ်အကို၊ ဘရက် (Braque) နဲ့ ပီကာ ဆို (Picasso) တို့ဟာ ဝိုင်အရက်ခွက်ကို ရှေးရိုးကြီးအတိုင်း ပုံတူ ကူးမဆွဲကြဘဲ “သဘာဝတရားဟာ ဒေါင်လိုက် (Vertical) ကို ရှောက်တတ်ပီး အလျားလိုက် (Horizontal) ကိုသာ သွားတတ် တယ်” ဆိုတဲ့ သဘာဝရဲ့ သဘာဝကို လက်ရင်းထားပြီး ဒါရဲ့မျိုးတူ ဆင်ကွဲ (Analogy) ကို ပန်းချီမှာ ထည့်ဆွဲခဲ့ပါတယ်။ အဲသလိုသဘာဝရဲ့ ပကတိသဘောတွေကို အနုပညာမှာ အပြန့် အနှံ့ ခံယူတာက တဘက်သိပ္ပံပညာဘက်ခြမ်းက ခံစားတုန့်ပြန်မှု (Sensibility) နည်းသစ်တွေနဲ့လည်း ချက်ကိုက်လက်ကိုက် ဖြစ်ခဲ့ ပါရော့လား အကို။

           တကယ်တော့ အရင့်အရင်ရှေးဆရာကြီးများဟာ ရုပ်လုံး ပန်းပု(Scuptural) ရဲ့ ဟန်တွေကို သူတို့ရဲ့ ပန်းချီကားတွေမှာ လက်မလွှတ်ရဲတာဟာလဲ ယုတ္တိကျတဲ့အကြောင်းတော့ ရှိပါလိမ့် မယ်အကို၊ ဘာဘဲပြောပြော ပန်းပုဟာသရုပ်မှန် (Realism) သဘောကို မြင်စေတယ်လို့ ယူဆထားတာလဲပါမယ်။ ပြီးတော့ အဲဒီ အလယ်ခေတ်လွန်ကာလရဲ့ အမြင်မှာ “ဟင်းလင်းပြင် (Space) ဟူသည်ကျယ်ပြော လပ်ဟာသောနယ်ပယ်၊ အကြည့်ခံဝတ္တု အ ဆွဲခံဝတ္တု (Object) များသည် ထိုမရှိနယ်ပယ်အတွင်းက အရှိ နေရာများ” လို့ စွဲမြဲမှတ်ပိုက်ထားတာကို အကိုရဲ့၊ အဲဒီမှာတင် ခေတ်သစ်ပန်းချီနဲ့ အယူအဆရေးရာ ကွာသွားပြီပေါ့၊ ခေတ်သစ် ပန်းချီမှာက ဟင်းလင်းပြင်ဆိုတာ ပြတ်မဲ့တာကြီး (Continum) အစဉ်အတန်းကြီးပဲ ဒီအာရုံစဉ်တန်းကြီးကို အဆွဲခံ အကြည့်ခံ ဝတ္တုများကပြောင်းစေတယ်၊ ကွေးစေတယ်၊ ဒါပေမဲ့ဒီလိုပြောင်း စေတာ၊ ကွေးစေတာဟာ ဒီအစဉ်တန်းကြီးကို ဖြတ်ပစ်လိုက် တာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီအကြည့်ခံ၊ အဆွဲခံ၊ အဆွဲခံဝတ္တုများကိုယ်၌က ဟင်းလင်းပြင်ကြီးရဲ့ အပြောင်းအတွေး ပေါ်မူတည်ပြီး ဖြစ်တည်ရလို့ပါတယ်၊ ဟင်းလင်းပြင်နဲ့ အကြည့်ခံအဆွဲခံဝတ္တုတို့ဟာ ခေတ်သစ်ပန်းချီရဲ့ အမြင်မှာ ဒီလိုအညမည သွားနေကြတာ မဟုတ်လားအကို။

           ဒီနေရာမှာအကို စ နေ နောက်နေလေ့ရှိတဲ့ ပန်းပုဆရာလေး ကဝင်ဖြည့်ပြောပါတယ်အကို။ အဲဒီက အပြတ်မဲ့ကင်းတဲ့ ဟင်းလင်း ပြင်ဆိုတဲ့ အစဉ်တန်းကြီးဟာ အရာဝတ္တု (Thiugs) အချင်း ချင်းကိုပေါင်းစပ် ပေးတယ် ချုပ်သီပေးတယ်တဲ့ သူ့ကိုထိတွေ့ ဘို့မလွယ်ပေမဲ့ မြင်သိဘို့တော့လွယ်ပါတယ်။ ဟုတ်ပါတယ်အ ကို၊ ဒါကိုအားလုံးကဘဲ လက်ခံကြပါတယ်။ တနည်းပြောရရင် အရာဝတ္ထုတွေကို ဆက်ပေးတယ်ဆိုတဲ့ ဟင်းလင်းပြင်ကြီးဟာ နောက်ဆုံးသူကိုယ်တိုင်ဘဲ အဆွဲခံစုပေါင်းဒြပ်ကြီး (Total object) ဖြစ်သွားပြီး စိတ္တဇပန်းချီ (Abstract Painting) ကဖမ်းကိုင်ခြယ် ရေးဘို့ ကြိုးစားတာလဲ အဲဒီဟင်းလင်းပြင်ဆိုတဲ့ စုပေါင်းဒြပ် ကြီးအလုံးစုံ ဒြပ်ကြီးမဟုတ်လားအကို။

           အင်ပရက်ရှင်းနစ် တွေကိုယ်တိုင်လဲ ဟင်းလင်းပြင်နဲ့ ပတ် သက်တဲ့ ဒီအမြင်၊ ဒီအယူမျိုး မရှိဘူးမပြောနိုင်ပါဘူး အကို၊ ဘာ ကြောင့်လဲဆိုတော့ သူတို့ကားတွေရဲ့ အရောင်ယက်လုပ်မှုမှာ ဒီသ ဘောတွေဆောင်နေတာ တွေ့ရတတ်လို့ပါဘဲ၊ ပန်းချီကားမျက် နှာပြင်တစ်ခုလုံးက အရာဝတ္တုတွေဟာ ညီညွတ်မျှတတဲ့ ပြေပြစ်မှု မျိုးနဲ့ ကျစ်လစ်စုစည်း နေကြပါတယ်။ ဒီပြေပြစ်ညီညွတ်တဲ့ ရုပ် ဝတ္တုတွေရဲ့ မျက်နှာပြင်ကြောင့် ကြည့်သူဟာလေထဲက အရောင်ဆို တဲ့ ထင်ရသော နယ်ပယ်ကိုကောင်းစွာ ဖောက်ထွင်း နိုင်ခဲ့တယ် မဟုတ်လားအကို၊ အရင်ရှေးလက်ရာများမှာတော့ ဒီနယ်ပယ်ဟာကြည့်သူကို ပန်းချီကားပေါ်က တင်ပြမှုပစ္စည်းတွေနဲ့ အလှမ်း ကွာဝေးစေခဲ့ပါတယ်။ အဲ... သရုပ်ခွဲကျူးဘစ်ဇင်း (Analytical Cubism) အဆင့်ကျတော့ အရာဝတ္ထုတွေရဲ့နေရာဟာ ပိုပြီး တိ ကျသွားပါပြီ၊ သူတို့ကိုကြည့်ရင် သူတို့ဟာပတ်ဝန်းကျင် ဟင်း လင်းပြင်ထဲကို တခုချင်း ခွဲဝင်သွားလိုက်ကြ ပြီးတော့ စုပြီးပြန် ထွက်လာလိုက်ကြဆိုတဲ့ သဘောကို မြင်နေရပါတယ်။ နောက် ဆုံးမတော့မျက်နှာပြင် (Surface) ကြီးတစ်ခုလုံးသည်သာလျှင် ပုံသေ အမာခဲကြီးဖြစ်သွားပြီး ကားရဲ့ မျက်နှာပြင်နဲ့ ကြည့်သူရဲ့ ဖြန့်ကျက်မဆုံးတဲ့ အမြင်နယ်ပယ် (Visual Field) တို့ဟာသွား ပြီး တထပ်တည်းဖြစ်နေတော့တာပေါ့။ ဒီတော့ ရုပ်ဝတ္တုတွေနဲ့ ဒီမျက်နှာပြန်ကိုအစက ရုပ်စုံဟင်းလင်းပြင် (Pictorial Space)ရဲ့ ညီညွတ်မှုသဘောအဖြစ်နဲ့မြင်နေရာက အခုတော့အမြင်အစဉ် တန်း (VIsualContinum) ရဲ့ ညီညွတ်မှုသဘောအဖြစ်နဲ့ကျွန်တော် တို့ ပိုမိုမြင်လာခဲ့ပါတယ်။ ဒီအခါမှာ အရုပ်ကားပြင်တခုလုံးသည် အမြင်အာရုံ အလုံးစုံကို ထပ်ဟပ်ထားခြင်း ဆိုတာရော၊ အရုပ် ကားပြင်ကြီးကို အကြည့်ခံရုပ်ဝတ္တုကြီး တခုတည်းအဖြစ် သတ် မှတ်ထားရင်း ထိုရုပ်ဝတ္တုကြီးသည် ဟင်းလင်းပြင်ဆိုသော ရုပ် ဝတ္တုကြီးသာဖြစ်သည် ဆိုတာကိုပါသိလို့ လာခဲ့ပါတယ်အကို၊ ဒီနည်းအားဖြင့် အနုပညာနဲ့ သဘာဝတရားတို့ဟာ တခုနဲ့တခု သဟဇာတကျအောင် ပြေပြစ်ချော မွတ်အောင် ဆက်ဆံထိန်း ကွပ်လာခဲ့ကြတယ်။ ဒါဟာဖြင့် ခေတ်သစ်ပန်းချီနဲ့ သဘာဝ တရားတို့ရဲ့ အညမည ရွေ့လျားမှုတရားဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်အကို။//

           ဒါဟာသဘာဝဖော်မှုနဲ့ ပတ်သက်လို့ ကျူးဘစ်ဇင်းကတဆင့် စိတ္တဇပန်းချီခေါ်တဲ့ (Abstract Art) ကို လက်ဆင့်ကမ်း ပေး လိုက်တဲ့အမွေပါဘဲ။ စိတ္တဇပန်းချီဟာဒီတာဝန် ဒီအမွေတွေကိုမ ထမ်းရွက်နိုင်ဘူး၊ နောက်ဆုံး အင်ပရက်ရှင်းနစ် တွေလောက်မှ မဖေါ်ပြနိုင်ဘူးဆိုရင် သဘာဝရဲ့ ညီညွတ်မှုနဲ့ ပေါင်းစည်းမှုအ ခြေခံ နိယာမကြီးကို နားမလည်ရာကျမှာဘဲ၊ သူ့ရဲ့ အနုပညာ ဟာလဲ တန်ဆာဆင်မွမ်းမံမှု (decoration) အဆင့်လောက်သာ ရှိပြီး အကိုပြောလေ့ရှိသလို သဘာဝမပါလို့ လေးမှာမဟုတ် ဘူး၊ပေါ့ရှပ် ကြုံလှီနောပါ၊ တကယ်လို့များ ဒီတန်ဆာဆင်မှု သက်သက်လောက်မှာဘဲ ရပ်တည်သွားမယ်ဆိုရင်တော့ အနုပဋိလောမရုပ်သဘာဝ အုဋ်မြစ်မဲ့တဲ့ “တန်ဘိုးပျက်အနုပညာ” တ ရပ်အနေနဲ့ လူထုရဲ့ စွန့်ပစ်မှုကိုခံရလိမ့်မယ် ဒီလိုဘဲကျွန်တော်တို့ တော့ ကောက်ချက်ချလိုက်မိကြပါတယ်။ ဒါဟာဖြင့် ညကကျွန် တော်တို့အားလုံးရဲ့ နောက်ဆုံးရင်ခုံသံပါဘဲအကို။

           မိုးညဟာ တစထက်တစသိပ်သည်းကျယ်ဝန်းလာပြန်ပါတယ်။ မဲမှောင်နက်ရှိုင်းလာပါတယ်၊ ကျွန်တော်တို့ဟာ လရောင်မပြက် ကြယ်ရောင်မလက်တဲ့ ကောင်းကင်ရဲ့မျက်နှာကိုကြည့်ပြီး ပြိုင်တူ ပြုံးမိကြပါတယ်။ ဟုတ်တယ်၊ ကျွန်တော်တို့ ရဲ့ အပြုံးဟာကျေနပ်တဲ့အပြုံး... ပေါ့ပါးသွားတဲ့အပြုံး. . . ကြည်နူးလန်းဆန်း ပြုံး... အနုပညာပြီး...။

အကိုရွှင်လန်းချမ်းမြေ့ပါစေ

အကို့ညိ

မြေချစ်သူ

ဗဂျီစာပေ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)