ဖြိုးသာရ - အလယ်တန်းအဆင့်ဖွင့်ဆိုရှင်းပြစာစီစာကုံးများ
မိဘကျေးဇူးမြင်းမိုရ်ဦး
မြင်းမိုရ်တောင်သည် ယူဇနာပေါင်းရှစ်သောင်းလေးထောင်အမြင့်ကို ဆောင်ပါ သည်။ မိခင်ဖခင်တို့၏ ကျေးဇူးသည် မြင်းမိုရ်တောင်၏ ဦးဆုံးထိပ် ဖျားထက်ပင် ပို၍မြင့်မားသည်ဟူသော အဓိပ္ပာယ်ဖြင့် မြင်းမိုရ်တောင်ဦး၊ မကကျူးသည်၊ ကျေးဇူး ကြီးလှ၊ မိနှင့်ဖ ́ဟူသည့် ဆိုရိုးစကားရှိထားခဲ့ပါသည်။ ဗုဒ္ဓဘာသာတွင် အမိအဖ တို့သည် ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ ရိုသေမြတ်နိုးတန်ဖိုးထားအပ်သော အနန္တောအနန္တငါးပါးတွင် ပါဝင်ပါသည်။ ထို့ကြောင့် သားသမီးမှန်သမျှ မိဘ၏ ကျေးဇူးကို အထူးသိတတ်စွာဖြင့် တုံ့ပြန်ကျေးဇူးဆပ်သင့်ကြပါသည်။ ။
သားတို့ရုပ်ရည်၊ သီတာမည်သား ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ ဝမ်း ငြိမ်းစတမ်း” ဟုဆိုသည့်အတိုင်း သားသမီးတို့အပေါ်တွင် ထားရှိသော မိဘတို့ ၏ မေတ္တာသည်ကား သီတာရေစင်ပမာ တစ်သွင်သွင် စီးဆင်းလျက်ရှိပေသည်။ မိဘတို့သည် သားသမီးတို့၏ ရုပ်သွင်ကို မမြင်ရခင်၊ ကလလရေကြည် စ,တည်ချိန်မှ အစပြုကာ မွေးဖွားလာမည့်ရင်သွေးငယ်အတွက် ပြင်ဆင်ခဲ့ကြပေသည်။ မိခင်သည် သန္ဓေသားကို ကိုးလလွယ်၍ ဆယ်လကြာမှ မွေးဖွားခဲ့သည်။ ထိုကိုယ်ဝန်လွယ်ထား ချိန်တွင် အပူ၊ အစပ်၊ အခါးတို့ကို ရှောင်ရှားကာ ရင်သွေးငယ်အတွက် ဆင်ခြင်ခဲ့ရ သည်။ မွေးဖွားချိန်တွင်လည်း အသက်အန္တရာယ်နှင့်ရင်ဆိုင်ကာ ရင်သွေးငယ် လူ့ လောကသို့ရောက်ရှိအောင် စွမ်းဆောင်ခဲ့ကြသည်။
“ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်”သာရှိသေးချိန် ပိစိကွေး ကလေးငယ်ကို နို့ချိုတိုက်ကျွေးကာ တဖြည်းဖြည်းကြီးပြင်း လူလားမြောက်စေခဲ့သည်မှာ မိခင်ဖြစ် သည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားသခင်သည် မိခင်၏ကျေးဇူးကိုဆပ်ရန် ကြိုးပမ်း ခဲ့သည်။ မယ်တော်မာယာသည် တာဝတိံသာနတ်ပြည်၌ နတ်သားဘဝသို့ ရောက်စဉ်မြတ်စွာဘုရားသည် နတ်ပြည်သို့တက်၍ မယ်တော်ကို ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာတရားဦးကို ဟောကြားခဲ့သည်။ ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးလည်း တရားဟောကျေးဇူးဆပ်ခဲ့သည်။ ဤသို့ကျေးဇူးဆပ်သည့်တိုင် ဘုရားရှင်သည် မိခင် ၏နို့တစ်လုံးဖိုးကိုသာ ကျေအောင်ဆပ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ သို့ဖြင့် မိဘကျေးဇူး ကို တတ်နိုင်သမျှ ပေးဆပ်ရမည်ဟု ဘုရားရှင်က ကိုယ်တိုင်လမ်းပြဆုံးမခဲ့ပါသည်။
စကားပြောတတ်စအရွယ်တွင် မိဘတို့သည် ကောင်းသောစကားကို ပြောဆို တတ်ရန် သင်ကြားပေးခဲ့ပါသည်။ ကောင်းသော အပြုအမူကို ကျင့်ကြံတတ်ရန် သွန်သင်ခဲ့ကြပါသည်။ အစားအသောက်၊ အနေအထိုင်၊ အဝတ်အစားတို့ကိုလည်း လူတန်းစေ့အောင် ဆောင်ရွက်ပေးခဲ့ကြပါသည်။ မှက်၊ ခြင်၊ ယင် ဘေးမှ ကင်းဝေး အောင် ပိုးမွေးသလို မွေးခဲ့ကြပါသည်။
“ကျေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ
အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ”
ဟူသည့်အတိုင်း သားသမီးတို့ ပညာသင်ချိန်ရောက် လာသောအခါ ကျောင်းသို့အပ်နှံ၍ ပညာရေးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးခဲ့သည်မှာ မေမေဖြစ်ပါသည်။
“စားဝတ်နေရေး၊ ငွေရှာပေး
ကျေးဇူးကြီးပေ၊ တို့ဖေဖေ
ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့ဖေဖေ”
ဟူသည့်အတိုင်း ဖေဖေထံ အရိပ်အာဝါသအောက်တွင် - စည်းကမ်းရှိရှိ နေတတ်အောင် လေ့ကျင့်လာခဲ့ကြရပါသည်။ မိဘတို့သည်
" မကောင်း မြစ်တာ၊ ကောင်းရာ ညွှန်လတ်
- အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်
ဖခင်မယ်တို့သာ”
ဟူသည့်အတိုင်း မိဘဝတ္တရားငါးပါးကို ကျေပွန်ကြသူများ ဖြစ်ပါသည်။
“တောင်းဆိုးပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုး မရှိ”ဟူသော စကားနှင့်အညီ သားသမီးဖြစ်လျှင် မည်မျှဆိုးသွမ်းကျိုးကန်းပါစေ ချစ်မြတ်နိုးကြသည်ချည်းသာဖြစ်သည်။ အမိကျေးဇူးကြီးမားပုံကို သာဓကအနေနှင့်ဖြင့်ပြရမည်ဆိုလျှင် ဘုရားလောင်းမဟောသဓာ၏ သားတရားစီရင်ခန်းတွင် အထင် အရှားတွေ့နိုင်ပါသည်။ မဟောသဓာသည် လူအများသိမြင်စေရန် စည်းတစ်ခုထား စေပြီး သားငယ်ကိုအလယ်ကထား၍ ဘီလူးမနှင့်သားသည်မိခင်တို့ကို အပြိုင်လုစေ သည်။ အလယ်မှ သားငယ်သည် နာကျင်လွန်းသဖြင့် အော်ဟစ်ငိုကြွေးလေရာ မိခင်ရင်ထဲမှာ မခံစားနိုင်အောင် နာကျင်ပြီး သားငယ်ကိုလွှတ်ကာ အရှုံးပေးလိုက် သည်။ ဤတွင် မဟောသဓာက မိခင်ရင်းကို ဖော်ထုတ်ပေးခဲ့သည်။ သားသမီး အပေါ်ထားရှိသော မိခင်မေတ္တာကြီးမားပုံပင် ဖြစ်သည်။
သိုးဆောင်းစကားပုံတစ်ရပ်တွင်လည်း ဘုရားသခင်သည် အိမ်တိုင်းမှာ မရှိ သောကြောင့် မိခင်ဟူသော မိန်းမမြတ်ကို အိမ်တိုင်း၌ ဖန်ဆင်းပေးတော်မူ၏”ဟူ၍ ရှိလေသည်။ ထို့ပြင် “ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်သည်” ဟူ၍ လည်း အဆိုပြန်သည်။ ကမ္ဘာကျော်သိပ္ပံပညာရှင် သောမတ်စ်အယ်ဒီဆင်သည်ကျောင်းနေစဉ်အချိန်က စာညံ့လွန်းသည်ဟုဆိုကာ ကျောင်းမှ ထုတ်ခံခဲ့ရသည်။ သို့သော် သူ့မိခင်သည် သားကိုအားပေးသင်ပြကာ ပျိုးထောင်ပြုစုမြေတောင်မြှောက် ပေးခဲ့သည်။ သို့ဖြင့် အယ်ဒီဆင်ကား ကမ္ဘာ့လူသားတစ်ရပ်လုံးအတွက် အကျိုးပြု လုပ်ငန်းများ၌ တီထွင်နိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။ ယင်းမှာ မိခင်၏ ကျေးဇူးပင် ဖြစ်သည်။
ထို့အတူ မြန်မာရာဇဝင်တွင်လည်း ရာဇကုမာရ်သည် မိခင်ကောင်း၏ ပုံသွင်း ကောင်းမှုကို ခံယူရရှိသူအဖြစ် ထင်ရှားပေသည်။ ပုဂံထီးနန်းကိုမမက်မောဘဲ စာပေ ၌သာ မွေ့လျော်ခဲ့သည့် ရာဇကုမာရ်သည် မိခင်သမ္ဘူလ၏ တတ်သိလိမ္မာပဲ့ပြင်မှုကြောင့် သားလိမ္မာအဖြစ် သမိုင်းတွင်ရစ်ခဲ့သူ ဖြစ်ပေသည်။ မိဘကို ကျေးဇူးမဲ့ပစ်မှားခဲ့ သော အဇာတသတ်သည် ဒေဝဒတ်နှင့်ပေါင်းကာ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ထောင်သွင်းအကျဉ်းကျ၍ သေစေခဲ့သူဖြစ်သည်။ ယင်းအတွက် အဇာတသတ် သည် လောဟကုမ္ဘီငရဲတွင် ခံစားရပေသည်။
ထို့ကြောင့် သားသမီးတို့သည် မိဘတို့အပေါ် မပြစ်မှားသင့်ပေ။ ကျေးဇူးဆပ် သင့်သည်။ ရာဇကုမာရ်သည် ခမည်းတော် ကျန်စစ်မင်းကြီးအား ရည်စူး၍ အလှူပြု ခဲ့သူဖြစ်သည်။ သုဝဏ္ဏသာမသည် မိဘနှစ်ပါးအား ရိုသေစွာ လုပ်ကျွေးခဲ့သဖြင့် အသက်ဘေးမှ လွတ်ကင်းခဲ့သည်။ မိခင်ကို ပြုစုကျွေးမွေးခဲ့သော မဟာဇနက မင်းသားသည်လည်း မဏိမေခလာ၏ ကယ်တင်မှုကြောင့် သေကံမရောက် သက် မပျောက်ခဲ့ပေ။
ကျွန်တော်/ကျွန်မတို့သည် “တူတူရေဝါး နှင့် ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် ပေးပါ။ ဝါ... ဝါ.. ဝါ..”ဟူသော မေမေ၏ ချော့မြူမှုဖြင့် လူဖြစ် လာခဲ့ကြရသူများဖြစ်သည်။ ဖေဖေ ချွေးပြိုက်ပြိုက်ကျ၍ ရှာဖွေသမျှ ငွေကြေးတို့ဖြင့် စားဝတ်နေရေး၊ ပညာရေးတို့ကို ရယူလာခဲ့ရသူများ ဖြစ်သည်။ ထိုကျေးဇူးများကို တွေးကြည့်လျှင် အတိုင်းအဆမရှိအောင် များပြားလှသည်ကို တွေ့ရပါသည်။
ကောင်းကင်ကြီးသည် မေမေနှင့်တူပါသည်။ မိခင်မေတ္တာနှင့်တူသော ကောင်း ကင်ကြီးသည် ကမ္ဘာလောကကြီးကို အုပ်မိုးလွှမ်းခြုံထားသည့်နှယ် ကျွန်တော် ကျွန်မတို့သည်လည်း မိခင်၏ မေတ္တာရင်ခွင်ကြီးထဲတွင် ခိုလှုံနေကြရပါသည်။ ဖိုးလမင်းကြီးသည်ကား ဖခင်နှင့်တူပါသည်။ ဖေဖေကား လမင်းကြီးမှ ကမ္ဘာလောက ကြီးကို အလင်းရောင်ပေးသကဲ့သို့ ကျွန်တော်/ကျွန်မတို့သားသမီးများအတွက် အလင်းရောင်ပေးစွမ်းသူ မီးရှူးတိုင်ကြီးပင် ဖြစ်ပါသည်။ ထိုမီးရောင်ဖြင့် သားသမီး တို့ ဘဝခရီးလမ်းကို ဆက်လျှောက်ကြရပါသည်။
သို့ဖြင့်ရာ မိဘကျေးဇူးကို အထူးဆပ်ကြရမည်မှာ သားသမီးတိုင်း၏ တာဝန် ပင် ဖြစ်ပါသည်။ “ကျွေးမွေးမပျက်၊
ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊
လှူမျှဝေ၍ စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ”
ဟူသည့်အတိုင်း မိဘကို ကျွေးမွေးပြုစုစောင့်ရှောက်၍ မိဘ၏ကောင်းမွေကို ဆက်ခံကာ မိဘမျိုးရိုးကို စောင့်ထိန်းကာကွယ်ကြရမည်ကား သားသမီးတို့၏ ဝတ္တရားပင် ဖြစ်ပါသည်။ ကျေးဇူးတာဝန်ကို သိတတ်သူများဖြစ် စေရန် ကျွန်တော်/ ကျွန်မတို့ အားလုံး ကြိုးစားကြရပေလိမ့်မည်။