Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဖြိုးသာရ - အနှစ်သက်ဆုံးစာစီစာကုံးများ

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out
ကျွန်ုပ်နှစ်သက်သော ဝတ္ထုတစ်ပုဒ်
၂၀၀၄-   ရန်ကုန် မွန်၊
၂၀၀၄-  မွန်၊  ကရင်၊ တနင်္သာရီ

             ကျွန်တော်အနှစ်သက်ဆုံးသော ဝတ္ထုတစ်ပုဒ်ရှိ ပါသည်။ ယင်းမှာ စာရေးဆရာ မောင်နွယ်အောင်(ဒဂုံဆောင်) ရေးသားသော “အမေ့အတွက် ကျွန်တော့်ကံ” ဟူသည့် ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါသည်။ ထိုဝတ္ထုလေး ကို ဖတ်ပြီးကတည်းက ကျွန်တော်အလွန်နှစ်သက်သဖြင့် ထိုဝတ္ထုပါသော မဂ္ဂဇင်းစာအုပ်ကို အပြတ်ဝယ်ကာ သိမ်း ထားခဲ့ပါသည်။ ။

           အဘယ်ကြောင့် ထိုဝတ္ထုကို နှစ်သက်ရသနည်း ဆိုလျှင် ကျွန်တော်သည် ကျွန်တော့်အမေနှင့် အဝေးကြီး တွင် ခွဲခွာကာ ပညာသင်နေရသောကြောင့် ဖြစ်ပါသည်။ ကျွန်တော် ပညာသင်သောမြို့သည် တောင်စခန်းမြို့လေးဖြစ်ပါသည်။ အမြဲတမ်းအေးစိမ့်နေတတ်ပါသည်။ စတော်ဘယ်ရီသီးများ ပေါပါသည်။ မေမြို့ပန်းများ စိုက် ပျိုးကြပါသည်။ ကျွန်တော်သည် ကျောင်းမှ ပြင်ပထွက် ခွင့်ရသောနေ့များတွင် ဈေးသို့ ရောက်တတ်ပါသည်။ ကျွန်တော့်အတွက် အမေပို့ပေးသော ပိုက်ဆံဖြင့် လိုအပ် သည်များ ဝယ်ပါသည်။ ဝယ်စရာတွေကများ၍ တိုင်း တာနေရတတ်ပါသည်။ ထို့ကြောင့် အမေ့အတွက် ကျွန်တော်တစ်ခါမျှပင် အမှတ်တရ တစ်စုံတစ်ရာ မဝယ် ဖြစ်ခဲ့ပါ။လက်ဆောင်ကို ပေးလိုက်လေသည်။ အမေက လှမ်းယူ ၍ ဖြန့်ကြည့်သည်။ ပြီးတော့ အမေပြုံးသည်။ ထိုအပြုံး သည် ပီတိပြုံး။ ကျေနပ်မှု ပြည့်ရွှန်းနေသည့် အပြုံး လက်ဆောင်ဟု ဆိုသည်။

              အမေက တစ်လုံးချင်းဖတ်သည်။ အမေ့အတွက် ကျွန်တော့်ကံဟု ရေးထားသည်ကို တွေ့ရသည်။ အမေ မျက်ရည်ဝဲလာသည်။ ကြည်နူး၍ဝဲသော မျက်ရည်ဖြစ် သည်ကို သူကောင်းကောင်းသိသည်ဟု ရေးထားပါ သည်။

            ဝတ္ထုက ပြီးသွားပါပြီ။ နောက်ဆုံးသည် ဝတ္ထု၏ အသက်ဖြစ်သည်။ ယင်းမှာ သည်ထီလက်မှတ်ပေါက်ဖို့ မလိုပါဟူ၍ဖြစ်သည်။

           ကျွန်တော်သည် ဝတ္ထုလေးကို ဖတ်ပြီး မျက်ရည် များကျလာပါသည်။ ဝတ္ထုထဲက လူငယ်အမေသည် ဘာကြောင့် ပီတိပြုံးရပါသနည်း။ စဉ်းစားကြည့်တော့ အဖြေရပါသည်။ ငွေကြေးမတတ်နိုင်ရှာသော သား တစ်ဦး၏ ကျေးဇူးသိတတ်မှုကို အသိအမှတ်ပြု ကြည်နူး ခြင်းကြောင့် ဖြစ်သည်။ အမေတိုင်းသည် ထိုသဘော ထားမျိုးရှိကြမည်ဟု ကျွန်တော် ယုံကြည်ပါသည်။

           အမေဆိုသည်မှာ သားသမီးများထံမှ မေတ္တာကို သာ လိုလားတတ်ကြောင်း စာရေးသူက သရုပ်ဖော်ပြခဲ့ ခြင်းဖြစ်သည်။ အမေဟူသည် စားရစေ၊ သောက်ရစေ၊ ဝတ်ရစေ မျှော်ကိုး၍ သားသမီးများကို မွေးဖွားစောင့် ရှောက်ခဲ့သည်မဟုတ်ကြောင်း ဤဝတ္ထုလေးက ကောင်း စွာ မီးမောင်းထိုးပြခဲ့ပါသည်။ ထို့ကြောင့် ဤဝတ္ထုတို လေးကို ကျွန်တော် အနှစ်သက်ဆုံးဖြစ်ပါသည်။

 

အနှစ်ချုပ်

 

          ဤစာစီစာကုံးမျိုးကို ဖြေဆိုနိုင်ရန် ဖတ်ခဲ့ဖူးသော ဝတ္ထုတိုလေးများထဲမှ တစ်ပုဒ်ကို ကြိုတင်ရွေးချယ်၍ အသေးစိတ်မှတ်သားထားပါ။

          စာရေးဆရာအမည် မမေ့ပါနှင့်။ ဝတ္ထုခေါင်းစဉ်မမေ့ပါနှင့်။ ဘာကြောင့် နှစ်သက်ရသည်ကို ရေးပါ။ ဘာသင်ခန်းစာရသနည်းရေးပါ။ ဘယ်လိုခံစားရသည်ကိုလည်း ရေးပါ။ | ဝတ္ထုဇာတ်လမ်းကို အတိုချုပ်၍ အစီအစဉ်တကျ ရှင်းပြပါ။

            အချို့စိတ်ဝင်စားဖွယ်စာကြောင်းများပါလျှင် ပြန် ချရေးပြပါ။

           ဤစာစီစာကုံးမျိုးသည် ပြင်ပစာဖတ်ကျင့်မရှိ သော သူတို့အတွက် အလွန်ခက်တတ်ပါသည်။ နမူနာ ကို လေ့လာပါ။