Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဖြိုးသာရ - သင့်ကလေးကိုကျောင်းထားဖို့ပြင်ဆင်ပြီးပြီလား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ကျောင်းဝင်ခွင့်ရရှိရေး

               မိဘများအတွက် ကလေးအသက် တစ်နှစ်လောက်တွင် စိတ်သောက စ၍ရောက် ကြရသည်။ မိမိတို့ရင်သွေးငယ်အား မည်သို့သော ကစားကျောင်း (လူကြီးများ ကြီးကြပ်မှုအောက်တွင် ကျောင်းနေရန် အရွယ်မရောက်သေးသော ကလေးများ စုပေါင်းကစားရသော ကစားကျောင်း)တွင် အပ်နှံလျှင် သင့်တော်မည်နည်းဟူသည်ကို စတင်ရှာဖွေကြရသည်။ နောက်တစ်ကြိမ်တွင်မူ သူငယ်တန်းစတက်ရန်အတွက် အစိုးရကျောင်းတစ်ခုတွင် ဝင်ခွင့် နေရာရရှိရေး စိတ်ချရအောင် ဒုက္ခသောကရောက်ကြရပြန်သည်။

              ကျောင်းအသီးသီး၌ သီးသန့်နေ့များ၊ သီးခြားရက်စွဲများ သတ်မှတ်ထားတတ်ရာထိုနေ့ ရက်တွင် ဝင်ခွင့်လျှောက်လွှာကို သွားယူကြရသည်။ မိဘတို့သည် ထိုလျှောက်လွှာ ရရှိရေးအတွက် မိမိတို့အလုပ်မှ ခွင့်ရက်ယူကာ အချိန်ပေးတန်းစီကြရသည်။

          လျှောက်လွှာကို ဖြည့်ပြီးသောအခါ နောက်တစ်ဆင့်အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားစာရောက်လာမည့် မိမိအလှည့်ကို စောင့်ကြရပြန်သည်။ မိဘများသည် တွေ့ဆုံဆွေးနွေးချိန်၌ ကောင်းစွာသရုပ်ဆောင်နိုင်ရန် မိမိ၏ကလေးများအား အကြီး အကျယ်နည်းပြသင်ကြားလေသည်။ ကလေးတို့သည် ထိုသို့ရုတ်တရက် ဖိစီးလာမှုအပေါ် ခံနိုင်ရည်မရှိကြပေ။ အဆုံး၌ အလွန်စိတ်တိုကြသည်။

          တွေ့ဆုံဆွေးနွေးသည့်နေ့သို့ ရောက်သောအခါ ကလေး၏ ခေါင်းထဲ၌ မိဘတို့ နောက်ဆုံးမိနစ်ပိုင်းအထိ ညွှန်ကြားချက်ပေးနေသမျှတို့နှင့် ပြည့်ကျပ်နေပေသည်။ သို့ဖြင့် ကလေးသည် သူနှင့်မျက်နှာစိမ်းသော လူကြီးတစ်စုကို မျက်နှာချင်းဆိုင်လျက် မေးခွန်းများ စမေးခံရတော့သည်။ ကလေးသည် ထိုဖိအားပေးမှုကို တောင့်မခံနိုင်ဘဲ သူ့မိဘများအား တင်းမာသောအကြည့်ဖြင့်ကြည့်ပြီး သူ့ပါးစပ်ကို ပိတ်ထားတတ်လေသည်။

         အဖြေထွက်လာသည့်အချိန်ကို မိဘများက အလွန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြ ရလေသည်။ အကယ်၍ ကလေးက တွေ့ဆုံမေးမြန်းမှုကို ကောင်းစွာဖြတ်သန်းဖြေဆို နိုင်ခဲ့ပြီး ဝင်ခွင့်နေရာတစ်နေရာ ရရှိခဲ့သည်ဆိုပါက မိဘများစိတ်တွင် စိုးရိမ်ကြောင့်ကြမှု နေရာ၌ ဂုဏ်ယူဝင့်ကြွားမှုများ အစားထိုးဝင်ရောက်လာလေသည်။

         အကယ်၍ ငြင်းပယ်သောအဖြေလွှာထွက်လာပါက မိဘများအဖို့ ကမ္ဘာပျက်သလို ဖြစ်သွားကြလေသည်။ ကလေးအား ကောင်းကောင်း မလာရကောင်းလားဟူ၍လည်း အပြစ်တင်ကြလေသည်။ မိမိတို့ကိုယ်တိုင်လည်း ကလေး သဘောပေါက်အောင် မသွန်သင် နိုင်ခဲ့ခြင်းအတွက် ယူကြုံးမရဖြစ်ကြရပါသည်။

         ထိုဖြစ်စဉ်များသည် မိဘတိုင်း ရင်ဆိုင်ရသော ကျောင်းဝင်ခွင့်ရရှိရေး ကြိုးပမ်းမှု၏ အနှစ်ချုပ်ဖြစ်ပေသည်။ ဤကိစ္စအတွက် အဆင်ပြေချောမွေ့ရန် ကသီလင်တဖြစ်နေပါ သလား။ ဤစာအုပ်မှ အခန်းကဏ္ဍများကို ဆက်လက်ဖတ်ရှုလေ့လာပါက ပြေလည် အသုံးကျသွားပါလိမ့်မည်။

         (ကစားကျောင်းသည် မူကြိုကျောင်းနှင့် အလားတူပါသည်။ ကျောင်းဝင်ခွင့်ရရှိရန် အထပ်ထပ်ကြိုးစားရသော အိန္ဒိယနိုင်ငံ ပညာရေးစနစ်နှင့် မြန်မာနိုင်ငံမှာ ကွဲပြားမှုရှိသော်လည်း အဘယ့်ကြောင့် ထိုသို့စစ်ဆေးမေးမြန်းပြီးမှ မိမိတို့ကျောင်းတွင် လက်ခံကြ သနည်းဟူသော အဖြေကို ဤစာအုပ်တွင် ရှာဖွေကြည့်စေချင်ပါသည်။

         ယနေ့ မြန်မာနိုင်ငံရှိ ကျောင်းများတွင်မူ ကျောင်းသားသစ်များ ကျောင်းအပ်နှံချိန်နှင့် ကျောင်းသားဟောင်းများ ကျောင်းပြန်လည်အပ်နှံချိန်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီ သတ်မှတ်ပေးထားပါသည်။

         ထို့ပြင် ကျောင်းနေရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက်လည်း အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

          မည်သို့ပင်ဖြစ်စေ ကျောင်းကြီး၊ ကျောင်းကောင်း၊ စံပြကျောင်း ဟူသည်ကတော့ ရှိနေပါသည်။ မိဘများသည် မိမိတို့ကလေးများအား မိမိထားလိုသည့်ကျောင်းသို့ ဝင်ခွင့် ရရန် ကြိုးပမ်းကြရပါသည်။

          ကလေးနှင့် မိဘကို လူတွေ့စစ်ဆေးရွေးချယ်ခြင်းဟူ၍ သီးခြားမပြုလုပ်ကြသော် လည်း ကျောင်းများက မိမိတို့ကျောင်းနှင့် သင့်လျော်မည်ထင်သည့် ကျောင်းသားကို ရွေးချယ်လက်ခံတတ်ကြပါသည်။

       ဤနေရာတွင် မိဘများက ပို၍ အရေးကြီးပါသည်။ မိမိကလေး ဤကျောင်းတွင် တက်ရန် မိမိ၌ အင်အားရှိ မရှိ၊ သွားလာမှု အဆင်ပြေ မပြေ၊ ကလေးစာလိုက်နိုင် မနိုင်၊ ကလေး၌ ကြိုတင်ပြင်ဆင်သင်ကြားထားမှုများ၊ ပြည့်စုံ မပြည့်စုံကို ချင့်ချိန်စဉ်းစား၍ နိုင်သည့်ဝန်ကို ထမ်းကြရပါမည်။

        စာအုပ်ပါအခန်းကဏ္ဍများကိုလေ့လာ၍ ဆောင်သင့်သည်ကို ဆောင်ကာ ရှောင် သင့်သည်ကို ရှောင်ကြရပါလိမ့်မည်။