Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဖြိုးသာရ - တစ်ကမ္ဘာလုံးဆိုင်ရာအထိမ်းအမှတ်နေ့ဂုဏ်ပြုစာစီစာကုံးများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

ကာကွယ်တားဆီး မူးယစ်မီး

                  မူးယစ်ဆေးဝါးသည် “မီး” ဖြစ်သည်။ မူးယစ်မီး၏ အန္တရာယ်ကား ကြီးမားလွန်းလှသောကြောင့် တစ်ကမ္ဘာလုံး၏ ရန်သူတော်အဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးက ကာကွယ်တားဆီးလျက်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံသည် လည်း မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ပြည်သူနှင့် တပ်မတော် လက်တွဲကာ အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပါ သည်။ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်ခြင်းကြောင့် လူသားအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့် တစ်ခု အပြန်အလှန် နားလည်မှုရှိရှိဖြင့် အကျိုးတူပူပေါင်းဆောင်ရွက်မှသာ ယင်းပြဿနာကို ဖြေရှင်း နိုင်မည် ဖြစ်ပေသည်။

                မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကို အမျိုး သားရေးတာဝန်တစ်ရပ်အဖြစ် အလေးအနက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သကဲ့သို့ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ အိမ်နီး ချင်းနိုင်ငံများနှင့် အလှည့်ကျ အစည်းအဝေးများ ကျင်းပခြင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

                    မူးယစ်ဆေးဝါးပပျောက်ရေးအတွက် နိုင်ငံတကာနှင့် လက်တွဲ ဆောင်ရွက်လျက်ရှိရာ ၂၀၀၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် အာဆီယံနှင့် တရုတ် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် ခြောက် နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အဆင့်မြင့်အရာရှိများ အစည်း အဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရ်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒေသခွဲ အတွင်း လုပ်ငန်းစီမံကိန်းများဖြစ်သည့် MOU(၆)နိုင်ငံတို့အားပေါင်းစည်း ၍ ဒေသခွဲအတွင်း မူးယစ်ကင်းမဲ့ဇုန် ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက် လျက် UNODC ၏ နည်းပညာဖွံ့ဖြိုးမှု အလှူရှင်နိုင်ငံများ၏ ပံ့ပိုးမှု MOU နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးညှိ နှိုင်းခဲ့သည်။

                   တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုက်ဖျက်ရာတွင် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံ အတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးကလည်း အမျိုးသားရေးတာဝန် အဖြစ် ခံယူပြီး ကိုင်ပိုင်စွမ်းအားများဖြင့် ဝိုင်းဝန်းကူညီနှိမ်နင်း တိုက်ဖျက်

သွားရမည်ဖြစ်သည်။ . မြန်မာနိုင်ငံ နယ်စပ်ဒေသနေ ညီအစ်ကို တိုင်းရင်းသားများသည် နယ် ချဲ့တို့၏ဆိုးမွေဖြစ်သော ဘိန်းစိုက်ပျိုးခြင်းလုပ်ငန်းကို ဆက်ခံရရှိခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နယ်စပ် ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် စပ်လျဉ်း၍ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်စေပြီး သမ္မာအာဇီဝလုပ်ငန်းများ ထူထောင်လုပ်ကိုင်စေရန်ဖြစ်ကြောင်း”ဟု လမ်းညွှန်ခဲ့ ပေသည်။

                       ထို့ကြောင့် နိုင်ငံတော်သည် တိုင်းရင်းသား ညီအစ်ကိုများထံတွင် ရှိနေသော နယ်ချဲ့ ဆိုးမွေကို ပပျောက်စေပြီး အခြားသောသမ္မာအာဇီဝလုပ်ငန်း များ လုပ်ကိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခဲ့သည်။

                      မျက်မှောက်ကာလတွင် နိုင်ငံအသီးသီးရင်ဆိုင်နေရသော ပြဿနာများ အနက် သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ဖွံ့ ဖြိုးတိုးတက် ရေးတို့ကိုအန္တရာယ်ပြုနေသော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုပြဿနာပင်ဖြစ်ပေသည်။ ယင်းပြဿနာသည် ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အားလုံး ရင်ဆိုင်နေရသော ပြဿနာတစ်ရပ် ဖြစ်သည်။

                ကိုလိုနီစနစ်၏ အမွေဆိုးအဖြစ် ဘိန်းစိုက်ပျိုးမှု အမြစ်တွယ်ခဲ့သည့် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို နိုင်ငံရေး အနှစ်သာရရှိရှိဖြင့် ကျင်းပ ပေးခဲ့ပါသည်။ အကြောင်းမှာ အပြည်ပြည် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သော ဇွန်လ ၂၆ ရက် နေ့တွင် မြန်မာနိုင်ငံတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး ပစ်ခြင်း ဖြစ်သည်။ ၂၀၀၂၊ ဇွန်လ ၂၆ ရက်နေ့တွင် ၁၆ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့သည်။ ထိုသို့ဖျက်ဆီးရာတွင် ဘိန်း၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ် ကြွရူးသွပ်ဆေးပြား၊ အက်ဖီဒရင်းဆေးပြား၊ အက်ဖီဒရင်းဆေးမှုန့်များ ပါဝင် ပေသည်။

           ယခုအခါ နယ်စပ်နေ တိုင်းရင်းသားပြည်သူများသည် မူးယစ်ဆေး များ၏ဆိုးကျိုးများကို သိရှိကာ နိုင်ငံတော်၏ စေတနာကို နားလည်သဘော ပေါက်လာကြသဖြင့် ဘိန်းမျိုးစေ့များ အပ်နှံခြင်း၊ ဘိန်းသီးခြောက်များ အပ်နှံ ခြင်းတို့ကို ပြုလုပ်လာကြသည်။ နိုင်ငံတော်ကလည်း ဒေသခံပြည်သူများ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဒေသနှင့် ကိုက်ညီမည့် သီးနှံမျိုးစေ့များကို ဖြန့်ဝေပေးလျက် ရှိပါသည်။ ရှမ်းပြည်နယ်တစ်ဝှမ်းတွင် မူးယစ်ဗဟို၏ အစီအစဉ်ဖြင့် ဘိန်းစိုက်ပျိုးမှု တားဆီးရေးစီမံချက်ကို ရေးဆွဲပြီး ဘိန်းအစားထိုးသီးနှံခုနစ်မျိုးကို မြေဧက နှစ်သောင်းကျော်တွင် စိုက်ပျိုးနိုင်ရန် စီစဉ်ပေးခဲ့သည်။ စီမံချက်အတွက် လိုအပ်ငွေများကိုလည်း ပံ့ပိုးပေးခဲ့သည်။

                မြန်မာနိုင်ငံမှာ ဘိန်းအစားထိုး ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ရာ လွန်ခဲ့သော ရှစ်နှစ်ကထက် ဘိန်းထုတ်လုပ်မှု ၈၀ ရာခိုင် နှုန်းအထိ ကျဆင်းခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏ ၂၀၀၅ ခုနှစ် မူးယစ် ဆေးဝါးနှင့်စပ်လျဉ်းသော အစီရင်ခံစာတွင် တင်ပြထားကြောင်း သိရပါသည်။

                      နိုင်ငံတော်တွင် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို အလေး ထား ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး မဟာဗျူ ဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပပျောက်ရေး စီမံကိန်း ကို ၁၉၉၉ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်း (၃) ခု ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ထို ၁၅ နှစ် မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းတွင်

ပထမ (၅)နှစ် - (၁၉၉၉/ ၂ဝဝဝ မှ ၂ဝဝ၃/ ၂၀၀၄ အထိ) -

၁၆ မြို့နယ် `၁။ ရှမ်းပြည်နယ်မြောက်ပိုင်း (၉) မြို့နယ်

၂။ ရှမ်းပြည်နယ်တောင်ပိုင်း (၆) မြို့နယ်

၃။ ရှမ်းပြည်နယ်အရှေ့ပိုင်း (၁) မြို့နယ်

ဒုတိယ (၅)နှစ်- (၂၀၀၄/ ၂၀၀၅ မှ ၂ဝဝ၈/ ၂၀၀၉ အထိ) -

၂၂ မြို့နယ် ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း (၉) မြို့နယ်

၂။ ရှမ်းပြည်နယ်တောင်ပိုင်း (၃) မြို့နယ် ၃။ ရှမ်းပြည်နယ်အရှေ့ပိုင်း (၆) မြို့နယ်

၄။ ကချင်ပြည်နယ် (၄) မြို့နယ်

တတိယ (၅)နှစ်- (၂၀၀၉/ ၂၀၁၀ မှ ၂၀၁၃/၂၀၁၄ အထိ) -

၉ မြို့နယ် ၁။ ရှမ်းပြည်နယ်တောင်ပိုင်း (၅) မြို့နယ်၊

၂။ ကယားပြည်နယ် (၂) မြို့နယ်

၃။ ချင်းပြည်နယ် (၂) မြို့နယ်တို့ကို

သတ်မှတ်ထားသည်။ ယင်းစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် လျာ ထားငွေမှာ အမေရိကန်ဒေါ်လာ သန်း (၁၅၀) ခန့် ဖြစ်သည်ဟု သိရပါ သည်။ ထိုစီမံကိန်းကြီးနှင့်အတူ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တွဲဖက် ဆောင်ရွက်လျက်ရှိသည်။

                မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းမှုများမှာ ထူးခြား စွာ အောင်မြင်လျက်ရှိသည်။ ယခင်က တပ်မတော်စစ်ကြောင်းများဖြင့် ရှင်း လင်းဖြိုခွင်းခဲ့ရသောအဖြစ်မှသည် ယခု ဘိန်းစိုက်တောင်သူများ ကိုယ်တိုင် ဘိန်းစိုက်ပျိုးခြင်းကို စွန့်လွှတ်လာကြသည့် အခြေအနေသို့ ရောက်ခဲ့သည်။ ဘိန်းမျိုးစေ့များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ မြန်မာနိုင်ငံအတွင်း ဘိန်းဖြူဖမ်းဆီးရမှု ပမာဏသည်ပင် လျော့နည်းကျဆင်းလာခဲ့ပြီ ဖြစ်သည်။

               သို့သော် မူးယစ်ဆေးဝါးဟုဆိုရာ၌ ဘိန်းနှင့် ဘိန်းဖြူမျှသာမကပါ၊ စိတ်ကြွရူးသွပ်ဆေးပြားများသည်လည်း ယနေ့လူငယ်ထုကို နှောင့်ယှက်ဖျက် ဆီးသော လောင်မီးမျိုးပင်ဖြစ်ပေသည်။ ထိုစိတ်ကြွရူးသွပ်ဆေးပြားများ ထုတ် လုပ်သည့် အဓိက ကုန်ကြမ်းဖြစ်သော ဓာတုဗေဒပစ္စည်းများမှာ မြန်မာနိုင်ငံ တွင် ထုတ်လုပ်ခြင်းမရှိပါ။ နိုင်ငံအချို့တို့မှ နည်းမျိုးစုံဖြင့် ဝင်ရောက်လာ ခြင်းဖြစ်ပြီး မသမာသူ လောဘသမားများက စိတ်ကြွရူးသွပ် ဆေးပြားများ ထုတ်လုပ်ကာ ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးတွင် ဖြန့်ဖြူးနေခြင်းဖြစ်သည်။

            မြန်မာနိုင်ငံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ တိုက်ဖျက်ရေးနှင့် ပတ် သက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၀၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၀၂)၊ ဇွန်လ ၂၁ ရက်နေ့တွင် (၂/ ၂၀၀၂ တို့ကို) ထုတ်ပြန်ပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား ထိန်း ချုပ်သော ဓာတုဗေဒပစ္စည်းများအဖြစ် သတ်မှတ်ခဲ့သည်။

          မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု စတင်ခဲ့ခြင်းသည် ကိုလိုနီနယ်ချဲ့ တို့၏ ဆိုးမွေကြောင့်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နယ်ချဲ့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်ကာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာများ ယှဉ်တွဲဖြစ်ပေါ်လာလေသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲ၍ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို ထူထောင်လာခဲ့ကြသည်။ ထိုမှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့သည်။ ထိုသို့ နိုင်ငံတော်၏ စစ်မှန်သောစေတနာနှင့် မှန်ကန် သော လုပ်ဆောင်မှုများကြောင့် သောင်းကျန်းသူအဖွဲ့ ၁၉ ဖွဲ့ သည် ဥပဒေ ဘောင်၏အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

            မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို မိုးဟိန်း စစ်ဆင်ရေး (၁)မှ (၁၂)အထိလည်းကောင်း၊ ငရဲပန်း စစ်ဆင်ရေး (၁)မှ (၈) အထိလည်းကောင်း၊ တောင်ရန်ရှင်းစစ်ဆင်ရေး (၁)မှ (၄)အထိ လည်းကောင်း၊တောင်ထိပ်ပန်း စစ်ဆင်ရေးဖြင့်လည်းကောင်း စစ်ဆင်ရေးများ ဆင်နွှဲ၍ တပ် မတော်သားများ၏ အသက်သွေးချွေးမြောက်မြားစွာ စွန့်လွှတ်တိုက်ဖျက်ခဲ့ကြ သည်။

                 ယခုအခါ နိုင်ငံတော် တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ နယ်စွန် နယ်ဖျား ဝေလံခေါင်းပါးသောဒေသများပါ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏ လက်တွဲကြိုးပမ်းမှုဖြင့် မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေးလုပ်ငန်းများ တိုးတက်အောင်မြင်လျက် ရှိပေသည်။ ထိုသို့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ပပျောက်ရေး ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းများ သည် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားသော အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ထောက် ခံဂုဏ်ပြုလျက် ရှိနေပေသည်။ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် နိုင်ငံတကာမှ ငြင်းဆို၍ မရနိုင်သော သက်သေသာဓကများစွာ အခိုင်အမာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ရာ လူငယ်ထုတစ်ရပ်လုံးက ဝမ်းမြောက်ပီတိဖြင့် ကြိုဆိုလက်တွဲ တိုက်ပွဲဝင် အောင်ပွဲဆင်သွားရမည်မဟုတ်ပါလား။