Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဖြိုးသာရ - ကလေးများအားလုံးအောင်မြင်နိုင်ပါသည်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type
မင်းပြောသလို မင်းဘာလို့ မလုပ်နိုင်တာလဲ”
“ဒီမှာ ငါ ညည်းကို စကားပြောနေတယ်၊ ငါ့ကို ကြည့်စမ်း”
“ဟဲ့၊ နင့်အခန်းကလည်း ကြွက်သိုက်ကျနေတာပဲ”
“မင်းမှာ ဘာရှိတယ်ဆိုတာ မင်း ခုထိ သဘောမပေါက်သေးဘူးလား”
ကလေးတွေပေါ့၊ သူတို့ အားလုံး သိတယ်လို့ သူတို့ ထင်နေကြတယ်၊ ရှင် သူတို့ ကို ဘာမှပြောလို့ ရနိုင်မှာ မဟုတ်ဘူး”
မင်း နေပုံထိုင်ပုံ တွေ ဒီထက်ပိုကောင်းလာအောင် စောင့်လိုက်ဦး”

                      မိဘတစ်ယောက်အနေဖြင့် သင်တို့သည် သင်တို့၏ကလေးမှာ ထူးခြားသော စွမ်းရည်နှင့် ထူးခြားအံ့သြဖွယ်အမူအကျင့်များ ပိုင်ဆိုင်သည့်ဘုရားပေးသောဆုဟူ၍ ခံယူသဘောထားကြ မည်ဖြစ်သည်။

                      သို့သော် လက်တွေ့ ရင်ဆိုင်ရသောအခါ ကလေးများအားလုံး အတူတူဖြစ်သည်။ သူတို့ သည် သင်တို့အား ပျော်ရွှင်သာယာချမ်းမြေ့မှုများ ပေးနိုင်သကဲ့သို့ အကြီးမားဆုံး စိန်ခေါ်မှုကိုလည်း ပေးကြပါလိမ့်မည်။ အမှန်အားဖြင့် သင့်မိသားစုအတွင်းရှိ ကလေးတိုင်းတွင် ခြားနားသော စိန်ခေါ် မှုရှိကြကြောင်း သင် သတိထားမိနိုင်ပါသည်။ ဤမိသားစုအတွင်း ဤမိဘနှစ်ပါးမှမွေးလာသော ကလေးချင်းတူသည့်တိုင် မည်သို့ခြားနားသော စိန်ခေါ်မှုများရှိနေကြပါသနည်း။ သင့်ကလေးများ သည် အများသူငါနှင့်ဆက်ဆံရာတွင် အဘယ်ကြောင့် သင့်သဘောအတိုင်း အလိုအလျောက်ဖြစ် မလာပါသနည်း။ သူတို့ သင့်ကို တမင်တကာ စိတ်အနှောင့်အယှက် ပြုနေကြလား။ သင့်ကို အရူးလုပ်ရန် ကြိုးစားနေကြသလား။

            နှစ်ပေါင်းများစွာကပင် သုတေသနပြုသူများသည် လူတစ်ဦးချင်းစီ၌ရှိသော ထူးခြားမှု များ၏ အကြောင်းရင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤကိစ္စသည် အလွန်ရှုပ်ထွေး၍ ပဟေဠိ သဖွယ်ဖြစ်သည်ဟု ဆိုကြသည်။ သုတေသနပညာရှင်များသည် အချို့ သောပင်ကိုစွမ်းရည် ပုံသဏ္ဌာန်များကို ခွဲခြားနိုင်ခဲ့ကြသည်။ ကွဲပြားသော ပင်ကိုစရိုက် အနည်းဆုံးလေးမျိုးရှိပြီး ခြားနား သောကိုင်တွယ်ဖြေရှင်းနည်းများနှင့် သင်ကြားမှုပုံစံများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

 

                 ဤအချက်သည် သင်တို့အား အလွန်စိတ်ဒုက္ခပေးနိုင်ပါသည်။ သို့သော် ဤစာအုပ်က သင့်အတွက် မျှော်လင့်ချက်များပေးပါလိမ့်မည်။ အလုပ်များသော မိဘများအနေဖြင့် မည်မျှ စိတ်ပါ ဝင်စားတက်ကြွသည်ဖြစ်စေကာမူ ဤကိစ္စအတွက် စာအုပ်စာတမ်းများမှ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေလေ့လာရန် အချိန်မပေးနိုင်ကြပေ။ သူတို့၏အတွေ့ အကြုံများမှသာ တန်ဖိုးရှိသော စိတ်ကူးများကို တူးဖော်အသုံးချကြရပေသည်။ လူတစ်ဦးချင်းစီ၏ခြားနားမှုတို့ကို သုတေသနပြုသူများကတော့ လူတစ်ဦးတွင် ကိုယ်ပိုင်ပုံစံလိုအပ်ကြောင်း လက်ခံယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် သုတေသနပြု သူများ၏တွေ့ရှိချက်များကို လေ့လာရာတွင် သင့်အနေဖြင့် အမျိုးအစားတစ်ခုအတွင်း၌ သင်ကိုယ် တိုင် ကောင်းကောင်း အသားကျခံစားတတ်ရန် လိုအပ်ပေသည်။ သို့ရာတွင် တကယ်လက်တွေ့ ရင်ဆိုင်ရချိန်၌ ထိုအယူအဆနားလည်မှုများသည် သင့်အား အနှောင့်အယှက်ဖြစ်ကာ အားမလို အားမရမှုများ ကြုံတွေ့လာရမည်သာ ဖြစ်သည်။

              ကျွန်မသည် ကျွန်မ၏ ပထမစာအုပ်ဖြစ်သော The Way They Learn “သူတို့ သင်ယူရ မည့်နည်းလမ်း”တွင် သုတေသနပုံစံငါးမျိုးနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ယင်း၌ လူတိုင်းပိုင်ဆိုင် သော မွေးရာပါပင်ကို စွမ်းရည်နှင့်စရိုက်များ ပါဝင်ပါသည်။

            အကယ်၍ ကိုယ်ပိုင်ပုံစံနှင့် ပင်ကိုစရိုက်သည် လူတစ်ဦးချင်းစီ၏ ပဟေဠိ၌ အထင်ရှားဆုံး အပိုင်းကဏ္ဍအချို့ဖြစ်သည် ဆိုပါလျှင် သူတို့၏ သင်ယူမှုပုံစံများသည် သူတို့အား လှပအောင် အနားကွပ်ပေးသည့်အပိုင်းအစများဖြစ်သည်ဟု ဆိုချင်ပါသည်။ သင်တို့ မည်သို့ခံစားရကြောင်း၊ မည်သည်က သင်တို့အတွက် အရေးကြီးဆုံးဖြစ်ကြောင်း၊ အပြည့်အဝနားလည်မှုနှင့် ဆက်ဆံရေး ပြေပြစ်မှုအတွက် မည်သည်တို့လိုအပ်ကြောင်း သင်တို့၏ သင်ယူမှုပုံစံများက သင်တို့အား အဆုံး အဖြတ်ပေးလိမ့်မည်ဖြစ်သည်။

                   ထိုစာအုပ်ထွက်ရှိပြီး မကြာမီပင် အမေရိကန်ပြည်ထောင်စုဝါရှင်တန်မှ အထက်တန်းအဆင့် smpć:05dumpê:0z& LAP (Learning Assitance Program)w&229 326comodsama အစီအစဉ်အတွက် ငွေကြေးအချို့ လက်ခံရရှိခဲ့သည်။ ထိုအစီအစဉ်တွင် ပါဝင်သော ကျောင်းသား များသည် မိမိတို့ကျောင်းအတွင်း၌ အပြင်းအထန် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း ပြည့်ဝသော အထူးပညာရေး ရန်ပုံငွေနှင့်လမ်းညွှန်ချက်များကို မရရှိခဲ့ကြပေ။ ထို (၇)တန်း၊ (၈)တန်း၊ (၉)တန်း

ကျောင်းသူကျောင်းသားများသည် ပညာရေးဆိုင်ရာဘာသာရပ်များစွာတို့၌ အားနည်းခဲ့ကြသော် လည်း လူငယ်အချို့၏ ဆိုးသွမ်းမှုများကိုမူကား အနားသတ်ပေးနိုင်ခဲ့ပေသည်။ ထိုသီးသန့်ကျောင်းသားကလေးများနှင့် အလုပ်လုပ်ရန်အတွက် မစ်(စ်)ထရွိုင်းဟူသည့် ကျောင်းဆရာမ တစ်ယောက်အား အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြသည်။ သူမသည် အထူးလေ့ ကျင့်ထားသော လက်မှတ်ရ ဆရာမတစ်ဦး ဖြစ်သည်။

                ကျွန်မတို့ အတူတကွ တွေ့ဆုံညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး အစီအစဉ်များချမှတ်ခဲ့ကြပါသည်။ ထိုအစီအစဉ်များသည် ကျောင်းတွင်း၌ ကျောင်းသားများ၏ ဆောင်ရွက်လှုပ်ရှားမှုများ အပေါ် အားဖြည့်ကူညီနိုင်ရေးအတွက် အသုံးချရန် ရှာဖွေထားသည့် သင်ယူမှုပုံစံများပင်ဖြစ်သည်။ ထို့အတူ သူတို့ကလေးများ၏ဘဝအောင်မြင်မှုအတွက် အဆင်ပြေစေနိုင်မည့် စွမ်းရည်များကို မြှင့်တင်ပေးရေးလည်း ပါဝင်သည်။ ထိုကျောင်းတွင် ထိုစာအုပ်ကို အစီအစဉ်တွင်ပါသောကျောင်းသားတိုင်း ကူးယူစေပြီး မစ်(စ်)ထရွိုင်းက တရားဝင်(သုတေသနပြုအထောက်အထားများ အရ)နှင့် တရားမဝင်(အတိုချုပ်နှင့် သိပ္ပံနည်းကျမဟုတ်သော တိုင်းတာချက်များဖြင့်) ကျောင်းသား များကို အကဲဖြတ်ပေးနိုင်ခဲ့ပေသည်။

               မစ်(စ်)ထရွိုင်းသည် သူ့အလုပ်ကို မမောနိုင်မပန်းနိုင်ကြိုးပမ်းအားထုတ်ခဲ့သည်။ သူ တစ်ဦး တည်းဖြင့် ကျောင်းသား(၈၀)ကျော်ကို ရက်သတ္တခြောက်ပတ်ခန့် ကိုင်တွယ်ထုဆစ်ပေးခဲ့သည်။ စာအုပ်တွင်ပါသော သုတေသနပုံစံ ငါးမျိုးစလုံးဖြင့် ကလေးများအလိုက် လွှမ်းမိုးနိုင်မှုအပေါ် လမ်းညွှန်ကူညီပေးခဲ့သည်။ ကျွန်မသည် ထိုကျောင်းရှိ ဝန်ထမ်းများနှင့် နာရီအနည်းငယ်ကြာ တွေ့ဆုံ၍ ဆွေးနွေးညွှန်ကြားခဲ့ပြီး စိတ်ဝင်စားသော မိဘများနှင့်လည်း မိဘဆရာအသင်းအစီအစဉ် ၌ တွေ့ဆုံ၍ စကားပြောခဲ့ပါသည်။

            ကျောင်းသားများ၏ တုံ့ပြန်မှုကား အလွန့်အလွန်ကောင်းမွန်လှပေသည်။ သူတို့သည် သူတို့ မည်သို့သင်ယူခဲ့ကြသနည်းဟူသည့် လူကြီးများ၏ မေးခွန်းအတွက် အလွန်ပင် ဂုဏ်ယူဝမ်း မြောက်ကြသည်။ သူတို့သည် သူတို့ဆရာမက သူတို့အား နည်းပရိယာယ်အသွယ်သွယ်အသုံးပြု ထုဆစ်ခဲ့ကြောင်း လုံးဝမစဉ်းစားမိနိုင်ကြပေ။ အောင်မြင်မှုဇာတ်လမ်းများစွာရှိသည့်အနက် ဂျိတ် အကြောင်းက အထင်ရှားဆုံးဖြစ်သည်။ ဂျိတ်သည် (၉) တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်း အုပ်ကြီး ရုံးခန်းတွင် ခြေထောက်တစ်ဖက်၊ ဂျူဗီနိုင်းလ်ခန်းမတွင် ခြေထောက်တစ်ဖက်ရပ်ခဲ့သူ ဖြစ်သည်။

                 မစ်(စ်)ထရွိုင်းသည် ဂျိတ်ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဘာသာရပ်တိုင်း၌ ကျရှုံးပြီး အိမ်စာမှန်သမျှ မလုပ်ခဲ့ပေ။ ယင်းမှာ တစ်နှစ်ခွဲခန့်ပင်ရှိလေပြီ။ မစ်(စ်)ထရွိုင်းက “သူက တကယ်တော်တဲ့ကလေးပါ”ဟု ပြောသည်။ “သူက ဉာဏ်ကောင်းတယ်၊ အစွမ်းအစရှိတယ်။ သူ့မှာ အံ့သြစရာကောင်းတဲ့ ဟာသဉာဏ်လည်း ရှိတယ်၊ ဒါပေမယ့် ဒီအရည်အချင်းတွေက ဂျိတ် ဘာပဲလုပ်လုပ် ရောင်ပြန်ဟပ်မလာတာဘဲ ရှိတယ်”ဟု ကောက်ချက်ချသည်။ ဂျိတ်၏ သင်ယူမှုပုံစံ လွှမ်းမိုးမှုအား ဆန်းစစ်ပြီးသည့်အခါ မစ်(စ်)ထရွိုင်းက သူနှင့် ဆွေးနွေးမှု ပြုလုပ်သည်။

                 ပထမတွင် ဂျိတ်၌ သူ၏သင်ယူမှုပုံစံ အကဲဖြတ်ရလဒ်အဖြေများအပေါ် စိတ်ဝင်စားမှု မဖြစ် ပေါ်လာခဲ့ပေ။ မစ်(စ်)ထရွိုင်းက The Way They Learn မိတ္တုစာအုပ်ကိုယူ၍ သူ့ရှေ့စားပွဲပေါ်သို့ တွန်းပို့လိုက်သည်။

“ဒါ မင်းစာအုပ်လား ဂျိတ်”

သူမက မေးလိုက်သည်။

 သူက ပြုံးဖြဲဖြဲလုပ်၍ ခေါင်းရမ်းသည်။

             “အို၊ မဟုတ်ပါဘူး၊ ကျွန်တော်က စာအုပ်တွေ မဖတ်ဘူး”

မစ်(စ်)ထရွိုင်းက ဇွဲမလျှော့ပေ။

              “ဒီစာအုပ်က မင်းဟာပါကွ၊ မင်း မသိချင်ယောင်ဆောင်နေတယ် ဆိုတာ ငါသိပါ တယ်” ဟုပြောလိုက်ပြန်သည်။

သူက စိတ်မဝင်စားဟန်ဖြင့် ပခုံးတွန့်၍ စာအုပ်ကို ကောက်ယူကာ ထွက်သွားသည်။

            ရက်အနည်းငယ်ကြာသော် မစ်(စ်)ထရွိုင်းသည် သူ၏ဌာန စာတိုက်ပုံးတွင် အရေးပေါ် သတင်းတစ်ရပ်ကို လက်ခံရရှိခဲ့သည်။ ဂျိတ်၏ မိခင်က သူမနှင့် တွေ့ဆုံ စကားပြောလိုသည်ဟု ဆိုသည်။ သူမ အနည်းငယ် စိုးရိမ်ပူပန်မှုဖြင့် အလိုမကျမှုများ ဖြစ်ပေါ်လာခဲ့သော်လည်း ဂျိတ်၏ မိခင်ကို ဆွေးနွေးခွင့်ပြုရန်ခေါ်လိုက်သည်။ မစ်(စ်)ထရွိုင်းသည် ဂျိတ် မိခင်နှင့် ထိုနေ့ခင်းတွင် တွေ့ရန် စီစဉ်ခဲ့သည်။

              ဂျိတ်မိခင်သည် မစ်(စ်)ထရွိုင်းနှင့်တွေ့ဆုံချိန်၌ အသက်ပင်ရဲရဲ မရှူဝံ့ရှာပေ။

 ၎င်းကစ၍ စကားပြောရာတွင်

           “ရှင် ကျွန်မသားကို ဘာလုပ်လိုက်သလဲ၊ ကျွန်မ မသိဘူး”ဟု ဆိုသည်။

 “တစ်နေ့ က သူ ဒီစာအုပ်နဲ့အတူ အိမ်ရောက်လာတယ်”

၎င်းက ဂျိတ်၏ “သူတို့သင်ယူ ရမည့်နည်းလမ်း”စာအုပ်ကို ထောင်ပြသည်။

              “သူက ပြောတယ်၊ အမေ၊ ဒီစာအုပ်ကို အမေပြီးအောင်ဖတ်ပါ၊ ဒီစာအုပ်ထဲမှာ ကျွန်တော့်အကြောင်းပါတယ်တဲ့။ ပြီးတော့ သူက သူ့ အဖေနဲ့ ကျွန်မကို မီးဖိုဆောင် စားပွဲမှာ ထိုင်ခိုင်းပြီး ရှင် သူ့ကိုပြောပြလိုက်တဲ့ သင်ယူမှုပုံစံညွှန်ကြားချက် အမျိုးမျိုးကို ရှင်းပြတော့တာပဲ။ အဲဒီအထဲက သူနဲ့လိုက်ဖက်တာတစ်ခုကို ထုတ်ပြတယ်၊ သူ ကျောင်းမှာ လုပ်ခဲ့သမျှအပေါ် တစ်ခါမှ သူ ဒီလောက် စိတ်လှုပ်ရှားတာ ကျွန်မ မတွေ့ ဖူးဘူး” ( မစ်(စ်)ထရွိုင်းက ပြုံးသည်။ သူမ စကားပြန်မပြောနိုင်မီ ဂျိတ်အမေက ဆက်ပြောသည်။

           “ဒီမှာ အကောင်းဆုံးအပိုင်းပေါ့ ၊ မနေ့က ကျွန်မတို့ သူ့ကျောင်းအတွက် လိုတာ လေးတွေဝယ်ဖို့ ဈေးသွားကြတယ်၊ ဂျိတ်က သူ အင်္ဂလိပ်စာ အိမ်စာလုပ်နေတုန်းမို့လို့ သူ့ကို ခဏစောင့်နိုင်မလားလို့ မေးခဲ့တယ်၊ ကျွန်မတော့ တကယ့်ကို ကြက်သေသေသွား တဲ့အထိ အံ့ဩခဲ့ရပါတယ်၊ ကျွန်မတို့ သူ့ကိုစောင့်ခဲ့ကြတယ်၊ သူ ပထမဆုံးအကြိမ် လပတ်အိမ်စာတွေကို ပြီးအောင်လုပ်ခဲ့တယ်”

             ဂျိတ်အမေသည် သူ့ကိုသူ ယိုင်မသွားအောင် ထိန်းလိုက်ပြီး မျက်လုံးအိမ်၌ မျက်ရည်များ ပြည့်လျှံလာပေသည်။