Skip to product information
1 of 5

Other Websites

ဖြိုးသာရ - ကလေးများအတွက်၃၈ဖြာမင်္ဂလာပုံပြင်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
လူမိုက်ကိုမပေါင်းသင်း မဆည်းကပ်ခြင်း
မင်္ဂလာ
 
(၁) 
လူမိုက်ကလေးရဲ့ ရလဒ်

 

          ဟိုးရှေးရှေးတုန်းက ရွာကလေးတစ်ရွာမှာ မောင်အိ ဆိုတဲ့ ကလေးတစ်ယောက် ရှိတယ်။ သူ့ရဲ့အဖေက သစ်ခုတ်သမား ဖြစ်တယ်။ အဲဒီ ရွာမှာပဲ မောင်ပြည့်ဆိုတဲ့ ကလေးတစ်ယောက် လည်း ရှိတယ်။ သူ့ရဲ့အဖေကတော့ ရွှေကုန်သည်ကြီးပေါ့ကွယ်။

          ရွာမှာဆိုတော့ ဘုန်းတော်ကြီးကျောင်းတစ်ခုပဲ ပညာသင် စရာ ရှိတယ်။ ဒီတော့ မောင်အိနဲ့ မောင်ပြည့်ဟာ ဘုန်းတော်ကြီး ကျောင်းမှာ ပညာသင်ရင်း သူငယ်ချင်း ဖြစ်လာကြတယ်။

          မောင်ပြည့်ဟာ ရွှေကုန်သည်ရဲ့သား ဖြစ်တာကြောင့် အစစ အရာရာ ပြည့်စုံတယ်။ အဲဒီလို ဘဝမျိုးကို မောင်အိက သိပ် အားကျတာပေါ့။ မောင်ပြည့်ရဲ့ ကစားစရာပစ္စည်းတစ်ခုကို မြင်တိုင်း သူလည်း လိုချင်စိတ် ဖြစ်လာတယ်။

          တစ်နေ့တော့ မောင်ပြည့်ဆီမှာ ဆင်စွယ်ယမင်းရုပ်ကလေး ကို တွေ့တယ်။ မှောင်အိဟာ အဲဒီ ယမင်းရုပ်ကလေးကို သိပ် သဘောကျသွားတယ်။ ဒါကြောင့် မောင်ပြည့်ကို “ဘယ်လောက် ပေးရသလဲ” လို့ မေးတာပေါ့။ မောင်ပြည့်က “အသပြာတစ်ရာ ပေးရတယ်” လို့ ပြောတယ်။

          “အသပြာတစ်ရာဆိုတော့ အဖေက ကြေးများတယ် ဆိုပြီး ဝယ်မပေးဘူးကွ။ ဒါနဲ့ ငါလည်း အမေသိမ်းထားတဲ့ အသပြာထုပ်ကို တိတ်တိတ်ကလေးထုတ်ပြီး အသပြာတစ်ရာ ယူလိုက်တာပေါ့။ ဒီလောက်ကိုတော့ အမေက ပျောက်မှန်းကို “သိမှာမဟုတ်ဘူးလေ။ ငါလည်း အဲဒီ အသပြာနဲ့ အရုပ်ကလေးကိုသွားဝယ်လိုက်တယ်။ အမေ့ကိုတော့ “ဘထွေးက လက်ဆောင် ဝယ်ပေးလိုက်တာ” လို့ ပြောလိုက်တာပေါ့ကွာ”

          “မင်းအမေက မင်းဘထွေးကို မမေးဘူးလား"

          ““မမေးပါဘူးကွာ။ ဘထွေးက ငါ့ကို သိပ်ချစ်မှန်း အဖေ သိနေတာပဲ။ ငါ့ကိုလည်း အရုပ်တို့၊ အဝတ်အစားတို့ ခဏခဏ ဝယ်ပေးနေတာပဲ”

         မောင်အိဟာ မောင်ပြည့်ရဲ့ ဘဝကို သိပ်ပြီး အားကျမိတာ တဲ့ကွယ်။ သူ့မှာတော့ အသပြာတစ်ရာတန်တဲ့ အရုပ်ကလေး ဝယ်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်နိုင်ဘူးလေ။ မောင်အိဟာ သူ့ဘဝကို သူစိတ်တိုင်းမကျဖြစ်ရသလို သူ့အဖေကိုလည်း အားမလို အားမရ ဖြစ်ရတာပေါ့။

          “အဖေ...မောင်ပြည့်ဆီက ယမင်းရုပ်ကလေးမျိုး ဝယ်ပေး ပါ။ အသပြာတစ်ရာပေးပါ””လို့ သူ့အဖေကို ပူဆာတဲ့အခါမှာ သူ့အဖေက သူ့ကို ဆူတော့တာပေါ့ကွယ်။

          “မဖြစ်နိုင်တာ ပြောနေတယ်။ မင်း လူမိုက်ပဲကွ”လို့ ပြောသတဲ့။

          မောင်အိဟာ သူ့အဖေကို ဒေါသထွက်သွားတယ်။ အဲဒီ အရုပ်ကလေးကိုလည်း ရအောင်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

          မောင်အိဟာ သူ့အမေ မသိအောင် သူ့အမေ သိမ်းထားတဲ့ အသပြာကို ရှာတော့တာပေါ့။ အသပြာက စုစုပေါင်း တစ်ရာ တိတိပဲ ရှိတာကို သူတွေ့တယ်။ အဲဒါကလည်း မောင်အိကို ရှေ့နှစ်မှာ မြို့တော်ကြီးက ပညာသင်ကျောင်းကို သွားရောက် အပ်နှံဖို့ ပုထားတာ ဖြစ်တယ်။

          မောင်အိဟာ မောင်ပြည့်ရဲ့ လုပ်ရပ်ကို မဆင်မခြင်အတု ယူပြီး အမေ့ငွေအသပြာတစ်ရာကို ခိုးယူမိတော့တယ်။ ပြီးတော့အရုပ်ကလေးကို သွားပြေးဝယ်တော့တယ်။ မောင်အိရဲ့ အဖေနဲ့ အမေဟာ အသပြာပျောက်သွားပြီး အရုပ်ကလေးရောက်လာတာ သိတော့ စိတ်လည်းဆိုး၊ စိတ်လည်းမကောင်း ဖြစ်ကြရတာပေါ့။

          သူ့အဖေက ယမင်းရုပ်ကလေးပိုက်ထားတဲ့ မောင်အိကိုမချင့်မရဲနဲ့ “အရုပ်လိုချင်တဲ့သား၊ ပညာဆက်မသင်နဲ့တော့၊ 'မင်းထိုက်နဲ့ မင်းကံပဲ"လို့ ပြောလိုက်တယ်။

          အဲဒီကျတော့မှ သူဟာ သူ့ရဲ့ ပညာသင်စရိတ်ကို သူ ကိုယ်တိုင် ခိုးယူမိမှန်း သိတော့တယ်။ ဒါပေမယ့် သူ့အမှားကို ပြင်လို့မရတော့ဘူး။ သူ့အဖေကလည်း အသက်ကြီးလာတော့ အသပြာအများကြီး အများကြီး မရှာဖွေနိုင်တော့ဘူး။ မောင်အိ လည်း မြို့ပေါ်မှာ ပညာဆက်သွားမသင်နိုင်တော့ဘူး။

          ဒါဟာ လူမိုက်ကလေး မောင်ပြည့်ကို ပေါင်းသင်းအတုယူ မိတဲ့ မောင်အိရဲ့ ရလဒ်ပဲပေါ့ ကလေးတို့ရယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)