စိတ်ကူးချိုချိုစာပေ
ဖြိုးသာရ - ကလေးတွေအတွက်လက်တွေ့လေ့ကျင့်စာစီစာကုန်းများ
ဖြိုးသာရ - ကလေးတွေအတွက်လက်တွေ့လေ့ကျင့်စာစီစာကုန်းများ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------
ကျွန်တော်၏အကြောင်း
ကျွန်တော်၏အမည်မှာ မောင်ဇေယျာထွန်း ဖြစ်ပါသည်။ ကျွန်တော်၏အသက်မှာ (၁၀)နှစ် ဖြစ်ပါသည်။ ကျွန်တော်သည် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် အမှတ် (၄) မူလတန်းနှင့် မူလတန်းလွန်ကျောင်းတွင် စတုတ္ထတန်း၌ ပညာသင်ကြားနေပါသည်။
ကျွန်တော်၏ဖေဖေမှာ ဦးဇော်ထွန်းဖြစ်၍ မေမေက ဒေါ်သက်သက်မာဖြစ်ပါသည်။ ဖေဖေက စည်ပင်သာယာရုံးအရာရှိတစ်ဦးဖြစ်ပြီး မေမေက ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်မတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့တွင် မောင်နှမ နှစ်ယောက်သာရှိပြီး ကျွန်တော်၏ညီမလေးက ပထမတန်းတွင် ပညာသင်နေပါသည်။ ကျွန်တော်တို့အိမ်တွင် ဘိုးဘိုးနှင့်ဘွားဘွားတို့လည်း အတူတူနေကြပါသည်။ ကျွန်တော်တို့ မိသားစုသည် မဟာမြိုင်ရပ်ကွက်ရှိ စည်ပင်သာယာအိမ်ရာ တိုက်အမှတ် (၇)တွင် နေထိုင်ကြပါသည်။
ကျွန်တော်သည် အတန်းတွင်း၌ အဆင့် ၁ မှ ၁၀ အတွင်းရှိသော ကျောင်းသား တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ထိုအဆင့်မှ မကျစေရန် စာကို အထူးကြိုးစား ပါသည်။ ကျွန်တော်၏ အတန်းပိုင်ဆရာမမှာ ဒေါ်သိန်းသိန်းဖြစ်ပြီး ကျွန်တော့်ကို အလွန်ဂရုစိုက်ပါသည်။
ကျွန်တော့်တွင် အလွန်ခင်မင်သော သူငယ်ချင်းနှစ်ယောက်ရှိပါသည်။ ၎င်းတို့မှာ ချမ်းစိမ့်စိမ့်ချမ်းနှင့် အံ့မခန်းသျှန်တို့ဖြစ်ပါသည်။ ကျွန်တော်တို့သည် အိမ်နီးချင်းများ ဖြစ်ကြပြီး ကစားဖော်၊ စာကျက်ဖော်များလည်း ဖြစ်ပါသည်။ ကျွန်တော်သည်နံနက်ခင်းတွင် စာကျက်ပါသည်။ ညနေခင်းတွင် ကစားပါသည်။ ညစာစားအပြီးတွင် အိမ်စာများတို့ လုပ်ပါသည်။ ကျောင်းပိတ်အားရက်များတွင် မေမေဝယ်ပေးသော စာအုပ်များကို ဖတ်ပါသည်။ ဖွားဖွားပြောပြသော ပုံပြင်များကိုလည်း နားထောင်မှတ်သားပါသည်။
ကျွန်တော်ကြီးလာလျှင် မေမေ့နည်းတူ ဆရာဝန်တစ်ဦးဖြစ်ချင်ပါသည်။ ထိုသို့ ဖြစ်လာအောင်လည်း ကျွန်တော်ကြိုးစားပါမည်။ ဖေဖေနှင့်မေမေတို၏ ကျေးဇူးကို ဆပ်ရပါမည်။ ကျွန်တော်သည်မိမိကိုယ်ကို လူတော်လူကောင်း လူလိမ္မာ တစ်ဦးဖြစ်ရန် ကြိုးစားရမည်ဟု ဆုံးဖြတ်ထားပါသည်။
မှတ်ချက်အမှာ ..........
ကဲ... စာစီစာကုံးတစ်ပုဒ်ဖြစ်သွားပြီးနော်။ ကလေးတို့ သေသေ အ ချာချာ ဖတ်ကြည့်ပါ။ ဘာခက်သလဲ။ ဘာမှ မခက်ပါဘူးနော်။
အစီအစဉ်တကျ ချရေးသားဖို့သာ လိုပါတယ်။ မင်းတို့လေးတွေရဲ့ ကိုယ်ပိုင်အကြောင်းကို အခုပဲပြောင်းပြီး လက်တွေ့လေ့ကျင့် ရေးသား ကြည့်လိုက်ပါ။
ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ပြီး ဘာထည့်ရေးရင် ကောင်းဦးမလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ကြပါ။ ရေးပြီးရင် လူကြီးတွေကို ပြုကြည့်ပါ။
ကလေးတို့အတွက် စိတ်ဝင်စားစရာအကောင်းဆုံး သင်ခန်းစာ ဆိုတာ တွေ့ရပါလိမ့်မယ်။
ဆက်ပြီးတော့ ရေးထားတဲ့ စာစီစာကုံးတွေကိုလေ့လာပြီး ဒီလိုပဲ လက်တွေ့ လေ့ကျင့်ကြည့်ကြပါ။ ဒီအချိန်ကစပြီး လေ့ကျင့်ထားခဲ့ရင် ကလေးတို့ ကျောင်းသား ဘဝတစ်လျှောက်လုံးမှာ စာစီစာကုံးဆိုတာ ဘယ်လိုမှ အခက်အခဲမရှိတဲ့ သင်ခန်းစာ တစ်ပုဒ်ဖြစ်လာမှာ သေချာ တယ်လို့ ပြောပါရစေ။
Share





