Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

ဖျာပုံနီလုံဦး - အပြာထဲကအနီ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အပြာထဲက အနီ

မူလနာမည်ဖြစ်ပါသည်။ ယနေ့ TV သတင်း Reader Channel တွင်

ဖော်ပြနေသော စာပေစကားဝိုင်းကို မြင်ရတော့ ကျွန်တော် အတော့်ကို အံ့သြမိပါသည်။ နာမည်က တူနေတာကိုး။ ထားပါတော့။ စကားဝိုင်းရဲ့ အနှစ်သာရကသာ အရေးကြီးပါသည်။

              ဆရာနှင့် စာပေလောကတွင် သိရှိပြီးနောက် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံ ကျောင်းသားလူထုလှုပ်ရှားမှု၌ ဆရာတို့ ဖွဲ့စည်းသော စာရေးဆရာသမဂ္ဂအသင်းတွင် လက်မှတ်ရေးထိုးပါဝင်ခဲ့ပါသည်။

          ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သော NLD အဖွဲ့ ချုပ်တွင် ဆရာသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဖြင့် ပါဝင်ခဲ့ သလို ကျွန်တော်လည်း ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ဗဟန်းမြို့နယ် မှ NLD အဖွဲ့ဝင် စုဆောင်းရေး တာဝန်ဖြင့် ပါဝင်လှုပ်ရှားခွင့်ကို ဒေါ်အောင် ဆန်းစုကြည်က တာဝန်ပေး၍ ဆောင်ရွက်နေခဲ့ပါသည်။

           ဆရာသည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် မတရား ဖမ်းဆီးခံ ခဲ့ရပြီး အင်းစိန်ထောင်၌ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရစဉ် ၁၉၉၇ ခုနှစ်၊ မတ်လတွင် ကျွန်တော်လည်း ထောင်ဒဏ် နှစ်နှစ်ခွဲနှင့် အင်းစိန် အကျဉ်းထောင်တွင်းသို့ ရောက်ခဲ့ပါသည်။ အင်းစိန်ထောင်တွင်းဆေးရုံတွင် ဆေးခန်းသွားပြချိန်များ၌ ဆရာနှင့် မကြာမကြာတွေ့ရပါသည်။ အစောင့် များ အလစ်တွင် စကားတစ်ခွန်း၊ နှစ်ခွန်းစလောက်သာ ခိုးကြောင် ခိုးဝှက် စကားပြောခွင့်ရပါသည်။ ထိုအချိန်က နိုင်ငံရေးအကျဉ်းသားများအပေါ် အလွန်စည်းကမ်းတင်းကျပ်သော အချိန်ဖြစ်ပါသည်။ ဆရာက ကျန်းမာရေး ဂရုစိုက်ရန်နှင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ရန် အမြဲပြောပါသည်။

            ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျွန်တော် လွတ်လာပြီး NLD ၌ မိမိ၏ မူလတာဝန်ဖြစ်သော ဗဟန်းမြို့နယ် ဥက္ကဋ္ဌတာဝန်ကို ပြန်လည် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

           ၂၀၀၀ ပြည့်နှစ် သြဂုတ်လတွင် NLDအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦး၊ သခင်စိုးမြင့် (ကွယ်လွန်)၊ ဒေါက်တာမျိုးအောင် (ယခု၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ)တို့ ဒလ၊ ကွမ်းခြံကုန်းခရီးစဉ်တွင် အတားအဆီးခံရပါသည်။ လမ်းခရီးအထွက် တစ်ပတ်ခန့် ပိတ်ပင်တားဆီးခြင်းခံနေသဖြင့် စားရေး၊ သောက်ရေး၊ နေထိုင်ရေးကို ဒလဘက်ကမ်းမှ NLD အဖွဲ့ဝင်များက ကူညီကြပါသည်။

          အဖွဲ့ချုပ်ရုံးကလည်း မြို့နယ်ပေါင်းစုံက လာပေးကြသော အစား အသောက်၊ ရေသန့်၊ ဆေးလိပ်၊ မုန့်များကအစ စုဆောင်းပြီး သခင်အုန်း မြင့်(ကွယ်လွန်)၊ ဦးထင်ကျော် (သမ္မတဟောင်း)၊ ကျွန်တော်နှင့် လူငယ်များ က ဦးထင်ကျော်ကားနှင့် သယ်ယူကာ ပန်းဆိုးတန်းဆိပ်ကမ်းမှ စက်တပ် သမွန်များဖြင့် ပို့ဆောင်ပေးခဲ့ကြပါသည်။

            ထို့နောက် NLDဗဟိုအလုပ်အမှုဆောင်များမှာ အိမ်တွင် အကျယ် ချုပ် ခံထားရပြီး အဖွဲ့ချုပ်ရုံးလည်း ချိပ်ပိတ်ခံထားရပါသည်။ ကျွန်တော် (ဗဟန်းဥက္ကဋ္ဌ)၊ မုံရွာအောင်ရှင် (စစ်ကိုင်းတိုင်း ဒု-ဥက္ကဋ္ဌ)၊ ဦးနိုင်းနိုင်း (ပုဇွန်တောင် လွှတ်တော်ကိုယ်စားလှယ် ၁၉၉၀ ပြည့်နှစ်)၊ ဦးစိုးဟန် (သန်လျင်မြို့နယ်၊ ဥက္ကဋ္ဌ)၊ ဦးထွန်းမြင့် (ဗဟိုရုံးအဖွဲ့မှူး)၊ ဦးစိန်ထွန်းကျော် (ဧရာဝတီတိုင်း ဒု-ဥက္ကဋ္ဌ) တို့က NLDရုံး အမြန်ဆုံးပြန်ဖွင့်ပေးရန်၊ နေအိမ် အကျယ်ချုပ်မှ ခေါင်းဆောင်များအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တိုင်း ရင်းသားအဖွဲ့တို့ သုံးပွင့်ဆိုင် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် စာတစ်စောင် ရေးပြီး နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပါသည်။ ယင်းစာ နှင့်ပတ်သက်ပြီး ဦးစိန်ထွန်းကျော်မှအပ ကျန်ငါးဦးတို့မှာ ပုဒ်မ ၅/ ည၊ ၁၇/ ၂ဝ ဖြင့် ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၂၁ နှစ် ကျခံခဲ့ရ ပါသည်။

               ထောင်ထဲရောက်တော့လည်း ဆရာကြီးဦးဝင်းတင်နှင့် ကျွန်တော် ပြင်ပဆေးရုံများသို့ ထွက်ကုသခွင့်၌ ပြန်လည်တွေ့ဆုံခဲ့ရပါသည်။ ထောင် ကားပေါ်တွင် လွတ်လပ်စွာ စကားပြောဆိုခွင့် ရသော်လည်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စများသာ ပြောဖြစ်ကြ ပါသည်။ ကျွန်တော် ပထမအကြိမ်ထောင်ကျပြီး သုံးလအကြာ၌ ကျွန်တော့် ဇနီးမှာ အစိုးရအလုပ်မှ ပင်စင်ပေး အလုပ်ဖြုတ်ခံခဲ့ရကြောင်း ပြောပြရာ ဆရာက စိတ်မကောင်းကြောင်း ပြောပါသည်။

               နောက် ကျွန်တော့်သားကြီးမှာလည်း အစိုးရတာဝန် ထမ်းဆောင် နေတာ ရာထူးမတက်ဘဲ အမြဲ ဆိုင်းငံ့ခံထားရသည့်အကြောင်းနှင့် ရန်ကုန် မှ ဝေးလံသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့သို့ အပို့ခံရကြောင်းပါ ပြောပြခဲ့ပါသည်။ ကျွန်တော် နိုင်ငံရေးလုပ်သည့် အကျိုးကျေးဇူးကား တစ်နွယ်ငင် တစ်စင်ပါ ဇနီးနှင့် သားသမီးများပါ ထိခိုက်ဆုံးရှုံးခဲ့ရသည်။

         ၂၀၀၅ ခုနှစ် လွတ်လပ်ရေးနေ့မတိုင်မီ ဇန်နဝါရီ ၃ ရက်တွင် လွတ် လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်လာပါသည်။

          မလွတ်မီ တစ်ပတ်လောက်သာ တာဝန်ရှိသူ အာဏာပိုင်များက ကျွန်တော့်အား “အန်ကယ် အသက်လည်း ကြီးပါပြီ။ အေးအေးဆေးဆေး နားနေပါတော့။ နိုင်ငံရေး မလုပ်ပါနဲ့တော့”ဟု အကြံပေးသလိုလိုနှင့် လာ ဆွေးနွေးခဲ့ပါသည်။ ကျွန်တော်က “ယုံကြည်ချက်ဆိုတာ သေကာမှ မာန် လျှော့မယ်။ နိုင်ငံရေးကတော့ ပြန်လုပ်မှာပဲ”ဟု ပြန်ပြောခဲ့သည်။

          ပြောသည့်အတိုင်းပင် ဇန်နဝါရီ ၃ ရက်လွတ်ပြီး ၅ ရက်နေ့ အဖွဲ့ ချုပ်ရုံး သွားပြီး Duty Reportလုပ်ကာ မိမိ၏ မူလ ဥက္ကဋ္ဌတာဝန်ကို ပြန် လည်နေရာယူခဲ့ပါသည်။ ပါတီတာဝန်က ရှိသော်လည်း အလုပ်က မရှိ။ စီးပွားရေးကလည်း ပျက်၊ ယခင်ရနေသော ပင်စင်လစာကလည်း ဖြတ်တောက် ပိတ်ထားခံခဲ့ရတော့ ညပိုင်း ပုံနှိပ်တိုက်တွေမှာ နာမည်မခံဘဲ အယ်ဒီတာ အလုပ်ရှာရသည်။ နောက်တော့ အမေရိကန် Pen ကလပ်မှာ ရွှေကလောင်ဆုရသော ဒေါ်လာတစ်သောင်းကို အဖွဲ့ချုပ်က ထုတ်ပေးသဖြင့် အသက်ရှူချောင်ကာ စီးပွားရေးလုပ်ဖြစ်၍ မိသားစု၊ သား၊ သမီးများ အသက်ရှူချောင်ကာ အဆင်ပြေခဲ့ရသည်။

          ဒီလိုနှင့် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ဆရာ ဦးဝင်းတင် လွတ်လာသည်။ ဆရာဦးဝင်းတင် နေထိုင်ရာ အင်းစိန်အကျဉ်းထောင်ရှေ့ရှိ ပေါက်တောရပ်ကွက်နေ ဦးမောင်မောင်ခင်အိမ်သို့ သွားတွေ့သည်။ လူထု ဦးစိန်ဝင်း၊ မောင်မိုးသူ၊ မောင်ဝံသ၊ ဦးသာဘန်း၊ ဟန်ဂေရီ ဦးကိုကိုကြီး၊ လျှပ်တစ်ပြက် အယ်ဒီတာချုပ် ကိုမြတ်ခိုင်တို့အပြင် ပြည်တွင်း၊ ပြည်ပ နိုင်ငံခြားသတင်းထောက်များ၊ အခြားစာရေးဆရာများနှင့် နိုင်ငံရေးသမား များကို တွေ့နေရသည်။ DVB, BBC, RFA, VOA သတင်းထောက်များ က အလုအယက်မေးနေကြသည်။ ဆရာက တစ်ဦးချင်းစီ တိုတိုမေး၊ တိုတိုဖြေနေရသည်။ အဓိကကတော့ DVB မှ သတင်းထောက် ညိုသက်မာ (ယခင်က NLDလူငယ် ဝင်းပပ) နှင့် အင်္ဂလိပ်လို အင်တာဗျူးအရှည်ကြီး ပြောနေသည်ကို တွေ့ရသည်။

               အတော်ကြာမှ စာပေဧည့်သည်များ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် များနှင့် စကားပြောခွင့်ရသည်။ ဆရာမောင်ဝံသနှင့် ဦးမောင်မောင်ခင်တို့က ဆရာပင်ပန်းနေပြီဖြစ်၍ ခဏတွေ့ကြပြီး အနားယူဖို့ တောင်းပန်ကြရသည်။

           ကျွန်တော်တို့လည်း အလိုက်သိစွာနှင့် ဆရာ့အား လက်ဆွဲ နှုတ် ဆက်ပြီး နောက်နေ့မှ အေးအေးဆေးဆေးလာခဲ့ရန်ပြောပြီး ပြန်ခဲ့ကြသည်။ ဆရာကား ထောင်ပုဆိုး၊ ထောင်အင်္ကျီမချွတ်ဘဲ လက်ပြနှုတ်ဆက်ရင်း ပြုံးလျက် ကျန်ခဲ့ပါသည်။ ။

           ထိုနေ့က ဆရာနေသောအိမ်တွင် နိုင်ငံရေးသမားများ၊ စာနယ်ဇင်း သမားများ၊ ဆရာ့အား လေးစားချစ်ခင်ကြသောလူများ၊ ပရိသတ်များ ပျားပန်းခပ်မျှ စည်ကားစွာ ဝင်ထွက်သွားလာနေကြသည်ကို အံ့သြစွာ တွေ့ နေရပါသည်။ သော်... ပြည်သူချစ်သော နိုင်ငံရေးသမားကောင်းဟု ခံစား မိပါသည်။

             နောက်နေ့တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ အန်ကယ်ဦးအောင်ရွှေနှင့် လူငယ် များ ရောက်လာကြောင်းနှင့် ဆရာ့အား အနားယူပြီးလျှင် ရုံးချုပ်သို့ လာ ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။

            သို့သော် ဆရာဦးဝင်းတင်မှာ ချက်ချင်း ရုံးချုပ်သို့ မတက်ရောက်နိုင် သေး။ အိမ်တွင် ကျန်းမာရေး ဆေးစစ်၍ သောက်ဆေး၊ စားဆေးများဖြင့် အနားယူကာ အားမွေးနေရပါသည်။ အားလပ်သည့် အချိန်များတွင် နိုင်ငံ ခြား သတင်းဌာနများနှင့် တစ်ခုချင်းစီ အင်တာဗျူးများ လုပ်နေရသော

ကြောင့် ဖြစ်သည်။ ထိုအချိန်က အဖွဲ့ ချုပ်ကြီးမှာ ဆိုင်းဘုတ်နှင့် အလံ မပြုတ်ရုံတစ်မည်သာ တိတ်ဆိတ်ရပ်တည်နေရသည်။ ဘာမှ လှုပ်လှုပ်ရှား ရှား မဆောင်ရွက်နိုင်ကြ။ ဆရာဦးဝင်းတင်၏ ပြည်ပသတင်းမီဒီယာများနှင့် အင်တာဗျူး အမေး၊ အဖြေများကလည်း ထိုအချိန်က ပြည်တွင်းရေဒီယို များတွင်လည်းကောင်း၊ DVB ရုပ်မြင်သံကြားတွင်လည်းကောင်း အရှိန် အဟုန်ကြီးမားစွာ လွှင့်ထုတ်နေခဲ့ရာ အားလုံးသော ကျောင်းသား၊ ပြည်သူများနှင့် နိုင်ငံရေးသမားများ၊ NLD အဖွဲ့ဝင် လူငယ်များသည် စိတ်ဓာတ် တက်ကြွကာ ပါတီအတွင်းလှုပ်ရှားမှု၊ စည်းရုံးမှုများ ယခင်ကထက် ညီညွတ် မှု၊ ရဲရင့်မှု ရှိလာသည်ကို တွေ့ရပါသည်။ တိုင်းနှင့်ပြည်နယ်နှင့် မြို့နယ် အသီးသီးမှ အဖွဲ့ဝင်အင်အားများလည်း ပြန်လည်နိုးကြားတက်ကြွလှုပ်ရှား လာကြသည်ကို ကြားသိခဲ့ရပါသည်။

             ကျွန်တော့်အမြင်အယူအဆကတော့ ဆရာဦးဝင်းတင်၏ ရဲရင့်ပြတ် သားသော ပြည်ပအင်တာဗျူးမှ စကားလုံးများသည် နဝတ၊ နအဖ၏ အရှိုက်ကိုလည်းကောင်း၊ အသည်းနှလုံးကိုလည်းကောင်း ပြင်းထန်စွာ ထိုးနှက် လိုက်ပြီး တဖုတ်ဖုတ်နှင့် ငြိမ်သက်စွာဖြစ်နေသော NLD အဖွဲ့ ချုပ်ကိုလည်း ပြန်လည်၍ အသက်သွင်းပေးကာ ရဲဆေးရဲမာန် တိုက်ကျွေးလိုက်ပြီဟု ထင် မြင်မိပါသည်။

           ဆရာဦးဝင်းတင်၏အင်တာဗျူး နားထောင်ကြသော ပရိသတ်များ ထံမှလည်း ဒါမှ နိုင်ငံရေးသမား ပီသတာ။ ဒါမှ သူရဲကောင်းကွ” ဟု ချီးကျူးစကားများ ကြားမိနေပါသည်။ ။

          ထိုအချိန်က ဆရာဦးဝင်းတင်၏ အင်တာဗျူးများသည် မြန်မာပြည် အနှံ့ မြို့ပြမှ ကျေးရွာအဆုံး ကျယ်ပြန့်စွာထိုးဖောက်၍ တစ်တိုင်းပြည်လုံး သို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဒီမိုကရေစီလှိုင်းသံများ၊ အာဏာရှင်ဖြုတ်ချရေး ဂယက်သံများ ကျယ်လောင်ပြင်းထန်စွာ မြည်ဟည်း တုန်ခါ နေပါတော့သည်။ ။

၂၄-၁၂-၂၀၁၈ ၊ စံတော်ချိန်နေ့စဉ်။